Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 818+819+820+821+822

အပိုင်း(၈၁၈)

ငါ့အပြစ်မဟုတ်ဘူး(၁)

 
ရွှယ်ရုံအာမှာ ပြတ်တောင်း ပြတ်တောင်းနဲ့ ရှိုက်ကြီးတငင် ငိုကြွေး နေတော့တယ်။ သူမရဲ့မျက်လုံးများ ဟာလည်း မျက်ရည်များဖြင့် စိုရွှဲနေတော့တယ်။ တစ်ချက်မျှ ကြည့်လိုက်ရင်တော့ သူမရဲ့ စကားလုံးများက ဟောင်ဟောင်ကို အပြစ်မတင်ဖို့ ပြောနေတယ်လို့ ထင်ရသော်လည်း အမှန်တကယ်တော့ လူသတ်ပြီး မီးရှို့သူက ဟောင်ဟောင်လို့ မီးမောင်းထိုးပြ နေခြင်းပါ။
အရင်တုန်းက သူမကို မညှာမတာ ရိုက်နှက်တည်းက ဒီကောင်မလေးဟာ ဘာမဆို လုပ်ရဲမှာပဲလေ။ 
ရဲ့ချီ နှလုံးသားမှာ ဒေါသမီးလျှံများ ပေါက်ဖွားလာကာ ဟောင်ဟောင်ကို ပြစ်ဒဏ်ခတ်ဖို့ သွားရောက် ရှာဖွေချင်စိတ်များ တဖွားဖွား ပေါ်ပေါက် လာရတယ်။ သို့သော်လည်း သွေးအေးတဲ့ ရဲ့ရှီမို့မျက်ဝန်းများကို ပြန်လည် မြင်ယောင်လာတော့ သူမရဲ့ အတွေးများကို ပယ်ထုတ် လိုက်ပါတယ်။
“ရုံအာ … ငါနဲ့အတူတူ ရဲ့အိမ်တော်ကို လိုက်ခဲ့ … သူမလုပ်ခဲ့လားဆိုတာ မေးစမ်းကြည့်မယ်၊ အခုဆို နင့်မှာ သွားစရာ နေရာ မရှိဘူးမလား၊ ရက်အနည်းငယ်လောက် နင့်ကို ရဲ့အိမ်တော်မှာ နေထိုင်ခွင့်ပေးဖို့ မွေးစားအမေကို တောင်းပန်စကား ပြောပေးမယ်”
ရွှယ်ရုံအာလည်း တအံ့တဩ ဖြစ်သွားလို့ ငိုကြွေးဖို့ မေ့လျော့ သွားခဲ့ပါတယ်။
ရဲ့ချီ၏ စိတ်နေစိတ်ထား အရဆိုရင် သူမ စကားကြောင့် ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီး သူမအတွက် ဟောင်ဟောင်ကို ချက်ချင်း သတ်မှာလေ …. အခုတော့ ဘယ်လိုများ ဖြစ်ရတာလဲ။ ဘာကြောင့်များ အမှန်တရားကို စုံစမ်းဖို့ တွေးကြံနေလဲ။
ဘာပဲဖြစ်ဖြစ်ပါလေ … ဒီညတော့ ရဲ့အိမ်တော်မှာ နေထိုင်ခွင့် ရပြီလေ။ သူမမှာ ယွမ်ရှောင်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရပြီလို့ ပြောလို့ ရတယ်။ သူမကို ယွမ်ရှောင် ချစ်သွားရင် … ရဲ့မြို့တော်ဟာ သူမလက်ထဲက နယ်ရုပ်လေး ဖြစ်သွားပြီ။
အပြင်ဘက်မှာ စိတ်ပျက်စရာများနဲ့ ပွက်လောရိုက် နေသော်လည်း ရဲ့အိမ်တော်မှာတော့ ပျော်စရာများဖြင့် ပြည့်နှက် နေတော့တယ်။
ထိုစဉ် အမျိုးသား အစေခံ တစ်ယောက် ဝင်ရောက်လာပြီး အလျင်စလို သတင်း ပို့လိုက်ပါတယ်။
“သခင် … သခင်မ၊ သခင်မလေး ပြန်ရောက်လာပါပြီ၊ ရွှယ်မိန်းကလေးလည်း အတူတူ ပြန်ပါလာတယ်”
အပြင်မှာဆိုရင် အားလုံးက ရဲ့ကျင်းချန်းကို သခင်လေးလို့ သုံးနှုန်းသော်လည်း ရဲ့အိမ်တော်မှာတော့ ‘သခင်’လို့ ခေါ်ပါတယ်။
ရဲ့အိမ်တော်ကို ရွှယ်ရုံအာ နောက်တစ်ခါ လာတယ်လည်း ကြားတော့ ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်တို့ နှစ်ယောက်စလုံး မျက်နှာ မကောင်းပါဘူး။
“ငါတို့အိမ်က ဒီကောင်မလေးကို မကြိုဆိုဘူးလို့ ပြောထား ပြီးသားပါ၊ ဘာလို့များ ချီချီက ငါ့စကားကို နားမထောင်ရလဲ”
ကျွင်းဖန်လျန်လည်း မျက်မှောင်ကြုတ် လိုက်တယ်။
