Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 868-872

အပိုင်း(၈၆၈)

မိဖုရား၏ ရောဂါကို ကုသပေးခြင်း (၅)

 
“ယွမ်မိန်းကလေး … မိဖုရားက သတိပြန်လည်လာရင် မိန်းကလေးကို ကျေးဇူးတင်နေမှာပါ... ခဏလောက် မနေနိုင်တော့ဘူးလား”
“နေလို့ အဆင်မပြေဘူး”
ယွမ်လော့ဖုန်းလည်း ခေါင်းကို တွင်တွင် ခါလိုက်၏။
“ကျွန်မမှာ တခြားလုပ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ် ... မပြန်ခင်တော့ ဆေးညွှန်း ရေးပေးလိုက်မယ် … ဆူပွက်နေအောင် ပြုတ်ဖို့တော့ မမေ့နဲ့နော် … မိဖုရားကို သောက်သုံးစေမယ် ဆိုရင်တော့ သူမရဲ့ အရေပြား ပါးလွှားခြင်းက ပျောက်ကင်း သွားနိုင်တယ် … ဒီပြင် ဆေးညွှန်းက အကျိုးသက်ရောက်မှု ရှိပြီး  ခန္ဓာကိုယ်ကို အားအင် ဖြစ်စေတယ် … သူ့ခန္ဓာကိုယ်က ဆိုးရွားနေတယ်လို့ ထင်ရပေးမယ် … ကောင်းကောင်းမွန်မွန် အနားယူခြင်း မရှိရင်တော့ တစ်သက်လုံး ကိုယ်ဝန် ဆောင်နိုင်တော့မှာ မဟုတ်ဘူး”
ဧကရာဇ်လည်း မှင်တက်သွားပြီး ယွမ်လော့ဖုန်းကို တုန်လှုပ် ချောက်ချားစွာ ငေးကြည့်လိုက်၏။  သူ့အသံမှာ စိုးရိမ်ကြောင့်ကြမှုများ ရောစွက် နေခဲ့သည်။
“မိဖုရားက ကိုယ်ဝန်ဆောင် နိုင်သေးတယ်လို့ ပြောချင်တာလား”
ယွမ်လော့ဖုန်း ခေါင်းညိတ်လိုက်၏။
“သူမခန္ဓာကိုယ်က အားနည်းနေတော့ ကိုယ်ဝန် မဆောင်နိုင်တာ … ကျန်းမာရေး ပြန်ကောင်းအောင် ပြုစု စောင့်ရှောက်မယ် ဆိုရင်တော့ သူမမှာ ကလေးမွေးနိုင်တဲ့ အခွင့်အလမ်း ရှိပါသေးတယ်”
မိဖုရား၏ သန္ဓေမြုံခြင်းက ကျွင်းဖန်လျန်နှင့် ခြားနားသည်။
ကျွင်းဖန်လျန်၏ သန္ဓေမြုံခြင်းက ဟိုး ယခင်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ဖြစ်ခဲ့လို့ … မိဖုရားက စိတ်ဓာတ်ကျ၊ ဝမ်းနည်းမှုကြောင့် ခန္ဓာကိုယ် အားနည်းပြီး ကိုယ်ဝန် မဆောင်နိုင်တာ … ထို့ကြောင့် သူတို့နှစ်ဦးကို ကုသခြင်း နည်းလမ်းက ခြားနားလေသည်။
“ဒီပြင် …”
ယွမ်လော့ဖုန်းလည်း စကား ဆက်၍ မပြောခင်မှာ ခေတ္တ ခဏ ရပ်တန့်လိုက်၏။
“ကျွန်မက ရောဂါလက္ခဏာကိုပဲ ကုသပေးနိုင်မယ် … အမြစ်ပြတ်အောင် မကုသပေးနိုင်ဘူး … မိဖုရားကို အကောင်းပတိအတိုင်း ဖြစ်စေချင်ရင်တော့ သူမရဲ့ စိတ်ကို မနာကျင်စေပါနဲ့ … အလိုအပ်ဆုံး ကိစ္စကတော့ ရှင့်မောင်းမဆောင်ကို ဖျောက်ဖျက်ဖို့ လိုအပ်တယ်”
ဧကရာဇ်လည်း တိတ်ဆိတ်သွားပြီး အိပ်ရာပေါ် လဲလျောင်းနေသည့် အမျိုးသမီးကို အားတုံ့အားနာ ငေးစိုက် ကြည့်လိုက်သည်။
“မင်း စေတနာကို ကိုယ်တော် နားလည်ပါတယ် … ပြဿနာတွေ ရှင်းသွားရင်တော့ မောင်းမဆောင်ကို အပြီးတိုင် ဖျက်သိမ်းပါမယ်”
ရွှမ်ထန်လည်း တွေတွေကြီး ငေးကြည့်နေပြီး ဧကရာဇ်ကို ဖျောင်းဖျချင်ခဲ့သည်။ ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်နှာ အမူအရာကို မြင်ရပြန်တော့ သူ ပြောချင်သည့် စကားအားလုံးကို ပြန်လည် မျိုသိပ်လိုက်၍ ပြုံးရုံမျှ ပြုံးနေလိုက်သည်။
“ကောင်မစုတ်လေး ဧကရာဇ်ကိုများ မောင်းမဆောင် ဖျက်သိမ်းဖို့ ပြောရဲတယ် … အဲဒီမိန်းမတွေက ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားမယ်များ ထင်နေလား”
ယွမ်လော့ဖုန်လည်း သူ့ကို တစ်ချက်မျှ ကြည့်လိုက်လေ၏။
“သူ့စိတ် ခိုင်မြဲရင်တော့ အောင်မြင်မှာပါ”
ရွှမ်ထန်လည်း ခေါင်းခါကာ ပြုံးနေလိုက်သည်။
“ထားလိုက်ပါတော့ ဧကရာဇ်မှာ မောင်းမဆောင်ကို ဖျက်သိမ်းချင်တဲ့ ဆန္ဒရှိရင် ဒီမှူးမတ်က ကူညီပေးမှာပါ”
ယွမ်လော့ဖုန်းလည်း ပြုံး၍ နှေးတိနှေးတုံ ခြေလှမ်းများဖြင့် လမ်းလျှောက် လာခဲ့သည်။ 
ယွမ်လေး ထွက်သွားသည်ကို မြင်တော့ ကျန်းချန်ဝမ်လည်း ဧကရာဇ်ကို လက်သီးဆုပ် ဂါရဝပြု၍ မျက်နှာချင်းဆိုင် စကားပြောလိုက်၏။ 
“အရှင်မင်းကြီး ... ကျွန်တော်မျိုး ယွမ်လေးကို လိုက်ပို့ လိုက်ဦးပါမယ်”
ဤစကားကို ပြောပြီးနောက် ဧကရာဇ်၏ သဘောတူညီမှုကို စောင့်ဆိုင်းခြင်း မရှိဘဲ ထွက်ခွာ လာခဲ့သည်။
 
