Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 833 -837

အပိုင်း(၈၃၃)

ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၄)

 
သူ့ဦးတိုက် တောင်းပန်မှုက အလွန့်အလွန် ကျယ်လောင် လွန်းပါတယ်။ သိပ်မကြာခင်မှာဘဲ သူ့နဖူးက နီရဲတွတ်ကာ သွေးများ ကျဆင်းလာတော့တယ်။
“ရှင်က အစေခံဆိုတာ မှတ်ထားလိုက်… အစေခံက သူတို့ရဲ့ သခင့်ကို မလေးမစား ပြုမူလို့ မရဘူး၊ အခုချက်ချင်း ထွက်သွားစမ်း”
ယွမ်လော့ဖုန်းလည်း  သူ့ကို လွှတ်ပေးလိုက်တယ်။ သူမရဲ့မျက်နှာက သွေးအေး ချောက်ချားဖွယ်ကောင်းလှတယ်။
ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်ကို သူမ လက်သင့်ခံလိုက်တည်းက  သူတို့တွေကို တခြားသူတွေ မရိုမသေ ပြုမူဆက်ဆံခွင့် မပြုနိုင်ဘူး။
ရဲ့ယန်လည်း ခန်းမဆောင် အပြင်ဘက်ကို သုတ်သုတ်ပျာပျာ ပြေးသွားလိုက်ပါတယ်။ သူသာ ဒီနေရာမှာ နည်းနည်း ကြာကြာလေး နေလိုက်မိရင်တော့  ယွမ်လော့ဖုန်းက သူ့ကို ဖမ်းဆီးချုပ်နှောင် ထားမှာ စိုးထိတ်မိပါရဲ့။
“အချစ်လေး”
ရဲ့ယန် ထွက်ခွာသွားတဲ့ ဦးတည်ရာကို စောင့်ကြည့်ရင်း ရဲ့ကျင်းချန်းလည်း မဲ့ရွဲ့လိုက်ပါတယ်။
“ဒီကိစ္စသာ ညီတော် နားထဲ ရောက်သွားရင်တော့  ကိုယ့်ကို ပိုမုန်းတီးသွားမှာ စိုးရိမ် ရတယ်”
ယွမ်လော့ဖုန်းလည်း ပြုံးကာ ဟာသနှောလိုက်ပါတယ်။
“အဖေ ဒီလို မလုပ်ရင်လဲ သူက မုန်းနေမှာပါ”
ရဲ့ကျင်းချန်းလည်း   အသိဉာဏ် ဝင်လာခဲ့တယ်။ မှန်ပါတယ်… ဒီတစ်ခေါက် ရဲ့ယန်ကို မရိုက်နှက်ခဲ့ရင်တောင် သူ့ညီတော်က သူ့ကို မုန်းတီးနေဦးမှာပါ၊ ဒီလိုဆိုတော့လဲ သူ ဘာဂရုစိုက်နေစရာ လိုအပ်လို့လဲ။  အများဆုံးတော့ သူ့အမုန်းအာဃာတ တိုးပွားသွားရုံပဲပေါ့။
“အစ်ကို”
ကျွင်းဖန်လျန်လည်း မျက်မှောင်ကြုတ် လိုက်ပါတယ်။
“အရင် ရဲ့အိမ်တော်ကြီးမှာ နေထိုင်တုန်းက ဘယ်ကိစ္စကို မဆို ကျွန်မ သည်းခံ ပေးနိုင်တယ်၊ ဒါပေမဲ့ အခုတော့  ကျွန်မမှာ သားနဲ့ ချွေးမလေး ရှိနေပြီ၊ ရဲ့မိသားစုကြီးက သူတို့ကို အနိုင်ကျင့်ရင်တော့ ကျွန်မကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့”
ရဲ့ကျင်းချန်းလည်း ချိုသာစွာ ပြုံးရင်း ကျွင်းဖန်လျန်ကို သူ့ရင်ခွင်ထဲ ထည့်လိုက်ပါတယ်။
“ကျွင်းအာ… မင်း နားလည်မှုလွဲနေပြီ… ရဲ့မိသားစုကြီးကို ဂရုစိုက်သေးလို့ စိုးရိမ်နေရတာ မဟုတ်ဘူး၊  အစ်ကို့ရဲ့ ညီတော်က မင်းကို ထိခိုက် နစ်နာစေမှာ စိုးရိမ်လို့ပါ… ဒါပေမဲ့ ဖုန်းအာရဲ့လုပ်ရပ်က မှန်ကန်တယ်… ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီမိသားစုက ကိုယ်တို့ကို လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး”
ကျွင်းဖန်လျန် မရောက်လာခဲ့ရင် ရဲ့အိမ်တော်ကြီးရဲ့ ခေါင်းဆောင်နေရာကို ရဲ့ကျင်းချန်း သေချာပေါက် ပိုင်ဆိုင်ရမှာပါ၊ တခြားသူရဲ့လက်ထဲ ရောက်စရာ အကြောင်းကို မရှိပါဘူး၊ ပြီးတော့ ကျွင်းဖန်လျန်က ကိုယ်ဝန်ရှိနေပြီဆိုတော့ ခေါင်းဆောင်နေရာက သူ့လက်ထဲ တစ်ဖန် ကျရောက်လာနိုင်ပါတယ်။
ဒီလို ဘေးကျပ်နံကျပ် အခြေအနေမျိုးကြောင့် သူ့ကို မုန်းနေမှာပဲ။ ရဲ့ကျင်းချန်းရဲ့ဘဝကို ထိခိုက်စေမယ့် ကိစ္စမှန်သမျှကို လုပ်ဆောင်မှာပဲ။ ဒါကြောင့် ယွမ်လော့ဖုန်း မတိုက်ခိုက်ရင်တောင် သူက ရဲ့ယန်ကို အလွတ်ပေးမှာ မဟုတ်ဘူး။
“ကျွင်းအာ…စိတ်မပူနဲ့နော်… မင်းတို့ပဲ ကိုယ့်မိသားစုဝင်ပါ… ရဲ့အိမ်တော်ကြီးက မင်းကို ထိခိုက်ချင်ရင်တောင် ကိုယ်က မင်းကို အသက်ပေးပြီး ကာကွယ် သွားမှာပါ”
ဆုံးဖြတ်ချက် ခိုင်မာမှုများကို ရဲ့ကျင်းချန်းရဲ့မျက်နှာပေါ်မှာ အတိုင်းသား မြင်နေရပါတယ်။ သူတို့ကို ကလန်မှာ မောင်းထုတ်ခဲ့တည်းက  သူတို့ကို စိတ်ပျက်နေခဲ့ပါပြီ။
သူ့ဘဝမှာ ဂရုစိုက်ဆုံး တစ်ဦးတည်းသောလူက ကျွင်းဖန်လျန်ပါ။ ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းကိုလည်း သူမကြောင့် အလေးအနက် ထားပါတယ်။
“အဖေ နဲ့ အမေ”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းလေးကို လှုပ်လိုက်ပါတယ်။
“ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို ပိုင်ဆိုင်ဖို့ နောက်တစ်ကြိမ် ထပ်ကြိုးစားရင်တော့   ကုန်သွယ်ရေး လုပ်ငန်းကို မပေးခင် သူတို့ကို မညှာမတာ ကလိမ်ကျမယ်”
ရဲ့ကျင်းချန်းလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီကိစ္စက မသင့်လျော်ဘူး ထင်တယ်၊ ကုန်သွယ်ရေး လုပ်ငန်းအတွင်းမှာ ရှိတဲ့ တန်းဖိုးမြင့်တဲ့ တခြား ပစ္စည်းတွေနဲ့ လိမ်လည် ရင်တောင် စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ယှဉ်နိုင်မှာ  မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ပြုံးလိုက်ပါတယ်။
“စိတ်မပူပါနဲ့၊ ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို သူ့ ပေးလိုက်လဲ ကိစ္စ မရှိပါဘူး၊ သုံးစားမရတဲ့ အခွံအလွတ်ကြီး ပေးလိုက်မှာလေ၊ ဒီပြင် ရဲ့ယန်ကို ပြောလိုက်တဲ့ စကားက ဖြီးဖြန်းလိုက်တာ မဟုတ်ဘူး၊ ရဲ့ကုန်သွယ်ရေးလုပ်ငန်းက ပိုင်ရှင်ပြောင်းသွားရင်တော့ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရမယ်များ ထင်နေလား”
“ဘာလို့လဲ”
ရဲ့ကျင်းချန်းမှာ ပို တုန်လှုပ်လာရတယ်။
ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို ရဲ့ရှီမို့ အမြဲ ကြီးကြပ်ခဲ့တာပါ၊ ဒါကြောင့် အသေးစိတ် အကြောင်းအရာကို သူ မသိပါဘူး။ ရဲ့ကျင်းချန်းမှာ စဉ်းစားရကျပ်နေစဉ် ရဲ့ရှိမို့၏ ချိုသာသော အသံကို  အပြင်ဘက်မှ ကြားလိုက်ရပါတယ်။
“မွေးစားအဖေ၊ မွေးစားအမေ… ဒီကိစ္စက ရိုးရှင်းပါတယ်၊ ဒီစိတ်စုစည်းဆေးရည်ကို  ခယ်မလေး ထောက်ပံ့ပေးထားတာ”
ရဲ့ကျင်းချန်းမှာ ပျော်ရွှင်မြူးထူးသွားရပြီး စိတ်ရှုပ်ထွေးနေသော မျက်ဝန်းမှ အံ့ဩတုန်လှုပ်သည့်ဘက်သို့ ပြောင်းလဲ သွားတော့တယ်။
သူ့အသက်ရှူသံလည်း မြန်ဆန်လာရပါတယ်။
“သမီးရဲ့ အစ်ကိုပြောတာ အမှန်ပဲလား၊ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို သမီး ပေးထားတာလား”
 