“ချီချီကိုလည်း အိမ်မှာနေပြီး အမှားကို သုံးသပ်ဖို့ ပြောထားတာပါ။ အိမ်အပြင်ထွက်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ”
“သခင်မ… ရွှယ်မိန်းကလေးရဲ့ အိမ် မီးလောင်သွားလို့ အခု နေစရာ နေရာမရှိလို့ ခေါ်လာတာလို့ သခင်မလေး ပြောပါတယ်၊ ပြီးတော့ တစ်စုံတစ်ရာကို စစ်ဆေးဖို့ လိုအပ်လို့လည်း ပြောပါတယ်”
ကျွင်းဖန်လျန်ရဲ့မျက်လုံးများ မည်းမှောင် သွားရတယ်။
“သူတို့ကို ဝင်လာခိုင်းလိုက် … ဘာကိစ္စကို စစ်ဆေးဖို့ လိုအပ်လဲ သိချင်တယ်”
ရဲ့ချီက သူမရဲ့မွေးစား သမီး ဖြစ်နေတော့ အိမ်တော်ကို ဝင်ဖို့ သူမကို သတင်းပို့စရာ မလိုအပ်ပါဘူး။ အခုက ရွှယ်ရုံအာ အတူတူ ပါလာတော့ အစေခံများက ရဲ့ချီကို ဟန့်တားလို့ သတင်း ပို့ရခြင်းပါ။
အားလုံးရှေ့မှာ ယွမ်ရှောင်က ခံစားချက် ကင်းမဲ့သော မျက်နှာသေနဲ့ ယွမ်လော့ဖုန်း အတွက် စပျစ်သီးများ အခွံခွာကာ ခွံ့ကျွေးနေတယ်။
“အဟွတ် အဟွတ်”
 သူမလည်း ရဲ့ကျင်းချန်းကို စူးစူးရဲရဲ မကြည့်ခင် ချောင်းခြောက် ဆိုးလိုက်တယ်။
“ကြည့်ပါဦး ကျွန်မရဲ့သားလေးက နွေးထွေး ကြင်နာလိုက်တာ … ရှင် … သူ့ဆီက လေ့လာသင့်တယ်”
ရဲ့ကျင်းချန်းလည်း ရယ်ကာမောကာနဲ့ ကျွင်းဖန်လျန်ရဲ့ ပခုံးပေါ် လက်တင် လိုက်တယ်။
“စပျစ်သီး ခွံ့ကျွေးစေချင်တယ်လို့ ပြောရင် အစ်ကို့က ခွံ့ကျွေးမှာပေါ့ …. အစ်ကို့က မင်းရဲ့ဆန္ဒကို မဖြည့်ဆည်းပေး စရာလား”
ကျွင်းဖန်လျန်လည်း သူ့လက်ကို ဖယ်ထုတ်လိုက်ကာ ကျီစယ် လိုက်တယ်။
“ဘာကြောင့် ကျွန်မက ဒီလိုကိစ္စတွေ လိုက်ပြော နေရမလဲနော်၊ ကိုယ့်ဘာသာ လုပ်ပေါ့… ကျွန်မပြောမှ ခွံ့ကျွေးတော့ အရသာ တူပါ ဦးမလား။ ကျွန်မ အထင်တော့ သားလေး အပြုအမူကို ကြည့်ပြီး ရှင် လေ့လာ သင်ယူသင့်တယ်”
ရဲ့ကျင်းချန်းလည်း ရှိုးတိုးရှန့်တန့်နဲ့ ရယ်မော လိုက်တယ်။ သူ့လို အိုမင်းနေတဲ့ လူက အမျိုးသမီးကို ပိုးပန်းဖို့ လူငယ်လေးတွေကို ကြည့်ပြီး သင်ယူစရာလား။ ဒါပေမဲ့ ကျွင်းဖန်လျန် ပြုံးမယ်ဆိုရင် ကလေးတွေကို ကြည့်ပြီး လှည့်ကွက်လေးတွေ သင်ယူရလည်း မဆိုးပါဘူး။
ရဲ့အိမ်တော်က လူအိုကြီးတွေ သိရင် သူ့ကို နားပူနားဆာ လုပ်ပြီး ကြိမ်းမောင်း ဦးမှာလေ။
ရဲ့ကျင်းချန်းလည်း ထိုကိစ္စကို ချင့်ချိန် စဉ်းစားနေစဉ်  ရဲ့ချီနဲ့ ရွှယ်ရုံအာက တံခါး အပြင်ဘက်မှ အထဲကို ဝင်ရောက် လာပါတယ်။ လက်ရှိအချိန်မှာ ရွှယ်ရုံအာရဲ့ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်ကာ နာကျင် ခံစားရတယ် ထင်ပါတယ်၊ လေညင်းလေး တိုက်ခိုက်မယ် ဆိုရင်တောင် လဲပြိုသွားမယ် ထင်ပါတယ်လေ။
 
 
***
အပိုင်း(၈၁၉)

ငါ့အပြစ်မဟုတ်ဘူး(၂)

 
“ချီချီ…”
ကျွင်းဖန်လျန်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။
“ငါတို့အိမ်မှာ စစ်ဆေးစရာ ကိစ္စ ရှိလို့ လာခဲ့တယ်လို့ ချီချီ ပြောထားတယ်၊ ဘာကိစ္စလဲပြော”
ရဲ့ချီလည်း စားပွဲခုံမှာထိုင်ကာ ပန်းသီးစားနေတဲ့ ဟောင်ဟောင်ကို တစ်ချက်လေး ကြည့်လိုက် ပါတယ်။
