Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 873-877

အပိုင်း(၈၇၃)

 
သွေးစက်နှစ်ခု ရောစပ်သွားသည်ကို မြင်ရချိန်မှ ကျွင်းဖန်လျန် စိတ်အေးချမ်း ရတော့၏။  မည်သည်ကြောင့် သွေးနှစ်ခု ရောစပ်သွားသည်ကို မသိသော်လည်း ယွမ်လော့ဖုန်း တစ်ခုခုကို ကြံရွယ်ထားခြင်း ဖြစ်ရမည်။
"သွေးစစ်ဆေးခြင်း ရလဒ်အရ ...  ယွမ်ရှောင်က ရဲ့မိသားစု မျိုးဆက် ဖြစ်ကြောင်း သက်သေ ပြနေတယ်"
ရဲ့ကျင်းချန်းကို နားမလည်နိုင်သည့် အကြည့်နှင့် ကြည့်လျက် အဘိုးအိုလည်း မသိမသာ သက်ပြင်းချ၍ ဆုံးဖြတ်ချက်ကို ကြေညာလိုက်၏။ 
ထိုစကားကြောင့် နှုတ်ဆိတ်နေသည့် လူစုကြီးမှာ ပျာပျာသလဲ ဖြစ်သွားရပြီး လူတိုင်းလိုလို ဤအကြောင်းကိုသာ ပြောနေတော့၏။  အားလုံး ပြောနေသည့် အကြောင်းအရာသည် ယွမ်ရှောင် အကြောင်းသာ ဖြစ်၏။ 
သူတို့အမြင်တွင် ကျွင်းဖန်လျန်သည် စာရိတ္တ မကောင်းသည့် အမျိုးသမီး မဟုတ်တောချေ။ ရဲ့ကျင်းချန်းလည်း တစ်ပါးသူ၏ ဇနီးမယားကို ကြာခိုသည့် ယောက်ျားလည်း  မဟုတ်တော့ပေ။ သို့သော်လည်း ...  သူတို့မှာ ဆွေးနွေးစရာ ခေါင်းစဉ် အသစ် ရှိနေလေပြီ။
အကြောင်းအရာက ...  ယွမ်ရှောင်သည် သုံးစားမရသည့် လူ့အမှိုက်လား။ 
၎င်း၏ မိသားစုမှ မောင်းထုတ်ခံရသည့် လူနုံ လူအသည် ရဲ့မိသားစု လက်ခံဖို့ ခဲယဉ်းသည့် မိသားစုဝင် ဖြစ်လာခဲ့ပြီ။
"သခင်"
လူအများ ဆွေးနွေးနေသည့် အကြောင်းကိစ္စကြောင့် ရဲ့ရှန်းလည်း အများရှေ့ထွက်ပြီး ဂါရဝပြု၍ လျှောက်တင်လိုက်၏။ 
"သူက ရဲ့မိသားစု မျိုးဆက် ဖြစ်နေတော့ မျိုးရိုးစာရင်းမှာ မှတ်တမ်းတင်ပြီး သူ့နောက်ဆုံးနာမည်ကို 'ရဲ့'လို့ ပြောင်းလဲသင့်ကြောင်းပါ"
ရဲ့ရှန်းသည် ရဲ့ကျင်းချန်း၏ အကျိုးဖြစ်ထွန်းရန် ပြောရခြင်း ဖြစ်၏။ 
အဘိုးအိုလည်း ခေါင်းညိတ်လိုက်၏။ နှစ်ပေါင်းများစွာ ရဲ့မိသားစုက ရဲ့ကျင်းချန်းအပေါ် အကြွေး တင်ခဲ့ပြီး ဤတစ်ကြိမ်တော့ သူ့သားအတွက် ရပ်တည် ပေးသင့်သည်။ 
ရဲ့ရှန်း ပြောလိုက်သည့် စကားကြောင့် အေးစက်စက် အသံသည် ရုတ်ခြည်း ပျံ့လွင့်လာပြီး တခြားသူများကို အုတ်အော်သောင်းတင် ဖြစ်သွားစေသည်။ 
"ကျုပ် နောက်ဆုံး နာမည်က 'ယွမ်' ...  ကျုပ်က 'ယွမ်' မိသားစုဝင်”
အကြီးအကဲ ရဲ့ရွှန်းက သူ့ကို ရဲ့မိသားစုထဲ ပြန်ခေါ်ချင်သော်လည်း သူက ငြင်းဆန်နေသည် သုံးစားမရသော လူနုံလူအတွင် ဤကဲ့သို့ ပြောဆိုဝံ့သည့် သတ္တိရှိသည်လား။ 
ရဲ့ရွှန်းလည်းသူ၏ ဒေါသစိတ်ကို ထိန်းချုပ် လိုက်ပြီး ရှုသိုးသိုး ပြောလိုက်သည်။
"ရှောင်သခင်လေး ... မင်က ရဲ့မိသားစု မျိုးဆက်ဖြစ်နေတော့ ယွမ်မျိုးနွယ် အဖြစ် ခံယူလို့ မရဘူး"
ထိုလူက သွေးအေးသော အကြည့်ဖြင့် ကြည့်၍ ဆုံးဖြတ်ချက် ခိုင်မာသော အသံဖြင် ...
"ကျုပ်က ဖုန်းအာနဲ့ လက်ထပ်ပြီး သွားပြီ ဒါကြောင့် ကျုပ်က ယွမ်မိသားစုဝင်ပဲ"
