
Ep 858-862
အပိုင်း(၈၅၈)
ခမ်းနားထည်ဝါသည့် တော်ဝင်နန်းဆောင်အတွင်း ထည်ဝါသော သလွန်ပေါ်တွင် လှပချောမောသည့် အမျိုးသမီးက မျက်ဝန်းများကို မှေးစက်ကာ တိတ်ဆိတ် ငြိမ်းချမ်းစွာ အနားယူနေလေသည်။
သူမ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၍ ကြွေထည်လေးလို ကွဲကြေသွားမှာ စိုးထိတ်မိလေ၏။
နဂါးဝတ်ရုံနှင့် အမျိုးသားက သူမ၏ ဘေးနားတွင် ထိုင်၍ သေးသွယ်သည့် လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလေသည်။ သူ့မျက်နှာက တည်ကြည် လေးနက်နေခဲ့သည်။
"စိတ်ချပါ... ကိုယ်တော် မိဖုရားကြီးကို ကုသပေးနိုင်တဲ့ ကောင်မလေးကို တတ်နိုင်သမျှ မြန်မြန် ရှာတွေ့အောင် အကောင်းဆုံး ကြိုးစား သွားပါမယ် ... ကုန်ချင်သလောက် ကုန်ကျလိုက်စမ်းပါ"
ထိုစဉ် အိုမင်ရင့်ရော်သည့် အဘိုးအို တစ်ဦးက ခြေလှမ်း ခပ်ကျဲကျဲဖြင့် အခန်းထဲကို အလျင်စလို ဝင်ရောက်လာ၍ နဂါးဝတ်ရုံနှင့် အမျိုးသားဘေးနား ကတိုက်ကရိုက် သွားကာ သတင်းပို့လေသည်။
"အရှင်မင်းကြီး... မိန်းမပျိုလေးကို ကျွန်တော်မျိုး ရှာတွေ့ပါပြီ..."
"ရွှမ်ထန်... မင်းပြောတာ အမှန်ပဲလား"
နဂါးဝတ်ရုံနှင့် အမျိုးသားက အလောတကြီး မတ်တတ် ထရပ်လိုက်ချိန် သူ့မျက်နှာက ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက် နေခဲ့လေသည်။
အဘိုးအိုက ခေါင်းညိတ် ရှာလေသည်။
"ရဲ့ရှီမို့က အဲဒီကောင်မလေးနဲ့ အတူတူ စားသောက်ဆိုင်ထဲက ထွက်သွားတာကို မြင်လိုက်မိတယ် ... တခြားသူတွေလည်း မျက်မြင်ရှိတယ် ... ဒါကြောင့် ဒီလက်အောက်ငယ်သားက ဆက်လက် စုံစမ်းကြည့်တော့ မိန်းမပျိုလေးက ရဲ့မိသားစုသခင်မရဲ့ ချွေးမလို့ သတင်း ကြားရပါတယ်"
"ကောင်းပြီလေ ... ကိုယ်တော် ... ဒီမိန်းကလေးကို ကိုယ်တိုင် သွားရောက် ပင့်ဖိတ်ပြီး မိဖုရားကို ကုသပေးဖို့ တောင်းဆိုမယ်"
နဂါးဝတ်ရုံနှင့် အမျိုးသား၏မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေ၏။
မိဖုရားကြီး နေမကောင်းဖြစ်သည့် အချိန်တည်းက သူ့မှာ စိတ်ဓာတ်ကျလု နီးပါး ဖြစ်လာရခဲ့သော်လည်း သူမ၏ အသက်ကို ကယ်တင်ပေးနိုင်ရန် နည်းလမ်းပေါင်းစုံ ကြိုးစား ခဲ့ဖူးသည်။ နောက်ဆုံးတော့ သူမကို ကယ်တင်ပေးနိုင်သည့် သမားတော်ကို တွေ့ပြီဆိုတော့ ဘယ်တော့မှ လက်လွတ် အဆုံးအရှုံး ခံမည် မဟုတ်ပေ။
"အရှင်မင်းကြီး ... မိန်းမပျိုလေးရဲ့ ဆေးပညာ အရည်အချင်းက ဘာမှန်း ရေရေရာရာ မသိသေးတော့ စမ်းသပ်တဲ့ အနေနဲ့ သူမကို ပင့်ဖိတ်ပြီး ကျွန်တော်မျိုးရဲ့ ရောဂါကို အရင်ဦးဆုံး ကုသကြည့်ပါ့မယ်... ဒီအမှုထမ်းရဲ့ ရောဂါကို အောင်အောင်မြင်မြင် ကုသပေးနိုင်မှ... ကျွန်တော်မျိုးတို့တွေ သူမကို ဖိတ်ကြားပြီး မိဖုရားရောဂါကို စမ်းသပ် ကြည့်ခိုင်းပါမယ်"
အချိန် အတော်ကြာသည်အထိ နဂါးဝတ်ရုံအမျိုးသားက တိတ်ဆိတ်နေခဲ့ပြီး ပေါ့ပေါ့ပါးပါး ခေါင်းညိတ် လိုက်လေ၏။
"ကောင်းပြီလေ... ကိုယ်တော်တို့်တွေ မင်းရဲ့အကြံဉာဏ်ကို လိုက်နာပေးမယ်... ဒါပေမဲ့ ကိုယ်တော်မှာ တောင်းဆိုချင်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ်... မောင်မင်း သူမကို သွားရောက် တွေ့ဆုံရင်တော့ ရဲ့အိမ်တော်အတွင်းမှာ တွေ့ဆုံလို့တော့ မဖြစ်ဘူး"
"ဘာကြောင့်များလဲ အရှင်မင်းကြီး"
အဘိုးအိုက မျက်မှောင်ကြုတ်၍ မေးမြန်း လိုက်လေသည်။
နဂါးဝတ်ရုံနှင့် အမျိုးသားက အေးတိအေးစက် ပြောလိုက်လေသည်။
"မိဖုရားကို မကောင်းကြံတဲ့ တရားခံကို ရှာရဦးမယ်... ဒါကြောင့် အဲဒီကိစ္စမတိုင်မီတော့ မိဖုရားကို ကုသပေးဖို့ သမားတော် ရှာဖွေနေတာကို တခြားသူ မသိလေ အကောင်းဆုံးပဲ ... မိဖုရား ကျန်းမာသွားရင်တောင် ကိုယ်တော်တို့တွေ တခြားသူကို အသိပေးလို့ မဖြစ်သေးဘူး"
ဤအကြောင်းကို ပြောပြီးနောက် နဂါးဝတ်ရုံနှင့် အမျိုးသား သက်ပြင်း ချလိုက်လေ၏။
"ရွှမ်ထန်... ဒီနန်းတော်ကြီးမှာ ငါ အယုံကြည်ဆုံးက မင်း တစ်ယောက်တည်း ရှိတယ်... တခြားသူတွေက မိဖုရားကို မကောင်းကြံနိုင်လို့ သူမရဲ့ အသက်ကို စတေးပြီး မစွန့်စားရဲဘူး"
ရွှမ်ထန် ညည်းညည်း ညူညူ ပြောလိုက်လေရာ...