“မွေးစားအမေ …. အခု ရုံအာရဲ့အိမ်က မီးလောင်သွားပြီ၊ မျက်မြင် သက်သေ ပြောတာတော့ အဲနေရာနားမှာ ဟောင်ဟောင်ကို မြင်လိုက်တယ်တဲ့၊  ဒါကြောင့် လွန်ခဲ့တဲ့ နာရီဝက်အတွင်း ဟောင်ဟောင် ဘယ်နေရာကို သွားခဲ့လဲ သိချင်လို့ပါ”
ဟောင်ဟောင်လည်း ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ပြီး ရဲ့ချီကိုကြည့်ကာ ကလေးဆန်တဲ့ အသံနဲ့ ပြန်မေးလိုက်တယ်။
“သူ့အိမ်ကို ငါက မီးရှို့ခဲ့တယ်လို့ ပြောချင်တာလား”
ရဲ့ချီလည်း နှုတ်ခမ်း ကိုက်လိုက်တယ်။
“ငါ ပြောချင်တာ ဒီအဓိပ္ပာယ် မဟုတ်ပါဘူး … အဲအချိန်အတွင်း နင် ဘယ်သွားလဲ သိချင်ရုံပါ”
“နင်က ဒီလိုပြောဖို့ မရည်ရွယ်လဲ ငါ့ကို သံသယ ဝင်နေတုန်းလေ”
ဟောင်ဟောင်လည်း သွေးအေးစွာ ပြုံးရင်း မတ်တတ် ထရပ်လိုက်တယ်။ ကျန်ရှိတဲ့ ပန်းသီး အကြွင်းအကျန်ကို ရွှယ်ရုံအာထံ လွှင့်ပစ်လိုက်တယ်။
ရွှယ်ရုံအာလည်း တအံ့တဩ ဖြစ်ကာ ရှောင်တိမ်းဖို့ မေ့လျော့ သွားခဲ့တယ်။ ဒါကြောင့် ပန်းသီးက သူမရဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်တော့တယ်။ အကျိုးဆက် အနေနဲ့ သူမရဲ့ ဘုသီး ထသွားရတယ်။
ဟောင်ဟောင်က စကားနဲ့ မပြောဘဲ လက်ပါမယ်လို့ မထင်ခဲ့တာကြောင့် ရဲ့ချီလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတယ်။ သူမက ဖြေရှင်းချက် လေးတောင် မပေးတော့ဘူးလား။
“ဒါကို နင် မြင်ခဲ့လို့လား”
ဟောင်ဟောင်လည်း ရွှယ်ရုံအာကို ကြည့်ကာ မောက်မာစွာ ခေါင်းမော့ လိုက်တယ်။
“ငါ သူ့ကို ရိုက်ချင်ရင် ရိုက်မယ် … သတ်ချင်ရင်လည်း သတ်မယ် … ငါလုပ်တာကို ငါ ဝန်ခံရဲတယ်၊ မီးရှို့တယ်လို့ အပြစ် တင်ချင်ရင်တော့ ငါ မလုပ်ခဲ့လို့ ဒီပြစ်တင်မှုကို မခံယူနိုင်ဘူး”
ရဲ့ချီလည်း တိတ်ဆိတ် သွားရပါတယ်။ ဒီကောင်မလေးက သူတို့ရှေ့မှာ ရွှယ်ရုံအာကို ရိုက်ရဲတည်းက သူမ မီးရှို့ခဲ့ရင်လည်း ငြင်းမှာ မဟုတ်ဘူး၊ အမှား ဝန်မခံဘူးဆိုတော့ တရားခံ အစစ်အမှန်က ဟောင်ဟောင် မဖြစ်နိုင်ဘူး။
“ချီချီ”
ရွှယ်ရုံအာလည်း သတိပြန်ဝင်လာပြီး နာကျင်နေတဲ့ ဦးခေါင်းကို နှိပ်နယ်ကာ ချီချီကို မျက်ရည်ဝဲကာ ကြည့်လိုက်တယ်။
“မီးရှို့တဲ့လူက သူ မဟုတ်ပါဘူးလို့ ပြောထားပြီးသားပါ၊  နင် ငါ့ကို မယုံကြည်ပေးဘူး၊ အစတည်းက ငါတို့တွေ ဒီကို မလာခဲ့သင့်ဘူး”
ရဲ့ချီက သူမအတွက် အမှန်တရားကို ရှာဖွေပေးသလို ဖြစ်နေသော်လည်း တခြားသူရဲ့ ကိစ္စကို စိတ်ပျက်ဖို့ ကောင်းအောင် ဝင်ရှုပ် နေသလိုပါပဲ။
ကျွင်းဖန်လျန်ရဲ့ မျက်ဝန်းများဟာ မည်းမှောင် သွားတော့တယ်။ သူမ ဘဝ ရှင်သန်ခဲ့တာ ကြာပါပြီ။ ဒါကြောင့် တခြားသူတွေ ဘယ်လိုမျိုး လှည့်ဖြားလဲ ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိပြီးသားပါ။  ရွှယ်ရုံအာ၏ စကားနောက်ကွယ်က နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ကို မသိဘဲ နေပါ့မလား။
“မီးရှို့တဲ့လူက ဟောင်ဟောင် မဟုတ်ဘူးလို့ သက်သေပြထားတော့ ငါတို့နဲ့ မသက်ဆိုင်တော့ဘူး”