***
အပိုင်း(၈၃၄)

ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၅)

 
ကျောက်စိမ်းလို မျက်နှာနဲ့ အမျိုးသားလေးကို မျက်နှာချင်းဆိုင်ကာ ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်ပါတယ်။
“ဒါကြောင့် ပိုင်ရှင်ပြောင်းလဲသွာရင် စိတ်ဝိညာဉ် စုစည်းဆေးရည် မရနိုင်တော့ဘူးလို့ အခိုင်အမာ ပြောတာပေါ့”
ရဲ့ကျင်းချန်းလည်း အံ့ဩမှင်တက်သွား ရပါတယ်။ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရောင်းချတဲ့လူက တကယ်ပဲ ယွမ်လော့ဖုန်းလား။ သူ့ကုန်သွယ်ရေးလုပ်ငန်းကို ခိုးယူချင်နေတဲ့ သူ့ညီအတွက်တော့ စိတ်မကောင်းပါဘူး… ရယ်စရာ ပြက်လုံး တစ်ခု ဖြစ်နေပြီပဲ။
ရဲ့ကျင်းချန်းနဲ့ ယှဉ်လိုက်ရင်တော့ ကျွင်းဖန်လျန်က ပိုပြီးတော့ တည်ငြိမ်နေပါတယ်။ ယွမ်လော့ဖုန်းရဲ့ ပခုံးကို ပုတ်ကာ တစ်စုံတစ်ရာကို ပြောချင်ပါသော်လည်း စကားတစ်ခွန်းတစ်ပါဒမျှ ထွက်မလာပါဘူး။
“ငါ့ချွေးမလေးက အရည်အချင်းရှိလို့ အမေ့မှာ အချိန်တိုင်း အထင်ကြီး လေးစားမိပါတယ်… ဖုန်းအာ… သမီးအတွက် အမေ ဂုဏ်ယူရပါတယ်”
ကျွင်းဖန်လျန် အရမ်းကို ဂုဏ်ယူမိပါတယ်၊ တခြားသူတွေ သူမလို အရည်အချင်းရှိတဲ့ ချွေးမမျိုး ပိုင်ဆိုင်နိုင်ပါ့မလား၊ သူမရဲ့ သားလေးက အရည်အချင်း ရှိသူပါ။  ရဲ့ကျင်းချန်း၏ညီတော် ရဲ့ကျင်းရွှမ်လို မောက်မာတဲ့ စိတ်ထားရှိသူ၏ သားဖြစ်သူက ကျက်သရေရှိတဲ့ မင်းသမီးလေးကို ပိုင်ဆိုင် ထားရတယ်။
ဒါပေမဲ့ ထိုမင်းသမီးက သူမရဲ့ချွေးမလေးကို ယှဉ်နိုင်ပါ့မလား။
“ဖုန်းအာ”
ရဲ့ကျင်းချန်းလည်း ယွမ်လော့ဖုန်းရဲ့ ဆံပင်ကို  ဖွဖွလေး ပုတ်ကာ ပြုံးလိုက်ပါတယ်။
“သမီးလေးက အဖေ့ကို တကယ် လန့်ဖျပ်စေတယ်… တတ်နိုင်သမျှ သမီးပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖွက်ထားရမယ် တခြားသူတွေ မြင်လို့ မဖြစ်ဘူး၊  မဟုတ်ရင်တော့ တခြားသူတွေက ငမ်းငမ်းတက် လိုချင်မှာပဲ”
ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများ မှေးစဉ်းသွားတဲ့ အထိ မာယာများစွာ ပြုံးလိုက်ပါတယ်။
“စိတ်ဝိညာဉ် စုစည်းဆေးရည်ရဲ့ ဇာစ်မြစ်ကို သိသွားပြီဆိုတော့  သူ့ကို လှည့်ဖျားပြီး ကုန်သွယ်ရေး လုပ်ငန်းကို ပေးလိုက်ပါ၊ ပြီးတော့ သူ့ကို လုပ်ငန်း ပေးအပ်လိုက်ရင် တန်ဖိုးရှိတဲ့ ဆေးပင်အားလုံးကို သိမ်းထားလိုက် သူ့အတွက် တစ်ပင်တစ်လေတောင် မကျန်စေနဲ့”
ရဲ့ကျင်းချန်းလည်း အံ့အားသင့်သွားရတယ်။ အစတုန်းက သူ့ဇနီးကို မာယာအများဆုံးလို့ ထင်ခဲ့မိတယ်… အခုတော့ သူ့ဇနီးထက် ပညာမြင့်တဲ့ ချွေးမကို တွေ့လိုက်ရပါပြီ။ သူမက ဒီလောက် အခြေအနေအထိ ရောက်အောင် လှည့်ဖျားမယ်လား။ ဗလာနတ္တိ ကုန်သွယ်ရေး လုပ်ငန်းကို ရဲ့ကျင်းရွှမ် ရသွားရင်တော့ သေချာပေါက် ငိုမှာပဲ။
“အစ်ကို”
ကျွင်းဖန်လျန်လည်း ပြုံးနေလိုက်တယ်။
“အရင်ကတော့ ရဲ့အိမ်တော်ကြီးမှာ အစ်ကို့ အဆင့်အတန်းကို ဂရုမစိုက်ခဲ့ဘူး၊ အခုတော့ ကျွန်မတို့မှာ ကလေးရှိနေပြီဆိုတော့  ကလေးအတွက် ကောင်းမွန်တဲ့ အနာဂတ်လေးကို ပေးချင်တယ်… ဒါကြောင့် အိမ်တော်ကြီးကို ပြန်ပြီးတော့ အစ်ကို ပိုင်ဆိုင်သင့်တာကို ပြန်ရယူစေချင်တယ်”
“ပြီးတော့…”
ကျွင်းဖန်လျန်လည်း ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။
“ကျွန်မတို့မှာ ကလေးရှိတာကို ရဲ့ကျင်းရွှမ် သိသွားရင် မကောင်းကြံစည်မှာပဲ၊ဒါကြောင့် အရင်ဆုံး တိုက်ခိုက်ပြီး ခေါင်းဆောင်နေရာကို ရယူမယ်…ရဲ့မိသားစု ခေါင်းဆောင်နေရာကို မလိုချင်ရင်လဲ နောက်မှ တခြားသူကို လွှဲပြောင်းပေးလိုက်တော့… ကျွန်မရဲ့ကလေးကို အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ မရှင်သန်စေချင်ဘူး”
ဒါကြောင့်လည်း သူမက အိမ်တော်ကို ပြန်ပြီး အာဏာ သိမ်းစေချင်တာပါ။ ရဲ့ကျင်းရွှမ်ကလွဲရင် တခြား ဘယ်သူမဆို ရဲ့အိမ်တော် ခေါင်းဆောင် ဖြစ်ခွင့် ရှိပါတယ်၊ သူ့စဉ်းလဲတဲ့စရိုက်ကြောင့် သူမတို့မိသားစု ငြိမ်းချမ်းမှာ မဟုတ်ဘူး။
“ကောင်းပါပြီ”
ရဲ့ကျင်းချန်းလည်း ခေါင်းညိတ်လိုက်ပါတယ်။
“ကိုယ် မင်းရဲ့ စကားကို နားထောင်ပေးမယ်၊ ကိုယ်တို့ကလေးအတွက် အိမ်တော်ကြီးရဲ့ အာဏာကို နောက်တစ်ခေါက် သိမ်းယူမယ်”
ကျွင်းဖန်လျန်လည်း ပြုံးလိုက်ပါတယ်။သူမရဲ့လက်က ဝမ်းဗိုက်ကို ထိကိုင်နေရင်း တောက်ပစွာ ပြုံးနေတာပေါ့။ ဒီလို တောက်ပတဲ့ အလင်းရောင်မျိုးကို မိခင်တစ်ယောက်မှာသာ တွေ့နိုင်ပါတယ်။
ကျွင်းဖန်လျန်ရဲ့ စိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့ အပြုံးကို ငေးမောကြည့်ရင်း သူတို့အတွက် ပြသနာတိုင်းကို ရင်ဆိုင် ဖြေရှင်းမယ်လို့ ယွမ်လော့ဖုန်းလည်း ယတိပြတ် ဆုံးဖြတ်လိုက်ပါတယ်။
ရဲ့ချီက ခန်းမဆောင်အပြင်ဘက်မှာ ဘယ်အချိန်တည်းက ရောက်နေမှန်းတော့ မသိပါဘူး။  သူ့မွေးစား မိဘတွေ ပြောတဲ့ စကားကို ကြားမှာတော့ မလွဲဧကန်ပါ။
စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ယွမ်လော့ဖုန်း ဖော်စပ်ထားမှန်းသိရတော့ သူမမှာ ရှက်စိတ်မွှန်ထူလာရတယ်။  ဒါကြောင့်လည်း သူမနဲ့ အငြင်းပွားတဲ့နေ့က ဆေးရည်ကို အစ်ကိုကြီးက မထုတ်ပေးခဲ့တာပေါ့။ အမှန်တကယ်တော့ ယွမ်လော့ဖုန်းကြောင့်ပေါ့။ သူမကို ရန်လုပ်တဲ့လူကို သူမဆိုရင်လဲ ပေးမှာ မဟုတ်ဘူး။
ရဲ့ချီလည်း နှုတ်ခမ်းကိုဖိကိုက်ထားလိုက်တယ်။ အရင်နေ့တုန်းက အဖြစ်အပျက်များကို ပြန်တွေးရင်း အမှားအများကြီး ကျူးလွန်ခဲ့မိမှန်း သူမ နားလည် လာခဲ့ပါတယ်။ ယွမ်လော့ဖုန်းက သူမကို အကြံဉာဏ်ပေးတာ မမှားပါဘူး။
သူမရဲ့ဘဝမှာ သူမကို ထိခိုက်စေခဲ့လူက ဘယ်တုန်းကမှ သူမရဲ့မိသားစု မဟုတ်ခဲ့ဘူး။
 
