Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၃၄) Ep 823+824+825+826+827

အပိုင်း(၈၂၃)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၄)

 
ရွှယ်ရုံအာလည်း စိတ်ထဲမှာ ကျိတ်ပြီး သရော်လိုက်တယ်။
ကျွင်းဖန်လျန်က သူ့သားနဲ့ ဝေးကွာခဲ့တာ ကြာပြီဆိုတော့  သူမ နှလုံးသားထဲမှာ အပြစ်ရှိသလို ခံစားနေရမှာပဲ။ သူ့အတွက်ဆိုရင် အရာရာကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်ဆန္ဒ ရှိမှာတော့ သေချာပါတယ်။ မဟုတ်ရင် သူမက ယွမ်လော့ဖုန်းကို အရမ်းကြီး အလိုလိုက် နေပါ့မလား။ ငါသာ ကျွင်းဖန်လျန်ရဲ့ ချွေးမ ဖြစ်လာခဲ့ရင် သူမရဲ့ စိတ်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးမှာပဲ။ ဒီလိုမှ မလုပ်ပေးရင် သူ့သားက သူ့ကို စွန့်ပစ်ခဲ့လို့ အလွယ်တကူလေး ခွင့်လွှတ်ပေးပါ့မလား။
 ကျွင်းဖန်ရဲ့ စိတ်သဘောထားကို နားမလည်ဘဲ စိတ်ကူးယဉ်နေတဲ့  ရွှယ်ရုံအာကို ရယ်ချင်မိပါတယ်။ ယွမ်လော့ဖုန်းကို အလိုလိုက် အကြိုက်ဆောင် ရခြင်းက ယွမ်ရှောင်ကို အပြစ်ရှိသလို ခံစားရလို့ မဟုတ်ဘူး။
သူမမှာ အပြစ်ရှိခဲ့ပါတယ် … ဒါပေမဲ့ အဲဒီအတွက်နဲ့တော့ ယွမ်လော့ဖုန်းကို အလိုမလိုက်ဘူး။ ကျွင်းဖန်က ယွမ်လော့ဖုန်းကို သားအတွက်နဲ့ ချွေးမအဖြစ် လက်ခံခဲ့မယ် ဆိုရင်တောင် သံသယ ကင်းကင်းနဲ့ သူမကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ ကျွင်းဖန်လျန်က သူမရဲ့ တန်ဖိုးအရှိဆုံး ရတနာပစ္စည်းကို  ယွမ်လော့ဖုန်းကို ပေးကတည်းက သူမကို နှလုံးသားနဲ့ ရင်းပြီး ချစ်ခင် မြတ်နိုးလို့ပါ။ ယွမ်လော့ဖုန်းကို ချစ်ခင်ရတဲ့ အကြောင်းအရင်း တစ်ချို့က သားကြောင့် ဖြစ်နေလည်း သူမလေးရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးကြောင့် ကလေးမကို ပိုချစ်ခင်မိတယ်။
 ရွှယ်ရုံအာလည်း မော့ကြည့် လိုက်လေတယ်။ သူမရဲ့မျက်ဝန်းမှာ စိတ်ပျက် ကြေကွဲမှုများ လွင့်ပြယ်သွားပြီး သနားစဖွယ် အမူအရာများ ကြီးစိုးနေခဲ့တယ်။
“အစောင့် အစ်ကိုကြီးရှင့် … ညီမလေး … စိတ်သက်သာရာ ရချင်လို့  အပြင်ကို သွားချင်ပါတယ်… ခဏလောက်လေး ပေးထွက်လို့ ရမလား”
 ထင်းတဲ အပြင်ဘက်မှ အစောင့်နှစ်ယောက်မှာ ဦးနှောက်ခြောက် သွားရပါတယ်။ သိပ်မကြာခင်မှာဘဲ အစောင့်ထဲမှ တစ်ဦးက မဖော်မရွေ ပြန်ဖြေတယ်။
“ထင်းတဲ အပြင်ဘက်ကို ခြေတစ်လှမ်းမှ  ထွက်ခွင့် မပေးဖို့ သခင်မ မှာကြားထားပါတယ်… အထဲမှာပဲ အသက်ရှူချောင်အောင် နေထိုင်လိုက်ပါ”
ရွှယ်ရုံအာလည်း ချိုသာစွာ ဆက်ပြော လိုက်ပါတယ်။
“ဒီထင်းတဲမှာ အိပ်ခန်း ဆီးအိုး တစ်အိုးမှ မရှိတော့ နေရတာ စိတ်မပျော်ရွှင်ပါဘူး၊ ညီမလေးကို အပြင်မထွက်စေချင်ရင် ဆီးအိုး တစ်အိုးလောက် ယူပေးနိုင်မလား”
သဘောမတူခင်မှာ အစောင့်နှစ်ဦးလည်း တွေဝေ သွားရပါတယ်။