ကျွင်းဖန်လျန်လည်း ရွှယ်ရုံအာကို မျက်နှာ လွှဲလိုက်ပါတယ်။
“အခု နင့်မှာ နေစရာ နေရာ မရှိမှန်း ငါတို့ သိပါတယ် … ဒါပေမဲ့ အခုတော့ ငါတို့အိမ်တော်မှာ အခန်းလွတ် မရှိသေးဘူး … ဒါကြောင့် တည်းခိုခန်းမှာ အခန်းငှား နေလိုက်တာ အကောင်းဆုံးပဲ”
ရွှယ်ရုံအာ၏ မျက်နှာထား ပြောင်းလဲ သွားတော့တယ်။ ရဲ့အိမ်တော် အကျယ်ကြီးမှာ အခန်းအလွတ် မရှိစရာလား။ ကျွင်းဖန်လျန်က သူမကို အိမ်တော်မှာ မနေစေချင်မှန်း ပေါ်လွင် လွန်းတယ်။
“သခင်မ”
ရွှယ်ရုံအာလည်း အလျင်စလို ဒူးထောက်ကာ ဦးတိုက် လိုက်တယ်။  သူမရဲ့ဦးခေါင်းက ကြမ်းပြင်ကို ကျယ်လောင်စွာ ဘန်းခနဲ တိုက်သွားတယ်။
“ကျွန်မကို နေခွင့်ပေးဖို့ တောင်းပန်ပါရစေ၊  ကျွန်မ အကြာကြီး မနေပါဘူး၊ အများဆုံး တစ်ရက်တည်းပါပဲ ရှောင်သခင်လေးကိုလည်း ချောင်းမကြည့်ပါဘူး၊ သခင်မကိုလည်း ပြဿနာ မရှာဘူးလို့ ကတိပေးပါတယ်”
ဦးတိုက် တောင်းပန်ပြီးနောက် သူမလည်း ယွမ်လော့ဖုန်းအနားကို သနားဖို့ကောင်းအောင် တွားသွား လိုက်တယ်။
“ယွမ်မိန်းကလေး … နင် ငါ့ကို နားလည်မှု လွဲနေမှန်း သိပါတယ်၊ ရှောင်သခင်လေးကို မြှူဆွယ်ချင်တဲ့ စိတ်ထား မရှိပါဘူး … ရက် အနည်းငယ်လောက် နေခွင့်ပြုဖို့ တောင်းပန်ပါတယ်… မိန်းကလေးကို ခစားပြီး အစေခံဖြစ်ဖို့ ဆန္ဒ ရှိပါတယ်”
နင့်ကို ပျော်ရွှင်ခွင့် မပေးနိုင်ဘူး၊ ယွမ်ရှောင်ရဲ့ စိတ်ဝင်စားမှုကို ရရှိတာနဲ့ ဒီကနေ့ ဖြစ်ရပ်ကို လက်တုံ့ပြန်မယ်။
ရွှယ်ရုံအာက ခေါင်းငိုက်ထားကာ ရက်စက် ယုတ်မာသော အကြည့်များကို ဖုံးကွယ် ထားခဲ့တယ်။
“မွေးစားအမေ”
ရဲ့ချီလည်း ကိုယ်ချင်းစားမိလို့  ရွှယ်ရုံအာအတွက် ပြောပေးချင်သော်လည်း ကျွင်းဖန်လျန်ရဲ့ ခပ်မာမာ အသံက ဟန့်တား သွားခဲ့တယ်။
“တော်လိုက်တော့၊ နင့်ကို နေခွင့် မပေးတာ ငါ့စိတ်ကူး၊ ငါ့ ချွေးမကို မနှောင့်ယှက်နဲ့၊  နောက်မှ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့”
သူမရဲ့လက်ချောင်းများက စားပွဲခုံကို ရိုက်ချကာ စားပွဲခုံမှာ နှစ်ခြမ်း ကွဲထွက်သွားကာ ကြမ်းပြင်ပေါ် လဲပြို သွားတော့တယ်။
 
***
အပိုင်း(၈၂၀)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၁)

 
ကျွင်းဖန်လျန်ရဲ့ ရိုက်ချင်း ပြင်းထန်လွန်း တာကြောင့် ရွှယ်ရုံအာလည်း လန့်ဖျပ် သွားရတယ်။ ဝိုးတိုးဝါးတား ဖြစ်နေတဲ့ မျက်ဝန်းဟာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက် နေတာပေါ့။  သူမလည်း ကျွင်းဖန်လျန်ကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ငေးမော ကြည့်လိုက်ပါတယ်။
ဟိုယခင်တည်းက ချွေးမနဲ့ ယောက္ခမတို့မည်သည် ယောက်ျား တစ်ယောက်တည်းကို အတူတူ ချစ်ခဲ့မိလို့  သဘာဝတရားအရ ရန်သူတော်တွေ ဖြစ်ခဲ့ကြပါတယ်။ အတိတ် တစ်ချိန်တုန်းကလည်း သူ့မိခင်နဲ့ သူ့အဘွားလည်း ညတိုင်းလိုလို ယောက်ျား တစ်ယောက်ကြောင့် ရန်ဖြစ်ခဲ့ကြတယ်။ 