***
အပိုင်း(၈၃၅)

ရဲ့မိသားစုမှ တစ်စုံတစ်ယောက် (၆)

 
အစတည်းက အစ်ကိုကြီးရဲ့ စကားကို နားထောင်ခဲ့မိရင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်စရာမလိုတော့ဘူး။အချိန်အကြာကြီး သူတစ်ပါး လှည့်ဖျားတာကို ခံရမှာ မဟုတ်ဘူး။
ဒီအကြောင်းကို တွေးရင်း ရဲ့ချီလည်း ခန်းမဆောင် အတွင်းမှ သာယာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ဖျတ်ခနဲ ကြည့်လိုက်ပါတယ်။ သူမလည်း ဝမ်းနည်းညှိုးငယ်စွာ ကျောခိုင်းရင်း ခြံဝင်း အပြင်ဘက်သို့ တိတ်တဆိတ် ထွက်ခွာ သွားတော့တယ်။
တစ်စုံတစ်ရာကို သတိထားလိုက်မိတော့ ယွမ်လော့ဖုန်းလည်း ခေါင်းလှည့်ကြည့်လိုက်တော့ ဝေးကွာသွားတဲ့ ရဲ့ချီ၏ ပုံရိပ်ငယ်လေးကို လှမ်းမြင်လိုက်ရပါတယ်။
လူတိုင်းက ဒီလိုပါပဲ။ နာကျင်ခံစားရမှု မရှိရင် သူတို့ရဲ့လုပ်ရပ်ကို ဘယ်တော့မှ ပြန်လည် မသုံးသပ်ပါဘူး။ ရွှယ်ရုံအာရဲ့ ကိစ္စကြောင့်သာ မဟုတ်ရင် ရဲ့ချီက တစ်ဇွတ်ထိုး လုပ်ဆောင်တတ်တဲ့ မိန်းမပျိုလေး အဖြစ် ဆက်လက် ရှိနေပြီး သူမ မှားတယ်လို့ သံသယ ဖြစ်မှာ မဟုတ်ဘူး။
 