ရွှယ်ရုံအာရဲ့ အရည်အချင်းက အရမ်းမမြင့်တော့ သူတို့လက်က မလွတ်မြောက် နိုင်ပါဘူး။ ဒါကြောင့်  သံသယ မထားဘဲ သူမအတွက် ဆီးအိုးတစ်အိုး ယူလာပေးလိုက်တယ်။
ဝေးကွာသွားတဲ့ ခြေသံများကို နားထောင်ရင်း ရွှယ်ရုံအာ မျက်နှာမှာ အပြုံးလေး ဖူးပွင့်လာခဲ့တယ်။ ထို့နောက် သူမလည်း ကျင်းယွီ ပေးတဲ့ အဆိပ်ပုလင်းကို ထုတ်ကာ သူမရဲ့ခန္ဓာကိုယ်ပေါ် တစ်စက် ချလိုက်ပါတယ်။
ဒီအဆိပ်က အရောင် အနံ့ အရသာ ကင်းမဲ့နေတော့ တခြားသူတွေ သတိထားမိမှာ မဟုတ်ဘူး။
 သိပ်မကြာခင်မှာပဲ အပြင်ဘက်မှ သံကြိုးသံကို ကြားလိုက်ရပြီး အစောင့်နှစ်ဦး ဝင်လာကာ ဝင်ပေါက်မှာ ရုပ်တု သဖွယ် လမ်းပိတ် ထားပါတယ်။
“ဒီမှာ မင်းရဲ့ ဆီးအိုးကို ယူထားဦး”
အစောင့်က မဖော်မရွေ ပြောကာ ဆီးအိုးကို မြေကြီးပေါ် ချထားလိုက်တယ်။
“ကျေးဇူးတင်ပါတယ် အစ်ကိုတို့”
ရွှယ်ရုံအာလည်း မော့ကြည့်ကာ နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်ပါတယ်။ သူမရဲ့အသံက အလွန် နူးညံ့လွန်းတော့ သူတို့နှလုံးသားကို ကုတ်ခြစ် နေသလိုပါပဲ။
အစောင့်နှစ်ဦးက ပုံမှန်ဆိုရင်  တည်ငြိမ်သူများပါ၊ ဒါပေမဲ့ ရွှယ်ရုံအာက သူတို့ကို ကြည့်တော့ ဘာကြောင့်မှန်းတော့ မသိဘူး … သူတို့ရဲ့ နှလုံးသားဟာ ရင်ဘတ်မှ ခုန်ထွက်တော့မလို ခံစားမိပါတယ်။ လူပေါ်ကြော့ လူဆိုးမလေး ရွှယ်ရုံအာကို ချစ်ဖို့ ကောင်းတယ်လို့ ပထမဆုံး တွေးမိခဲ့ခြင်းပါ။
“အဟွတ် အဟွတ်”
 အစောင့်တစ်ဦးက ချောင်းခြောက်ဆိုးကာ ခုန်နေတဲ့ သူ့နှလုံးခုန်သံကို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးစားပါတယ်။ ကံဆိုးချင်တော့ သူတို့မျက်ဝန်းများက ရွှယ်ရုံအာကို ခိုးခိုး ကြည့်နေမိကာ ရှက်ကိုးရှက်ကန်း ဖြစ်နေမိပါရဲ့။
အဆိပ်က အကျိုး သက်ရောက်မှု ရှိမှန်း သိရတော့ ရွှယ်ရုံအာမှာ ပီတိ ဖြာမိပါတယ်။ သူမရဲ့မျက်နှာမှာတော့ ပျော်ရွှင်မှု အရိပ်အယောင်ကို မပြဘဲ သနားစဖွယ် ဟန်ပန်ကိုပဲ ထိန်းသိမ်းထားခဲ့တယ်။
“အစ်ကိုတို့ရယ်… ညီမမှာ ဒီထင်းတဲမှာ နေရတာ မပျော်ပိုက်ပါဘူး။ လမ်းလျှောက် ထွက်ချင်မိပါတယ်၊ သွားလို့များ ရနိုင်မလားရှင်… ရဲ့အိမ်တော်ထဲက ထွက်မပြေးဘူးလို့ ရဲရဲကြီး အာမခံရဲပါတယ်နော်”
“ဒါ…”
အစောင့်နှစ်ဦးက တစ်ယောက်ကို တစ်ယောက် ဂနာမငြိမ်တဲ့ မျက်လုံးများဖြင့် ကြည့်နေမိတယ်။
“သခင်မက မိန်းကလေးကို ထွက်သွားခွင့် မပေးဖို့ အမိန့် ပေးထားတယ်”
ရွှယ်ရုံအာက သူမရဲ့လက်နှစ်ချောင်းကို ထောင်ကာ ကျိန်ဆို လိုက်ပါတယ်။
“ရဲ့အိမ်တော်က မထွက်သွားဘူး၊ အိမ်တော်မကြီးကို မသွားဘူးလို့ ကျိန်ဆိုရဲပါတယ်၊ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်မိလို့ပါ … သနားညှာတာသော အားဖြင့် ညီမလေးကို ကူညီပေးပါ အစ်ကိုတို့ရယ်”
 