***
 
တော်ဝင်အိပ်ဆောင် အပြင်ဘက်၌ ကျန်းချန်ဝမ်လည်း သူ့ရှေ့က မိန်းကလေးကို မျက်တောင် မခတ် ကြည့်နေပြီး ပြုံး၍ စကားပြောလိုက် လေသည်။
“ဒီတစ်ကြိမ်တော့ ယွမ်လေးကို ဦးလေး ကျေးဇူးတင်မိပါတယ်”
ယွမ်လော့ဖုန်းလည်း သူမ၏နှုတ်ခမ်းများကို မြှင့်တင် လိုက်လေ၏။
“ထိုက်သင့်တဲ့ ငွေကြေးရလို့ သူတို့ကို ကယ်တင်ပေးခဲ့တာပါ … ကျွန်မရဲ့ တာဝန်လည်း ဖြစ်နေတော့ ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး”
“မဟုတ်ဘူး … အဲဒီကိစ္စအတွက် မဟုတ်ဘူး”
ကျန်းချန်ဝမ်လည်း ခေါင်းခါလိုက်သည်။
“အရှင့်ကို မောင်းမဆောင် ပယ်ဖျက်ဖို့ အကြံပေးခဲ့လို့ ကျေးဇူးတင်မိတာ …  ဦးလေးရဲ့ ညီမက ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေမယ် အရှင် တခြားနန်းဆောင်ကို သွားလည်တိုင်း သူမမှာ မိုးသောက်ယံအထိ တိတ်တိတ်လေး ငိုကြွေးနေလေ့ရှိတယ် … ဒီကိစ္စကြောင့်လည်း အလွန်အမင်း ပူဆွေးသောက ရောက်ပြီး ကိုယ်ဝန် မဆောင်နိုင်တော့ဘူး”
ယွမ်လော့ဖုန်း၏ ခြေလှမ်းများ ရပ်တန့် သွားသော်လည်း လှည့်ကြည့်ခြင်းတော့ မပြုခဲ့လေ။ သူမလည်း ခေါင်းမော့၍ မိုးပြာရောင် ကောင်းကင်ယံကို ငေးမော ကြည့်ရှုလိုက်လေ၏။
"ဦးလေးကျန်း...၊ အဖေ မသေဆုံးခင် အချိန်အထိ ဦးလေးအကြောင်းကို ထပ်တလဲလဲ ပြောနေခဲ့ရတယ်... ညီအစ်ကိုလို ခင်မင်ရသူ... မိဖုရားနဲ့ အမေက ရင်းနှီးတဲ့မိတ်ဆွေ … ဒါကြောင့် ကူညီပေးခဲ့တာ”
မိန်းမပျိုလေးက ပျင်းရိလေးတွဲသည့် မျက်နှာအမူအရာ ရှိသော်လည်း သူမ၏ နှုတ်ခမ်းပါးပေါ်က အပြုံးက စွဲမက်ဖွယ် ကောင်းလှ၏။ 
“နောက်ကျနေပြီ၊ ပြန်သင့်ပြီ … အချိန်ရရင်တော့ မိဖုရားကို လာကြည့်ပါမယ်”
ကျန်းချန်ဝမ်လည်း သဘောကျ နှစ်ခြိုက်စွာ ရယ်မောလိုက်၏။ 
“ဒါဆို ဦးလေး လိုက်ပို့ပေးမယ်”
 
***
 
ယွမ်လော့ဖုန်းလည်း တော်ဝင်နန်းတော်မှ ပြန်လာပြီးနောက် ဆေးနတ်ဘုရား နယ်မြေထဲ ဝင်ရောက်ရန် သူမကိုယ်သူမ အခန်းထဲ ပိတ်လှောင်၍ နို့လက်ဖက်ရည်လေးကိုလည်း အပြင်ကို စောင့်ကြပ်ထားဖို့ အမိန့်ပေးခဲ့သည်။
“ရှောင်မို... နဂါးသွေးက ဘာအသုံးဝင်လို့ ငါကို တောင်းဆိုဖို့ ပြောရတာလဲ”
 
***
အပိုင်း(၈၆၉)

သွေးရင်းသားရင်း စစ်ဆေးခြင်း (၁)