"အရှင်မင်းကြီး... ဒီစကားတွေကို မိဖုရားကြီး ကြားနိုင်ခဲ့ရင် သူမ ပျော်ရွှင် ကြည်နူးနေမှာပါ"
နဂါးဝတ်ရုံနှင့် အမျိုးသားက မဲ့ပြုံး ပြုံး၍ သူ့ဦးခေါင်းကို ခါနေသည်။
"ကိုယ်တော်မှာ မိဖုရားကို ပေးဆပ်ရမယ့် အပြစ်ကြွေး အများကြီး ရှိပါတယ်... မိဖုရားကြီးက ကိုယ်တော်ကို လက်ထပ်ခွင့် ရလို့ ကံကောင်းတယ်လို့ လူအများက ပြောကြပေးမယ်... တကယ်တမ်းက မိဖုရားကြီးကို လက်ထပ်ခွင့်ရတာ ကိုယ်တော် ကံကောင်းခြင်းပါ"
ရွှမ်ထန်က တစ်စုံတစ်ရာကို ပြောချင်သော်လည်း မိန်းမစိုး တစ်ဦး အလျင်စလို ပြေးဝင်လာပြီး ရိုသေလေးစားစွာ သတင်းပို့လာ၏။
"အရှင်မင်းကြီး ... တော်ဝင် မင်းသမီးကြီးက ရဲ့ကျင်းချန်း ပြန်လာတဲ့ သတင်းကို ကြားတော့ နန်းတော်ထဲက ထွက်ပြီး ရဲ့ကျင်းချန်းကို တွေ့ဖို့ ဝုန်းဒိုင်းကြဲ သောင်းကျန်း နေပါတယ်..."
နဂါးဝတ်ရုံနှင့် အမျိုးသားက မျက်မှောင်ကြုတ်၍ စိတ်မရှည်ခြင်းကို ပြသ လိုက်လေသည်။
"သောင်းကျန်းချင်သလောက် သောင်းကျန်းပါစေ... ရဲ့ကျင်းချန်းက သူမကို လက်မထပ်နိုင်ဘူးလို့ ပြောထားပြီးသား... ကိုယ်တော်တို့ တော်ဝင်မိသားစုမှာ မျက်နှာပျက်ရပေါင်းလည်း များပြီ ... အခုအချိန်အထိ ရဲ့ကျင်းချန်းကို အရှက်မဲ့စွာ တွယ်ကပ်နေတုန်းပဲ"
ထို့အပြင် ကျွင်းဖန်လျန်၏ ချွေးမက မိဖုရားကို ရောဂါ ကုသပေးနိုင်ပြန်၍ တော်ဝင်မိသားစုက သူတို့ကို ပြဿနာရှာလို့ မဖြစ်ဘူး။
စေ့စေ့စပ်စပ် စဉ်းစား တွေးခေါ်ပြီးသော်လည်း သူ့မှာ စိုးရိမ်စိတ် ဖြစ်မိနေတုန်းပါ။ ထို့ကြောင့် သူလည်း အမိန့်ပေးလိုက်လေ၏။
"တော်ဝင်မင်းသမီးကို ဖမ်းချုပ်ထားစမ်း... ငါ့အမိန့်မပါဘဲ သူမကို နန်းတော်မှ ထွက်ခွာခွင့် မပြုဘူး"
"အရှင်မင်းကြီ အမိန့်ကို နာခံပါ့မယ်"
မိန်းမစိုးက ဂါရဝပြုခဲ့ကာ နန်းဆောင်မှ ထွက်ခွာ သွားလေသည်။
"ရွှမ်ထန်... မင်းလည်း ပြန်နိုင်ပြီ... ကိုယ်တော်က မိဖုရားကို အဖော်ပြုချင်သေးတယ်... မိဖုရားရဲ့ ကျန်းမာရေး မတိုးတက်လာသရွေ့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး... အထူးသဖြင့် ကိုယ်လုပ်တော်တွေကို မမြင်ချင်ဘူး"
ရွှမ်ထန် ဂါရဝပြုကာ ဆုတ်ခွာ သွားလေသည်။ ယခုအချိန်မှာတော့ သလွန်ပေါ်တွင် ဧကရာဇ် နှင့် ဧကရီတို့ နှစ်ဦးတည်း ရှိနေတော့လေသည်။
***
အပိုင်း(၈၅၉)
ကျိုးပဲ့သံ...
ထိုစဉ် ကျန်းမုံ့ယောင်က တော်ဝင်အိပ်ဆောင် အစွန်းအဖျားနားကို ဝင်ရောက်လာ၍ ကြမ်းပြင်ပေါ် ပစ္စည်းများ လွှင့်ပစ်နေသည့် အသံကို ကြားလိုက်ရလေသည်။ သိပ်မကြာခင် အမျိုးသမီး တစ်ဦး၏ ဒေါသတကြီး အော်သံကို ကြားလိုက် ရပြန်သည်။
အနည်းငယ်မျှ စိုးထိတ်မိသော်လည်း အခန်းတံခါးကို တွန်းဖွင့်ကာ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် အခန်းထဲကို လျှောက်လှမ်း လာခဲ့သည်။ စိတ်ကစဉ့်ကလျား ဖြစ်နေသည့် လှပသော အမျိုးသမီးက နန်းဆန်းသည့် အဝတ်အစားကို ဝတ်ဆင်၍ သူမရှေ့တွင် ဒူးထောက်နေသည့် နန်းတော်အစေခံများကို ဒေါသတကြီး ဆူပူကြိမ်းမောင်း နေလေ၏။
ထိုနန်းတွင်း အစေခံများက တုန်လှုပ်ချောက်ချားကာ ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်နေလေသည်။
"သုံးစားမရတဲ့ဟာတွေ... အခုချက်ချင်း ငါ့ရှေ့က ထွက်သွားစမ်း... ဒီက မင်းသမီးကြီးက သူ့ပါရမီဖြည့်ဘက်ကို သွားရှာချင်နေတာကိုး ဒင်းတို့တွေက ငါ့လွတ်လမ်းခွင့်ကို ဟန့်တားနေတယ်... "
နန်းတွင်း အစေခံများက ကြောက်ကြောက်လန့်လန့် ခေါင်းငုံ့ထားပြီး
"တော်ဝင်မင်းသမီးကြီး ... အရှင်မင်းကြီး အမိန့်ပေးထားလို့ပါ ... အရှင်မရဲ့ အစေခံတွေမှာ ရွေးချယ်ခွင့် မရှိလို့ပါ"
တော်ဝင်မင်းသမီး၏ ဒေါသစိတ်က မိုးကောင်းကင်ယံအထိ ရောက်ရှိလာပြီး အစေခံများကို လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်လေသည်။ မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ဒီမင်းသမီးကြီးက ဘယ်သူအမိန့်ကိုမှ ဂရုမစိုက်ဘူး... ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း... ငါ့လမ်းကို ဆက်ပိတ်ဆို့နေမယ် ဆိုရင်တော့... မင်းတို့ရဲ့ ဆွေစဉ်မျိုးဆက် ၉ဆက်လုံးကို အခုချက်ချင်း သေမိန့်ပေးပစ်မယ်..."