***
 
အပိုင်း(၈၂၄)

ရွှယ်ရုံအာ၏သေဆုံးမှု (၅)

 
ရွှယ်ရုံအာရဲ့ လက်ချောင်းများက အစောင့်တစ်ဦးရဲ့ အင်္ကျီလက်ကို အတင်းအကျပ် ဆုပ်ကိုင်ကာ အနူးအညွှတ် ပန်ကြား နေခဲ့ပါတယ်။ 
ထိုအချိန်လေးအတွင်း အစောင့်နှစ်ဦးရဲ့ မျက်ဝန်းမှာတော့ ရွှယ်ရုံအာက နေရောင်အောက်မှာ တောက်ပနေတဲ့ ပြယုဂ် တစ်ခုလိုပါပဲ။ ဒါကြောင့် သူမရဲ့ တောင်းဆိုမှုကို ငြင်းဆန် ရက်ပါ့မလား။
“ဒါဆို ညီမလေး မြန်မြန် ပြန်လာခဲ့နော် … တံခါးကို ပိတ်ထားပြီး ထင်းတဲမှာ ညီမလေး ရှိနေသလို ဟန်ဆောင်ထားမယ်၊ ကင်းလှည့်သူတွေနဲ့ လွတ်တဲ့ နေရာ တချို့ကိုလည်း ပြောပေးမယ်၊ ညီမလေး အဲဒီနေရာတွေကိုပဲ သွားရမယ်၊ သခင်မ သိသွားရင် အစ်ကိုတို့လည်း သေရလိမ့်မယ်”
ရွှယ်ရုံအာရဲ့ နှလုံးသာဟာ ပီတိ ဖြာနေပြီး သူမလည်း အလျင်စလို ပြောလိုက်ပါတယ်။
“အစ်ကိုတို့ကို ကျေးဇူးတင်ပါတယ်၊  ရွှယ်ရုံအာက အစ်ကိုတို့ရဲ့ ကြင်နာမှုကို မမေ့လျော့ပါဘူး”
ဒီစကားကို ပြောပြီးနောက် သူမလည်း တဲမှ အလျင်စလို ပြေးထွက်သွားကာ သူမရဲ့ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်ပါတယ်။ ဘယ်သူ့ကိုမှ မမြင်တော့ သူမလည်း အိမ်တော်မကြီးအနား အလျင်စလို လမ်းလျှောက် သွားလိုက်ပါတယ်။
 