 
ညိုမှိုင်းမှိုင်း မိုးကောင်းကင်အောက်၌ ရှောင်မိုလည်း  သူ့ရှေ့ရောက်လာသည့် ယွမ်လော့ဖုန်းကို ငေးစိုက်ကြည့်ပြီး နှုတ်ခမ်းစူ၍ အတွန့်တက် လိုက်လေ၏။
“သခင်က ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းက နဂါးသွေး အကြောင်း မေးဖို့ပဲလား … ဘာကြောင့်များ ကျွန်တော့်ကို မပွေ့ဖက်ရလဲ … ကျွန်တော်က သခင့်ကို ဖက်ထားချင်တယ်”
ယွမ်လော့ဖုန်း၏ မျက်နှာက မည်းမှောင် သွားလေသည်။
“ငါက မိန်းကလေး၊ နင်က ယောက်ျားလေး … ဘယ်လိုလုပ် ဖက်လို့ ရမလဲ … နင် နားမလည်ဘူး လို့တော့ ငါ့ကို မပြောနဲ့”
“ဒါပေမဲ့ ကျွန်တော်က ကလေးပဲ ရှိသေးတယ်လေ”
ယွမ်လော့ဖုန်းလည်း ရှောင်မိုကို တစ်ချက်မျှ ငေးကြည့်၍ ထေ့ငေါ့လိုက်၏။ 
“ဟုတ်ပါတယ် … နင်က ကလေးပါ … ငါ့ရဲ့ အဘိုး အဘိုးထက် အသက်ပိုကြီးတဲ့ ကလေး”
ရှောင်မို၏ မျက်နှာလေးက မည်းတက် သွားလေ၏။ တစ်စုံတစ်ရာကို ပြောဖို့ ကြံရွယ်စဉ် မိန်းကလေး၏ အသံက ပဲ့တင် ထပ်လာပြန်သည်။
“နဂါးခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ရတနာလို့ ငါကြားဖူးတယ် … ဒီသွေးကလည်း လူသားတွေအတွက် အားဆေး ဖြစ်စေမှာပဲ … နဂါးသွေး၏ အကျိုး သက်ရောက်မှုက ပြင်းထန်တော့ သွေးကို လက်ဖက်ရည်ကြမ်းလို သောက်သုံးရင်တော့ အရိုးတွေ ကြေမွ သွားနိုင်တယ်”
မိဖုရားကို ကုသပေးချိန်က နဂါးသွေးတစ်စက်နှင့် စိတ်ဝိညာဉ်မြက်ကို ရောနှောပေးခဲ့တာ ... 
“ဒါပေမဲ့ တခြားသူတွေ အတွက်တော့ ဒါက မှန်ကန်တယ်”
ရှောင်မို၏မျက်လုံးမှာ အရောင်လက် နေခဲ့သည်။ 
“တိုက်ရိုက် သောက်သုံးလို့ ရတဲ့ နည်းလမ်း ရှိပါတယ် … ဒါက နတ်ဘုရားအဆင့် ရောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့ ကောင်းကင်ဘုံ အမြင့်ဆုံး အဆင့် ရောက်အောင်တော့ ကူညီပေးနိုင်တယ် … ပြီးတော့ …”
ရှောင်မိုလည်း ခဏ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်၏။ 
“နဂါးသွေးက ခန္ဓာကိုယ်ကို အားအင် ဖြစ်စေတယ် … နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်ချင်ကို ခံရမယ် ဆိုရင်တောင် ထိခိုက်မှု ဖြစ်မှာ မဟုတ်ဘူး”
ထိခိုက်မှု မဖြစ်ဘူး ဟုတ်လား။
ယွမ်လော့ဖုန်းလည်း သက်ပြင်း ချလိုက်သည်။ ရှောင်မို ပြောချင်တာက နဂါးသွေးကို သူမ သောက်သုံးလိုက်လျှင် နတ်ဘုရားအဆင့် ကျင့်ကြံသူထက် သာလွန်နိုင်သည်လား။
“ရှောင်မို … နဂါးသွေးကို ဘယ်လို သောက်သုံးရမလဲ”
သူမ၏ မေးခွန်းကြောင့် ရှောင်မို၏မျက်နှာက လေးနက်သွား၏။ 
“ကျွန်တော် အကူအညီနဲ့ ဆိုရင်တော့ … သခင် … အဆင်ပြေမှာပါ … ဒါပေမဲ့ ဒီအချိန် အတောအတွင်း အပြင်ထွက်လို့တော့ မရဘူး”
ယွမ်လော့ဖုန်းလည်း တွေ၍သွားလေ၏။ 
“ဘယ်လောက် ကြာမှာလဲ … နှစ်ရက်ကြာရင် ယွမ်ရှောင်ရဲ့ သွေးစမ်းသပ်ခြင်း အခမ်းအနား ရှိတယ်၊ အဲအချိန် ရောက်ရင်တော့ ဆေးနတ်ဘုရား နယ်မြေထဲက ထွက်သွားမှ ဖြစ်မယ်”
“သခင် စိတ်မပူပါနဲ့ … သခင် အချိန်မီမှာပါ … သခင့်ကို ကျွန်တော် နိုးမှာပါ”
ရှောင်မိုလည်း အချီကြီး ပြုံးလိုက်လေ၏။ 
ယွမ်လော့ဖုန်းနှင့် ယွမ်ရှောင်တို့ မကြာခင်မှာ တူစုံတွဲ ကျင့်စဉ် ကျင့်ကြံတော့မည် အကြောင်းကို သိနေခဲ့လို့ပါ …
ယွမ်လော့ဖုန်း နဂါးသွေး သောက်သုံးလိုက်လျှင် ထို့နေရက် ရောက်ရှိလာရန် သိပ်မလိုတော့ပေ။
 