ငယ်ငယ်တည်းက တော်ဝင်မင်းသမီးကြီးကို အလိုလိုက် အကြိုက်ဆောင်ထား ခဲ့သော်လည်း သူမ၏ စိတ်စွမ်းအားက မနိမ့်ပါးခဲ့ပေ။ ဤကန်ကျောက်မှုကြောင့် အလွန်အမင်း နာကျင်လွန်းရ၍ မျက်နှာတစ်ပြင်လုံး ဖြူဆုတ်ကာ နဖူးပေါ်တွင်လည်း ချွေးလုံးကြီးများ သီတန်းနေတော့သည်။
နှင်းပန်းတမျှ ဖြူဖွေးသည့် လက်တစ်စုံ ရောက်ရှိလာပြီး နန်းတော် အစေခံများကို ဖေးမ ကူညီလိုက်လေသည်။ နန်းတော်အစေခံများမှာ မှင်တက်သွားပြီး လှည့်ကြည့်လိုက်ချိန် အလွန် ချောမောလှပသည့် မိန်းမပျိုလေးကို မြင်လိုက် ရလေသည်။
"မင်းသမီး၆"
နန်းတော်အစေခံလည်း အသိဝင်လာပြီး ကျန်းမုံ့ယောင်ရှေ့တွင် အလျင်စလို ဒူးထောက် လိုက်လေသည်။ ထို့နောက် တုန်တုန်ယင်ယင် အသံနှင့် စကားပြန်ပြန်လိုက်၏။
"ဒီအစေခံက မင်းသမီး၆ ရောက်နေမှန်း မသိခဲ့မိလို့ မကြိုဆိုမိတာပါ... အပြစ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
ကျန်းမုံ့ယောင်က အမှတ်အတေး မထားဟန် လက်ကို ဝှေ့ယမ်း၍ အမိန့်ပေး လိုက်လေ၏။
"နင်တို့တွေ ထွက်သွားနိုင်ပြီ"
"အမိန့်ကို နာခံပါ့မယ်"
နန်းတော်အစေခံက မတ်တတ် ထရပ်လိုက်လေသည်။ သူမ၏ နှလုံးသားက ဗလောင်ဆူ နေလေ၏။
နှစ်ဦးစလုံးက တော်ဝင်မင်းသမီး ဖြစ်သော်လည်း တော်ဝင်မင်းသမီးကြီးက သောင်းကျန်းတတ်တဲ့ စရိုက်ရှိသည့်အပြင် မောက်မာကာ အကျိုးအကြောင်း မစဉ်းစားတတ်ဘူး။ မင်းသမီး၆၏ စိတ်နေသဘောထားက နူးညံ့သိမ်မွေ့၍ အစေခံများကိုပင် တစ်ဇွတ်ထိုး စေခိုင်းခြင်း မရှိခဲ့ပေ။
"အရီးတော်..."
ကျန်းမုံ့ယောင် ခပ်နွမ်းနွမ်းလေး ပြုံးကာ သူမ၏ အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ် လိုက်လေသည်။
"ဘာအကြောင်းကြောင့် ဒေါသထွက်နေရလဲ ... အပြစ်မဲ့တဲ့ အစေခံတွေကို မရိုက်သင့်ဘူးလေ..."
တော်ဝင်မင်းသမီးကြီး မကျေမနပ် အံကြိတ်နေလေ၏။
"ရဲ့အစ်ကို ပြန်လာတယ် ကြားလို့... သူ့ကို သွားတွေ့ချင်လို့ အိမ်တော်မှ မထွက်ခွာဖို့ အစ်ကိုတော်က ပိတ်ပင်ထားတယ်... ဒါကြောင့် ငါ့ဒေါသကို သူတို့နဲ့ ဖြေဖျောက် နေတာ..."
ဤတော်ဝင် မင်းသမီးကြီးက သူ့ကိုယ်သူ အသားအရေ အမြဲ ထိန်းသိမ်းသော်လည်း မျက်လုံးအောက်နားက အရေးအကြောင်းများကို ဖုံးကွယ်ထားလို့မရဘိ။
လေးဆယ်ကျော် အရွယ် အမျိုးသမီးက ရဲ့အစ်ကိုလို့ သုံးနှုန်းတာ အော်ဂလီဆန်ဖွယ် ကောင်းလှသည်။
ကျန်းမုံ့ယောင်လည်း မျက်မှောင်ကြုတ် လိုက်လေ၏။
"တူမတော်လည်း ဒီကိစ္စကို သိပါတယ်... နောက်ထပ် သတင်းတစ်ခုလည်း ကြားထားသေးတယ်... ကျွင်းဖန်လျန် အပြင်မှာ ရခဲ့တဲ့ တရားမဝင်ကလေးက ရဲ့ကျင်းချန်း သားအရင်းလို့ ပြောနေကြတယ်"
"ဘာပြောလိုက်တယ်..."