***
 
အခန်းအတွင်းမှာ မွှေးကြိုင်သော ရနံ့များ ပျံ့လွင့် နေခဲ့ပါတယ်။
ယွမ်လော့ဖုန်းက မျက်လုံးပိတ်ကာ တရားထိုင်နေပြီး သူမ မျက်လုံး ဖွင့်လာချိန်မှာ အခန်း အပြင်ဘက်ကို ထွက်ဖို့ ပြင်နေတဲ့ ယွမ်ရှောင်ကို လှမ်းမြင် လိုက်ပါတယ်။
“ယွမ်ရှောင် ဘယ်သွားမလို့လဲ”
ယွမ်ရှောင်လည်း သူ့ခြေလှမ်းများကို ရပ်တန့်ကာ  သူ့နှုတ်ခမ်းကို ကွေးရုံမျှ ကွေးလိုက်ပါတယ်။
“မင်း … ညစာ နည်းနည်းပဲ စားထားတယ်မလား … ဒါကြောင့် မင်းအတွက် ညလယ်စာ သွားပြင်ဆင်မလို့”
ပြန်တွေး ကြည့်ရင်တော့  လွေကျင်း တိုင်းပြည်မှာ ယွမ်ရှောင်ရဲ့ ချက်ပြုတ်ခြင်း အရသာကို မြည်းစမ်း ကြည့်ပြီးတည်းက သူမ အကြိုက်တွေ့ခဲ့တယ်။ အရင်ကတော့ စားဖိုမှူးကို ရဲ့လင်းအိမ်တော်ကလို့ ထင်မိတာကြောင့် သူမရဲ့အိမ်တော်ကို စာဖိုမှူး ပို့ပေးဖို့ ရဲ့လင်းကို ပြောခဲ့ဖူးတယ်။
 အရသာရှိတဲ့ ဟင်းလျာများကို ချက်ပြုတ်ပေးသူက ယွမ်ရှောင်မှန်း ချင်ယွမ် ပြောမှ သူမ သိခဲ့ရတယ်။
အဲဒီအချိန်တည်းက ယွမ်ရှောင်ရဲ့ ချက်ပြုတ်ခြင်း ပါရမီကို သိခဲ့ရပါတယ်။
“ကောင်းပြီလေ… ဒါဆို ရှင် ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေမယ်”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပါတယ်။
ယွမ်ရှောင်လည်း တံခါးကို တွန်းဖွင့်ကာ အပြင်ဘက်ကို လမ်းလျှောက် ထွက်သွားခဲ့တယ်။
ညက ပို တိတ်ဆိတ် လာသော်လည်း ညလေညင်လေးများ တိုက်ခတ်ကာ သစ်ရွက် လှုပ်ခတ်သံများကို ကြားနိုင်ပါတယ်။
လက်ရှိ အချိန်မှာတော့ ယွမ်ရှောင်က ယွမ်လော့ဖုန်းအတွက် ညလယ်စာကိုပဲ အာရုံစိုက်နေမိတယ်။ ဒါကြောင့် အရှေ့ဘက်မှ သူ့အနားကို ချဉ်းကပ်လာတဲ့ အမျိုးသမီးကို သတိမထားမိပါဘူး။ ယွမ်ရှောင်ကို သူမက မြင်လည်း မရှောင်တိမ်းဘဲ သူ့အနား တစ်ဟုန်ထိုး ပြေးလာခဲ့တယ်။
သူနဲ့ ဝင်တိုက်တော့မယ်မှန်း ယွမ်ရှောင် သိချိန် သူမက သူ့ရှေ့ကို ရောက်နှင့် နေပါပြီ။ ဒါကြောင့် သူမကို ရှောင်တိမ်းဖို့ နောက်ကျ သွားခဲ့ပါပြီ။ ဒါကြောင့် သူလည်း ပြတ်ပြတ်သားသား ပြုမူလိုက်ပါတယ်။
“ထွက်သွားစမ်း”
သူ့အသံက သွေးအေးလွန်းပြီး ရက်စက် လွန်းပါတယ်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်နေပြီး နူးညံ့တဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း အဝေး လွင့်ထွက် သွားစေတယ်။ ကောင်မလေးမှာ ဖွတ်ဖွတ်ကြေသော အခြေအနေနဲ့ မြေကြီးပေါ် လဲကျ သွားတော့တယ်။
ယွမ်ရှောင်လို ကြည့်ကောင်းတဲ့ အမျိုးသားက ဒီလောက်အထိ ကြမ်းတမ်းမယ်လို့ ရွှယ်ရုံအာ မထင်မိပါဘူး။ ပုံမှန် အနေအထားအရ ဆိုရင် ယောက်ျား တစ်ဦးရှေ့မှာ ချောမောလှပတဲ့ မိန်းကလေး လဲကျသွားရင် လှမ်းဖမ်းသင့်တယ် မလား။
အခုများတော့ သူမကို လှမ်းမဖမ်းတဲ့ အပြင် သူမကို ကန်ထုတ် လိုက်သေးတယ်။ သူမက ညစ်ပတ်လို့ သူ့ကို ပိုးကူးမှာ ကြောက်လန့် နေသလိုပါပဲ။
ဒီအကြောင်းကို တွေးရင်း ရွှယ်ရုံအာလည်း မျက်ရည်ဝိုင်းကာ သနားစဖွယ် အမူအရာနဲ့ ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထကာ ယွမ်ရှောင်ကို ကြည့်လိုက်ပါတယ်။
“ရှောင်သခင်လေး၊ ကျွန်မ တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး… သခင်လေးကို မမြင်မိလို့ပါ”
သူမရဲ့မျက်နှာက အလွန်အမင်း လှပပြီး နူးညံ့ သိမ်မွေ့တယ်လို့ ထင်ရပါတယ်။ သူမရဲ့ မျက်ရည် လည်နေတဲ့ မျက်ဝန်းများကြောင့် သူမကို ကာကွယ်ပေးချင်တဲ့ ဆန္ဒများ မွေဖွားလာနိုင်ပြီး တခြားသူရဲ့ နှလုံးသားကို ထိန်းချုပ်ရ ခက်ခဲစေပါတယ်။
ဒီလို မိန်းကလေးမျိုးကို ယောက်ျား အများစုက ကြိုက်နှစ်သက်မှာပါ။ ယွမ်ရှောင်ကတော့ ထို ယောက်ျားထဲ မပါဝင်ပါဘူး။
“ရှောင်သခင်လေး၊ အမှန်တိုင်း ပြောရရင် သခင်လေးကို စမြင်တွေ့တည်းက ကြိုက်နှစ်သက် ခဲ့ပါတယ်”
ရွှယ်ရုံအာလည်း ချစ်စဖွယ် ကောင်းအောင် ပြောလိုက်ပါတယ်။
“ညီမက ယွမ်လော့ဖုန်းနဲ့ ခြားနားပါတယ်၊ သူမက ရှင် ဘယ်သူမှန်း သိခဲ့လို့ ချဉ်းကပ်ခဲ့ပေမဲ့ ညီမရဲ့အချစ်က ဖြူစင်ပြီး ရယူလိုမှု ကင်းပါတယ်၊ အစ်ကို့က ရဲ့မိသားစုဝင် မဟုတ်ရင်တောင် ညီမက အစ်ကို့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေဦးမှာပါ”
 