***
 
နှစ်ရက်ကြာပြီးနောက်
ရဲ့မိသားစု ယစ်ပူဇော်သည့် နယ်မြေ၌ ရဲ့မျိုးဆက် အားလုံး စုစည်း၍ ဝိုင်းဖွဲ့ ဆွေးနွေးနေသည်။ ရဲ့ကျင်းရွှမ်လည်း ရဲ့ကျင်းချန်းနှင့် ကျွင်းဖန်လျန်ကို ကြည့်၍ သရော်လိုက်လေ၏။ သူ့နှုတ်ခမ်းပေါ်မှာလည်း လှောင်ပြုံးကို ချိတ်ဆွဲထားလေ၏။ 
“အစ်ကို … ဘာဖြစ်လို့လဲ … အစ်ကို့သားက ဘာကြောင့် မရောက်လာသေးတာလဲ … သူက ခင်ဗျားမိန်းမနဲ့ တခြား ယောက်ျားမွေးထားတဲ့ တရားမဝင် ကလေး ဖြစ်နေလို့လား ... ဒီကိုရောက်လာဖို့ ရှက်နေလို့လား”
ရဲ့ကျင်းချန်းလည်း မျက်မှောင်ကြုတ်၍ သူ့ကို သွေးအေးစွာ တစ်ချက်မျှ ကြည့်လိုက်၏။ 
“အခမ်းအနားလည်း မကျင်းပသေးဘူး၊ စိတ်ရှည်စမ်းပါ၊ ရှောင်အာက ငါ့သားဆိုတာ မင်းတို့ မကြာခင် သိရမှာပါ”
“ဟား …”
ရဲ့ကျင်းရွှမ်၏မျက်နှာတွင် လှောင်ပြုံးက ပိုထင်ရှား လာခဲ့သည်။
“အစ်ကို့ကို မျက်နှာ မပျက်စေချင်လို့ ကျွန်တော်က ပြောရတာပါ … ဒီပြင် ယွမ်ရှောင်က သုံးစားမရတဲ့ လူနုံလူအလို့ ကြားထားတယ် … ဒါကြောင့်လည်း ရှောင်မိသားစုက မောင်းထုတ်ခံရတာ”
လုံရှောင်ကုန်းမြေစုနှင့် ပြန်လမ်းမဲ့မြေကို ပြန်လမ်းမဲ့ သစ်တောဖြင့် ခြားနားထားသည်။ ထို့ကြောင့် လုံရှောင်ကုန်းမြေစုမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို  ရဲ့ကျင်းရွှမ် မသိနိုင်ပေ။
 ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံ ပြောနေသည့်ကို ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့၍ ယွမ်ရှောင်ကို သူ့မိသားစုမှ မောင်းထုတ်ခဲ့ခြင်းကို သိနေခဲ့ခြင်းတည်း။
 
***
အပိုင်း(၈၇၀)

သွေးရင်းသားရင်း စစ်ဆေးခြင်း (၂)