ကျန်းမုံ့ယောင်၏ စကားက မင်းသမီးကြီး၏ စိတ်ကို လှုံ့ဆော်နေ သကဲ့သို့ ဒေါသများ ဗလောင်ဆူ လာရသည်။
"အပျက်မက အစ်ကိုရဲ့နဲ့ ကလေး ရနိုင်ပါ့မလား ... အစ်ကို့ ကလေးကို ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့် မရှိဘူး ... နောက်ခံပဲ ယှဉ်ယှဉ် အလှအပကို ယှဉ်မလား ... အဲကောင်မက ငါ့ကို မယှဉ်နိုင်ဘူး"
အရီးတော်၏ စိတ်ဖောက်ပြန်နေသည့် အခြေအနေကို ကြည့်၍ မုံ့ယောင် စိတ်ပျက်မိလေ၏။
မနေ့က ရဲ့ကျင်းချန်းနှင့် ကျွင်းဖန်လျန်တို့ကို မြို့ဂိတ်အပြင်မှာ တွေ့ခဲ့ရသည်။ ကျွင်းဖန်လျန်က အရင်လို ချောမော လှပနေတုန်း ... အရီးတော်က သူမကို ယှဉ်နိုင်မည် မထင်ပေ။
ကျွင်းဖန်လျန်ကို ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော အခြင်းအရာက တော်ဝင်မင်းသမီးကြီး ဆိုသည့် အဆင့်တန်း ဖြစ်ချေပြီ။
"အရီးတော်"
ကျန်းမုံ့ယောင်က စကားပြန်မပြောစဉ် အချိန်အကြာကြီး နှုတ်ဆိတ် နေမိလေ၏။
"နောက်၂ရက်ကြာရင် ကျွင်းဖန်လျန်ရဲ့ သားအတွက် သွေးသားရင်းချာ စစ်ဆေးတဲ့ အခမ်းအနား ကျင်းပလိမ့်မယ်... အဲဒီအချိန်ရောက်မှ အရီးတော်ကို ရဲ့အိမ်တော် ခေါ်သွားပေးမယ်... ဘာလိုပဲဖြစ်ဖြစ် မတွေးမတောဘဲ ဘာမှ မလုပ်ပါဘူးလို့ ကတိတော့ ပေးရမယ်"
***
အပိုင်း(၈၆၀)
တော်ဝင် မင်းသမီးကြီးလည်း နှုတ်ခမ်းကို ဖိကိုက်ထားပြီး မျက်လွှာချကာ တစ်စုံတစ်ရာကို ဖုံးကွယ် ထားလေသည်။
"မျိုးမစစ်ကလေးက အစ်ကို့သား မဖြစ်နိုင်ဘူး... ကျွင်းဖန်လျန်က ဥမဥချနိုင်တဲ့ ကြက်မ... ဒါကြောင့် ဒီကောင်မ ဘယ်လိုများ ရှုံးနိမ့်ပြီး ဘဝနိဂုံးချုပ်မလဲ မြင်ယောင် ကြည့်ချင်သေးတယ်"
ကျွင်းဖန်လျန်က ရဲ့အစ်ကိုအတွက် သားတစ်ယောက် မွေးဖွားပေးထားခဲ့လျှင် နှစ်ပေါင်းများစွာ ဖိနှိပ်မှု အပေါင်းကို သည်းခံခဲ့ပါ့လား။ ထို့ကြောင့် သေသေချာချာ စဉ်းစား ကြည့်မည်ဆိုလျင် ထိုမိန်းမ၏ အကြံအစည်ပင် ဖြစ်ချေမည်။ လျှို့ဝှက် ပူးပေါင်းကြံစည်မှု ပေါ်သွားလို့ စိတ်ပျက် ကြေကွဲနေမည့် ကျွင်းဖန်လျင်၏ မျက်နှာကို မြင်တွေ့ချင်သေးသည်။
***
တော်ဝင်မြို့တော်တွင် လူတိုင်းက ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စများကြောင့် လမ်းမထက်၌ ပျားပန်းခပ်နေလေ၏။ ယွမ်လော့ဖုန်းလည်း လမ်းမပေါ်တွင် လမ်းလျှောက်နေစဉ် သူမ၏ ဘေးနားမှ လူတစ်စု၏ တီတိုး ဆွေးနွေးသည့်အသံကို ကြားလိုက်ရသည်။
သူတို့အားလုံး ဆွေးနွေးနေသည့် အကြောင်းအရာက နောင်၂ရက်အတွင်း ကျင်းပမည် သွေးသားရင်းချာပွဲ အကြောင်းဆိုသည်မှာ သံသယ ဝင်နေစရာ မလိုအပ်တော့ပေ။
သူမ လိုချင်သည့် ရလာဒ်ကြောင့် ယွမ်လော့ဖုန်း၏ နှစ်ခမ်းတစ်စုံက အလိုအလျောက် လှုပ်ရှား သွားလေ၏။
"လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ရဲ့ကျင်းချန်း ဝယ်ခိုင်းလဲ ရတယ်လေ ... ဘာကြောင့်များ ကိုယ်တိုင်ကိုယ်ကျ ရောက်လာရလဲ..."
ဟောင်ဟောင် နှုတ်ခမ်းစူကာ မေးလိုက်လေ၏။
ယွမ်လော့ဖုန်းလည်း ဟောင်ဟောင်ကို ကြည့်၍ ပြန်ပြော လိုက်လေသည်။
"ငါ လုပ်သမျှ ကိစ္စတိုင်းကို လျှို့ဝှက်ထားဖို့ လိုအပ်တယ် ... ငါ့ကိုယ်စား အဖေ့ကို ဝယ်ခိုင်းလိုက်ရင် ရဲ့မိသားစုက လူတွေ သတိထားမိသွားလိမ့်မယ်"
ဟောင်ဟောင်၏ လက်ချောင်းလေးက နှုတ်ခမ်းကို ထိကိုင်နေပြီး တောက်ပသော မျက်လုံးက နားမလည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေလေ၏။ သူ့သခင် ဘာအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ချင်နေမှန်း သူမ မှန်းဆ၍ မရဘူး။
ထိုစဉ် သက်တော်စောင့် တစ်ဦးက ယွမ်လော့ဖုန်းတို့ အရှေ့ကို ရောက်ရှိလာပြီး တရိုတသေ စကားပြောလေသည်။
"သခင်မလေး... ကျွန်တော်မျိုးတို့ သခင်ကြီးက စကားစမြည် ပြောဖို့ ဖိတ်ကြား လိုက်လို့ပါ"
ယွမ်လော့ဖုန်းလည်း သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်သည်။
"ကျွန်မက ထျန်းယွင် တိုင်းပြည်နဲ့ မရင်းနှီးဘူး... ဒါကြောင့် စကားဝိုင်းဖွဲ့ ပြောရလောက်တဲ့ မိတ်ဆွေ မရှိဘူး"
သက်တော်စောင့်မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်ရ၏။ သခင်ကြီး မှာကြားထားသကဲ့သို့ ဖိတ်ကြားဖို့ ခဲယဉ်းလှသည်။
"သခင်မလေး ... ကျွန်တော်မျိုးတို့ မိသားစု စခင်ကြီးက ရောဂါ ကုသပေးဖို့ သခင်မလေးကို ဖိတ်ကြားခိုင်းခဲ့တာပါ ... သခင်မလေးသာ ရောဂါကို အမြစ်ဖျက် ကုသပေးနိုင်ရင် ဆုလာဘ် အနေနဲ့ နှစ်တစ်ထောင် ဆေးပင် ၅ပင် ပေးပါ့မယ်"
နှစ်တစ်ထောင် ဆေးပင် ဟုတ်လား။
ယွမ်လော့ဖုန်းလည်း သူမ၏ လှပသော မျက်ခုံးလေးကို ပင့်လိုက်လေသည်။
"၁၀ပင် ပေးမှရမယ်"
"ဒါ..."