သူ့ကိုယ်သူ လက်ထပ်ပြီး သွားပြီဟူ၍ မသုံးနှုန်းဘဲ ယွမ်လော့ဖုန်းကို လက်ထပ်ခဲ့သည်ဟု ပြောဆိုခဲ့သည့် အတွက် သူ့နှလုံးသားဝယ် သူမ၏ အရေးပါမှုကို ပြသနေလေ၏။
"အတင့်ရဲလှချည်းလား"
ရဲ့ကျင်းရွှမ် မျက်နှာက မည်းမှောင်လာပြီး ခပ်ပြတ်ပြတ် ပြောလိုက်၏။
"ယွမ်ရှောင် မင်းကိုယ်မင်း ဘာပြောနေမှန် သိရဲ့လား ... သားယောက်ျားလေးတွေက တခြား မိသားစုဝင်နဲ့ လက်ထပ်ပြီး မိန်းကလေး မျိုးရိုးနာမည်ကို ခံယူခြင်းက ရှက်ဖွယ် ကောင်းတယ်… ငါဒီကိစ္စကို ခွင့်မပြုနိုင်ဘူး"
ရဲ့ကျင်းရွှမ်သည် ယွမ်ရှောင်ကို ရဲ့မိသားစုထဲ ပြန်လာခွင့် မပြုချင်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို သည်းမခံနိုင်ချေ။ သို့မဟုတ်လျှင် ရဲ့မိသားစုကို တစ်လောကလုံးက ပြက်ရယ်ပြု ချေတော့မည်။
ယွမ်ရှောင်သည် ရဲ့ကျင်းရွှမ်ကို သွေးအေးသည့် မျက်ဝန်းများဖြင့် စောင်းငဲ့ ကြည့်လိုက်ပြီး
"ကျုပ်အတွက်တော့ 'ယွမ်' မိသားစုဝင် ဖြစ်ရတာ ဂုဏ်ယူစရာပဲ"
"မင်း ... "
ရဲ့ကျင်းရွှမ်မှာ ဒေါသချောင်းချောင်း ထွက်ရလေ၏။ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် အေးတိအေးစက် လူကို ကြည့်ကာ ...
"အဖေ ... သူက နောက်ဆုံး နာမည်ကို မပြောင်းချင်တော့လည်း ...  ကျွန်တော်တို့ မိသားစုက ဆန်ကုန်မြေလေးကို အလိုမရှိဘူး ...  အဖေ ...  သူ့ကို မျိုးရိုးစာရင်းက ပယ်ထုတ်ပြီး ရဲ့မိသားစုက မောင်းထုတ် လိုက်စမ်းပါ ..." ဟု ပြောလိုက်လေ၏။ 
ယွမ်ရှောင်က ရဲ့မိသားစုဝင် မဟုတ်ရင် ကျက်သရေတုံးသည့် သူ့အစ်ကို လင်မယားကို သည်းခံနေစရာ အကြောင်း မရှိတော့ဘူး။ 
အဘိုးအိုသည် ယွမ်ရှောင်ကို ခပ်တန်းတန်း ကြည့်လိုက်ပြီး
“မျိုးရိုးနာမည်ကို မပြောင်းချင်လည်း သူ့ဆန္ဒအတိုင်း ထားလိုက်တော့"
"အဖေ ..."
ရဲ့ကျင်းရွှမ်လည်း မှင်တက်သွားရပြီး အဘိုးအို၏ ဆိုလိုရင်းကို တအံ့တဩ ဖြစ်နေရ၏။ 
"ဒီနေ့တော့ ... တော်သင့်ပြီ ... ငါ ပင်ပန်းနေပြီ ...  ရဲ့ရှန်းက ဒီကိစ္စကို ဆက်ဖြေရှင်း လိမ့်မယ် ..."
အဘိုးအိုက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းကာ ကျောခိုင်း လိုက်၏။ 
သူ မထွက်သွားမီ ရဲ့ကျင်းချန်းကို သာမန်ကာလျှံကာမျှ ငေးစိုက် ကြည့်လိုက်၏။ သူ့မျက်ဝန်းများက စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေလေ၏။ 
သူ့စကားကြောင့် ရဲ့ကျင်းရွှမ်လည်း ရဲ့ကျင်းချန်းကို ခက်ထန်စွာ ကြည့်၍ သရော်လိုက်၏။ 
"အစ်ကိုကြီး ...  အစ်ကို့ကို ကြမ်းကြမ်း တမ်းတမ်း ပြောဆိုပြုမူတဲ့အတွက် အပြစ်မဖို့ပါနဲ့ ... အဖေ ပြောတာ ကြားလိုက်တယ် မလား ...  အဖေက ယွမ်ရှောင်ကို မြေးအဖြစ် အသိအမှတ် မပြုဘူး ... ဒါကြောင့် သူ့ကို အဖေ့ကိုယ်စား မောင်းထုတ် ပစ်မယ် ..."
 