 
“အရှင့်သမီးတော် မင်းသမီး၆ ရောက်ရှိလာပြီ”
စူးစူးရှရှ အသံက ပျံ့လွင်လာပြီး လူစုလူဝေးကြီးကို ငြိမ်သက် သွားစေ၏။
အားလုံး၏ အကြည့်အောက်၌ သက်တော်စောင့်များ သယ်ဆောင်လာသည့် ဝေါယာဉ် ရောက်ရှိလာပြီး ဝေါယာဉ်ပေါ်တွင် အဝါနုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့်  မြင့်မြတ်၍ ကြော့ရှင်းသည့် မိန်းမပျိုလေး ထိုင်နေပြီး လူအုပ်ကြီးကို တင်စီးစွာ ကြည့်နေလေ၏။
“မုံ့ယောင် ရောက်လာပြီလား”
ရဲ့ထန်ဝမ်လည်း မျက်လုံးပင့်လိုက်၏။ သူလည်း ကျန်းမုံ့ယောင်အနား အလျင်စလို လျှောက်သွားပြီး သူမ၏လက်ကို ဆွဲ၍ ကြင်နာစွာ ပြုံးလိုက်၏။ ယခုတော့ ရဲ့ထန်ဝမ်က ခံ့ညားသည့် ပေါ်ကြော့ သူဌေးလေး ဖြစ်သွားလေသည်။
ကျန်းမုံ့ယောင်၏ မျက်နှာကလည်း နူးညံ့ သိမ်မွေ့နေခဲ့သည်။ သူမ၏ လက်ကောက်ဝတ်ကို ရဲ့ထန်ဝမ်လက်ထဲ အပ်လိုက်သည်။ ဝေါပေါ်မှ ခုန်ဆင်းကာ သူ့ဘေးနား မတ်တတ် ရပ်လိုက်၏။ 
“ကြိုဆိုပါတယ် ... အရှင့်သမီးတော်”
ကျန်းမုံ့ယောင်ကို မြင်တော့ ရဲ့ကျင်းချန်းတို့ ဇနီးမောင်နှံကလွဲလျှင် အကုန်လုံးက ဒူးထောက် ဂါရဝပြုသည်။
“အစ်ကို”
ထိုစဉ် နန်းတော်အစေခံ ဝတ်စုံနှင့် အမျိုးသမီးက အရူးတစ်ပိုင်း ရဲ့ကျင်းချန်းတို့ အနား ပြေးလာပြီး ရဲ့ကျင်းချန်းတို့အနား ခြေလှမ်းကို ရပ်တန့်လိုက်၏။ သူမ၏အသံက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
 ၎င်းအမျိုးသမီး၏ စူးစူးရှရှ အသံကို ကြားလိုက်ရပြီး မှင်တက် သွားသော်လည်း ဘယ်သူဘယ်ဝါမှန်း မှတ်မိသွား၍ မျက်နှာက မည်းမှောင် သွားလေ၏။
“မင်းသမီးကြီး … ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာတာလဲ”
မင်းသမီးကြီးကို ဧကရာဇ်အမိန့်ဖြင့် ချုပ်နှောင်ထားသည်ဟု ကြားသိ ထားခဲ့ပြီး ဘာကြောင့်များ ဤနေရာကို ရောက်လာရသနည်း။ နန်းတော်အစေခံ ယောင်ဆောင်ပြီး ကျန်းမုံ့ယောင်နှင့် ခိုးထွက်လာခြင်း ဖြစ်မည်။
“ရဲ့အစ်ကို… နောက်ဆုံးတော့ ပြန်လာပြီပေါ့”
မင်းသမီးကြီးက မျက်ရည်များ တသွင်သွင် ကျဆင်း၍ စိတ်လှုပ်ရှားစွာ ပြောလေ၏။ 
“ဒီနေရာမှာ အစ်ကို့ကို ဘယ်လောက်အထိများ အကြာကြီး စောင့်ဆိုင်းခဲ့ရလဲ သိရဲ့လား … အစ်ကို့ကို စောင့်နေချင်လို့ အစ်ကိုတော် အမိန့်ပေးပြီး လက်ထပ် ခိုင်းတာတောင် ငြင်းဆန်ခဲ့တယ်”
မင်းသမီးကြီး၏ တံတွေးများ သူ့ကို စဉ်မှာ စိုးရိမ်မိ၍ နောက်သို့ ဆုတ်လိုက်၏။ သိမ်မွေ့နက်နဲသည့် ၎င်း၏မျက်ဝန်း၌ စက်ဆုပ် ရွံရှာမှုများ ဖြစ်တည်နေလေ၏။ 
“မင်းသမီးကြီး ဂုဏ်သိက္ခာကို စောင့်စည်းပါ”
“ကိုယ်ဘာသာ လေးစားရမယ် ဟုတ်လား”
သူ့စကားက မင်းသမီးကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ဒေါသ ထွက်စေလေ၏။
“ဂုဏ်သိက္ခာ စောင့်ထိန်းဖို့ ပြောရက်သေးတယ် … ကျွန်မက ရှင့်ဘေးနားမှာ ရပ်နေတဲ့ မိန်းကလေးထက် အဆင့်အတန်း ရှိပါတယ် … ဒီမိန်းမက ရှင့်ကို မြူပြီး အများရှေ့ လက်ချင်း ယှဉ်တွဲနေတာ … တခြားသူတွေ ရှင့်ကို သရော်မှာကို သူမက ဂရုမစိုက်ဘူး”
မင်းသမီးကြီးလည်း ကျွင်းဖန်လျန်ကို မကျေမနပ် ကြည့်၍ အံကြိတ်လိုက်၏။
“ဒီမိန်းမ မရှိရင် ကျွန်မက အစ်ကို့ဇနီး ဖြစ်လာရမှာ။ မိန်းမယုတ်က ကျွန်မ ချစ်ရတဲ့ အစ်ကို့ကို လုယူသွားခဲ့တာ”
မင်းသမီးကြီးက သူ့စိတ်သူ လှည့်ဖြားနေခြင်းပေ။ ကျွင်းဖန်လျန် မရှိလည်း ရဲ့ကျင်းချန်းက သူမကို လက်ထပ်မည် မဟုတ်ပေ။
“မင်းသမီးကြီး မကျီစယ် သင့်ပါဘူး”
ရဲ့ကျင်းချန်းလည်း ထေ့ငေါ့လိုက်၏။
“ကျွင်းအာက ကျုပ် ဇနီး …  သူမက ကျုပ်အတွက် ပြဿနာ မရှိဘူး၊ ဖြားယောင်းတယ်လို့ ပြောဖို့ မသင့်လျော်ဘူး လက်မထပ်ရသေးတဲ့ အမျိုးသမီးက အိမ်ထောင်သည် အမျိုးသားနောက် တကောက်ကောက် လိုက်နေတတ်တဲ့ မင်းသမီးထက် သာလွန်ပါတယ် … မင်း နည်းနည်းလေးတောင် မရှက်မိဘူးလား”
“ရဲ့အစ်ကိုက ကျွန်မကို အပြစ်တင်နေတာလား၊ အဲဒီမိန်းမကိုပဲ အပြစ်တင်သင့်တာ မဟုတ်ဘူးလား”
မင်းသမီးကြီးက ကျွင်းဖန်လျန်ကို လက်ညှိုးငေါက်ငေါက် ထိုး၍ ဒေါနှင့်မောနှင့် အော်ဟစ်နေလေ၏၊
“ကောင်းပြီလေ … အခုချက်ချင်း အဲကောင်မကို သတ်မယ် … ရှင် ကာကွယ်ပေး နိုင်သေးလား ကြည့်ရတာပေါ့ … အစောင့်တွေ … ကျွင်းဖန်လျန်ကို ဖမ်းချုပ်ပြီး အပိုင်းပိုင်း ခုတ်ထစ် ပစ်စမ်း”
သူမ၏ အမိန့်ကို ကြားလိုက်ရပြီး အစောင့်များမှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်ရ၍ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။ ကျန်းမုံ့ယောင်က  မင်းသမီးကြီးကို မဟန့်တားသည့်အတွက် သူတို့လည်း ကျွင်းဖန်လျန်ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
မင်းသမီးကြီးလည်း ဂုဏ်ယူ ဝင့်ကြွားစွာ မေးငေါ့၍
“ကျွင်းဖန်လျန် … နင်က ငါ့လူကို ခိုးသွားတဲ့ မိန်းမပျက်မ … ရဲ့အစ်ကိုကို  သွေးဆောင် ဖြားယောင်းခဲ့လို့ သူက ငါ့ကို စွန့်ပစ်ပြီး နင့်ကို လက်ထပ်သွားတာ”
 