***
 
ရဲ့အိမ်တော်
လူသူကင်းမဲ့သော တောအုပ်အတွင်း… တင်းတင်းကျပ်ကျပ် လုံခြုံအောင် ပိတ်ထားတဲ့ တံခါးက ဖြည်းဖြည်းချင်း ဖွင့်လာပါတယ်။ သိပ်မကြာခင်မှာဘဲ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ခွာလာ ပါတယ်။
သူ့ကို မြင်တော့ အပြင်မှာ စောင့်ဆိုင်းနေတဲ့ လူအားလုံး မြေကြီးပေါ်မှာ ဒူးထောက်ကာ ရိုသေလေးစားစွာ စကားဆိုပါတယ်။
“လူသူကင်းမဲ့တဲ့ နေရာမှ ထွက်ခွာလာလို့ သခင့်ကို ဂုဏ်ပြုပါတယ်”
အကြီးအကဲလည်း ခေါင်းညိတ်ကာ အားလုံးကို ဖြန့်ကျက် ကြည့်ရှု့လိုက်ပါတယ်။
“ရွှမ်အာ… ငါမရှိတုန်း တစ်ခုခု ဖြစ်ခဲ့သေးလား”
ရဲ့ကျင်းရွှမ်က အတော်လေး ကျိုးနွံနေပါတယ်။
“အဖေမရှိတဲ့ အချိန်မှာ ကလန် အကြီးအကဲတွေက အစ်ကိုကြီးကို ရဲ့မြို့တော်ထဲ ပြည်နှင်ဒဏ်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်”
 ပြည်နှင်ဒဏ်ပေးခြင်းရဲ့ ဆိုလိုရင်းက ရဲ့မိသားစုမှ မောင်းထုတ်လိုက်ခြင်းပါ။
အစတည်းက အပြစ်အားလုံးကို ရဲ့ကျင်းချန်းပေါ် လွှဲချခြင်းသော်လည်း သူ့အလိမ်အညာ အားလုံးကို   ရိပ်စားမိနိုင်တာကြောင့် အမှန်အတိုင်းပဲ ပြောလိုက်တာ ပိုကောင်းမွန်ပါတယ်။
ကံကောင်းထောက်မလို့ အကြီးအကဲက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပါတယ်။ ဒီအတွက် ရဲ့ကျင်းချန်းကို အပြစ်တစ်စုံတစ်ရာမှ မဆိုပါဘူး။
“ထွက်သွားတာ ပိုကောင်းပါတယ်၊ ရဲ့အိမ်တော်မှာ နေထိုင်ရတာထက်  ရဲ့မြို့တော်မှာ နေထိုင်ရခြင်းကို ပိုသင့်လျော် ကောင်းမွန်ပါတယ်လေ”
ကျွင်းဖန်လျန်သာ မမြုံခဲ့ရင် ရဲ့မိသားစု၏ သခင်လေးနေရာကို ရဲ့ကျင်းရွှမ်ကို ပေးမိမှာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရဲ့မိသားစုကို ခေါင်းဆောင်သူက ဆက်ဆံသူ မရှိလို့ မရဘူး။
သူ့ ဒုတိယသားထက် တည်ငြိမ် ရင့်ကျက်တဲ့ ရဲ့ကျင်းချန်းကို ပို သဘောကျ နှစ်ခြိုက်ပါတယ်။
ဒါကြောင့်လည်း ရဲ့ကျင်းရွှမ်က  ရဲ့ကျင်းချန်းက အဘိဇ္ဈာ ပွားကာ မကျေမချမ်း ဖြစ်နေတာပေါ့။
ရဲ့ကျင်းရွှမ်လည်း ခေါင်းငိုက်စိုက်ကာ သူ့ရဲ့ ကျိုးနွံမှုကို ဖယ်ခွာလိုက်တော့  သူ့မျက်ဝန်းမှာ မလိုမုန်းထားမှုများ တဖိတ်ဖိတ်တောက်နေခဲ့တယ်။
ရဲ့အိမ်တော်စုမှ ထွက်ခွာသွားပြီးနောက်  အစ်ကိုကြီးက ငြိမ်းချမ်းစွာ နေထိုင်ခဲ့ နိုင်လို့လား။
 မဟုတ်ဘူး အစ်ကိုကြီးကို အေးအေးချမ်းချမ်း နေခွင့် မပေးနိုင်ဘူး။ အစ်ကိုကြီး အသက်ရှင်သန်သရွေ သူ့မှာ စိုးရိမ် ကြောင့်ကြ ကင်းမဲ့စွာ ရဲ့အိမ်တော် သခင်လေး မဖြစ်နိုင်တော့ဘူး။
“အဖေ”
ရဲ့ကျင်းရွှမ်လည်း ခေါင်းမော့ကာ စကား ဆက်ပြောလိုက်ပါတယ်။
“အဖေ့ကို သတင်းပေးခြင်းတဲ့ ကိစ္စ တစ်ခု ရှိပါသေးတယ်၊ ဝမ်အာက တော်ဝင်မိသားစု မင်းသမီးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်၊ အရှင်မင်းမြတ်ကလည်း လက်ထပ်ပေးဖို့ သဘောတူထားတယ်၊ မင်္ဂလာပွဲ ကျင်းပဖို့ အဖေ ထွက်လာမယ့် အချိန်ကို စောင့်မျှော်နေတာပါ”
တော်ဝင်မင်းသမီး ကျန်းမုံ့ယောင်က တော်ဝင်မြို့တော်မှာ အချောဆုံး မိန်းမပျိူလေးပါ၊ သူမရဲ့ အလှကို ယှဉ်နိုင်သူ မရှိသလို သူမရဲ့ အထုံပါရမီက တခြားသူထက် သာလွန်ပါတယ်၊ ဒီပြင် သူမရဲ့ဆေးပညာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါသေးတယ်၊ ဒီလို ပြီးပြည့်စုံတဲ့ ချွေးမလေးကို  ပိုင်ဆိုင်ထားရတော့ ရဲ့ကျင်းရွှမ်မှာ ဂုဏ်ယူ ဝင့်ကြွားမိပါတယ်။
“ဪ”
 မျှော်လင့်ထားသလိုပါပဲ… သူ ပြောလိုက်တဲ့ စကားကို ကြားလိုက်ပြီးနောက် အဘိုးအိုရဲ့ မျက်နှာက ပျော်ရွှင်မြူး ရိပ်သန်းလာ ခဲ့ပါတယ်။
“ကောင်းတယ်၊ အရမ်းကို ကောင်းမွန်လွန်းတယ်၊ တော်ဝင်မိသားစုရဲ့ နှစ်သက်မှုကို ရရှိတာ ရဲ့မိသားစု တိုးတက်မှု လမ်းစပဲ”
ရဲ့ကျင်းရွှမ်လည်း ပျော်ရွှင်မိပါတယ်။ သူသာ တော်ဝင်မိသားစုနဲ့ တစ်လှေတည်းစီး ခရီးသွား ဖြစ်ရရင်တော့ ရဲ့ကျင်းချန်းက သူ့အာဏာကို လုယူလို့ မရတော့ပါဘူး။
“ရွှမ်အာ… အဖေ မရှိတဲ့အချိန် အနောက်ဘက် အဆောင်ကို တစ်စုံတစ်ယောက် သွားသေးလား”
အကြီးအကဲ အဘိုးအိုက မျက်မှောင်ကြုတ်ကာ ခပ်တန်းတန်း မေးလိုက်ပါတယ်။
ရဲ့ကျင်းရွှမ်လည်း တရိုတသေ ပြန်ဖြေလိုက်ပါတယ်။
“အဖေ… မစိုးရိမ်ပါနဲ့၊ အနောက်ဘက်ခြံက ကျွန်တော်တို့ ရဲ့မိသားစုရဲ့ တားမြစ်ထားတဲ့ နယ်မြေပါ… ဘယ်သူမှာ အဲဒီနေရာကို မသွားရဲပါဘူး”
“ဟုတ်လို့လား၊ ငါ အဲဒီနေရာကို သွားပြီး လေ့လာကြည့်ရှု့ ဦးမယ်”
အဘိုးအိုမှာ စိတ်ဂနာမငြိမ် ဖြစ်ရကာ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဘာမှ မတွေးတောကာ အနောက်ဘက် တောင်ကုန်းဘက်ကို လျှောက်လှမ်းသွားတယ်။
 