***
အပိုင်း(၈၇၄)

သွေးရင်းသားရင်း စစ်ဆေးခြင်း (၆)

 
သို့သော်ငြား သူ ပြောလိုက်သည့် စကားလုံး၏ နောက်ဝယ် ရဲ့ရှန်း၏ အသံက ပျံ့လွင့်လာခဲ့သည်။ 
“သခင့်က ... ယွမ်ရှောင်ကို ရဲ့မိသားစုက ပယ်ထုတ်ဖို့ မပြောခဲ့ပါဘူး … ရဲ့မိသားစု ဖြစ်ဖြစ် … ယွမ်မိသားစုဖြစ်ဖြစ် … သူ ရွေးချယ်ချင်တာကို ရွေးချယ် ခွင့်ပြုမယ်လို့ ပြောခဲ့တာ…”
အဘိုးအိုက ဤဆုံးဖြတ်ချက်ကို မည်သည့် အတွက်ကြောင့် ချမှတ်ခဲ့သည့်ကို ရဲ့ရှန်းလည်း နားမလည်နိုင်ခဲ့ချေ။ သို့သော်ငြား သခင်၏ သစ္စာစောင့်သိသည့် လက်အောက်ငယ်သား တစ်ဦးအနေဖြင့်  အမိန့်ကို မနာခံ၍ မရပေ။
ရုတ်ခြည်း ရဲ့ကျင်းရွှမ်၏အပြုံးက အေးခဲ သွားရ၏။
“မဖြစ်နိုင်ဘူး … သူ့နောက်ဆုံး နာမည်ကို မပြောင်းခဲ့ချင်ရင်.. တခြားသူရဲ့ မျိုးရိုးနာမည်ကို ဆက်ခံချင်ရင် … အဖေက သူ့ကို မိသားစု စာရင်းထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး”
“ဒုသခင်လေး … ဒါက သခင်ကြီးရဲ့ ဆုံးဖြတ်ချက်ပါ … ကျုပ်တို့တွေ နာခံရမယ်”
ရဲ့ရှန်းလည်း မျက်မှောင်ကြုတ် လိုက်၏။ 
“အခုတော့ စစ်ဆေးပွဲလည်း ပြီးပြီဆိုတော့ မင်းတို့တွေ ထွက်သွား နိုင်ပြီ”
ရဲ့ကျင်းရွှမ်၏မျက်နှာက အစိမ်းရောင်မှ အဖြူရောင် သန်းယှက် လာရ၏။ တစ်ဖန် အဖြူရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲ သွားပြန်၏။ 
နောက်ဆုံးတွင် ဟားတိုက် ရယ်မောကာ ထေ့ထေ့ငေါ့ငေါ့ ပြောလိုက် လေ၏။
“အစ်ကို့အတွက်တော့ … စိတ်မကောင်းပါဘူး … အစ်ကို့မှာ သားတစ်ယောက် ရှိပေမဲ့ … သုံးစားမရတဲ့ ဆန်ကုန်မြေလေး ဖြစ်နေပြန်တယ် …  အစ်ကိုတော်ရဲ့သားက လူကောင်း လူချွန်လေး ဆိုရင် ကျွန်တော်တို့တွေ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိမှာပါ”
ယွမ်ရှောင်ကို သုံးစားမရသည့် လူနုံလူအဟု မှတ်ယူထား၍ အစ်ကိုတော်တို့အား ကောက်ကျစ် စဉ်းလဲစွာ ပြုမူရဲချင်ပေ။
“ပြီးတော့…”
ရဲ့ကျင်းရွှမ်လည်း ခေတ္တခဏ ရပ်တန့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။
“ပြီးတော့ ခင်ဗျား ချွေးမက မုံ့ယောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး … မုံ့ယောင်က ဆေးပညာမှာ ထူးချွန်တဲ့အပြင် အရှင်မင်းကြီးက ချစ်ခင်မြတ်နိုးတဲ့ သမားတော် တစ်ပါးကွဲ့ … သူမက မိဖုရားကြီးရဲ့ ရောဂါကို ကုသပေးနိုင်ခဲ့ရင် အိမ်ရှေ့စံမင်းသမီး ဖြစ်လာတော့မှာ…  အခုအချိန်အထိ … အစ်ကိုတော်မှာ ညီငယ်ကို ယှဉ်နိုင်တဲ့ ဂုဏ်ပုဒ် တစ်ခုတလေများတောင် မရှိဘူး”