***
အပိုင်း(၈၇၁)

 
ရဲ့ချန်ကျင်းက ရဲ့မိသားစုမှာ  နဂိုကတည်းက ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ အခွင့်အာဏာ ရှိတယ်။ ဒါကြောင့် မင်းသမီးကြီးက ရဲ့ချင်ကျန်းကို လက်ထပ်ချင်တယ် ဆိုရင်တောင် သူမ၏ စိတ်ဆန္ဒအတိုင်း အတင်းအကျပ် လုပ်ဆောင်၍ မရနိုင်ချေ။ ယခုတော့ ရဲ့မိသားစုမှာ ရဲ့ကျင်းရွှမ်က မိသားစု ခေါင်းဆောင် ဖြစ်လာခဲ့သည်။ 
 ကျွင်းဖန်လျန်ကို သူမသတ်လိုက်မည် ဆိုလျှင်လည်း ရဲ့မိသားစုက ဂရုထားမိမှာ မဟုတ်တာ သေချာပါသည်။
“ရဲ့အစ်ကို”
 ရဲ့ကျင်းချန်းရဲ့ အပြုအမူကို တားဆီးဖို့အတွက် ကျွင်းဖန်လျန်လည်း သွေးအေးစွာ ပြုံးလိုက်သည်။ သူမရဲ့တောက်ပသော မျက်ဝန်းမှာ စူးရှသော အလင်းတန်းများ ဖြာလဲ့နေသည်။
"ဒီကိစ္စကို ဒီမှာဖြေရှင်းမယ်"
ရဲ့ကျင်းချန်းလည်း သူ့ရဲ့လက်ကို ပြန်ရုပ်သိမ်း လိုက်ပြီးတော့ ခေါင်းအသာအယာ ညိတ်လိုက်တယ်။ 
"ကောင်းပြီလေ”
သူမရဲ့မျက်နှာပေါ်က အပြုံးကို ဖြန့်ကြက် လိုက်တယ်။ 
"နင်က ငါ့လူကို လိုချင်နေတယ်။ ပိုင်ဆိုင်ချင် နေတယ်ပေါ့လေ  ...  ဟုတ်လား”
တော်ဝင် မင်းသမီးကြီးလည်း သရော်လိုက်တယ်။ 
“ရဲ့အစ်ကိုက နဂိုကတည်းက ငါ့လူပဲ။ နင်က အရှက်မရှိတဲ့ မိန်းမပျက် ... ငါ့ဆီက ခိုးယူသွားတာ။ ဒါကြောင့်မို့ ငါ့လူကို ခိုးတဲ့လူကနင်”
"ဖြန်"ခနဲ ပါးရိုက်လိုက်တယ်။
တော်ဝင်မင်းသမီးကြီး စကားပြောလို့ပြီးသည့် အချိန်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်သလို ခံစားရလာတယ်။ အနီရောင်ဝတ်ရုံနဲ့ အမျိုးသမီးက တော်ဝင်မင်းသမီးကြီးရှေ့ကို ရောက်ရှိလာကာ သူမကို ခပ်ပြင်းပြင်း ပါးရိုက် ချလိုက်သည်။ 
သိပ်မကြာခင်မှာ ယဇ်ပူဇော်ရာ ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
"ငါ နင့်ကို သည်းခံနေတာ နင့်ကို ကြောက်တယ်လို့များ ထင်နေလို့လား။ ငါဘယ်သူ့မှ မကြောက်ဘူး။ ရဲ့အစ်ကိုကို ဒုက္ခမပေးချင်လို့ နင့်ကို အချိန်အတော် ကြာကြာ အသက်ရှင်ခွင့် ပေးထားတာ”
တော်ဝင် မင်းသမီးကြီးလည်း ပါးကိုလက်ဖြင့် ကိုင်ပြီးတော့ အံကြိတ်ကာ ကျွင်းဖန်လျန်ကို မကျေမနပ် ကြည့်လိုက်တယ်။ 
“အစောင့်တွေ နင်တို့ ဘာကိုစောင့်နေတာလဲ။ ကောင်မက ငါ့ကိုတိုက်ခိုက်တာ။ ခုချက်ချင်း သူမကိုသတ်စမ်း။ ကောင်မက ငရဲသွားသင့်တာ ကြာပြီ”
"သူမကို ဘယ်သူထိရဲလဲ"
သက်တော်စောင့်များက ကျွမ်းဖန်လျန်ကို ဝန်းရံထားသည်ကို မြင်တော့ ရဲ့ကျင်းချန်းလည်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျွင်းဖန်လျန်၏ရှေ့၌ မားမားမတ်မတ် ရပ်တည်၍ လူသတ်ငွေ့ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့်  မကျေမနပ်  ကြည့်လိုက်လေ၏။ 
"တော်သင့်ပြီ”
ထိုစဉ် နှုတ်ဆိတ်နေသည့် ကျန်မုံ့ယောင်က အစောင့်များကို ဟန့်တားလိုက်ပြီး မတူမတန်ဟန် ပြောလိုက်၏။
"အရီးတော် ... ကျွန်မတို့တွေက ဒီနေရာကို သွေးသားတော်စပ်မှု စစ်ဆေးပွဲကို မျက်မြင်တွေ့ချင်လို့ လာခဲ့တာ ... အရီးတော်ကို ပြဿနာရှာဖို့ အခွင့်အရေးပေးတာ မဟုတ်ဘူး"
တော်ဝင် မင်းသမီးကြီးသည် ၎င်း၏တူမတော်ကို နည်းနည်းကြောက်ရွံ့မိ၍ ခွန်တုံ့ပြန်သည့် စကားမျိုး မပြောတော့ချေ ။
“ရဲ့အစ်ကို ... အစ်ကိုကို  ဒီမိန်းမ ပြုစားထားမှန်း  ကျွန်မသိပါတယ်  ... တစ်နေ့တော့ အစ်ကိုရဲ့ ဆုံးဖြတ်ချက် အတွက် နောင်တရမှာ သေချာပါတယ်"
ဤရုပ်ပျက်ဆင်းပျက် အခြေအနေကို လျစ်လျူရှု၍ ကျန်မုံ့ယောင်လည်း ရဲ့ထန်ဝမ်ကို လှည့်ကြည့်လိုက်၏။
“ထန်ဝမ် ... သွေးသားရင်းချာ စစ်ဆေးပွဲ ဘာကြောင့် မစသေးတာလဲ"
ရဲ့ထန်ဝမ်လည်း ခေါင်းငုံ့၍ သူ့အတွေးများကို ဖုံးကွယ်လိုက်လေ၏။ ခဏကြာတော့ ကျန်းမုံ့ယောင် မေးသည့် မေးခွန်းကို ချိုသာစွာ ပြန်ဖြေလိုက်၏။ 
“ယွမ်ရှောင် ဘာကြောင့် မလာသေးလဲတော့ ကိုယ်လည်းမသိဘူး ... သွေးစစ်ခံရမှာ ကြောက်လို့နဲ့တူတယ်"
 ယွမ်ရှောင်က သွေးစစ်ခံရမည်ကို ကြောက်ရွံ့နေကြောင်း တမင် ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အကြောင်းအရင်းကဖြင့် ယွမ်ရှောင်က ရဲ့မိသားစု၏ မျိုးဆက်အစစ်အမှန် မဟုတ်ကြောင်း သိစေချင်၍ ဖြစ်လေ၏။
မည်သို့ပင် ဖြစ်စေကာမူ ကျန်မုံ့ယောင် သူ့ကို ယုံကြည်၍ ထေ့ငေါ့သည့် စကားပြော လိုက်လေ၏။
"သခင်ကျန်းချန်းကို ... ကြာခိုတဲ့ ယောက်ျား တစ်ဦးအဖြစ် မြင်ရတာ များစွာ စိတ်မကောင်း ဖြစ်မိတယ် ... ပြီးတော့ အဲဒီကောင်လေးက ရှင့်သား မဟုတ်ဘူးမလား ... မိန်းမပျက် အတွက်ကြောင့်များ ဘုရင့်သမီးတော် တစ်ပါးကို စွန့်ပစ်ခဲ့သတဲ့လား ... ရယ်စရာ ကောင်းလိုက်တာနော် ...  ရှင် နောင်တ ရနေပြီလား ...”
ရဲ့ကျင်းချန်းလည်း မျက်မှောင်ကြုတ်၍ လှောင်ပြုံး ပြုံးလိုက်လေ၏။ 
“အချိန် မတန်သေးပါဘူး ...  ရှောင်အာက မရောက်လာစရာ အကြောင်း မရှိဘူး ...  ဒီပြင် ကျုပ်ဖခင်လည်း မရောက်သေးဘူး ...  ဘယ်လိုလုပ် အခုအချိန်မှာ သွေးသားရင်းချာ စစ်ဆေးပွဲကို ကျင်းပလို့ ရမလဲ"
သူ့အသံ တိတ်ဆိတ် သွားလေတော့ ပျားပန်းခတ်နေသည့် ယစ်ပူဇော် ကွင်းပြင်တစ်ခုလုံး၌ ပျင်းရိ လေးတွဲသည့်အသံ ပဲ့တင် ထပ်လာခဲ့၏။ ယင်းအသံကြောင့် လူတိုင်း တိတ်ဆိတ် သွားတော့၏။ 
 