***
အပိုင်း(၈၂၅)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၆)

 
ယွမ်ရှောင်လည်း ထွက်သွားတော့ မလို့ပါ ဒါပေမဲ့ ရွှယ်ရုံအာက ယွမ်လော့ဖုန်း နာမည်ကို ပြောလာတော့ သူ့ခြေလှမ်းများကို ရပ်တန့် လိုက်ပါတယ်။ သွေးအေးသော မျက်ဝန်းများဖြင့် သူမကို လှည့်ကြည့် လိုက်ပါတယ်။ 
သူမအနား လမ်းလျှောက်လာတဲ့ သူ့ကို မြင်ရတော့ သူမရဲ့ အဆိပ် အောင်မြင်တယ်လို့ မှတ်ယူမိပါတယ်။ သူမရဲ့ နှလုံးသားမှာ ပျော်ရွှင်မှုများ လွှမ်းမိုးလာပြီး သူမရဲ့မျက်နှာထားက ပိုမို နူးညံ့ လာခဲ့ပါတယ်။
“ရှောင်သခင်လေး … ကျွန်မကို လက်ထပ်မယ်ဆိုရင် ကျွန်မက ယွမ်လော့ဖုန်းထက် မညံ့မှန်း သိလာမှာပါ၊ ညီမ တစ်ယောက်တည်းပဲ သူမထက် ထူးချွန် ထက်မြက် နိုင်ပါတယ်နော်”
သူမလည်း သိမ်မွေ့စွာ ပြုံးရင်း ယွမ်ရှောင် အနားကို ချဉ်းကပ် လိုက်ပါတယ်။
ခြေလှမ်း လှမ်းလိုက်တိုင်း ယွမ်ရှောင်နဲ့ နီးကပ်လာတော့ သူမရဲ့ နှလုံးခုန်သံ မြန်ဆန် လာရတယ်။ သူမလည်း သူ့ရဲ့အေးစက်သော မျက်နှာကို ရူးရူးမိုက်မိုက် ငေးမော ကြည့်နေမိပါတယ်။ သူမမှာ အသက်ရှူဖို့တောင် မေ့လျော့နေရပြီး တံတွေးမျိုချ လိုက်ပါတယ်။
ယွမ်ရှောင်ရဲ့ဇနီး ဖြစ်ခွင့်ရရင် သူမရဲ့ဘဝမှာ ပျော်ရွှင်မှုများ ဖြစ်တည် လာနိုင်ပါတယ်။
“ရှောင်သခင်လေး… ကျွန်မရဲ့ ခြေထောက်တွေ အားမရှိတော့ဘူး … ကျွန်မကို‌ ဖေးမ ကူညီနိုင်မလား”
ရွှယ်ရုံအာလည်း ချိုသာစွာ ပြုံးလိုက်ပါတယ်။ လက်လှမ်းပေးကာ သူမရဲ့ ခန္ဓာကိုယ်က ယွမ်ရှောင်ရဲ့ရင်ခွင်ထဲ တိုးဝင် လိုက်ပါတယ်။ ဒါပေမဲ့လည်း  သူမရဲ့လက်များက ယွမ်ရှောင်ရဲ့ လက်ကောက်ဝတ်ကို မထိကပ်ခင်မှာ ထက်သော ဓားအလင်းတန်း ဖျတ်ခနဲ ရောက်ရှိလာပြီး မျက်စိတစ်မှိတ် အတွင်းမှာ  ယွမ်ရှောင်ကို မထိရသေးတဲ့ သူမရဲ့လက် ပြတ်သွားရတယ်။
“အား…”
ရဲ့အိမ်တော် တစ်ခုလုံးမှာ မချိတင်ကဲ အော်သံက ပဲ့တင် ထပ်လာခဲ့ပါတယ်။ 
တစ်ချိန်တည်းမှာပဲ ကူကယ်ရာမဲ့တဲ့ ရွှယ်ရုံအာရဲ့ ခန္ဓာကိုယ်ဟာ မြေကြီးပေါ် လဲကျ သွားတော့တယ်။ ပြတ်ရှသွားတဲ့ လက်မောင်းမှ သွေးစိမ်းများ ပန်းထွက်လာပြီး ခြံဝင်း တစ်ခုလုံးကို အနီရောင် လွှမ်းမိုး သွားစေပါတယ်။
“နင့်ကို အကျိုး သက်ရောက်မှု မရှိဘူးလား”
ရွှယ်ရုံအာရဲ့ မျက်ဝန်းများဟာ ပြူးကျယ် သွားရတယ်။ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ နှုတ်ခမ်းများက တုန်ယင်နေပါတယ်။
ဖြစ်နိုင်ပါ့မလား… ဟိုမိန်းမ ပေးတဲ့ဆေးကို အကြိမ်ပေါင်းများစွာ အသုံးချပြီးပါပြီ။ အချိန်တိုင်း အောင်မြင်ခဲ့ပါရဲ့သားနဲ့ ဒီလူ့ကိုမှ ဘာကြောင့်များ မဆွဲဆောင်နိုင်ရလဲ။
ဘာကြောင့်များလဲ။
ဘာလို့ ဒီလို ဖြစ်ရတာလဲ။
“ဘာဖြစ်တာလဲ”