ရဲ့ကျင်းချန်းကို ရန်စချင်သည့်အတွက် ထိုစကားကို ပြောလိုက်ခြင်းပေ။ ထို့ကြောင့် သူ့အသံက တမင်တကာ နိမ့်ပြောလိုက်ခြင်း ဖြစ်၏။ ယွမ်ရှောင်နှင့် ယွမ်လော့ဖုန်းတို့တွင် သွက်လက် ချက်ချာသည့် နားတစ်စုံကို ပိုင်ဆိုင်သည့်အတွက်  ယင်းစကားကို ကြားဖြစ်အောင် ကြားလိုက်သေး၏။ ရဲ့ကျင်းရွှမ်၏စကားကို ယွမ်လော့ဖုန်းက ဟာသ ပြက်လုံးအဖြစ် သဘောထားသော်လည်း ယွမ်ရှောင်ကတော့ ယွမ်လော့ဖုန်းကို စော်ကားမော်ကား ပြောဆိုခြင်းကို သည်းခံနိုင်စွမ်း မရှိချေ။ ထို့ကြောင့် ရဲ့ကျင်းရွှမ် ဒူးထောက်စေရန် အလို့ငှာ သူ့လက်ချောင်းများကို လှုပ်ရှားပြီး စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှင့်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း ရဲ့ကျင်းရွှမ်မှာ ရဲ့ကျင်းချန်းရှေ့  ဒူးထောက်သလို ဖြစ်သွား၏။
ရဲ့ကျင်းချန်း အပါအဝင် တခြားသော လူများမှာ သူ့အပြုအမူအကြောင့် တအံ့တဩ ဖြစ်နေရ၏။ 
“အဖေ”
 ရဲ့ထန်ဝမ်မှာ  ဘာဖြစ်မှန်းကို နားမလည်နိုင် ဖြစ်ရ၏။ ရှက်ရွံ့စိတ်ကြောင့် သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာရ၏။
 ဘာစကားတစ်ခွန်းမျှ မဆိုဘဲ ကျန်းမုံ့ယောင်လည်း မျက်မှောင်ကြုတ်လျက် သူတို့အားလုံးကို အပြစ်ရှာသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ 
“ညီငယ် … မင်း ဘာကြောင့်များ ဒူးထောက် တောင်းပန်နေတာလဲ”
ရဲ့ကျင်းချန်းက သရော်ဟန် ပြုံးနေသော်လည်း အသံက အလွန်အမင်း ယဉ်ကျေးလွန်းသည်။
“ရှောင်အာကို ထွက်သွားစေချင်လို့ အစ်ကို့ကို ဒူးထောက် တောင်းပန်ဖို့ မလိုအပ်ပါဘူး... အစ်ကို့က ခွင့်လွှတ်ပြီးသားပါ … ထတော့ … အစ်ကို… ရဲ့အိမ်တော်က ထွက်သွားတော့မှာပါ… အစ်ကို့ကို ပစ္စည်းထုပ်ပိုးဖို့ အချိန်ပေးပါ”
သူကိုယ်တိုင်လည်း ကောက်ကျစ်သူ ဖြစ်သည့်အတွက် ဘာကြောင့် ဒူးထောက်မှန်း မသိသော်လည်း ရဲ့ကျင်းရွှမ် အရှက်ရစေမည့် အခွင့်အရေးကို လက်မလွှတ်နိုင်ချေ။
သူ့စကားကြောင့် ရဲ့ကျင်းရွှမ်မှာ ဘာဆက်ပြောရမှန်းမသိ ဖြစ်ရ၏။  ရဲ့ကျင်းချန်းကို ယွမ်ရှောင်နဲ့ အတူတူ ထွက်သွားရန် သူ ပြောခဲ့သည်လော။ သို့သည်တိုင် ဒူးထောက်နေရခြင်းက သူ့အစ်ကိုတော် အကွက်ဆင် ထားခြင်းပင် ဖြစ်ချေမည်။ ထို့ကြောင့် သူလည်း မုန်းလွန်းလို့ အံကြိတ်လိုက်၏။
 ၎င်းတို့က သူ့ကို အပြစ်ပုံချရန် ကြံရွယ်နေသည်လော။
ရဲ့ကျင်းချန်း အမှန်တကယ် ထွက်သွားလျှင်  လူအများစုက သူ့ကို ပြစ်တင်ရှုတ်ချလေမည်။
အခုများတော့ အရာအားလုံးက ပြောင်းလဲသွားချေပြီ။ သူ့အစ်ကိုကို သားသမီး မျိုးဆက် မရှိသည့် အကြောင်းအရင်းဖြင့် မောင်းထုတ်၍ မရနိုင်တော့ပေ။ အခုတော့ ရဲ့ကျင်းချန်းမှာ သားတစ်ယောက် ရှိနှင့်နေလေတော့  ယခင်လို ကြွားလို့ မရတော့ပေ။
“ညီတော်က နောက်ပြောင် ကျီစယ်တာပါ…”
ရဲ့ကျင်းရွှမ်လည်း အားယူပြုံးလိုက်၏။ 
“အစ်ကို့ကို ဒူးထောက် တောင်းပန်တာ မဟုတ်ပါဘူး… ခြေထောက် ခွေသွားလို့ပါ…”
ရဲ့ကျင်းရွှမ်လည်း မြေကြီးပေါ်မှ ထလိုက်ပြီး ဒူးကို ပွတ်သပ်လိုက်၏။
“တူတော်မောင်က ပြန်ရောက်လာပြီ ဆိုတော့ ဦးလေး ဖြစ်သူက ကြိုဆိုရမှာပေါ့ … ဒီည မိသားစု ပျော်ပွဲ ရွှင်ပွဲ ကျင်းပမယ် … တူတော်မောင်လေး တက်ရောက်မယ်လို့ မျှော်လင့်မိတယ်…”
 