သက်တော်စောင့်လည်း နဖူးပေါ်မှာ မရှိသည့် ချွေးများကို ဟန်လုပ် သုတ်လိုက်လေသည်။ သူ့မျက်လုံးများက လက်ဖက်ရည်စံအိမ် ဒုတိယထပ်ကို အလိုအလျောက် ကြည့်လိုက်လေ၏။
အဘိုးအို၏ လက်ဟန်အမူအရာကို မြင်ရပြီးနောက် သူလည်း အံကြိတ်ကာ ပြန်ဖြေလိုက်လေသည်။
"အဆင်ပြေပါတယ်... ကျွန်တော်မျိုးနောက်ကို လိုက်ခဲ့ပေးပါ"
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်ကာ သက်တော်စောင့်နောက်ကို လိုက်သွားခဲ့သည်။ အစတည်းက ရောဂါကုသပေးရန် သူမကို ဖိတ်ကြားသည်ဟု ပြောကြားခဲ့လျှင် ဘယ်သူဆိုသည်မှာ သူမ ခန့်မှန်းလို့ ရသည်။
စားသောက်ဆိုင်တွင် တွေ့ခဲ့သည် အဘိုးအိုမှ တစ်ပါး သူမ၏ ဆေးပညာအဆင့်ကို တခြားမည်သူက သိနိုင်မည်နည်း။ ထို့ကြောင့် လက်ဖက်ရည်စံအိမ် အတွင်းတွင် အဘိုးအိုကို လှမ်းမြင်လိုက်ရတော့ ထူးဆန်းသည်ဟု မထင်မှတ်မိချေ။ အဘိုးအို ဘေးနားက လူလတ်ပိုင်း အမျိုးသားကို အလိုအလျောက် ကြည့်လိုက်သည်။
ဤလူလတ်ပိုင်း အမျိုးသား၏ စိတ်စွမ်းအားက အလွန်မြင့်မားလွန်းပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည့် စစ်သူကြီး တစ်ဦးနှင့် သဏ္ဌာန် တူလေသည်။ ခန့်ညား တည်ကြည်သော်လည်း သူ့ခန္ဓာကိုယ်တွင် လူသတ်ငွေ့များ ဖုံးလွှမ်းနေလေသည်။
သာမန်လူပုဂ္ဂိုလ် တစ်ဦးသာ ထိုလူလတ်ပိုင်း အမျိုးသားရှေ့တွင် မတ်တတ် ရပ်မိလျှင် ခေါင်းကို မော့ကြည့်ရဲမည် မထင်ပေ။ ယွမ်လော့ဖုန်းက မျက်နှာပျက်ယွင်းခြင်း မရှိဘဲ ဘာမှ မဖြစ်သလို ထိုင်ချလိုက်လေ၏။
"ဟား..."
ရုတ်ခြည်း လူလတ်ပိုင်း အမျိုးသားက ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ခက်ထန်သော အရှိန်အဝါများ လွင့်ပြယ်သွား၍ ယွမ်လော့ဖုန်းကို ကျေနပ်အားရစွာ ကြည့်လိုက်လေသည်။
"ဒီကောင်မလေးက မဆိုးဘူးပဲ ... တုန်လှုပ်ချောက်ချားခြင်း မရှိဘူး ... ငါ့မိတ်ဆွေဟောင်းနဲ့ တကယ်ကို တူညီလွန်းတယ်"
ယွမ်လော့ဖုန်းလည်း လက်ဖက်ရည်ကြမ်း တစ်ငုံ့လောက် သောက်သုံး၍ လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်လေ၏။
"ရှင့်ရောဂါကို ကုသဖို့ ရောက်လာ တာတော့ မဖြစ်နိုင်ဘူး"
"ဟား..."