***
အပိုင်း(၈၃၆)

ဟောင်ဟောင်ရဲ့ ဇာစ်မြစ်

 
ဒါပေမဲ့လည်း အနောက်ဘက် တောင်ကုန်းအနား မရောက်ခင်မှာပဲ ဝေ့ဝဲနေတဲ့ တန်ခိုးအစွမ်းများ ပျောက်ကွယ်နေတယ်လို့  သူ ခံစားမိပါတယ်။ ချက်ချင်း သူ့မျက်နှာထားက ပြောင်းလဲသွားပြီး ရဲ့ကျင်းရွှမ်နဲ့ နောက်စေ့ကို ရိုက်ချလိုက်တယ်။
“ရွှမ်အာ…မင်း ရူးနေလား၊ ငါ့ကိုများ လိမ်ညာရဲသေးတယ်၊ အခုအချိန်အထိ အနောက်ဘက် တောင်ကုန်းထဲ ဘယ်သူမှ မဝင်ဘူးလို့ ပြောရဲသေးတယ်”
ရဲ့ကျင်းရွှမ်မဗာ အရိုက်ခံရလို့ ပြူးတူးကြောင်တောင် ဖြစ်သွား ရပါတယ်။ သူလည်း အဘိုးအိုကို နားမလည်နိုင်စွာ ငေးမော ကြည့်လိုက်ပါတယ်။
“အဖေ… ဘာဖြစ်ခဲ့မှန်း ကျွန်တော် ဘာမှ မသိပါဘူး၊ ဒီပြင် အနောက်ဘက်တောင်ကုန်းက တားမြစ် နယ်မြေ မဟုတ်ဘူးလား၊ ဘယ်သူက ဝင်ရဲမှာလဲ”
အဘိုးအိုမှာ လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သော်လည်း စိတ်ပျက်လက်ပျက် လက်ကို ပြန်ချထားလိုက်ပါတယ်။
အိုမင် ရင့်ရော်သော မျက်နှာမှာ ဒေါသများ ဖုံးလွှမ်းနေတော့တယ်။
“အနောက်ဘက် တောင်ကုန်းကို ဘာလို့များ တားမြစ်နယ်မြေလို့ ခေါ်လဲ သိလား”
ရဲ့ကျင်းချန်းလည်း ခေါင်းခါလိုက်ပါတယ်။  ရဲ့မိသားစု အနောက်ဘက် တောင်ကုန်းမှာ  ရဲ့မိသားစု၏ လျှိုဝှက်ချက်တွေ တည်ရှိနေလို့ ဖြစ်မှာပေါ့။ သူက ရဲ့မိသားစု သခင်လေး ဖြစ်နေတောင် အနောက်ဘက် တောင်ကုန်းနဲ့ မရင်းနှီးဘူး။
“တောင်ကုန်းပေါ်မှာ လူတစ်ယောက် နေထိုင်လို့ တားမြစ် နယ်မြေလို့ ခေါ်ခဲ့တာ… မဟုတ်သေးဘူး၊ သူမကို လူလို့ ပြောလို့ မရနိုင်ဘူး၊ မင်းအဘိုး… ငါ့အဖေ ရဲ့ ပြောစကားအရတော့  အနောက်ဘက် တောင်ကုန်းမှာ အစွမ်းထက်တဲ့ မြေခွေး တစ်ကောင် နေထိုင်တယ်တဲ့”
မြေခွေး
ရဲ့ကျင်းရွှမ်မှာ စိတ်ရှုပ်ထွေးသွားရတယ်။ ရဲ့မိသားစုမှာ ဒီလိုမျိုး ဖြုံလောက်တဲ့ စိတ်ဝိညာဉ် သားရဲ ရှိတာကို သူ ဘာကြောင့်များ မသိခဲ့ရလဲ။
အဘိုးအိုက စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ဆက်ပြောလိုက်ပါတယ်။
“ဒီမြေခွေးက ငါတို့ ဘိုးဘေးရဲ့ ဆရာ၊ ရဲ့မိသားစု မျိုးဆက် အားလုံးက သူမကို အမွန်အမြတ်ထားပြီး  သူမရဲ့ အမိန့်ကို နာခံရမယ်လို့ မိသားစု ပညတ်ချက် ရှိတယ်၊ ငါလည်း ဒီမြေခွေးကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့လည်း အနောက်ဘက် တောင်ကုန်းနားက  အားပြင်းတဲ့ တန်ခိုး အစွမ်းကိုတော့ ခံစားမိတယ်၊ အခု တန်ခိုးအစွမ်းတွေ ဆိတ်သုန်နေတယ်၊  ဒါတောင် မင်းက  မြေခွေး ရှိနေတုန်းလို့ ပြောရဲသေးတယ်လား”
ရဲ့ကျင်းရွှမ်လည်း သူ့ ဦးခေါင်းနောက်ကို ကုတ်ခြစ်နေလိုက်တယ်။