***
အပိုင်း(၈၇၅)

မိသားစု ပျော်ပွဲ ရွှင်ပွဲ (၁)

 
ရဲ့ကျင်းချန်းလည်း  ရယ်မော လိုက်သည်။
“ငါတို့တွေ သေချာပေါက်ကို ပွဲတက်မှာပါ”
ထို့နေ့မှာ သူ့ညီတော်က သူတို့အတွက် အံ့ဩစရာ ဘာများ ပြင်ဆင်ထားမလဲ သိချင်မိသည်။
 
***
 
မိသားစု ပျော်ပွဲရွှင်ပွဲည 
ညအချိန်က စမ်းရေတမျှ အေးမြသည်။
တောက်ပသော အလင်းရောင်များဖြင့် ရဲ့အိမ်တော်မှာ ပျားပန်းခပ်နေသည့် အစေခံများက အလုပ်ကိုယ်စီဖြင့် ရှုပ်ယှက်ခတ် နေလေ၏။
ယွမ်လော့ဖုန်းနှင့် သူမ၏မိသားစုများသည် စားပွဲ ကျင်းပရာ ခန်းမဆောင်ထဲ ဝင်ရောက်လာစဉ်   ချီးမွမ်း ထောမနာ ပြုသံများကို ကြားလိုက်ရ၏။
ရဲ့ထန်ဝမ်၏ နံဘေးတွင် ကျန်းမုံ့ယောင်က  သူမကို မျက်နှာချို သွေးနေသည့် လူအပေါင်းကို သိမ်မွေ့စွာ ပြုံးပြနေသည်။ စားပွဲ ခန်းမကို ဝင်ရောက်လာသည့် လူခြောက်ဦးကို မြင်စဉ် သူမ၏ အပြုံးက ပျောက်ကွယ် သွားလေသည်။
“ညီတော် … ခုံလွတ် မရှိတော့ဘူး ထင်တယ်”
ခန်းမဆောင် တစ်ခုလုံးကို ဝေ့ဝဲ ကြည့်လိုက်စဉ် ရဲ့ကျင်းချန်း၏ မျက်နှာက ရှုသိုးသိုး ဖြစ်သွားပြီး…
“အကုန်လုံးဆို … ခုံခြောက်လုံး ရှိရမှာလေ … ဘာကြောင့် ခုံက လေးနေရာပဲ ရှိတာလဲ”
ရဲ့ကျင်းရွှမ်လည်း အားရစွာ ရယ်မောလိုက်၏။ 
“အားတုံ့အားနာ ဖြစ်မိပါတယ် … စားပွဲခန်းမမှာ ခုံက ဒီလောက် အတိုင်းအတာပဲ ဆံ့လို့ပါ … တခြား အခန်းမှာလည်း ထိုင်ခုံ မရှိတော့ဘူး … အစ်ကို့ဇနီးအတွက် ထိုင်ခုံရှိမယ်… ယောက်ျားသားတွေ ဖြစ်တဲ့ ရဲ့ရှီမို့နဲ့ ယွမ်ရှောင်လည်း ထိုင်ခုံရမယ် … မိန်းမသားတွေ ဖြစ်တဲ့ ရဲ့ချီနဲ့ ယွမ်လော့ဖုန်းက အစေခံတွေနဲ့ ထိုင်ရမယ်”
ရဲ့ကျင်းချန်း၏မျက်နှာက မည်းမှောင် သွားတော့၏။  သူ့ညီတော်က သူ့ကို အရှက်ခွဲစေမည့် အခွင့်အရေးကို လွဲချော်စေမည် မဟုတ်မှန်း  သူ သိနေခဲ့သည်။ သို့သော်လည်း ဤမျှလောက် လုပ်မည်လို့ မထင်ခဲ့မိချေ။ 
“ကျွန်မအထင်တော့ ထိုင်ခုံက အလုံအလောက် ရှိပါတယ်…”
ကျွင်းဖန်လျန်လည်း ပြုံးကာရွှင်ကာ ပြောလိုက်သည်။
“အစ်ကို … မင်းသမီး၆က လက်မထပ်ရသေးဘူး … မိသားစု ပွဲတော်ကို မလာခဲ့သင့်ဘူး … ဒီပြင် သူမက နောက်လူ … ဘာကြောင့်များ သူမနဲ့ သူမရဲ့ အစေခံတွေကို ထိုင်ခုံပေးထားရလဲ”
ကျွင်းဖန်လျန်လည်း ခေတ္တခဏမျှ ရပ်တန့်လိုက်ပြီး…
“မင်းသမီး အစေခံတွေတောင် ထိုင်ခုံ ရတယ် ဆိုတော့ ချွေးမလေးနဲ့ သမီးလေးက အစေခံတွေနဲ့ အတူတူ သွားထိုင်ဖို့ လိုအပ်လို့လား”
 အမှန်အားဖြင့် မင်းသမီး၆၏ အစေခံများက ထိုင်ခုံတွင် ထိုင်ခွင့် မရှိချေ။ ယွမ်လော့ဖုန်းကို အရှက်ရစေရန် မင်းသမီး၆နှင့် တိုင်ပင် ဆွေးနွေးထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူမ၏အစေခံများကို ထိုင်စရာ ပေးထားခြင်း ဖြစ်သည်။
ရဲ့ကျင်းရွှမ်လည်း သူမကို ခပ်ချေချေ ကြည့်လိုက်ရာ…
“မရီး … ဘာတွေ လျှောက်ပြောနေတာလဲ … မင်းသမီးက ဂုဏ်သရေရှိသူ … ရဲ့ချီနဲ့ ယွမ်လော့ဖုန်းက သူမကို နှိုင်းယှဉ်နိုင်ပါ့မလား… ပြီးတော့ ဖေးအာက မင်းသမီး၆ အစေခံ ဖြစ်နေပြန်တော့ သူမရဲ့ အဆင့်အတန်းကလည်း သူတို့ နှစ်ယောက်ထက် တော်ဝင်တယ် ... မင်းသမီး၆ နဲ့ သူမရဲ့ အစေခံကို ထိုင်ခုံက ထပေးဖို့ ပြောရဲသေးတယ် … ကိုယ့်အပြုအမူကိုယ် ထိန်းသိမ်းစမ်းပါ…”
မင်းသမီး၆၏ အစေခံက ယွမ်လော့ဖုန်းထက် ဂုဏ်သိက္ခာရှိကြောင်း တမင် ရည်ရွယ် ပြောဆိုခြင်း ဖြစ်၏။ 
“ငါတို့ကို မိသားစုပွဲကို မတက်စေချင်ဘူး ထင်တယ်”
ကျွင်းဖန်လျန်လည်း သရော်လိုက်သည်။
“ကောင်းပြီလေ … ကျွန်မတို့တွေ ဒီနေရာမှာ ဆက်နေဖို့ မလိုအပ်တော့ဘူး … အစ်ကို … ပြန်မယ်”
ရဲ့ကျင်းရွှမ်လည်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်၏။ 
“မရီးကို ကျွန်တော် ဖိတ်ပါတယ် … ဒါပေမဲ့ မရီးက ငြင်းပယ်တော့လည်း … အဖေသိရင်တော့ ကျွန်တော့်ကို အပြစ်တင်မှာတော့ မဟုတ်ဘူး”
ခက်ထန်သည့် မျက်နှာနှင့် ရဲ့ကျင်းချန်းလည်း သူ့ရင်ထဲမှ ဒေါသစိတ်ကို ဖိနှိပ်ဖို့ ကြိုးစားလေရာ ကျွင်းဖန်လျန်ကို လှည့်ကြည့်လိုက်ပြီး …
“ကိုယ်တွေက ဒီနေရာနဲ့ မသင့်လျော်ဘူး … ပြန်မယ်…”
“ကောင်းပြီ…”
ကျွင်းဖန်လျန်လည်း ပြုံးလိုက်၏။
“ရှောင်အာ … ဖုန်းအာ … ပြန်မယ်”
ထို့နောက် သူမလည်း ယွမ်လော့ဖုန်း၏ လက်မောင်းကို ဆုပ်ကိုင်၍  ပွဲတော်ခမ်းမမှ ထွက်သွားဖို့ ပြင်လိုက်၏။ သို့သော်ငြား ယွမ်လော့ဖုန်းက အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပေ။ သူမရဲ့ နှုတ်ခမ်းပေါ်တွင် ချောက်ချားဖွယ် ကောင်းသည့် အပြုံးလေး ပျံဝဲနေခဲ့သည်။
“ခဏလေး စောင့်ပါဦး”
ကျွင်းဖန်လျန်လည်း ရပ်တန့်လိုက်၏။  ယွမ်လော့ဖုန်းက ဘာအကြောင်းကြောင့် စားပွဲခုံ အနားကို သွားချင်လည်း သူမတော့ သိချင်မိ၏။ ထို့နောက် သူမ၏ ခြေထောက်ကို မြှောက်ကာ စားပွဲခုံကို ခပ်ပြင်းပြင်း ကန်ချလိုက်လေ၏။  ဘန်းခနဲ အသံနှင့်အတူတူ စားပွဲခုံ အရှည်မှာ နှစ်ခြမ်း ကွဲထွက် သွားတော့သည်။ အစားအသောက် အားလုံးလည်း ကြမ်းပြင်ပေါ် မှောက်ကျကုန်ပြီး ကြမ်းပြင်ဝယ် အမှိုက်စများ ဖြစ်သွားလေ၏။
လူတိုင်းမှာ တအံ့တဩ ဖြစ်နေလေ၏။  ယွမ်လော့ဖုန်း၏ အပြုအမူက မောက်မာလွန်းသည့် အတွက် လူတိုင်းမှာ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်ရ၏။
 
***
အပိုင်း (၈၇၆)

မိသားစု ပျော်ပွဲရွှင်ပွဲ (၂)