 ရွှယ်ရုံအာ မူးလဲတော့မတတ် ချိန်နေချိန် သူမရဲ့ နောက်ကျောဘက်မှ တအံ့တဩ အသံကို ကြားဖြစ်အောင် ကြားလိုက် ရပါသေးတယ်။
ထိုလူတစ်စုနဲ့အတူတူ  ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံလည်း ခြံဝင်းထဲ ဝင်ရောက် လာခဲ့ပါတယ်။ ခြံဝင်းတစ်ခုလုံးကို ဝန်းရံထားတဲ့ အစောင့်အများကြီး ရှိနေပါသေးတယ်။
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်အနားကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ သွေးအိုင်ထဲ လဲလျောင်းနေတဲ့ ရွှယ်ရုံအာကို တစ်စေ့တစ်စောင်း ကြည့်လိုက်ပါရဲ့။ ဒါကြောင့် ဒီနေရာမှာ ဘာဖြစ်ခဲ့မှန်း သူမ ချက်ချင်း နားလည် လိုက်ပါတယ်။
“ရုံအာ”
ရဲ့ချီမှာ ရွှယ်ရုံအာကို မြင်လိုက်တော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွား ရပါတယ်။ သူမလည်း ရုံအာ အနား အလျင်စလို ပြေးသွား လိုက်ပါတယ်။
“ရုံအာ… နင့်လက် ဘယ်လို ဖြစ်ရတာလဲ”
သွေးအမြောက်အမြား ဆုံးရှုံးထားရလို့  ရွှယ်ရုံအာရဲ့ မျက်နှာဟာ အင်မတန် ဖြူဆုတ် နေခဲ့ပါတယ်။ နှုတ်ခမ်းလည်း တုန်ယင်နေပြီး ယွမ်ရှောင်ကို ငေးမော ကြည့်နေ မိပါတယ်။
“ရွှယ်ရုံအာ”
ကျွင်းဖန်လျန်လည်း အသိပြန်ဝင်လာပြီး မဲ့ရွဲ့ကာ ရွှယ်ရုံအာ အနားကို သွားလိုက်ပါတယ်။
“နင့်ကို ထင်းတဲက မထွက်သွားရဘူးလို့ ငါ ပြောထားပြီးသားပါ၊ ခွင့်ပြုချက် မရှိဘဲ အိမ်မကြီးထဲကို ဝင်လာရဲတယ်၊ ကြည့်ရတာတော့ တချို့လူတွေက ငါ့အမိန့်ကို မနာခံဘဲ နင့်ကို လွှတ်ပေးလိုက်တယ် ထင်ပါရဲ့”
ရဲ့ကျင်းချန်းလည်း ကျွင်းဖန်လျန်ရဲ့ စကားကို ချက်ချင်း နားလည်သွားပြီး ထင်းတဲကို စောင့်ကြပ်သူများကို အခေါ်တော်လွှတ်ဖို့ အစောင့်နှစ်ယောက်ကို အမိန့်ပေး လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ … ရွှယ်ရုံအာနဲ့ ဒီလူတွေ အဆက်အစပ် ရှိလောက်တယ်။
“မွေးစားအမေ … ရုံအာလည်း ဒီလိုပုံစံ ဖြစ်နေပါပြီ … အရင်ဆုံး သူမကို ဆေးကုသ ပေးသင့်ပါတယ်”
ရဲ့ချီလည်း သူမရဲ့ အင်္ကျီလက်ကို စိုးရိမ်ဗျာပါဒများစွာ  ဆွဲရင်း မျက်ရည် ကျနေမိပါတယ်။
“ချီချီ … ဒါက နင့်အလုပ် မဟုတ်ဘူး”
ကျွင်းဖန်လျန်လည်း ရဲ့ချီကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ်။
“နင်… ဒီမှာ နေခဲ့ချင်ရင်တော့ ဒီအတိုင်း ရပ်ကြည့်ပြီး ပါးစပ်ကို ပိတ်ထား လိုက်စမ်းပါ… မဟုတ်ရင်တော့ နင့်ကို ချက်ချင်း မောင်းထုတ် ပစ်မယ်”
ရဲ့ချီလည်း အံ့အားသင့်စွာ တိတ်ဆိတ် နေမိပါရဲ့။  သူမလည်း ကျွင်းဖန်လျန်ရဲ့ အမိန့်ကို မနာခံဘဲ မနေရဲပါဘူး။ 
ကျွင်းဖန်လျန်လည်း ရွှယ်ရုံအာကို မကြည့်တော့ဘဲ ရဲ့ချီကို တစ်ချက်မျှ ကြည့်ကာ ယွမ်ရှောင်ကို ကြည့်လိုက်ပါတယ်။
“ရှောင်အာ… ဘာဖြစ်ခဲ့လဲ အမေ့ကို ပြောစမ်းပါ… ဖုန်းအာနဲ့ သားအတွက် အမေ့က တရားမျှတမှုကို ရှာပေးပါမယ်”
 