“သူမဘာသာ ထွက်သွားတာ ဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ဘူး၊ အဲဒီမြေခွေးက သူ့ဘာသာ လျှောက်သွားမှာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က သူမကို ခေါ်သွားတာ ဖြစ်ရမယ်”
အဘိုးအိုလည်း စိတ်ပျက်စွာ ပြောလိုက်ပါတယ်။
“ငါ တရားထိုင်နေချိန် အနောက်ဘက် တောင်ကုန်းကို စောင့်ကြည့်ပြီး အလုပ်ကောင်းကောင်းလုပ်ဖို့ မှာကြားထားခဲ့ပါတယ်၊ ဒီလို ပြဿနာ ကြီးကြီးမားမားကို မသိဘူးဆိုတော့ မင်း ဒီနှစ်တွေမှာ ဘာအလုပ်တွေ လုပ်နေလဲ”
ရဲ့ကျင်းရွှမ်မျက်နှာက သုန်မှုန်နေတော့တယ်။ အဖေက တန်ခိုးအစွမ်းကို ခံစားမိနိုင်တယ်လေ… ကျွန်တော်မှ မသိနိုင်တာ… ဒီအနောက်ဘက် တောင်ကုန်းပေါ် ဘယ်သူမှ မလာခဲ့ပါဘူး။
“သူမကို အခုချက်ချင်း ရှာစမ်း၊  သူမကို ရှာဖို့ ဝေးလံခေါင်းပါးတဲ့ နေရာလွတ်တောင် မကျန်စေနဲ့ တွေ့အောင် ရှာစမ်း”
ညိုမည်းနေသော မျက်နှာအမူအရာနဲ့ အဘိုးအိုက ခက်ထန်စွာ အမိန့်ပေးတယ်။
ရဲ့ကျင်းရွှမ်လည်း ခဏတော့ တွေးတွေးဆဆ ဖြစ်သွားရတယ်။
“အဖေလည်း သူ့ကို မမြင်ဖူးတော့…ဘယ်လို ရှာရမလဲ”
“ငါ ဂရုမစိုက်ဘူး၊ မင်း အမှားပဲ… ဒီကိစ္စကို မင်း တာဝန်ယူရမယ်…မြေခွေးနဲ့ ပတ်သက်တဲ့ သတင်းတချို့ ပေးလိုက်မယ်… သူမက မြေခွေးမ…. အမြီး ၈ခုပဲ ရှိတယ်”
ဒီသတင်းအပိုင်းအစကိုပဲ ဘိုးဘေး ချန်လှပ်ထားခဲ့တာပါ။
“အဖေက ကျွန်တော်ကို ကောက်ရိုးပုံမှာ အပ်ပျောက် ရှာခိုင်းသလိုပဲ”
ရဲ့ကျင်းရွှမ်လည်း သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်ပါတယ်။
အဘိုးအိုလည်း သူ့ကို သွေးအေးစွာ ကြည့်လိုက်ပါတယ်။
“ဒီအချက် ၂ချက်က လုံလောက်ပြီ… မင်း သူ့ကို ရှာတွေ့ရင်လည်း သူမကို ယဉ်ယဉ်ကျေးကျေး ပြောဆို ပြုမူရမယ် မရိုင်းစိုင်းနဲ့၊  သူမမှာ ပြန်လာချင်တဲ့ ဆန္ဒ မရှိရင်လည်း သူမကို ကာကွယ်ပေးဖို့ လူတစ်ချို့ လွှတ်ထားလိုက်”
ရဲ့ကျင်းရွှမ်မှာ သူ့အဖေရဲ့ အပြုအမူကို လုံးဝကို နားမလည်နိုင်ပါဘူး။ သူ့အတွေးထဲမှာတော့  မြေခွေးကို ရှာတွေ့ရင် ပြန်ခေါ်လိုက်တာ အကောင်းဆုံး မဟုတ်ဘူးလား။
အဘိုးအိုကလည်း သူ့အတွေးစိတ်ကူးကို ရိပ်စားမိတယ် ထင်ပါတယ်။ သူလည်း သက်ပြင်းချကာ ပြောလိုက်ပါတယ်။
“ရွှမ်အာ… ငါတို့ ရဲ့မိသားစု တည်ရှိရခြင်းရဲ့ အကြောင်းအရင်းက ဒီမြေခွေးကို ကာကွယ်ပေးဖို့ပဲ၊ ပြောရရင်တော့ ငါတို့က ဒီမြေခွေးရဲ့ အစေခံတွေပဲ၊ ဘယ်အစေခံက သခင့်ကို အတင်းအကျပ် စေခိုင်းလို့လဲ”
 ရဲ့ကျင်းရွှမ်မှာ ချက်ချင်း ကြောင်တောင်တောင် ဖြစ်သွားရပါတယ်။ ဒီသတင်းက သူ့အသိဉာဏ်ကို ဖီဆန် နေသလိုပါပဲ။
နှစ်ပေါင်းများစွာ ရဲ့မိသားစု တည်ရှိနေရတဲ့ အကြောင်းအရင်း အမှန်က စိတ်ဝိညာဉ် သားရဲကို ကာကွယ်ပေးဖို့တဲ့လား။ သူ့ကို အထင်ကြီးလေးစား စေခဲ့တဲ့  ရဲ့မိသားစုက စိတ်ဝိညာဉ်သားရဲ တစ်ကောင်ရဲ့ အစေခံအဆင့်ပဲ ရှိတာလား။
 