နောက်ဆုံးတော့လည်း သူ့အဖေရဲ့ မျိုးနွယ်စုက သူမတို့ကို အိမ်တော်မှ မောင်းထုတ်ခဲ့ပါတယ်။ ရဲ့မိသားစုနဲ့ လက်ထပ်နိုင်တဲ့ အခွင့်အရေး သူမ ရခဲ့ရင်တော့ သူမကို မျိုးရိုး မှတ်တမ်းထဲ ပြန်ထည့်ပေးဖို့ လက်ခံမှာပါ။ ယောက္ခမက ချွေးမကို ဒီလိုမျိုး ကာကွယ်ပေးနေခြင်းကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်းပါ။ သူမရဲ့ နှလုံးကို နာကျင် ကြေကွဲစေတဲ့ ကိစ္စတစ်ခုကတော့ ကာကွယ်ပေးချင် ခံရသူက သူမ မဟုတ်တာပဲ။
ရွှယ်ရုံအာလည်း မသိစိတ်၏ လှုံ့ဆော်မှုကြောင့် နှုတ်ခမ်းကို ဖိကိုက် ထားလိုက်ပါတယ်။ သူမရဲ့ ရှည်လျားတဲ့ မျက်တောင်ရှည်များဟာ သူမရဲ့ မလိုမုန်းထား စိတ်ကို ဖုံးကွယ် ပေးထားပါတယ်။
သူမရဲ့စိတ် တည်ငြိမ်သွားအောင် ခဏတာ ကြိုးစားပြီးနောက်  သနားချင်စဖွယ် ကောင်းတဲ့ အကြည့်နဲ့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်ပါတယ်။
“တောင်းပန်ပါတယ်… ကျွန်မ … ဆင်ခြေမပေး သင့်ပါဘူး၊ ကျွန်မရဲ့ မိသားစု နောက်ခံကြောင့် တခြားသူ လက်ခံဖို့ ခဲယဉ်းနေမှာပါ၊ စိတ်မပူပါနဲ့… အခုကစပြီးတော့ ရဲ့မိသားစုကို မနှောင့်ယှက်တော့ပါဘူး၊ နောက်ပြီး ရဲ့ချီရှေ့ကို ရောက်မလာစေရဘူး မှတ်”
ဒီစကားကို ပြောလိုက်ပြီးနောက် ရွှယ်ရုံအာလည်း ရဲ့ချီကို တစ်ချက်မျှ ကြည့်လိုက်တယ်။ ခန်းမဆောင်ထဲမှ မထွက်သွားခင် သူမရဲ့မျက်လုံးများက စိတ်ရှုပ်ထွေးမှု ဝန်လေးမှုများဖြင့် ပြည့်နှက်နေလေရဲ့။
“ရွှယ်ရုံအာ”
ရဲ့ချီလည်း အလျင်စလို အော်လိုက်ပါတယ်။ သူမရဲ့ မျက်ဝန်းများဟာ စိုးရိမ် ဗျာပါဒနဲ့ တဖိတ်ဖိတ် တောက်ပ နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုံအာကို မွေးစားအမေ မကြိုက်မှန်း သိနေတော့ သူမအတွက် မတောင်းဆိုရဲဘူး။
“နေပါဦး”
ရုတ်ခြည်း မာယာများသော အသံကို ကြားလိုက်ရကား ရွှယ်ရုံအာကို ရပ်တန့် သွားစေတယ်။
“ဖုန်းအာ”
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းကို နားမလည်နိုင်စွာ တစ်ချက်မျှ ကြည့်လိုက်ပါတယ်။
“တခြား ပြောချင်တာ ရှိသေးလို့လား”
“အမေ … ကျွန်မကိုယ် ကျွန်မ ကာကွယ် တတ်ပါတယ်၊  ဟောင်ဟောင်ကို မိသားစုဝင်လို သဘောထားမိတော့ တခြားသူ သိက္ခာချတာကို သည်းမခံနိုင်ဘူး”
ယွမ်လော့ဖုန်းလည်း ညစ်ကျယ်ကျယ် ကြည့်လိုက်ပါတယ်။
“သူမက ရဲ့အိမ်တော်ထဲ ဝင်ရောက်လာတော့ အလွယ်တကူလေး ထွက်သွားခွင့် မပေးသင့်ဘူး”
ယွမ်လော့ဖုန်းနဲ့ မျက်နှာချင်း မဆိုင်ခင်မှာ ရွှယ်ရုံအာရဲ့ခန္ဓာကိုယ်ဟာ အေးခဲသွားကာ မျက်နှာလည်း ပိုဖြူဖျော့ လာတယ်။
“နင်… ဘာပြောချင်တာလဲ၊ ငါက စားသောက်ဆိုင်ထဲမှာ ရှိနေခဲ့တာ၊  တစ်စုံတစ်ယောက် သတင်းလာပေးလို့ ငါလည်း ဒီအကြောင်းကို သိခဲ့ရတယ်၊ ငါ့အတွက် ချီချီ သက်သေခံ ပေးနိုင်တယ်၊ ငါ့အိမ်မှာ ဘာဖြစ်ခဲ့မှန်း ငါ ကိုယ်တိုင်လည်း မသိခဲ့ဘူး၊ ဒီပြင် ငါ့အိမ်အနားမှာ ဟောင်ဟောင်နဲ့ တူတဲ့သူ တွေ့ခဲ့တယ်လို့ တခြားသူ ပြောခဲ့တာပါ၊ ငါ မဟုတ်ရပါဘူး၊ အစတည်းက သူမကို ငါ ယုံကြည်ခဲ့တယ်”
ရဲ့ချီလည်း ခေါင်းညိတ် သဘောတူကာ ဖြည့်စွက် ပြောလိုက်တယ်။