***
အပိုင်း(၈၂၆)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၇)

 
 
ယွမ်ရှောင်က အမြဲလိုလို သွေးအေး ရက်စက်နေတုန်းပါ။
“သူမက ကျွန်တော့်ကို ဖြားယောင်းဖို့ ကြိုးစားချင်တယ်၊  ဖုန်းအာထက် သူမက မညံ့ဘူးလို့လည်း ပြောတယ်”
ကျွင်းဖန်လျန်ရဲ့ မျက်နှာက အတော်လေး မှောင်မိုက်သွား ရပါတယ်။ သူမရဲ့ နှုတ်ခမ်းက သရော်ဟန် မဲ့ရွဲ့လိုက်ပါတယ်။
“သူမက ဖုန်းအာထက် မညံ့ဘူး ဟုတ်လား၊  ရွှယ်ရုံအာ …. နင့်ကိုယ်နင် အထင်ကြီးလွန်း နေပြီ၊ ငါက ဘယ်သူ့ကို မဆို လက်ခံမယ်လို့များ ထင်နေလား၊  ဖုန်းအာကို ယွမ်လော့ဖုန်း ဖြစ်နေလို့ လက်ခံတယ်လို့ ထင်ရင်တော့ နင် မှားသွားပြီ၊ သူမ နေရာမှာ တခြား တစ်ယောက် ဆိုရင်တော့ ငါ လက်ခံနိုင်မှာ မဟုတ်ဘူး”
ယွမ်ရှောင်နဲ့ ပတ်သက်တဲ့ သတင်းများကို ရဲ့ကျင်းချန်းကို သတင်းပေးတည်းက ယွမ်လော့ဖုန်း အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ကျွင်းဖန်လျန်က ယွမ်လော့ဖုန်းရဲ့ အပြုအမူ အကြောင်းကို အားလုံး သိနားလည် ပြီးသားပါ။ အဲဒါကြောင့် သူမရဲ့ အပြုအမူကို အထင်ကြီး လေးစား မိပါတယ်။ ဒါပေမဲ့  ရွှယ်ရုံအာက သူမကိုယ်သူမ ယွမ်လော့ဖုန်းထက် မညံ့ဘူးလို့ ပြောရဲသေးတယ်။
ရယ်စရာ ကောင်းလိုက်တာနော်။
ကျွင်းဖန်လျန် ကြိုက်နှစ်သက်တဲ့ ချွေးမက လေလုံးထွားတဲ့ မိန်းကလေးထက် ညံ့စရာလား။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး” 
အစိတ်စိတ် ပိုင်းဖြတ်ခံထားရတဲ့ ရွှယ်ရုံအာရဲ့လက်မှ နာကျင်မှုများ မွေးဖွားလာပြီး ခန္ဓာကိုယ်က တွန့်ခနဲ ဖြစ်သွားရပါတယ်။  ဒါပေမဲ့လည်း သူမကိုယ် သူမ ကာကွယ်ချင်တော့  သည်းခံဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“ကျွန်မက ရှောင်သခင်လေးကို သွေးဆောင် ဖြားယောင်းတာ မဟုတ်ရပါဘူး၊ ရှောင်သခင်လေးက ကျွန်မကို စော်ကားဖို့ ကြံရွယ်တာပါ … ကျွန်မက ငြင်းဆန်တော့ လက်ကို ဖြတ်ပစ်တာပါ”
ကျွင်းဖန်လျန်မှာ ဒေါသများ ပွက်ပွက် ဆူလာရပါတယ်။
“ငါ့သားက နင့်ကို စော်ကားဖို့ ကြံစည်တယ် ဟုတ်လား၊ နင့်ကိုယ်နင် ဘာထင်နေလဲ၊  ငါ့သားက ချောမောလှပတဲ့ ဇနီးလေးကို နောက်ချန်ထားပြီး နင့်လို အော့နှလုံးနာတဲ့ အမျိုးသမီးကို ကြိုက်နှစ်သက်စရာလား”
“ရဲ့သခင်မ… စကားကို အကျိုးသင့် အကြောင်းသင့် ပြောပါ”
ရွှယ်ရုံအာရဲ့ မျက်နှာဟာ ဖြူဖျော့လာပြီး သူမကိုယ် သူမ ကာကွယ်တဲ့ စကားမျိုး ပြောလာပြန်တယ်။
“နင်တို့မှာ ဘာသက်သေ ရှိလို့ ရှောင်သခင်လေးကို ငါ့က သွေးဆောင် ဖြားယောင်းတယ်လို့ ပြောရဲတာလဲ”
ဘာပဲဖြစ်ဖြစ် သူမဘက်က ဝန်မခံနိုင်ဘူး။  မဟုတ်ရင် ကျွင်းဖန်လျန်က သူမကို လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး။ 
“ငါ့သားကို သွေးဆောင် ဖြားယောင်းဖို့ မတွေးမိဘူးလို့ ပြောချင်တာလား၊  ဒါဆို ဘာကြောင့် ဒီနေရာကို လာခဲ့တာလဲ”
ကျွင်းဖန်လျန်လည်း လှောင်လိုက်တယ်။ 
“နင့်မှာ ကွယ်ဝှက်ထားတဲ့ အကြောင်းအရင်း မရှိရင် ထင်းတဲမှာပဲ နေထိုင်ခဲ့သင့်တယ်… ဘာကြောင့် အိမ်မကြီးဘက် ရောက်လာတာလဲ”
တစ်ဖက်မှာ စိုးရိမ်ဗျာပါဒ များနေတဲ့ ရဲ့ချီမှာ ကျွင်းဖန်လျန်ရဲ့ စကားကို ကြားပြီးနောက် ထိတ်လန့် သွားရတယ်။
ဒါလည်း မှန်နေတာပဲ။ ရုံအာမှာ ကွယ်ဝှက်ထားတဲ့ အကြောင်းအရင်း မရှိရင် သူမရဲ့ ဖြူစင်မှုကို ပြသဖို့ ထင်းတဲမှာ နေထိုင်ခဲ့သင့်တယ်။ ဘာကြောင့်များ ယွမ်ရှောင်ရှေ့ကို ‌ရောက်လာတာလဲ။
ရဲ့ချီမှာ ပြောစရာ စကားမဲ့ရပါတယ်။ သူမလည်း ရွှယ်ရုံအာကို နှစ်ပေါင်းများစွာ ယုံကြည်ပေးခဲ့ပါတယ်။  အားလုံးက သူမရဲ့ အလိမ်အညာ ဖြစ်မယ်လို့ မမျှော်လင့်ရဲဘူး။
“သခင်၊ သခင်မ… သူတို့ နှစ်ယောက်ကို ခေါ်လာပါပြီ”
ထိုစဉ် စောင့်ကြပ်ရတဲ့ အစောင့်နှစ်ဦးကို ဖမ်းခေါ် လာပါပြီ။
 သူတို့ ရောက်လာချိန် သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့ ရွှယ်ရုံအာကို မြင်လိုက် ရပါတယ်။ သူတို့လည်း စိတ်ပျက် ကြေကွဲသွားစွာ မြေကြီးပေါ် လဲကျ သွားတော့တယ်။
ဘာကြောင့်များ သူတို့ အစိုးရိမ်ဆုံး ကိစ္စက ဖြစ်လာရလဲ။
“ငါ့ကို အမှန်အတိုင်း ပြောစမ်း”
ကျွင်းဖန်လျန်ရဲ့ မျက်နှာက မည်းမှောင်နေပြီး မတူမတန်ဟန် မေးလိုက်တယ်။
“ရွှယ်ရုံအာကို တိတ်တဆိတ် လွှတ်ပေးဖို့ နင်တို့ကို ခွင့်ပြုပေးထားလို့လား”
အစောင့်နှစ်ဦးမှာ ချက်ချင်း အသိပြန်ဝင်လာပြီး ကြောက်လန့်တကြား ဦးတိုက်တော့တယ်။
“သခင်မ… ကျွန်တော်တို့ မှားပါတယ်၊ ကျွန်တော်တို့ရဲ့ အပြစ်က သေဖို့ ထိုက်တန်ပါတယ် ရွှယ်မိန်းကလေးကို အသက်ချမ်းသာပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်”
အခုလို အချိန်မျိုးမှာတောင်  အစောင့်နှစ်ဦးက ရွှယ်ရုံအာကို ကာကွယ်ပေးချင် သေးတယ်၊  သူမ ရှင်သန်ဖို့အတွက် သူတို့အသက်ကို စတေးချင် နေတာလား။
ကျွင်းဖန်လျန်လည်း ပုံမှန်မဟုတ်တဲ့ လေထုကို အာရုံခံလိုက်မိပါတယ်။ ဒီအစောင့် နှစ်ယောက်က ရွှယ်ရုံအာနဲ့ အရင်တုန်းက မသိကျွမ်းခဲ့မှန်း သူမ သိနေပါတယ်။ တစ်နေ့တည်းနဲ့ သူမအတွက် အသက်ပေးချင်စိတ် ဖြစ်အောင် ဘာတွေကများ ပြောင်းလဲ ပေးလိုက်တာလဲ။
“တစ်ခုခုတော့ လွဲမှားနေပြီ”
ယွမ်လော့ဖုန်းလည်း မျက်ခုံး ပင့်လိုက်ပြီး
“သူတို့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပေးမယ်”
 ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းကို သံသယ မကင်း ကြည့်လိုက်ပါတယ်။
“တစ်ခုခုကို  ရှာတွေ့ထားလို့လား၊ သူတို့နှစ်ယောက် ဘာဖြစ်နေလို့လဲ”
 