 
“နင် ဘာအချိုး ချိုးတာလဲ”
သူမ၏အပြုအမူကို ပထမဦးဆုံး တုံ့ပြန်သည့်လူက ရဲ့ကျင်းရွှမ် ဖြစ်လေ၏။ သူ့မှာ ဆွေ့ဆွေ့ခုန်ကာ  ယွမ်လော့ဖုန်းကို မကျေမနပ် စူးစူးရဲရဲ ကြည့်လိုက်လေ၏။
၎င်း၏အကြည့်က လူသတ်နိုင်မည်ဆိုလျှင် ယွမ်လော့ဖုန်းကို  အပိုင်းပိုင်း အထစ်ထစ် ခုတ်ထစ်ပြီးပြီ။
ယွမ်လော့ဖုန်းလည်း သူ့ကို မာယာများစွာ ငေးစိုက် ကြည့်လိုက်ပြီး
“ရှင်က ကျွန်မတို့ကို ပွဲမတက်စေချင်ရင် ဘယ်သူမှလည်း တက်ခွင့် မရှိဘူး”
ဟုတ်တယ် … သူမ၏ ကောက်ကျစ်စဉ်းလဲသည့် နည်းလမ်းပင်။ သူမ၏ ညစာစားပွဲကို ဖျက်ဆီးလျှင် သူတို့အားလုံးကို ပျော်ရွှင် ကြည်နူးခွင့် မပေးနိုင်ဘူး။
“ရိုင်းစိုင်းလိုက်တဲ့ မိန်းမ”
ကျန်းမုံ့ယောင်လည်း သူမ၏ နှုတ်ခမ်းကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ယွမ်လော့ဖုန်းကို အထင်မြင်သေးစွာ ကြည့်လိုက်၏။ 
“တော်ဝင်နန်းတော် အစေခံတောင် နင့်ထက် အသိဉာဏ် ရှိသေးတယ် … ရဲ့ဦးလေး ပြောတာ မှန်တယ် … ငါ့အစေခံကတောင် နင့်ထက် ထိုင်ခုံမှာ ထိုင်ဖို့ သင့်လျော်သေးတယ်”
ကျန်းမုံ့ယောင်က စိတ်ကြီးဝင်နေတတ်သူ မိန်းကလေးတစ်ယောက်။ တော်ဝင်မင်းသမီး တစ်ပါး ဖြစ်နေပြန်တော့ သူမတွင် မြင့်မြတ်သည့် အဆင့်အတန်းရှိ၍ ဂုဏ်မောက်နိုင်သည်။ လူငယ် မျိုးဆက်သစ်များတွင် သူမကို ယှဉ်နိုင်သူ မရှိဟုလည်း ယုံကြည် လက်ခံထားသည်။ သို့သော်ငြား… ယွမ်လော့ဖုန်းနှင့် ယွမ်ရှောင်က ခြွင်းချက်အနေနှင့် သူမကို ရိုသေလေးစားမှု မရှိဘူး။ ခန်းမဆောင်ထဲကို ဝင်ရောက် လာတည်းက မထီမဲ့မြင် အကြည့်နှင့် ကြည့်ရှုတတ်သေး၏။ သူမကို မမြင်ချင်ယောင် ဆောင်ပြီး လျစ်လျူရှုဝံ့သည်။
လူတကာ၏ ချီးမွမ်းစကားနှင့် မြှောက်ပင့်ခြင်းကို ပိုင်ဆိုင်လာသည့် ကျန်းမုံ့ယောင်က ဤကဲ့သို့သော အပြုအမူကို သည်းခံ နိုင်မည်လော။
သူမ၏စကားကို ထောက်ခံအားပေးသည့် အနေဖြင့် ရဲ့မိသားစု အကြီးအကဲများက ယွမ်လော့ဖုန်းကို ဝိုင်းဝန်း အပြစ်တင်ကြသည်။
“သခင်ကျန်းချန်း … သခင်မ…  ရဲ့မိသားစုဝင်တွေကို သူမ ရိုင်းစိုင်းတာကို သည်းခံနိုင်တယ် … အခုတော့ သူမက မင်းသမီး၆ ရှိနေမှန်း သိသိရက်နဲ့ မိသားစု ပျော်ပွဲရွှင်ပွဲကို ဖျက်ဆီးရဲတယ် … ဒီကောင်မလေးကို အပြစ်ပေးသင့်နေပြီ”
“မင်းသမီး၆က  ဂုဏ်သိက္ခာ ကြီးမြတ်တဲ့ ဘုရင့်သမီးတော် … သူမသာ မင်းတို့တွေကို ထောက်ခံပေးရင် … မင်းတို့မှာ တော်ဝင်မိသားစုကို  ခစားနိုင်တဲ့ အခွင့်အရေး ရနိုင်တယ် … ဘာကြောင့်များ မင်းသမီးအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမုရလဲ … အခုချက်ချင်း ကိုယ့်အမှားကိုယ် ပြန်သုံးသပ်စမ်း … မဟုတ်ရင်တော့ ငါတို့အားလုံး ခွင့်လွှတ်ပေးလို့ မရဘူး”
“ကောင်းပြီလေ … ငါတို့တွေ … မင်းတို့ကို ခွင့်မလွှတ်ဘူး … သခင်ကိုယ်တိုင်တောင် မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ဒီကောင်မလေး … မင်းသမီး၆ကို ချက်ချင်း တောင်းပန်စမ်း … ငါတို့ အမိန့်ကို မနာခံရင်တော့ ရဲ့အိမ်တော်ကနေ နောက်တစ်ကြိမ် မောင်းထုတ်ပစ်မယ်”