ရွှမ်ထန်လည်း တခစ်ခစ် ရယ်မော လိုက်လေသည်။
"ကျုပ်ကိုယ်ကျုပ် အရင်ဆုံး မိတ်ဆက်ပါမယ်... ကျုပ်က ထျန်းယွင်တိုင်းပြည်ရဲ့ တော်ဝင်သမားတော် ရွှမ်ထန်... သူက ကျန်းကောတိုင်းပြည် စစ်သူကြီး... မိဖုရားကြီးရဲ့ အစ်ကိုတော် ကျန်းချန်ဝမ်... မိဖုရားကြီးရောဂါကို ကုသပေးနိုင်ဖို့ မျှော်လင့်ပြီး မိန်းကလေးကို ဖိတ်ကြား လိုက်တာပါ"
***
အပိုင်း(၈၆၁)
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်လေသည်။
“ကျွန်မရဲ့ ကုသပေးတဲ့ စရိတ်က ကုသပေးသူပေါ် မူတည်ပြီး ကွားခြားမှု ရှိတယ်… ရှင် ကုန်ကျစရိတ် တတ်နိုင်တယ်ဆိုရင် ကုသပေးနိုင်တယ်… နှစ်တစ်ထောင် ဆေးပင် ၁၀ပင်က ရှင့်ကို ကုသပေးဖို့ အတွက်ပဲ… မိဖုရားကြီးကို ကုသပေးဖို့ ဆိုရင်တော့ ဆေးပင် အပင် ၅၀ မပေးရင်တော့ မဖြစ်နိုင်ဘူး”
ယခင်တုန်းကဆိုရင်ဖြင့် ယွမ်လော့ဖုန်း၏ မတော်မတန် တောင်းဆိုမှုကြောင့် ရွှမ်ထန် သေချာပေါက် အံ့ဩမိမှာပါ။ သို့သော်ငြားလည်း ဧကရာဇ်၏ တောင်းဆိုမှုကြောင့် သွားပေါ်သည် ဆိုရုံမျှ ပြုံးနေလိုက်သည်။
“အဆင်ပြေပါတယ်… တောင်းဆိုသမျှ ဖြစ်စေရမယ်”
နှစ်တစ်ထောင်ကျော် ဆေးပင်များက တန်ဖိုးကြီးမားသော်လည်း တော်ဝင်မိသားစုက နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့်အတွက် ၎င်းတို့ တတ်နိုင်သည့် ပမာဏ ဖြစ်နေပြန်သည်။
“ဒီလိုဆိုတော့လဲ… အရင်ဆုံး ရှင့်ကို စမ်းသပ်ကြည့်ပေးမယ်”
ရွှမ်ထန်က တဲ့တိုး ပြောနေတော့လည်း သူ့ကို ဆက်ပြီးတော့ ခက်ခဲအောင် မလုပ်တော့ဘူး။ နှစ်တစ်ထောင် ဆေးပင်ပေးမယ့် လူနာကို ခက်ခဲအောင် ပြဿနာရှာမယ် သမားတော် ရှိနိုင်မည်လား။ ထို့အပြင် အခုအချိန် သူမ၌ ဆေးပင်တွေ ပြတ်လပ်နေလေပြီ။
ရွှမ်ထန်လည်း မှင်တက်သွားရ၏။ အစကတော့ သူမရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ဖို့ သူ့ရောဂါကို အရင်ဆုံး ကုသပေးဖို့ ပြောဆိုရန် လွန်စွာ ခက်ခဲမည်ဟု ထင်ခဲ့သော်လည်း အခုတော့ အလွယ်တကူလေး လက်ခံ သဘောတူလိုက်ပြီလား။ ရွှမ်ထန်လည်း ပြုံးကာရွှင်ကာ မေးလိုက်လေ၏။
“ကျုပ်ကို ဘယ်နေ့ ကုသပေးမလဲ”
“အခုချက်ချင်း ကုသမယ်”
ယွမ်လော့ဖုန်း ပြောလိုက်သည့် စကားများက တက်ကြွ လန်းဆန်းနေသည့်အတွက် ရွှမ်ထန် မှင်တက်မိလေ၏။
“ပြင်ဆင်ဖို့ ဘာမှ မလိုအပ်ဘူးလား”
“မလိုအပ်ဘူး”
ယွမ်လော့ဖုန်းလည်း ခေါင်းခါလိုက်လေသည်။
“ရှင့်ရောဂါ မပြင်းထန်ဘူး အပ်စိုက် ကုသပေးပြီး ဆေးညွှန်း ပေးလိုက်ရင် ရပြီ… ရှင့်ကို ကုသဖို့ သိပ်မကြာဘူး”
ရွှမ်ထန်မှာ အတော်လေး တုန်လှုပ် ရသည်။ ဤရောဂါက သူ့ကို ညှဉ်းပန်း နှိပ်စက်ခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပြီ။ ဤကဲ့သို့သော ရောဂါမျိုးကို မပြင်းထန်ဘူးလို့ ပြောလိုက်သည်လား။
ရွှမ်ထန် စိတ်မတင်မကျ ဖြစ်ရ၍ မေးမြန်းလိုက်လေသည်။
“ဒီရောဂါကို အပ်စိုက် ကုသပေးဖို့ အကူအညီ လိုအပ်သေးလား”
“မလိုအပ်ဘူး… ကျွန်မဘာသာ လုပ်လည်း အဆင်ပြေတယ်”
ယွမ်လော့ဖုန်းလည်း သူမ၏ နယ်မြေလက်စွပ်ထဲမှ ငွေအပ်များကို ထုတ်လိုက်လေသည်။ သူမ၏မျက်နှာ အရောင်က အရင်လို ပေါ့ပါး လန်းဆန်းခြင်း မရှိတော့ဘဲ ဆေးကုသခြင်း အမှုအပေါ် လေးလေးနက်နက် အာရုံ စူးစိုက်နေလေ၏။
“ရှင့်ရောဂါက မပြင်းထန်ပါဘူး… အရင်တုန်းက ထိခိုက် ဒဏ်ရာဖြစ်ခဲ့ဖူးတော့ ဦးနှောက်ထဲမှာ သွေးခဲတာ… ဒါကြောင့် ဦးနှောက်ထဲမှာ သွေးကောင်းကောင်း မစီးဆင်းနိုင်ဘူး… ဒီအကျိုးရလဒ်ကြောင့် မကြာခဏ ကိုမာ ဖြစ်ရတာပေါ့ … ကံကောင်းချင်တော့ ရှင့်စိတ်စွမ်းအားက မြင့်မားတော့ သတိလစ်မေ့မြောသွားချိန် ခန္ဓာကိုယ်က အလိုအလျောက် အတားအဆီးကို ပြန်ဖယ်ရှားပေးတော့ သတိပြန်လည်လာခဲ့တာ…”
ယွမ်လော့ဖုန်းလည်း သူမ၏အဝတ်စထဲမှာ သိမ်းဆည်းထားသည့် မီးကင်ထားသော ငွေအပ်များကိုဆွဲထုတ်ကာ ရွှမ်ထန်ကို အဆက်မပြတ် ရှင်းပြနေလေသည်။