***
အပိုင်း (၈၂၇)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၈)

 
ယွမ်လော့ဖုန်းလည်း အစောင့်များ အနား တိတ်တဆိတ် လမ်းလျှောက်သွားတော့ သူတို့ခန္ဓာကိုယ်မှ ရနံ့ကို အာရုံခံလိုက် ရတယ်။
အရောင် အဆင်း အနံ့ ကင်းမဲ့တဲ့ ချစ်မေတ္တာ အဆိပ်ပါလား။ တခြားသူ မသိရင် နေမယ် ယွမ်လော့ဖုန်းကတော့ အာရုံခံနိုင်ပါတယ်။
“သူတို့က ချစ်မေတ္တာ အဆိပ် မိနေတာ”
ယွမ်လော့ဖုန်းလည်း မတူမတန်ဟန် ပြောကာ ခေါင်းမော့ လိုက်တယ်။
ဝုန်း…
ယွမ်လော့ဖုန်းက ချစ်မေတ္တာ အဆိပ်လို့ ပြောလိုက်တာ ကြားရတော့ သူမရဲ့ ဦးခေါင်း ပေါက်ကွဲ မတတ် ခံစားရပါတယ်။
သူမ သိနေခဲ့တယ်လား။
မဖြစ်နိုင်ပါဘူး သူမ ဘယ်လို သိနေတာလဲ။
ယွမ်ရှောင်က  အဆိပ်ကို အကျိုး မသက်ရောက်တာ  ယွမ်လော့ဖုန်းနဲ့ ပတ်သက် ဆက်နွှယ် နေရမယ်။
“ချစ်မေတ္တာ အဆိပ် ဟုတ်လား”
ကျွင်းဖန်လျန်လည်း လန့်ဖျပ် သွားရတယ်။
သူမ ဆေးအကြောင်းကို နားမလည်သော်လည်း ချစ်မေတ္တာ အဆိပ်ကိုတော့ သိနိုင်ပါသေးတယ်။ သူမရဲ့သားကို ထိခိုက်စေဖို့ ရွှယ်ရုံအာက ဒီလိုဆေးမျိုး ယူလာမယ်လို့ မထင်ခဲ့မိဘူး။
ချက်ချင်းပဲ သူမရဲ့ စိတ်နှလုံးမှာ ဒေါသများ ဖုံးလွှမ်းလာပြီး ရဲ့ချီကို ဒေါသတကြီး ကြည့်လိုက်ပါတယ်။
“မြင်အောင် ကြည့်စမ်းပါ… နင့်သူငယ်ချင်း ဘယ်လို ပြုမူလဲ သိရဲ့လား၊ ဒီကနေ့က စပြီးတော့ သူမကို ရဲ့အိမ်တော်မှ ခြေချခွင့် မပြုနိုင်တော့ဘူး။ 
ရဲ့ချီမျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားကာ ရုံအာကို အလျင်စလို ကြည့်လိုက်ပါတယ်။ သူမဘက်က ဖြေရှင်းချက်ပေးဖို့ မျှော်လင့် နေမိပါတယ်။ ဒါပေမဲ့လည်း ဘာဆိုဘာမှ ဖြစ်မလာဘဲ ရွှယ်ရုံအာက ယွမ်လော့ဖုန်းကို မမှိတ်မသုန် ကြည့်နေလေရဲ့။
ထိုစဉ်ခဏ သူမရဲ့နှလုံးသားမှာ ချမ်းစိမ့်စိမ့် ဖြစ်ရပါတယ်။ ရွှယ်ရုံအာ … ရဲ့အိမ်တော်ကို လာခဲ့ရတဲ့ အကြောင်းအရင်းက ယွမ်ရှောင် ကြောင့်များလား။
“ဖုန်းအာ…  သူတို့နှစ်ယောက်ကို ကုသပေးနိုင်လား”
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းကို နောက်တစ်ကြိမ် ကြည့်ကာ မေးလိုက်ပါတယ်။
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပါတယ်။
“ဒီအဆိပ်က မပြင်းထန်ပါဘူး၊ သူတို့ရဲ့စိတ်ကို ညှို့ထားတာပါ၊ ပုံမှန် ပြန်ဖြစ်လာဖို့ အပ်စိုက် ကုသပေးဖို့ပဲ လိုအပ်တယ်”
ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း သူမရဲ့ အပ်ထည့်ထားတဲ့ အိတ်ကို ထုတ်ကာ  အစောင့်ရဲ့ ရှန်ထျန်းနေရာကို သေသေချာချာ အပ်စိုက်ပေး လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ အစောင့် နှစ်ဦးရဲ့မျက်နှာ အမူအရာက ကြည်လင် လာပြီး တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။ ခဏကြာတော့မှ သူတို့ရဲ့ အပြုအမူကို ပြန်လည် အမှတ်ရ သွားခဲ့တယ်။ 
“သခင်၊ သခင်မ ... ကျွန်တော်မျိုးတို့ကို အသက်ချမ်းသာ ပေးပါ၊ ဒီလက်အောက် ငယ်သားက ဘာဖြစ်ခဲ့မှန်း မသိလို့ပါ၊ အဲဒီမိန်းကလေး တောင်းဆိုတော့ ငြင်းဆန်လို့ မရ ဖြစ်မိလို့ပါ၊  သခင်တို့က နောက်ထပ် အခွင့်အရေးလေး ပေးပါ”
အလျင်စလို ဦးတိုက် တောင်းပန် နေခဲ့တယ်။
“နင်တို့က အမှားလုပ်ဖို့ မရည်ရွယ်ခဲ့ပေမဲ့ သူမဘက်က ကြံစည်ဖို့ အခွင့်အရေး မပေးခဲ့သင့်ဘူး၊ နင်တို့ ကျူးလွန်ခဲ့တဲ့  အမှားအတွက် ပြန်လည်ပေးဆပ်ဖို့ လိုအပ်သေးတယ်၊ နင်တို့ကို ထောင်သုံးလ ချပြီး လစာ တစ်ဝက်ပဲ ပေးမယ်”
ကျွင်းဖန်လျန်က သူတို့ကို အင်မတန် သက်ညှာပေးမှန်း သိလို့  သူတို့လည်း အလျင်စလို  ဦးတိုက်ကာ တခြား အစောင့် နှစ်ယောက်နောက် လိုက်ပါ သွားခဲ့တယ်။
ချစ်မေတ္တာ အဆိပ် ပျက်ပြယ် သွားတည်းက  ရွှယ်ရုံအာကို သူတို့တွေ  တစ်ချက်လေးတောင် မကြည့်တော့ပါဘူး။
ရုတ်တရက် အမည်းရောင် ဝတ်စုံနဲ့လူက အနားရောက်လာပြီး ကျွင်းဖန်လျန်ကို စကားတချို့ တိတ်တိတ်လေး ပြောသွားခဲ့ပါတယ်။  ထိုလူရဲ့ စကားကို ကြားပြီးနောက်  သူမရဲ့ နှုတ်ခမ်းပေါ်က အပြုံးဟာ ပိုနက်ရှိုင်း လာခဲ့ပါတယ်။ 
“ရွှယ်ရုံအာ… နင့်အတွက် လူတစ်ယောက်ကို ခေါ်ထားပေးတယ်၊  ဒီလူကို နင် သေချာပေါက် စိတ်ဝင်စားမှာပါ…”
သူမ စကား အဆုံးသတ် သွားတော့  အမည်းရောင် ဝတ်စုံနဲ့လူက သူနဲ့အတူတူ  သန်မာတဲ့ လူတစ်ယောက်ကို ဖမ်းချုပ်လာကာ အညှာအတာ ကင်းမဲ့စွာ မြေကြီးပေါ် ပစ်ချလိုက်ပါတယ်။
 
***

Bạn đang đọc truyện trên: Truyen247.Pro