ရဲ့ကျင်းချန်း၏ မျက်နှာက ပို၍ တိုးလို့သာ အုံ့မှိုင်းလာရ၏။ သိမ်မွေ့သည့် မျက်ဝန်းတစ်စုံက စူးရှသည့် ဓားတစ်စုံအဖြစ် ပြောင်းလဲ သွားချေပြီ။ သူတို့ကို အော်ဟစ် သောင်းကျန်းနေသည့် အဘိုးအိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက် လေသည်။ သူ့ခန္ဓာကိုယ်မှ ခက်ထန်သည့် အရှိန်အဝါများ ထွက်ပေါ် နေလေ၏။ 
“ပြန်ဆင်ခြင်ရမယ် … ဟုတ်လား … ဘာအတွက်လဲ”
ရဲ့ကျင်းချန်းလည်း ထေ့ငေါ့ကာ သရော်လိုက်၏။ 
“ကျန်းမုံ့ယောင်က ဂုဏ်သရေရှိတဲ့ မင်းသမီးတစ်ပါး ဆိုတာ မှန်ပါတယ် … ဒါပေမဲ့ ငါ့ချွေးမက သူမထက် နိမ့်ကျတယ် ဟုတ်လား … မင်းတို့အားလုံးရဲ့ အပြောအဆိုက လွန်းကဲတယ်လို့များ ထင်မိကြရဲ့လား … အခုတည်းက မင်းတို့အားလုံးကို ပြောထားလိုက်မယ်… ကျန်းမုံ့ယောင်လိုမျိုး ဆယ်ယောက်လောက် ရှိမယ် ဆိုရင်တောင် ငါ့ချွေးမကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ခပ်အုပ်အုပ် ရယ်မောခြင်း
လူအုပ်စုထဲမှ တစ်စုံတစ်ယောက်က ဝါးလုံးကွဲ ဟားတိုက် ရယ်မောတော့ တခြားသူများလည်း သံယောင် လိုက်တော့၏။ သိပ်မကြာခင်မှာဘဲ သူတို့အားလုံး၏ ရယ်သံက ခန်းမဆောင် တစ်ခုလုံး ပျံ့လွင့်သွားပြီး တချို့သူများမှာ  ရယ်လွန်းလို့ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်နေလေ၏။ 
သူတို့တွေ ဘာကြားလိုက်တာလဲ။
မင်းသမီးမုံ့ယောင် ဆယ်ယောက်လောက် ရှိလျှင်ပင် ယွမ်လော့ဖုန်းကို မယှဉ်နိုင်ဘူး ဟုတ်လော။
ရဲ့ကျင်းချန်းတစ်ယောက် သူ့ကိုယ်သူ ဘာပြောနေမှန်းရော သိရဲ့လား။ မင်းသမီး ကျန်းမုံ့ယောင် တစ်ဦးတည်း ယွမ်လော့ဖုန်းကို ခြေထောက်အောက်မှာ ပြားပြားဝပ်အောင် နင်းချေနိုင်သည်။
သူတို့အားလုံး၏ ရယ်မောသံကြောင့် ယွမ်ရှောင်၏ မျက်ဝန်းများ မည်းမှောင် သွားလေသည်။ သူ့တန်ခိုးအားလုံးကို ထုတ်သုံး၍ ခန်းမဆောင် တစ်ခုလုံးကို ဖိနှိပ်လိုက်သည်။ ထို့နောက် … သူ တိုက်ခိုက် လိုက်တာလား။
သူ့လှုပ်ရှားမှုက မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ် အတွင်၌ ရဲ့ကျင်းရွှမ်၏ ခန္ဓာကိုယ်က လွင့်စဉ်သွားပြီး ကြမ်းပြင်ပေါ် ဖရိုဖရဲ ပြုတ်ကျ သွားတော့သည်။
“အဖေ”
“ရဲ့ဦးလေး”
ရဲ့ထန်ဝမ်နှင့် ကျန်းမုံ့ယောင်မှာ ပျာပျာသလဲ ဖြစ်သွားပြီး ရဲ့ကျင်းရွှမ်၏ အခြေအနေကို ထောက်လှမ်း ကြည့်တော့သည်။ သို့သော်လည်း နောက်ဘက်မှ ပြင်းထန်သော အရှိန် ကျရောက်လာသည့် အတွက် ခလုတ်တိုက် သကဲ့သို့ ဖြစ်သွားတော့၏။  ကြမ်းပြင်ပေါ်သို့ လဲကျကာ ပါးစပ်မှလည်း သွေးအန်တော့၏။
“ရဲ့ကျင်းချန်း”
သူ့ရင်အုံကို လက်ဖြင့်ကာ၍ ရဲ့ကျင်းရွှမ်လည်း ကြိုးစား ကုန်းရုန်းထ၍ ရဲ့ကျင်းချန်းကို မကျေမနပ် ကြည့်လိုက်လေ၏။
“အစ်ကို့ကို လေးစားတယ်လို့ ကျွန်တော် ပြောထားခဲ့ပြီးသားပါ ... မရိုင်းစိုင်းလာနဲ့ … မင်း … ငါ့ကို ရိုက်နှက်တာကို သည်းခံနိုင်ပေးမဲ့ မင်းသမီးမုံ့ယောင်ကို ဘာလို့များ ရိုင်းစိုင်းရလဲ။ မင်း… ငါတို့ ‘ရဲ့’ မိသားစုကို ပြဿနာ ရှာနေတာလား”
 