“ရုံအာ ပြောတာ အမှန်ပါ ကြိုတင်မသိခဲ့ ရိုး အမှန်ပါ၊ ငါ အတည်ပြုပေး နိုင်ပါတယ်”
“ချီချီ”
ကျွင်းဖန်လျန်လည်း မျက်မှောင်ကြုတ်ကာ သတိပေးဟန် အော်ဟစ် လိုက်ပါတယ်။ ထို့နောက် သူမလည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်ပါတယ်။
“ဖုန်းအာ … လုပ်ဆောင်တာ မှန်တယ်၊ အကြောင်းအရင်း မရှိဘဲ ဟောင်ဟောင်ကို မှားယွင်း စွပ်စွဲလို့ မရဘူး… ဒါကြောင့် သမီးရဲ့ လုပ်ဆောင်ချက်ကို အားပေး ထောက်ခံတယ်”
ယွမ်လော့ဖုန်းလည်း ညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။
“ဒီလိုဆိုတော့ … သူမရဲ့ ဆန္ဒအတိုင်း ရွှယ်ရုံအာကို ရဲ့အိမ်တော်မှာ နေခွင့်ပြု လိုက်မယ်… အမှန်တရားကို စုံစမ်းဖို့ တစ်စုံ တစ်ယောက်ကို လွှတ်ထားမယ်”
သူမရဲ့ အမိန့်ပေး စကားအရ ရွှယ်ရုံအာကို ရဲ့အိမ်တော်မှာ ဖမ်းချုပ်ထားပြီး မီးရှို့သူ အစစ်အမှန်ကို သိမှ ပြန်လွှတ် ပေးမယ်ပေါ့။ သို့သော်ငြားလည်း ဒီကိစ္စ၏ အမှန်တရားကို ရွှယ်ရုံအာ သိပါတယ်။
သူမလည်း ခေါင်းငိုက်စိုက်ကာ ပြောလိုက်ပါတယ်။
“ငါ ဟောင်ဟောင်ကို မစွပ်စွဲခဲ့ဘူး … မျက်မြင်တွေ့တဲ့လူ ပြောတဲ့ စကားကို ပြန်ပြောရုံ ပြောခဲ့တာ… အဲဒီလူက ဟောင်ဟောင်နဲ့ ပုံပန်း သွင်ပြင်တူတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ နင်တို့အားလုံးက ငါ့ကို သံသယ ဝင်နေတော့လည်း ငါ ဒီမှာ နေမယ်၊  ရဲ့သခင်မက ငါ့ဖြူစင်မှုကို သက်သေပြပေးမယ်လို့ ယုံကြည်ထားမယ်၊ တချို့လူတွေကတော့ ငါ့ကို အပြစ်ပုံချချင် နေတယ်….”
ကျွင်းဖန်လျန်ရဲ့ မျက်နှာက မည်းမှောင် သွားတော့တယ်။ ဒီကောင်မလေးက အခုအချိန်အထိ အရှက်မဲ့နေတုန်းပဲ။ သူမရဲ့စကားကြောင့် ယွမ်လော့ဖုန်းက သူမကို မကောင်းကြံနေသလို သဘောမျိုး သက်ရောက်စေတယ်။ 
 
***
အပိုင်း(၈၂၁)

ရွှယ်ရုံအာ၏သေဆုံးခြင်း (၂)

 
ယွမ်လော့ဖုန်းအတွက် ပြောပေးဖို့ ဟန်ပြင်နေစဉ် ခပ်မာမာ အသံဟာ ရုတ်ခြည်း ပျံ့လွင့် လာခဲ့ပါတယ်။
“ငါ့ဇနီးဖြစ်နေလို့  မှားယွင်း စွပ်စွဲခဲ့လဲ မင်းအမှားလို့ ဝန်ခံလိုက်စမ်း”
အမျိုးသားလေးရဲ့ ခန့်ညားချောမောသော မျက်နှာက စိမ်းကားလွန်းပြီး အမြဲတမ်းလိုလို ခံစားချက် ကင်းမဲ့ နေခဲ့ပါတယ်။ သူ့မျက်ဝန်းများက ညကောင်းကင်ယံလို မည်းမှောင်ကာ ရွှယ်ရုံအာကို မဖော်မရွေ စူးစူးရဲရဲ ကြည့်နေပါတယ်။ ဒီအကြည့်ကြောင့် သူမကို  ဓားပေါင်း များစွာနဲ့ လှီးဖြတ်နေသလို ခံစားမိတာကြောင့် ဒီနေရာမှာတင် အေးခဲ သွားစေတယ်။
သူ့အသံက ပုံမှန်လို သနားညှာတာမှု ကင်းမဲ့နေတုန်းပါ။
“မှားယွင်း စွပ်စွဲ ရလောက်တဲ့အထိ မင်းကို ဖြူစင်မယ်လို့ မထင်ဘူး”
ရွှယ်ရုံအာရဲ့ မျက်နှာက ပိုဖြူဖပ်ဖြူရော် ဖြစ်လာပြီး ခန္ဓာကိုယ်က မကြာခဏ ယိမ်းထိုးနေလို့  လဲကျလုနီးပါးပါ။ သူမ စိတ်ထဲမှာ အတင်းမာဆုံး ကိစ္စက အရင်လို ရဲ့ချီက သူမကို ကာကွယ်ပြီး မပြောပေးတာပဲ။ ဒီလူတွေ သူမကို ဆန္ဒရှိသလို အနိုင်ကျင့်ခွင့် ပေးထားတယ်။