***
အပိုင်း(၈၇၂)

 
“အဖေနဲ့အမေ  ... သမီးနဲ့ ယွမ်ရှောင် မနေ့ညက အရမ်းပင်ပန်ခဲ့လို့ အိပ်ရာထ နောက်ကျသွားတယ် တောင်းပန်ပါတယ်နော်”
မနေ့ညက သူတို့တွေပင်ပန်းခဲ့တယ် ဆိုတဲ့ အကြောင်းကို လူတိုင်း သိစေချင်လို့ တမင် ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်၏။
ထို့ကြောင့် နောက်ကျသည့်အတွက် မည်သူမှ အပြစ်မတင်ရဲပေ…။
ယွမ်လော့ဖုန်းက အိပ်ရာထ နောက်ကျခဲ့တာလား…။
ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေမှ ထွက်လာသည် အချိန်မှာ မနက်အစောကြီး ဖြစ်နေ၏။
ဒါပေမဲ့လည်း ယွမ်ရှောင် အတွက် ဆေးပြုတ်ရည်ကို ကျိုချက်ဖို့ လိုနေသေးသည်။
ယွမ်ရှောင်က ကျိုချက်ထားသည့် ဆေးကို သောက်လိုက်ပြီမှ မည်သည့် သွေးအမျိုးအစာမဆို သူ့သွေးက ရောမသွားနိုင်မှာ ဖြစ်၏။ 
ထို့အတွက်ကြောင့် သူမ တမင်နောက်ကျမှ လာရခြင်း ဖြစ်သည်။
ယွမ်လော့ဖုန်းနှင့် ယွမ်ရှောင် အတူတူ လမ်းလျှောက်လာသည်ကိုမြင်သည့် ကျွင်းဖန်လျန်က
“ကိစ္စမရှိပါဘူး ... အမေ့အတွက် အရေးကြီးဆုံး ကိစ္စကတော့ မြေးလေးတစ်ယောက် မြန်မြန် ရအောင် ကြိုးစားပေးဖို့ပဲ”
သူမရဲ့စကား ကြားလိုက်သည့် လူအများက စိတ်ပျက် သွားကြပြီး ကျွင်းဖန်လျန်ကို အထင်မြင်သေးစွာ ကြည့်လိုက်ကြသည်။
“မရီး…”
ရဲ့ကျင်းရွှမ် မျက်နှာပျက်သွားပြီ သွေးအေးစွာဖြင့်…
 