***
အပိုင်း(၈၇၇)

မိသားစု ပျော်ပွဲရွှင်ပွဲ (၃)

 
ရဲ့ကျင်းချန်းတွင်သာ ဤကဲ့သို့သော အစွမ်းအစမျိုး ပိုင်ဆိုင်သည့်အတွက် လျှို့ဝှက် တိုက်ခိုက်သူကို ရဲ့ကျင်းချန်းဟူ၍သာ ခိုင်ခိုင်မာမာ ယုံကြည် ထားခဲ့သည်။
ယွမ်ရှောင်က သူတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ဟန်ပြင်နေစဉ်  အပြင်ဘက်မှ အသံတစ်သံ ပဲ့တင် ထပ်လာခဲ့၏။ 
“ကျုပ် နောက်ကျသွားလား”
ရဲ့ကျင်းရွှမ်လည်း ဝင်ရောက်လာသည့် သံချပ်ကာဝတ်စုံနဲ့ လူလတ်ပိုင်း အမျိုးသားကို ကြည့်၍ အချီကြီး ပြုံးလိုက်လေ၏။  ကျန်းချန်ဝမ် ရုတ်တရက် ရောက်လာခြင်းကြောင့် ရဲ့ကျင်းရွှမ် အနည်းငယ်တော့ စိုးရိမ်ကြောင့်ကြ မိသည်။ တော်ဝင်နန်းမြို့တော်၌ သူ အကြောက်ရဆုံး လူကို ပြပါဆိုလျှင် ကျော်ကြားသည့် တိုင်းပြည် ကာကွယ်သူ စစ်သူကြီး ဖြစ်သည်။
 ကြောက်လန့်ရသည့် အကြောင်းအရင်းက မိဖုရားကြီး၏ အစ်ကိုတော် ဖြစ်နေ၍တော့ မဟုတ်ချေ။ လူသတ်ငွေ့များ အမြဲ ဖုံးလွှမ်းနေသည့်  စစ်တိုက်ခိုက်မှုမှာ အတွေ့အကြုံများသည့် စစ်သူကြီးကို ကြောက်ရွံ့ တုန်လှုပ်မိခြင်းပေ။
“စစ်သူကြီး … ဒီနေရာကို ဘာအကြောင်းကြောင့် ရောက်လာတာလဲ”
ရဲ့ကျင်းရွှမ်လည်း အလျင်စလို ဂါရဝပြုလိုက်ပြီး တရိုတသေ မေးလိုက်၏။   ထိုလူကို သူ့ဘက်က ရန်မရဲပါဘူး။ ထို့ကြောင့်လည်း ကျန်းချန်ဝမ်ကို အများရှေ့မှာ မျက်နှာချိုသွေး နေရခြင်းပေ။
ကျန်းချန်ဝမ်လည်း ရဲ့ကျင်းရွှမ်ကို တစ်ချက်မျှ ငေးစိုက် ကြည့်လိုက်၏။
“သခင်ကျန်းချန်းရဲ့သား ပြန်လာပြီကြားတော့  သူ့ကို ဂုဏ်ပြုစကား လာပြောပြီး လမ်းကြုံတုန်း လူတစ်ယောက်ကို လာတွေ့တာ”
ရဲ့ကျင်းရွှမ်လည်း ခေတ္တခဏ ရပ်တန့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် သွေးစွန်းနေသေးသည့်  ကျန်းမုံ့ယောင်ကို ကြည့်လိုက်သည်။
“စစ်သူကြီးက မင်းသမီးမုံ့ယောင်ကို လာတွေ့တာလား”
မင်းသမီး ကျန်းမုံ့ယောင်သာ ‘ရဲ့’မိသားစုမှာ  ထိခိုက်ဒဏ်ရာ ဖြစ်ခဲ့ကြောင်း စစ်သူကြီး သိသွားခဲ့လျှင်  ယွမ်လော့ဖုန်းနဲ့ သူ့ကြံရာပါတွေကို ဓားနဲ့ခုတ်နိုင်သလို … သူ့ကိုတောင် သတ်သွား နိုင်သေးသည်။
ကျန်းမုံ့ယောင်၏ ထူးချွန် ထက်မြက်သည့် ဆေးပညာနှင့် မိဖုရားကြီး ရောဂါကို ကုသပေးနိုင်မှာ သေချာသည်။ ထို့ကြောင့် ကျန်းချန်ဝမ်က သူမကို မျက်နှာသာပေး နိုင်သည်။
“အမ်…”
ရဲ့ကျင်းရွှမ်လည်း နဖူးပေါ်မှ ချွေးစများကို သုတ်၍ မဝံ့မရဲ ပြောလိုက်လေ၏။ 
“သိပ်မကြာခင်တော့ မင်းသမီး၆က နန်းတော်ကို ပြန်မှာပါ … ကျွန်တော်တို့တွေ လိုက်ပို့မှာပါ”
ကျန်းချန်ဝမ်လည်း မျက်မှောင်ကြုတ် လိုက်သည်။
“မင်းသမီး၆ကို ရှာဖို့ ဒီနေရာ လာခဲ့တယ်များ ထင်နေလား”
ရဲ့ကျင်းရွှမ်လည်း မှင်တက် သွားရ၏။
“မင်းသမီးအတွက် လာခဲ့တာ မဟုတ်ဘူးလား … ဒါဆို …”
“ကျုပ်က ယွမ်လော့ဖုန်းကို လာရှာတာ…”
သူ့စကားကို ကြားပြီးနောက် ပွဲခန်းမတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားပြီး သူတိုင်းက အံ့အားသင့်နေသော မျက်ဝန်းများဖြင့် မတ်တတ်ရပ်ကာ ထကြည့်လိုက်၏။ 
စစ်သူကြီးက ယွမ်လော့ဖုန်းကို လာရှာတယ်လား။
ကောင်မလေး အပြင်မှာ ပြဿနာရှာထားလို့ စစ်သူကြီးက သူမကို ဖမ်းဆီးဖို့ ရောက်လာခြင်းလား။ ယွမ်လော့ဖုန်းက ပြဿနာအိုးအဖြစ် လူသိများနေတော့ … သူမကို ရဲ့မိသားစုမှာ ဆက်နေခွင့် ပြုလို့ မဖြစ်တော့ပေ၊
“စစ်သူကြီး ခင်ဗျား … ကျွန်တော် ပြောတာကို ကြားနာပေးပါ … ယွမ်လော့ဖုန်းက ကျွင်းဖန်လျန်ရဲ့ ချွေးမပါ ... ရဲ့မိသားစုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ... ကျွန်တော်တို့ အားလုံးကလည်း  သူမကို မိသားစုဝင် အဖြစ် ဘယ်တော့မှ လက်ခံပေးမှာ မဟုတ်ဘူး ... သူမက စစ်သူကြီးကို ရန်စခဲ့ရင်လည်း … သူမကို ဖမ်းခေါ်သွားလို့ရတယ် … သူမကို စစ်သူကြီး ကြိုက်သလို စီရင်နိုင်ပါတယ် … ရဲ့မိသားစုဝင်တိုင်းက မငြင်းဆန်ပါဘူး”
ရဲ့ကျင်းရွှမ်လည်း ယွမ်လော့ဖုန်းကို တစ်ချက်မျှ ကြည့်လိုက်သည်။ စစ်သူကြီးကို ပြဿနာ ရှာထားသည် ဆိုတော့ ယခုကစပြီး သူမ၏ ဘဝက ခက်ခဲ ကြမ်းတမ်း တော့မည်။
သို့သော်ငြား… ထိုစကားကို သူ ပြောလိုက်သည့်အချိန် ကျန်းချန်ဝမ်၏ မျက်နှာ မည်းမှောင်သွားခြင်းကို သတိမထားမိချေ။ 
“ဖုန်းအာ”
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်း၏လက်ကို  ဆုပ်ကိုင်လိုက်ပြီး ကျန်းချန်ဝမ်ကို ကြည့်လိုက်သည်။ ယွမ်လော့ဖုန်းကို ထိခိုက်စေမည့် ကိစ္စကို သူ့ဘက်က လုပ်ဆောင်လာလျှင်  သူ့ကို ဟန့်တားရန် ဘာမဆိုကို လုပ်ဆောင်ရန် အသင့် ဖြစ်နေသည်။
ယွမ်ရှောင်လည်း ကျောချမ်းဖွယ် ကောင်းသည့် အရှိန်အဝါကို ထုတ်လိုက်သည်။ သူ့မျက်နှာက သွေးအေး ခက်ထန်လွန်းသည်။
လူသတ်ငွေ့များ ပြည့်နှက်နေသည့် သူ့မျက်နှာကို ကျန်းချန်ဝမ်လည်း တစ်ချက်မျှ ကြည့်လိုက်သည်။
“သူက သခင်ကျန်းချန်းရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ သုံးစားမရတဲ့သားလား… ဒါပေမဲ့ သူ့ကို ယှဉ်နိုင်တဲ့ ပါရမီရှင် မရှိဘူးလို့ ငါတော့ ထင်မိတယ် ... ဟား…”
“ယွမ်လေးကို ရဲ့မိသားစုက ဒီလို ပြုမူနေတယ်လား ... ဘာကြောင့်များ ဦးလေးရဲ့ အိမ်တော်မှာ လိုက်မနေရတာလဲ ... အနည်းဆုံးတော့ ဒီလိုလူတွေကြောင့် အာရုံမနောက် ရတော့ဘူး”
 
***

Bạn đang đọc truyện trên: Truyen247.Pro