ရဲ့ချီမှာ ရွှယ်ရုံအာရဲ့ အသနားခံတဲ့ အကြည့်များကို သတိထားမိ သော်လည်း မသိဟန်ဆောင်ကာ ခေါင်းငုံ့ ထားလိုက်တယ်။ ရဲ့ရှီမို့ဆိုရင်တော့ ရုံအာအတွက် သူမက အကြောက်အကန် ငြင်းခုံမှာပါ။ ဒါပေမဲ့ ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်ကိုတော့ ဆန့်ကျင်ရဲတဲ့သတ္တိ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က သူမ လေးစားရတဲ့ မွေးစားမိဘတွေ ဖြစ်နေလို့ပါ။
သူတို့ရဲ့ ဆန္ဒကို ဖိဆန်ထားတော့ ရုံအာအတွက် အထောက်အပံ့ ဖြစ်မယ့် စကားမျိုး မပြောရဲပါ့မလား။ ကိစ္စတွေ ပြီးပြတ်မှ ရုံအာကို ပြန်ချော့မယ်လို့ စိတ်ကူး ထားတယ်။
“အစ်ကို… သူမကို စောင့်ကြည့်ဖို့ လူနှစ်ယောက် လွှတ်ထားသင့်တယ်… ဒီမိန်းမ… ရဲ့အိမ်တော်မှာ ပြဿနာရှာတာ မမြင်ချင်ဘူး၊ တတ်နိုင်သမျှ ရှောင်အာနဲ့ ဝေးမယ့် နေရာမျိုး ပို့ပေးပါ၊ ဒီနေရာမှာ မနေခိုင်းပါနဲ့ ဝေးနိုင်သမျှ ဝေးဝေးထားပါ”
ကျွင်းဖန်လျန်က ရွှယ်ရုံအာကို ယွမ်ရှောင်နဲ့ နီးစပ်ခွင့် မပေးနိုင်ဘူး။ ယွမ်ရှောင်က သူမကို မကြိုက်ဘူး ဆိုရင်တောင် အဲဒီမိန်းမကို စက်ဆုပ်မိတယ်။
ရဲ့ကျင်းချန်းလည်း ညင်ညင်သာသာ ပြုံးကာ မာန်ပါပါ အော်လိုက်တယ်။
“အစောင့်တွေ … ရွှယ်ရုံအာကို အဝေး ခေါ်သွားစမ်း၊ သူမကို ချုပ်နှောင်ထားစမ်း၊ သူမကို ခန်းမဆောင်အနား လာခွင့်မပြုနဲ့”
သိပ်မစောင့်လိုက် ရပါဘူး… အထဲကို အစောင့်နှစ်ဦး ဝင်ရောက်လာပြီး ရိုသေ လေးစားစွာ ဂါရဝပြုတယ်။
“အမိန့်အတိုင်း ဖြစ်ရပါမယ်”
ရွှယ်ရုံအာကို အစောင့်တွေ ခေါ်သွားတာ မြင်တော့ ရဲ့ချီလည်း သူမလက်ကို အလျင်စလို လှမ်းဆွဲကာ တိတ်တိတ်လေး နှစ်သိမ့် လိုက်တယ်။
“ရုံအာ … စိတ်မပူနဲ့နော် မီးရှို့တဲ့သူက နင် မဟုတ်ရင် မွေးစားအမေက နင့်ကို လွှတ်ပေးမှာပါ၊ အခုတော့ ငါတို့တွေ နင့်ကို ရက်အနည်းငယ်လောက် နှိပ်စက်ရမယ်”
အလွန် စိတ်ပျက်စွာ မဲ့ပြုံး ပြုံးမိသော်လည်း ရဲ့ချီကို စကားတစ်ခွန်းမျှ မဆိုကာ အစောင့်နောက် လိုက်သွားခဲ့တယ်။
ရဲ့ချီက သူမရဲ့ မျက်လုံးများကို သတိမထားမိပါဘူး။ အဲဒါကြောင့် သူမရဲ့ အခြေအနေကို ကြောက်လန့်တကြား စိုးရိမ်နေပါတယ်။
“ချီချီ … အနားမယူသေးဘူးလား … ဟောင်ဟောင်ကို မှားယွင်း စွပ်စွဲရင်တော့ ရွှယ်ရုံအာကို ခွင့်မလွှတ်နိုင်ဘူး၊ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားလိုက်”
ရဲ့ချီလည်း လန့်ဖျပ်ကာ ကျွင်းဖန်လျန်နဲ့ မျက်နှာချင်း ဆိုင်လိုက်ပါတယ်။
“အဲလိုဆိုရင် သမီးလည်း ခွင့်မလွှတ်ပါဘူး၊ ဒါပေမဲ့ သူမက ချီချီရဲ့ သူငယ်ချင်း ဖြစ်နေသလို ဒီမီးထဲ သူ့အမေ ပါသွားတော့  သူမကို ချီချီ ယုံကြည်တယ် … တခြားသူကို အပြစ်ပုံချချင်လို့ သူ့အမေရဲ့ အသက်ကို အသုံးမချလောက်ပါဘူး”
ဒီတစ်ကြိမ်တော့ သူတို့တွေ ဟောင်ဟောင်ကို နားလည်မှု လွဲခဲ့တာကြောင့် သိခဲ့ပါတယ်။ ဒါပေမဲ့ ရုံအာလည်း မဖြစ်နိုင်ပါဘူး။
“ဒီလို ကျယ်ပြန့်တဲ့ လောကကြီးမှာ ကိုယ်ကောင်းစားဖို့ အတွက် မိသားစုကို လုံးဝ ဂရုမစိုက်တဲ့လူတွေ အများကြီး ရှိပါတယ်” 
