Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

ဟန် အပိုင်း(၅၈၇)

အပိုင်း(၅၈၇)

ထျန်းနင်က မကြာခဏ ရှာဖွေမှုထိပ်တန်း ရောက်ခဲ့ပြီး ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်လည်း သူမက အနုပညာလောကထဲ ကြယ်ပွင့်လေး လင်းလက်သကဲ့သို့ လင်းလက်နေသည်။

...

ဆုပေးပွဲ အခမ်းအနားကို ည ၇နာရီခန့်တွင် ကျင်းပရန် အစီအစဉ် ရေးဆွဲထားသည်။ ထို့ကြောင့် ဆယ်လီများက ညနေ ၆နာရီခန့်တည်းက အနီရောင်ကောဇောကို လျှောက်လှမ်းကြသည်။

နှစ်စဉ်ကျင်းပသော အကြီးမားဆုံး  ရုပ်ရှင်ပွဲတော် ဖြစ်သောကြောင့် သတင်းမီဒီယာ နှင့် ပြည်သူလူထု၏ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။

အေးမြသော ညချမ်းလေး ဖြစ်သော်လည်း အနီရောင်ကောဇောကို လျှောက်လှမ်းသော အနုပညာရှင်များသည် ခပ်ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း လင်းလက်သော အပြုံးကို ဆက်လက်ထိန်းသိမ်းထားသည်။ အထူးသဖြင့် ကင်မရာကို မျက်နှာချင်းဆိုင်စဉ် သူတို့၏အားနည်းချက်ကို မပေါ်လွင်အောင် ကြိုးစားကြသည်။

အနီရောင်ကောဇော၏ဘေးနှစ်ဖက်ခြမ်းကို ကင်မရာပင်လယ်ဖြင့် ဖုံးလွှမ်းထားသည်။ ဖေးထန်ဆုပေးပွဲ၏ စံနှုန်းက အမြင့်မားဆုံး ဖြစ်သော်လည်း တခြားသော ဆုပေးပွဲများဖြင့် ခြားနားမှု မရှိပေ။

ဆန်ခါတင် ရွေးချယ်ခံရသော သရုပ်ဆောင်စာရင်းတွင် ထျန်းနင်နှင့်အတူတူ သရုပ်ဆောင်ဖူးသော သရုပ်ဆောင်မင်းသား လီရှန် နှင့် ပိုင်ချန်သုန်တို့ ပါဝင်သည်။ သူတို့က အလွန်အရည်အချင်းရှိသော သရုပ်ဆောင်များ ဖြစ်ကြ၍ ဖေးထန်ဆု ရွေးချယ်ပွဲတွင် ပါဝင်ခြင်းက ပုံမှန်ဖြစ်သည်။

ဤအမျိုးသားနှစ်ဦးအပြင် အန်ကျီဟောင်ကိုလည်း ဧည့်သည်တော် အနေဖြင့် ဖိတ်ကြားသည်။

ထျန်းနင်က သူ့မိတ်ဆွေများဖြင့် ပြန်ဆုံတွေ့ခွင့် ရ၍ စိတ်လှုပ်ရှားရသည်။

မို့ထင်၏ကားက အနီရောင်ကောဇော ခင်းကျင်းထားရာ နေရာသို့ ကားထိုးရန် အချိန် သိပ်မယူရပေ။

သတင်းထောက်အများစုက မို့ထင်တို့ကားကို မှတ်မိကြ၍ သူတို့အားလုံး၏ စိတ်လှုပ်ရှားသော ခံစားချက်များ တိုးပွားလာသည်။ တကယ်တမ်း တချို့က မတ်တတ်ထရပ်ပြီး ကားကို လျှပ်တပြက် ဓာတ်ပုံရိုက်ကြသည်။ ထိုစဉ် မို့ထင်က အပြာရင့်ရောင် ရှေးဆန်သော ဝတ်စုံကို ဝတ်ဆင်ကာ ပထမဆုံး ဆင်းလာသည်။ ထို့နောက် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသော ထျန်းနင်က အားလုံး၏အရှေ့ ပေါ်ထွက်လာသည်။

ထျန်းနင် ကိုယ်ဝန်ရှိသော သတင်း ကြေညာပြီးနောက် လူအများအရှေ့ ပထမဆုံး ပေါ်လာခြင်း ဖြစ်သည်။

ထျန်းနင် အအေးမမိအောင် မို့ထင်က သူမကို အဝါနုရောင် ပုဝါလေး ခြုံပေးသည်။ သူမ၏ ကိုယ်ရေးကိုယ်တာ မန်နေဂျာ တာန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။

ထျန်းနင်ပြုံးသည်။

"ထျန်းနင်၊ ဒီဘက်ကြည့်ပါဦး"

"ထျန်းနင် ဒီဘက်ကို ကြည့်ပါဦး"