“ရှင့်ရောဂါကို မကုသနိုင်ဘဲ ဒီအတိုင်းထားမယ် ဆိုရင်တော့ အချိန်ကြာလာရင် ရောဂါကျွမ်း သွားနိုင်တယ်… အသေးအဖွဲ့လေး ဆိုရင်တော့ စိတ်ကစဉ့်ကလျား ဖြစ်သွားနိုင်သလို… အခြေအနေ ဆိုးသွားရင်တော့ အသက် ဆုံးရှုံးသွားနိုင်တယ်”
သူမ၏စကားကို ကြားပြီးနောက် ရွှမ်ထန်မှာ ကြောက်လန့်တကြား ဖြစ်သွားရလေ၏။ သူ့ရောဂါကို ဤမျှလောက် ဆိုးရွားမည်ဟု မထင်မှတ်ခဲ့မိဘူး။ ကစဉ့်ကလျား ဖြစ်သွားနိုင်သလို… အခြေအနေ ဆိုးသွားရင်တော့ အသက် ဆုံးရှုံးသွားနိုင်တယ်”
သူမ၏စကားကို ကြားပြီးနောက် ရွှမ်ထန်မှာ ကြောက်လန့်တကြား ဖြစ်သွားရလေ၏။ သူ့ရောဂါကို ဤမျှလောက် ဆိုးရွားမည်ဟု မထင်မှတ်ခဲ့မိဘူး။ ကံကောင်းထောက်မလို့ ယွမ်လော့ဖုန်းနှင့် ဆုံတွေ့ခဲ့ရလို့သာပေါ့… မဟုတ်ရင်တော့ အသိစိတ် ကင်းမဲ့ပြီး တစ်သက်လုံးနိုးထ နိုင်တော့မည် မဟုတ်ပေ။
ယွမ်လော့ဖုန်းလည်း ငွေအပ်ကို ခိုင်မြဲစွာ ကိုင်ထားပြီး အဘိုးအို၏ ကျောကုန်းနားကို လျှောက်လမ်း လာတော့သည်။ လက်ထဲမှ အပ်များကို ဦးနှောက်ပေါ်မှာ ရှိသည့် အချက်အချာ ကြသည့် အပ်စိုက် ကုသသည့် နေရာကို ထိုးစိုက်လိုက်လေ၏။ အပ်ကို လှည့်ကာ လှည့်ကာဖြင့် ၎င်း၏ ခန္ဓာကိုယ်ထဲ စိတ်စွမ်းအင်များ ဝင်ရောက်သွားစေ၏။
မနေ့က စားသောက်ဆိုင်မှာတည်းက ရွှမ်ထန်၏ရောဂါကို အမြစ်ဖြတ် ကုသပေးလို့ ရခဲ့ပါသော်လည်း သူမ မကုသပေးခဲ့ဘူး။ သူမနှင့် ထိုလူက ရင်းနှီးသူ မဟုတ်တော့ ကယ်တင်စရာ အကြောင်းအရင်း မရှိပေ။ ထို့ကြောင့် ထိုနေ့က သူ့ကို သတိပြန်လည် စေရုံမျှ ကုသပေးခဲ့ခြင်းပေ။
စိတ်စွမ်းအားများ ရွှယ်ထန်၏ ဦးနှောက်ထဲ ဝင်ရောက်လာပြီးနောက် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားရပြီး သူ့သွေးကြောမှာ ပိတ်ဆို့နေသည့် အတားအဆီးများ ပြေပျောက် သွားသလို ခံစားရပေသည်။
“လန်းဆန်းသွားတယ်”
ရွှမ်ထန်လည်း သူ့စိတ်သူ ထိန်းချုပ်၍ မရစွာ ငိုကြွေး လိုက်လေသည်။ နှစ်ပေါင်းများစွာ သတိလစ်ခြင်းကို ခံစားခဲ့ရသည့်အပြင် ခေါင်းပေါက်ကွဲတော့မတတ် ခေါင်းကိုက် ဝေဒနာကို နာကျင်စွာ ခံစားရလေ၏။
***
အပိုင်း(၈၆၂)
ယခုတော့ မကြုံဖူးခဲ့သည့် လန်းဆန်းမှုကို ခံစားနေရပြီ။
ကျန်းချန်ဝမ်၏မျက်လုံးများ တောက်ပလာလေ၏။ ဤမိန်းမပျိုက ရွှမ်ထန်၏ရောဂါကို အမှန်တကယ် ကုသပေးနိုင်ရင်တော့ သူ့ညီမကို သတိပြန်လည်လာအောင် ကုသပေးနိုင်မှာ သေချာသလောက် ရှိလေပြီ။
ခေတ္တခဏ ကြာပြီးနောက် ယွမ်လော့ဖုန်းလည်း ငွေအပ်ကို ဆွဲထုတ်ကာ အဝတ်အိတ်ထဲ သေသေချာချာ သိမ်းဆည်း ထားလိုက်လေသည်။ ထို့နောက် ခေါင်းမဖော်ဘဲ စကားပြော လိုက်လေသည်။
“ရှင့်ခန္ဓာကိုယ်ထဲက အညစ်အကြေး အတားအဆီးတွေကို ဖယ်ရှားပေးဖို့ ငွေအပ်ကိုပဲ သုံးခဲ့တာ… ရှင့်ခန္ဓာကိုယ်က အားနည်းနေမှာပဲ… ဒါကြောင့် ရှင့်ကို ဆေးညွှန်း ပေးလိုက်မယ် ပွက်ပွက်ဆူဆူအောင် ကျိုချက် ပြီးတော့ သောက်သုံးရမယ်… လဝက်လောက် ဆေးကို ဆက်တိုက် သောက်မယ် ဆိုရင်တော့ ရှင် …လူကောင်းတစ်ယောက်လို ပြန်လည် ကျန်းမာ လာနိုင်တယ်”
ရွှမ်ထန်လည်း မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြုကာ ယွမ်လော့ဖုန်းကို မယုံကြည်နိုင်စွာ ငေးကြည့် လိုက်လေ၏။
“ကုသလို့ ပြီးပြီလား”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းစူ၍ မျက်စောင်းထိုး ကြည့်လိုက်လေသည်။
“ဘာများ အလိုရှိသေးလို့လဲ… နေကောင်း ကျန်းမာအောင် ဆက်ပြီးတော့ အပ်စိုက် ကုသချင်လို့လား”
“အဲလို သဘော မဟုတ်ရပါဘူး”
ရွှမ်ထန်၏နဖူးပေါ်မှ ချွေးအေးများ စီးကျလာပြီး အိုးတိုးအမ်းတမ်း ပြုံးလိုက်လေ၏။
“ကျုပ်က အတော်လေးကို ယုံရခက်နေလို့ပါ… ဒီရောဂါဆိုးကြီးက ကျုပ်ကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တော့ တကယ့်ကို ပျောက်ကင်းသွားတာ ဟုတ်ရဲ့လားလို့ မေးမြန်းချင်တာပါ”
မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် အဘိုးအိုကို ကြည့်ကာ ယွမ်လော့ဖုန်းလည်း ခေါင်းညိတ် လိုက်လေသည်။