***
အပိုင်း(၈၃၇)

ရဲ့အိမ်တော်ကြီးသို့ ထွက်ခွာခြင်း (၁)

 
ရဲ့ကျင်းရွှမ် မှင်တတ်နေတာကို စောင့်ကြည့်ရင်း  အဘိုးအိုလည်း မဲ့ရွဲ့လိုက်ပါတယ်။ အရင်တုန်းက ငါလည်း ဒီအကြောင်းကို သိရတော့ မင်းလိုပဲ လက်ခံဖို့ ခဲယဉ်းခဲ့ပါတယ်။ ဒါပေမဲ့ ဘိုးဘေး ချမှတ်ထားတဲ့ ပညတ်ချက်ကို မလိုက်နာလို့ မရဘူး။ ဒါကြောင့် ငါလည်း အမှန်တရားကို လက်ခံပေးခဲ့တယ်။
“အဖေ… ကျွန်တော် နားလည်ပါပြီ”
ရဲ့ကျင်းရွှမ်လည်း သတိပြန်ဝင်လာကာ ပြန်လည် ဖြေကြားလိုက်ပါတယ်။
“အဲဒီ မြေခွေးကို ရှာဖွေ လူလွှတ်လိုက်ပါမယ်”
အဘိုးအိုလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။
“တရားထိုင်နေလဲ နောက်တစ်ဆင့်ကို မရောက်သေးဘူး… ရက်အနည်းငယ်လောက်တော့ ဆက်ပြီး စိတ်စွမ်းအား ကျင့်ကြံဦးမယ်…၊ ရွှမ်အာ… မင်းနဲ့ ချန်းအာက အမေမတူပေမဲ့ ညီအစ်ကိုတွေပါ… တစ်ယောက်နဲ့တစ်ယောက် ချစ်ခင် လေးစားဖို့ မျှော်လင့်ပါတယ်… နားလည်ရဲ့လား”
ရဲ့ကျင်းရွှမ်ရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး ပြုံးလိုက်ပါတယ်။
“အဖေ စိတ်ချပါ… ကျွန်တော်က အစ်ကိုကြီးကို အမြဲ အထင်ကြီး လေးစားပါတယ် ဘာကြောင့်များ အစ်ကိုကြီးကို အရင်ဦးဆုံး ပြဿနာ ရှာရမလဲ… ကျွန်တော့်မှာ အစားအသောက် တစ်ခုတည်း ရှိရင်တောင်  ကျွန်တော့်က အစ်ကိုကြီးကို ပေးမှာပါ၊ ဖြစ်နိုင်ရင် မိသားစုရဲ့ သခင်လေး နေရာကို အစ်ကိုကြီးကို ပေးအပ်ချင်ခဲ့တာပါ…ဒါပေမဲ့လည်း ကံဆိုးရှာတဲ့ အစ်ကိုကြီးမှာ အမွေဆက်ခံသူ မရှိရှာတော့ မိသားစု အကြီးအကဲတွေက ကျွန်တော်ရဲ့ အပြုအမူကို လက်သင့်မခံကြဘူး။
ဒီအဘိုးကြီးက နှစ်ပေါင်းစွာကြာလည်း သူ့ကို သံသယ ဝင်နေတုန်းပဲ၊ ဒါကြောင့်လည်း သူ့ကို တမင်တကာ သတိပေး စကား ပြောတာပေါ့၊  ဒါပေမဲ့လည်း ရဲ့မိသားစု အကြီးအကဲ ဖြစ်လာဖို့ အဘိုးကြီးကို မျက်နှာချိုသွေး ရဦးမယ်။
အဘိုးအိုလည်း ရဲ့ကျင်းရွှမ်ကို တစ်ချက်မျှ ကြည့်လိုက်ပါတယ်။
“မင်း ဒီလိုတွေးရင်တော့ ငါ စိတ်အေးရတာပေါ့ မင်းသမီးမုံ့ယောင်နဲ့ ဝမ်အာအတွက် ရက်ကောင်း ရက်မြတ် ရွေးချယ်ပေးမယ်… အဲဒီကိစ္စ ပြီးပြတ်ရင်တော့  ဆက်လက်ပြီး ကျင့်ကြံ အားထုတ်ဦးမယ်… အတားအဆီးကို ဖြတ်ကျော်လို့ မရသရွေ့ ထွက်မလာတော့ဘူး”
“ဟုတ်ကဲ့ပါ အဖေ”
ရဲ့ကျင်းရွှမ်လည်း ခေါင်းငုံ့ကာ ချောက်ချားဖွယ် ကောင်းအောင် ပြုံးလိုက်ပါတယ်။
အဘိုးကြီး မရှိရင်တော့ ရဲ့မိသားစု အကုန်လုံးက သူပိုင်ဆိုင်တဲ့ ကမ္ဘာကြီး နောက်တစ်ကြိမ် ဖြစ်ပြန်ဦးမယ်။ ရဲ့မိသားစု အကြီးအကဲ အဖွဲ့ထဲမှာ သူ့ကို မကျေနပ်တဲ့လူတွေ ရှိနေလဲ သူ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူ့စကားတစ်ခွန်းတည်း အရေးပါ အရာရောက်မှာပါ။