ထျန်းနင် မို့ထင်၏ ကာကွယ်မှုဖြင့် လက်မှတ်ရေးထိုးသော နံရံသို့ ချဉ်းကပ်သွားစဉ် သတင်းသမားများက ဓာတ်ပုံရိုက်ခွင့် တောင်းဆိုကြသည်။ လက်ရှိ သူမ၏ကျော်ကြားမှုက  ထိပ်တန်း သရုပ်ဆောင် မင်းသား၊ မင်းသမီးများထက် ပိုမြင့်မားသည်။

အစီအစဉ်မှူးက သူတို့စုံတွဲ၏ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ သူက တခြားသူများထက် ပရိယာယ် ကြွယ်ဝသော မေးခွန်းကို မေးမြန်းလာသည်။
"ထျန်းနင်၊ အကောင်းဆုံး တက်သစ်စ အနုပညာရှင်ဆုကို ဘယ်သူ ရမယ်လို့ ထင်လဲ။ ရိုးရှင်းတဲ့ စကားတွေ မပြောဘဲ အရိုးသားဆုံး ဖြေပေးလို့ ရမလား"

ထျန်းနင်က အချေအတင် ပြောဆိုခြင်း ကောင်းမွန်ပြီး ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားကြောင်း လူတိုင်း သိကြသည်။

"ကျွန်မဘက်က အရိုးသားဆုံး ဖြေရင် ရှင် နောက်ထပ် မေးလာမယ် မေးခွန်းကို ရှောင်လို့ ရမလား"
ထျန်းနင်က ဟာသလုပ်ဟန် ညှိနှိုင်းသည်။

"ဟုတ်ကဲ့ ရပါတယ်။ ဒါပေမဲ့ အခုမေးခွန်းကိုတော့ သင့်လျော်သလို ဖြေပေးရမယ်"

ထျန်းနင်က သိမ်မွေ့စွာ ရယ်မောပြီး မို့ထင်ကို လှည့်ကြည့်သည်။

မို့ထင်က ထျန်းနင်၏အဖြေအတွက် စိုးရိမ်မှု မရှိပေ။ ထို့ကြောင့် သူက စကားတစ်ခွန်းမျှ မပြောဘဲ သူမကို လေးနက်စွာ ကြည့်သည်။

"ကျွန်မ ဆုရမလား ဆုမရဘူးလား စိတ်မဝင်စားဘူး ပြောရင်လည်း လိမ်ညာရာ ရောက်မယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုက သရုပ်ဆောင်ကို အသိအမှတ်ပြုတဲ့ ဆုပဲ။ ဘယ်သူ ဆုရမလဲ ကျွန်မကို မေးလာတော့ အရည်အချင်း ရှိတဲ့ သရုပ်ဆောင်က ဆုရမယ်လို့ ယုံကြည်ပါတယ်။ ဒါတွေကို အကဲဖြတ်ဒိုင်လူကြီးမင်းတွေက ဆုံးဖြတ်ပေးမှာ ဆိုတော့ ကျွန်မက အကဲဖြတ်ဒိုင်လူကြီးမင်းတွေကို ယုံကြည်ရုံပဲပေါ့"

"ဆုရတဲ့သူက ကျွန်မ ဖြစ်ဖို့ မျှော်လင့်ပေမဲ့ ကျွန်မ ဆုမရခဲ့ရင်လည်း ကျွန်မက တခြားသူလောက် သရုပ်ဆောင် မကောင်းလို့တော့ မဟုတ်ဘူး။  ပြောချင်တာ ဒီလောက်ပါပဲ"

"တကယ်လား... "
အစီအစဉ်မှူး ပြုံးသည်။

ထျန်းနင်၏ ကွေ့ဝိုက်ဖြေဆိုတတ်သော အရည်အချင်းကို သူ လက်ဖျားခါမိသည်။ အပေါ်ယံကြည့်လျှင် သူမက စကားအများကြီး ပြောခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်း သူမက ဘာမှ ရေရေရာရာ မပြောခဲ့ချေ။

အစီအစဉ်မှူးက ကိုယ်ဝန်သည်အမျိုးသမီးကို အခက်တွေ့အောင် မနှောင့်ယှက်ချင်ခဲ့ပေ။ သူမ တစ်ခုခု ဖြစ်သွားခဲ့လျှင် အကျိုးဆက်ကို ရင်မဆိုင်နိုင်ပေ။

ထို့ကြောင့် ဓာတ်ပုံတချို့ ရိုက်ပြီးနောက် ထျန်းနင်ကို ဆုပေးပွဲ ကျင်းပသော ခန်းမဆောင်ထဲ ဝင်ခွင့်ပြုခဲ့သည်။ သူမက ဧရာမ ဖန်သားပြင်နှင့် ဖေးထန်ဆုကို ကိုယ်စားပြုသော ရွှေရောင်ဖီးနစ်ငှက်ကို မော့ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသည်။

"စိတ်မလှုပ်ရှားနဲ့"
မို့ထင်က ထျန်းနင်၏လက်ဖဝါး ပေါ်မှ ချွေးစက်များကို ခံစားမိသည်။ ထို့ကြောင့် သူ့လက်ဖြင့် သူမ၏လက်ကို ပွတ်သပ်ကာ နှစ်သိမ့်ပေးသည်။