***
 
“မရီးရဲ့ချွေးမက မင်းသမီးကို ဂါဝရ မရှိတဲ့အပြင် အကြီးအကဲတွေကိုလည်း ရိုးသေလေးစားမူ မရှိဘူးပဲ… မရီး သူ့ကို သေချာ ဆုံးမထားသင့်တယ်”
ကျွင်းဖန်လျန်က ရဲ့ကျင်းရွှမ်ကို မကျေနပ်စွာ ကြည့်လိုက်ပြီး
“ငါ့ရဲ့ချွေးမက ငါနဲ့တူတာကို ... ငါ့ရဲ့ချွေးမလေးက ရိုသေလေးစားမှုမရှိလည်း ငါသူ့ကို သဘောကျပြီး ချစ်တယ် … တခြားသူ ဘာပြောပြော ငါ ဂရုမစိုက်ဘူး …”
ရဲ့ကျင်းရွှမ် ဒေါသများ ထွက်လာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်သွား၏။ 
ကျွင်းဖန်လျန်က ရဲ့မိသားစုမှာ နှစ်ပေါင်းများစွာ သိုဝှက်စွာ နေထိုင်ခဲ့သည်။
ဒီမိန်းမ ဒီလောက်ထိ ရဲတင်မယ်လို သူမထင်ခဲ့မိဘူး။
ငါ့ချွေးမက သူ့ကိုများ လေးစားနေရဦးမယ် ... ဟွန့်… ... အိပ်မက်သာ မက်နေလိုက် …
“အမျိုးသမီး ဆိုတာက နာခံမူရှိနေတာ အကောင်းဆုံးပဲ   ...” ကျွင်းဖန်လျန်ကို လျစ်လျူကာ ရဲ့ကျင်းရွှမ်လည်း ယွမ်ရှောင်ဘက်ကို လှည်ကြည့်လိုက်၏။
"ရဲ့မိသားစုဝင် တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မင်းရဲ့ မိန်းမကို ကောင်းကောင်း ဆုံးမထားပါ ... ကိုယ့်ရဲ့ မိန်းမကိုတောင် ကောင်းကောင်း မဆုံးမနိုင်တဲ့ကောင်က သုံးစားမရတဲ့ကောင်ပဲ"
ယွမ်ရှောင်လည်း သွေးအေးအေးနှင့် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်လေ၏။ 
"သုံးစားမရတဲ့ ယောက်ျားတွေပဲ မိန်းမတွေအပေါ် နိုင်လိုမင်းထက် ပြုမူတတ်တယ်"
၎င်းပြောချင်သည့် အဓိပ္ပာယ်က သုံးစားမရသည့် ယောက်ျားများပင် မိန်းမများကို နှိပ်စက် အနိုင်ကျင့်တတ်၏။ 
ယောက်ျားကောင်း ယောက်ျားမြတ်သည် ဇနီးသည်ကို အကောင်းဆုံး ကာကွယ်မှု ပေးစွမ်းပြီး ရန်သူ့အပေါ်၌ ရက်ရက်စက်စက် ပြုမူ တုံ့ပြန်လေ့ရှိ၏။ 
ရဲ့ကျင်းရွှမ်၏ မျက်နှာက ပို၍တိုးလို့သာ သုန်မှုန် လာရ၏။ ၎င်းက သူ့ကို အသုံးမကျသည့် ယောက်ျားဟု ပြောချင်နေသည်လား။ 
သူ့အမြင်၌ အမျိုးသမီးများသည် ယောက်ျားများ လိုအပ်ချက် ရှိသည့် အချိန်၌သာ အသုံးပြုရသည့် ပစ္စည်းမျိုး ဖြစ်၏။ အာဏာရှိပြီး ထူးချွန် ထက်မြက်သည့် အမျိုးသမီးများက ခြွင်းချက် ဖြစ်နိုင်သည်။ 
"လူစုံပြီလား”
မိုးကောင်းကင်ယံ၌ အိုမင်းရင့်ရော် နေသည့် အဘိုးအိုတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်းက လေထဲတွင် ရပ်နေရာ ၎င်း၏ အဖြူရောင် ဝတ်ရုံက လေညင်းနှင့် အပြိုင် တလွင့်လွင့် တလူလူ ဖြစ်နေလေ၏။
ထိုလူက အောက်မှာ ရပ်နေသည့် လူအပေါင်းကို အေးတိအေးစက် ငုံကြည့်နေ၏။ ရဲ့ကျင်းချန်းကို မြင်ချိန်၌ သူ၏ အကြည့်ကို ရပ်တန့်လိုက်၏။ ထို့နောက် မြေပြင်ပေါ်ကို ဆင်းသက်လိုက်၏။
"အခု လူစုံပြီဆိုတော့ သွေးစစ်ဆေးပွဲကို စတင်လိုက်ရအောင်"
"ဟုတ်ကဲ့ပါ သခင်အမိန့် အတိုင်း ဖြစ်စေရပါမယ်"
ထိုစကားကိုကြားပြီနောက် သွေးစစ်ဆေးပွဲ အတွက် ပြင်ဆင်ကြ၍ သိပ်မကြာခင်၌ ရေဇလုံ တစ်လုံးကို သယ်ဆောင်လာသည့် လူတစ်ယောက် ဝင်ရောက်လာပြီး ယစ်ပူဇော်သည့်စင်ပေါ်သို့ ဇလုံကို တင်လိုက်သည်။
ကျွင်းဖန်လျန် စိုးရိမ်ကြောင်ကြနေမှန်း ခံစားမိ၍ ရဲကျင်းချန်းလည်း သူ အားပေးသည့် အနေဖြင့် သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား လိုက်၏။ ထို့နောက် ယစ်ပူဇော်သည့် စင်နားသို့ ခပ်သွက်သွက် လျှောက်လိုက်၏။
"ကိုယ့်ကို စောင့်နေနော်”
ယွမ်းရှောင်လည် ယွမ်လော့ဖုန်းအနား တိုးကပ်၍ နှစ်ကိုယ်ကြား စကား ပြောလိုက်၏။
"ကိုယ် သိပ်မကြာခင် ပြန်လာခဲ့မယ်နော်"
ထို့နောက် ကျောခိုင်းပြီး ခပ်သွက်သွက် လျှောက်လှမ်း သွား၏။ 
ရဲ့ကျင်းချန်းလည်း ရေဇလုံထဲကို သွေးတစ်စက် ချလိုက်၍ ရေမျက်နှာပြင်ပေါ် သေးငယ်သည့် လှိုင်းလေး ခက်ထန် သွားလေ၏။  ထိုနည်းအတူ ခံစားချက် ကင်းမဲ့သည့် ယွမ်ရှောင်လည်း ရေဇလုံထဲ သွေးတစ်စက် ချလိုက်၍ ရေကို အနီရောင်ဆေး ပက်ဖျန်းလိုက်ရာ ...
အစက ... သွေးစက်နှစ်ခုသည် တစ်ဖက်သို့ ဦးတည် ထွက်ခွာ သွားသော်လည်း သိပ်မကြာခင်မှာ သွေးစက်နှစ်ခုသည် အများအမြင်မှာ ရောစပ် သွားတော့သည်။
ဟုတ်ပြီ။ သွေးစက်နှစ်ခု ရောနှော သွားခြင်းကို လူအများစု မျက်မြင် တွေ့လိုက်ရပြီ။ 
ဝိုး ...
လူတိုင်းက တအံ့တဩ ပင့်သက် ရှိုက်လိုက်၏။ ကျွင်းဖန်လျန်၏ တရားမဝင်သားက ရဲ့ကျင်းချန်းသား ဖြစ်နေမည်ဟု မမျှော်မှန်းထားချေ။ 
 
***

Bạn đang đọc truyện trên: Truyen247.Pro