ရဲ့မြို့တော်… ရဲ့အိမ်တော်
ကျွင်းဖန်လျန် အမိန့်ပေးထားတဲ့ အတိုင်း အစေခံများက အဝတ်အစားများကို ခရီးဆောင်အိတ်ထဲ ထည့်နေကြတယ်။ လိုအပ်မယ့်ထင်တာကို စီစဉ်ပြီးနောက်  မြင်းထားရာ နေရာကို ထွက်ခွာ လာခဲ့တယ်။
ပုံမှန်အတိုင်းပဲ ယွမ်လော့ဖုန်း နဲ့ ယွမ်ရှောင်က မြင်းတစ်စီး၊ ရဲ့ကျင်းချန်း နဲ့ ကျွင်းဖန်လျန်က မြင်းတစ်စီးတည်း အတူတူ စီးနင်းကြတယ်။ ရဲ့ရှီမို့ နဲ့ ရဲ့ရှီက မြင်းတစ်ကောင် ချင်းစီပေါ့။
သူ့ရှေ့မှာ ရှိနေတဲ့ စုံတွဲများကို ကြည့်ကာ ရဲ့ရှီမို့မှာ အနည်းငယ်တော့ ဝမ်းနည်း မိပါတယ်။
“အရင်က အဖေနဲ့ အမေ ကြည်နူးနေတာကို မြင်ရတာ သူ့အတွက်တော့ ကိစ္စ မရှိဘူး၊ အခုတော့ ညီတော်နဲ့ ခယ်မလေးတို့အတွဲပါ ရှိနေပြီ၊  ကြည့်ရတာတော့ သူလည်း လက်ထပ်ဖို့ စဉ်းစားသင့်ပြီး ထင်ပါရဲ့”
ရဲ့ရှီမို့က မိန်းကလေးများကြားမှာ ဂုဏ်သတင်း ကျော်ကြား သော်လည်း အားလုံးနဲ့ သူငယ်ချင်း ဆက်ဆံရေးထက် မပိုလျှံခဲ့ပါဘူး၊ သူ့အတွက်တော့ အချစ်ဆိုတာ မွေးစားမိဘတွေလို ချစ်ခင်မြတ်နိုးရတဲ့ ဆက်ဆံရေးတစ်ခုပဲ။  သူ ချစ်တဲ့ တစ်စုံတစ်ယောက်ကို မတွေ့ခင် အထိ လူလွတ်တစ်ယောက် အဖြစ် နေထိုင်သွားမှာပါ။
ရဲ့ရှီ အကြည့်များက ရဲ့ရှီမို့နောက်ကိုသာ မက်မက်မောမော လိုက်ပါနေခဲ့သော်လည်း သူ ပြောခဲ့တဲ့ စကားကို ကြားလိုက်ရတော့ သူ့နှလုံးသားမှာ နာကျင်မှုများ ထိုးဖောက် ဝင်ရောက်လာတော့တယ်။ သူ့ခံစားချက်များကို ဖုံးကွယ်ဖို့ မျက်လုံးများကို ပိတ်ထားမိပါရဲ့။ သူ့အစ်ကိုကြီးက သူမကို ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်မှန်း သူမ သိနေပါတယ်။ ဒီလိုဆိုရင်တောင် အစ်ကိုကြီးရဲ့ အနာဂတ် ဇနီးလောင်းကို သူ မရင်ဆိုင်ရဲဘူး။
ကျေးဇူးတင်စရာ ကောင်းတာက  အစ်ကိုကြီးက ဒီနှစ်တွေမှာ လူလွတ်တစ်ယောက် အဖြစ် နေထိုင်ပေးခဲ့တယ်။ အနာဂတ် အကြောင်းကို တွေးမိတိုင်း သူမရဲ့နှလုံးသားကို ဖျစ်ညှစ်ထား သလိုပါပဲ။ သူမရဲ့လက်များက မသိစိတ်လှုံဆော်မှုကြောင့် ကျာပွတ်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပါတယ်။
“ငါတို့ အားလုံး အဆင်သင့် ဖြစ်ပြီ…. ခရီးထွက်ကြမယ်”
ကျွင်းဖန်လျန်လည်း ရဲ့ကျင်းချန်း၏ခါးကို တင်းကျပ်နေအောင် ဖက်ထားကာ ကျောကို မှီထားလိုက်ပါတယ်။ သူမရဲ့မျက်ဝန်းများက ဆုံးဖြတ်ချက် ခိုင်မာနေပါတယ်။
“ဒီတစ်ကြိမ်တော့ ငါတို့ မရှုံးနိမ့်စေရဘူး”
 သူမရဲ့ဝမ်းဗိုက်ထဲမှ မမွေးဖွားရသေးတဲ့ ကလေးကို ဖြစ်ဖြစ်  ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့ကို ဖြစ်ဖြစ် ဘယ်သူကိုမှ အနိုင်ကျင့် နှိပ်စက်လို့ မရဘူး။
 
***

Bạn đang đọc truyện trên: Truyen247.Pro