"ချစ်လေး ဆုမရရင် ဘာလုပ်သင့်လဲ"
ထျန်းနင် မေးမြန်းသည်။
"ကိုယ် ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကို ကိုယ် မကြိုက်ဘူး"

"ချစ်လေးရဲ့ ပြိုင်ဘက်တွေက အရည်အချင်း မရှိတဲ့သူတွေ မဟုတ်ဘူးလေ။ ချစ်လေး သူတို့ကို ရှုံးသွားရင်တောင် အရှက်ရစရာ လိုအပ်လို့လား"
မို့ထင်က သူမဘေးဘက်က ထိုင်ခုံလွတ်များကို  ညွှန်ပြသည်။
"ကိုယ်တို့နှစ်ယောက်စလုံး အထူးသဖြင့် ချစ်လေးက အကောင်းဆုံး ကြိုးစားခဲ့တာပဲ"

မို့ထင်က သူမကို ဆန့်ကျင်နိုင်သော အတားအဆီးများကို ဖယ်ရှားပေးရန် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့မှန်း ထျန်းနင် ကောင်းကောင်းသိသည်။ သူက လုံလောက်သည်ထက် ပို၍ လုပ်ဆောင်ပေးခဲ့ပါသည်။

အကယ်၍ မို့ထင်က ဆုပေးပွဲ၏ အကဲဖြတ်လုပ်ငန်းစဉ်ကို လွှမ်းမိုးချင်လျှင် လွှမ်းနိုင်သော အရည်အချင်း ရှိသော်လည်း ထျန်းနင်က ယခုလို မလုပ်ဆောင်စေချင်မှန်း မို့ထင် သိနေသည်။

"ဒီလိုဆိုရင် ရလဒ်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းကြတာပေ့ါ"

သိပ်မကြာလိုက် သရုပ်ဆောင်မင်းသား မင်းသမီးများ အခမ်းအနားပွဲသို့ တက်ရောက်လာသည်။ ပိုင်ချန်သုန် နှင့် လင်းရှန် ကဲ့သို့ နာမည်ကြီး သရုပ်ဆောင်များက အကောင်းဆုံး ထိုင်ခုံမှာ နေရာယူထား၍ ထျန်းနင်က သူတို့ကို  ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသည်။

ဆုပေးပွဲအခမ်းအနား၏ အစီအစဉ်မှူးက ကျော်ကြားသော ရှိုးလ်ပွဲများ၏Mc ဂူရှင်းယွမ် ဖြစ်သည်။ သူက ပေါ့ပေါ့ပါးပါး စကားပြောဆိုတတ်ပြီး ဂုဏ်သတင်းကျော်စောသူ ဖြစ်သည်။ သူက ဖေးထန်ဆုပေးပွဲတိုင်းတွင် အစီအစဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်လေ့ရှိသည်။

"ဒီနေ့ ငါတို့ပွဲကို တက်တဲ့ အနုပညာရှင်တွေက အများကြီးပါပဲလား။ အားလုံးက ထူးထူးခြားခြားလေး ပွဲတက်ကြတာပဲ"

"ချန်သုန်က သူ့လက်ထောက်လေးကို ခေါ်လာပြီး ထျန်းနင်က သူ့မန်နေဂျာကို အပါခေါ်လာတာပဲ။ သူတို့တွေက အချစ်ရေးမှာရော အလုပ်မှာရော အောင်မြင်တာပဲ။ လေးစားစရာကောင်းလိုက်တာနော်။ အထူးသဖြင့် ထျန်းနင်တို့က မိသားစု သုံးယောက်ပွဲတက်တာပဲ"

"အစ်ကိုဂူရေ စကားပြောတာ သတိလေးနဲ့ ပြောဦး။ မိသားစု လေးယောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
သူ့ဘေးနားက အမျိုးသမီးအစီအစဉ်မှူးက ပြုံးသည်။

"အို့စ် ဒီလိုဆိုရင် ပိုတောင် မိုက်သေးတယ်။ ငါတို့ထျန်းနင် အကောင်းဆုံး ကြိုးစားဖို့ လိုအပ်တော့မယ်"

"ကလေးဘေးကင်းဖို့ ထျန်းနင်က အနုပညာအလုပ်တွေ ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဘုရားသခင်က သူမကို သေချာပေါက် ကာကွယ်စောင့်ရှောက်ပေးပြီး သူ့အတွက် အကောင်းဆုံးတွေ စီစဉ်ပေးမှာပါ"

ဂူရှင်းယွမ်က အရိုးသားဆုံး ပြောဆိုသည်။ သူ့တောင်းဆုတိုင်းက အမြဲတမ်း သူ့နှလုံးသားထဲမှ ဆင်းသက်လာသည်။

"အိုကေ၊ အချိန်မဖြုန်းတော့ဘူး။ ဆုရသူတွေကို ကြေညာဖို့ လူတိုင်းက စောင့်မျှော်နေမှာ သေချာတယ်"

အပိုင်း(၅၈၇)
ပြီး၏။


Bạn đang đọc truyện trên: Truyen247.Pro