ဝုန်း
ရုတ်တရက် မိုးကြိုးထပစ်လိုက်သလို ရွှယ်ထန်မှာ မှင်တက် သွားရလေ၏။ အချိန်အကြာကြီးနေမှ သူ့နှလုံးသားကို စိတ်လှုပ်ရှားမှုများ လွှမ်းမိုးလာ၍ အူလှိုက်သည်းလှိုက် ရယ်မောလိုက်လေ၏။
ကျုပ် ရောဂါ ပျောက်ကင်း သွားပြီ။
အမှန်တကယ် ကျုပ်ရောဂါ ပျောက်ကင်းသွားပြီ။
ရယ်မောနေစဉ် သူ့မျက်နှာမှာ မျက်ရည်စီးကြောင်း တစ်ခု ဖြစ်တည်းနေခဲ့၍ နောက်ဆုံးတော့ ဦးခေါင်းကို စားပွဲခုံပေါ် လဲလျောင်းကာ ငိုကြွေးတော့သည်။
ကျန်းချန်ဝမ်လည်း ရွှမ်ထန်၏ပခုံးကို ပုတ်ကာ သက်ပြင်း ချလိုက်လေ၏။ ရွှမ်ထန်က ထိုရောဂါ၏ နှိပ်စက်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့်အတွက် ပျောက်ကင်းသွားချိန် စိတ်လှုပ်ရှားပျော်မိတာ မဆန်းပါဘူး။
“မိန်းကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး နောင်ဆို တခြားသူ အထင်ကြီးလေးစားရတဲ့ သမားတော်တစ်ယောက် ဖြစ်လာမှာပါ”
ကျန်းချန်ဝမ်လည်း ပြုံးကာ ယွမ်လော့ဖုန်းကို ငေးစိုက် ကြည့်လိုက်လေ၏။
“မင်း နာမည်ကို သိခွင့်များ ရှိမလား”
ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး တွေ၍ သွားလေသည်။ ဤတစ်ကြိမ်တော့ သူမ နာမည်အတုကို မသုံးနှုန်းတော့ဘဲ နာမည်အစစ်မှန်ကိုသာ ထုတ်ဖော်လိုက်လေ၏။
“ယွမ်လော့ဖုန်း”
တော်ဝင်မြို့တော် အတွင်းမှာ သူမက နာမည်အတုကို သုံးနှုန်းခဲ့မယ် ဆိုရင်တောင် ကျန်းချန်ဝမ်၏ ဩဇာအာဏာနှင့် သူမ၏ မိသားစု နောက်ခံကို အလွယ်တကူလေး ဖော်ထုတ်လို့ ရပါတယ်။
“ယွမ်လော့ဖုန်း ... ဘာကြောင့်များ ဒီနာမည်ကို ရင်းနှီးနေပါလိမ့်”
ကျန်းချန်ဝမ်လည်း အချိန်အကြာကြီး စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ် နေမိသည်။ ခဏကြာတော့ သူလည်း ချင့်ချင့်ချိန်ချိန် အကဲဖြတ်ကာ ယွမ်လော့ဖုန်းကို မေးမြန်းလိုက်လေ၏။
“မင်းက… လုံရှောင်ကုန်းမြေစုက မလား”
ယွမ်လော့ဖုန်း၏မျက်ဝန်းမှာ သတိဝီရိယ ထားခြင်းများ ရစ်သိုင်း လာလေ၏။
“ရှင်က ဘယ်သူလဲ”
ကျန်းချန်ဝမ်လည်း ချက်ချင်း မတ်တတ် ထရပ်လိုက်ပြီး စိတ်လှုပ်ရှားသော အသံနှင့်
“မင်းက တကယ်ပဲ လုံရှောင် ကုန်းမြေစုကလား… မင်းမိဘတွေက ယွမ်ယန်နဲ့ ပိုင်လင်း မလား… ယွမ်ချင်ရာက မင်းရဲ့ ဦးလေး မလား”
ဟု မေးလိုက်လေ၏။
ထိုစကားကို ကြားလိုက်ရပြီးနောက် ယွမ်လော့ဖုန်းလည်း မျက်ဝန်းများကို မှေးစဉ်းလိုက်တော့သည်။ သူမ၏ ဟန်အမူအရာက အန္တရာယ်ကို သတိဝီရိယ ထားရှိနေသဘိ။
“ရှင်က ဘယ်သူလဲ”
“တကယ်ပဲ မင်းက လော့ဖုန်းလေးလား”
ကျန်းချန်ဝမ် တကယ်ကို စိတ်လှုပ်ရှား မိနေသည်။
“ဆယ်နှစ်လောက် မတွေ့လိုက်ရတာ… ဒီလောက်အထိ အရွယ် ရောက်လာမယ်လို့ မထင်ခဲ့မိဘူး ဦးလေးကျန်း… သမီးလေးကို တွေ့တုန်းက လေးနှစ်အရွယ်လေးပဲ ရှိသေးတယ်”
ယွမ်လော့ဖုန်းက သူ့ကို သတိမရသေးမှန်း သိတာကြောင့် ကျန်းချန်ဝမ်လည်း ပြုံးလိုက်လေသည်။
“ဟုတ်သား လော့ဖုန်းလေးက ငယ်သေးတော့ ဘယ်မှတ်မိပါ့မလဲ… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အပန်းဖြေအိမ်တော်မှာ မိဖုရားကြီး လျှို့ဝှက် တိုက်ခိုက်ခံခဲ့ရလို့ သူမကို ကာကွယ်ပေးရင် ပြန်လမ်းမဲ့မြေထဲ ကသုတ်ကပျာ ကျူးကျော် ဝင်ရောက်ခဲ့တယ်… ပြန်လမ်းမဲ့ သစ်တောကို ဖြတ်သန်းပြီး လုံရှောင် ကုန်းမြေစုထဲ ဝင်ရောက်ခဲ့တယ်။
“အဲဒီမှာ မင်းရဲ့ မိဘတွေနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်… ကျုပ်နဲ့ ယွမ်ယန် နှစ်ယောက်စလုံးက စစ်သူကြီး ဖြစ်နေပြန်တော့ ပထမဆုံး မြင်တွေ့ချန်တည်းက ခင်မင် ရင်းနှီးခဲ့ကြတယ်… ပိုင်လင်းနဲ့ မိဖုရားကြီးနဲ့ မိတ်ဆွေရင်းချာ ဖြစ်ခဲ့တယ်… ကံဆိုးချင်တော့ ကျုပ်တို့ဘဝ အစစ်အမှန်ကို ဖော်ထုတ်လို့ မရပြန်တော့ အစ်ကိုယွမ်ယန်ကို အမှန်တရား မပြောနိုင်ခဲ့ဘူး”
***
Bạn đang đọc truyện trên: Truyen247.Pro