ကျွင်းဖန်လျန်ရဲ့အသံက ပိုပြီး ခပ်တန်းတန်း ဖြစ်လာပါတယ်။
“တစ်နေ့တော့ ချီချီ နားလည်လာမှာပါ… အခုတလော ကိုယ့်အပြုအမူကိုယ် ပြန်သုံးသပ်ဦး”
“ဟုတ်ကဲ့ပါ”
ထွက်မသွားခင် ရဲ့ချီလည်း ဂါရဝ ပြုလိုက်ပါတယ်။
ဒီနှစ်ယောက် ထွက်သွားသော်လည်း နေရာလေးက အရင်လို ပျော်ရွှင်မှုများ ပျောက်ဆုံးနေခဲ့တယ်။
 
***
 
အပိုင်း(၈၂၂)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၃)

 
ကျွင်းဖန်လျန်၏ နှုတ်ခမ်းများက အပြုံးကို ဆင်မြန်းကာ ယွမ်လော့ဖုန်းကို ကြည့်လိုက်ပါတယ်။
“မင်းတို့ နှစ်ယောက်လည်း ပင်ပန်းနေပြီ၊ အနားယူလိုက်ဦး … ညစာ စားရောက်ချိန်မှာ မင်းတို့ကို အစေခံနဲ့ အခေါ် လွှတ်လိုက်မယ်”
ဒီစကားကို ပြောပြီးသော်လည်း ကျွင်းဖန်လျန်ရဲ့ မျက်ဝန်းများက ယွမ်ရှောင်ကို ကြည့်နေတုန်းပါ။ သူမက အမိန့်ပေးဖို့ မေ့လျော့သွားတယ် ထင်ပါရဲ့။
“ကလေးရအောင် အကောင်းဆုံး ကြိုးစားဦး”
ယွမ်လော့ဖုန်း၏ မျက်နှာက ရှိုးတိုးရှန့်တန့် ဖြစ်သွားတယ်။ သူမက ယွမ်ရှောင်နဲ့ ရက်ပေါင်းများစွာ အတူတူ အိပ်ခဲ့လည်း တကယ်တော့ ဘာမှ မဖြစ်ခဲ့ပါဘူး၊ ဒါကြောင့် ကလေးရဖို့ ဖြစ်နိုင်ချေ မရှိဘူး။
ဒါပေမဲ့လည်း ကျွင်းဖန်လျန်ရဲ့ တောင်းဆိုမှုကို ယွမ်ရှောင်က အေးတိအေးစက် ပြန်တုံ့ပြန်ပါတယ်။
“ကောင်းပါပြီ”
ကောင်းပါပြီ ဟုတ်လား။
ယွမ်လော့ဖုန်း၏မျက်နှာက မည်းမှောင် သွားရတယ်။
“ယွမ်ရှောင်”
အမြဲလိုလို သူမရဲ့စကားကို နာခံခဲ့တဲ့ ယွမ်ရှောင်က ဒီတစ်ခေါက်တော့ ယွမ်လော့ဖုန်းရဲ့ စကားကို မနာခံတော့ဘူး။ သူ့အေးစက်တဲ့ မျက်နှာ အမူအရာက ဆုံးဖြတ်ချက် ခိုင်မာမှုများဖြင့် ပြည့်နှက်နေလေရဲ့။
“အမြန်ဆုံး ချစ်တင်းနှောပါမယ်”
“မဖြစ်ဘူး၊ အရမ်းမြန်လို့ မဖြစ်ဘူး၊ ဒီလို ကိစ္စမျိုးက ဖြည်းဖြည်း မှန်မှန်လေးက ပိုကောင်းမွန်တယ်”
ကျွင်းဖန်လျန်က လူယုတ်မာ အပြုံးနဲ့ ခွန်းတုံ့ပြန်တယ်။
ယွမ်ရှောင်မှာ နားမလည်နိုင်စွာ ယွမ်လော့ဖုန်းကို တစ်ချက်မျှ ကြည့်လိုက်တယ်။ ကျွင်းဖန်လျန် ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို  မေးချင်မိတယ်။
ယွမ်လော့ဖုန်းရဲ့ မျက်နှာက ပိုပို မည်းမှောင် လာရတယ်။ ကျွင်းဖန်လျန်ကို ဒီလိုမျိုး ညစ်တီး ညစ်ပတ် ပြောမယ်လို့ မထင်ခဲ့မိဘူး။
“ဒါဆို နင်တို့ကို မနှောင့်ယှက်တော့ဘူး ... ခစ်ခစ်”
 ယွမ်လော့ဖုန်းရဲ့မျက်နှာကြီး မည်းမှောင် သွားတာ မြင်ရတော့ ကျွင်းဖန်လျန် ပြုံးနေမိတယ်။
“အစ်ကို… ပြန်မယ်… ကျွန်မတို့လည်း ကိုယ့်အခန်းထဲမှာ ခဏတော့ အနားယူရမယ်”
ဒါပေမဲ့ ယွမ်ရှောင် အနားကို ဖြတ်သွားချိန်မှာ သူမ အချီကြီး ပြုံးမိပါတယ်။
“သားလေး… ကြိုးစားနော်… အမေက မြေးချီချင်နေပြီ”
ထို့နောက် သူမနဲ့ ရဲ့ကျင်းချန်းလည်း ခန်းမဆောင်မှ ထွက်ခွာ လာခဲ့တယ်။  သူတို့နှစ်ဦးကို အခန်းထဲမှာ ချန်လှပ် ထားခဲ့ပါတယ်။
ခန်းမဆောင်ထဲမှာ လူသူ ကင်းမဲ့သွားတော့  ယွမ်လော့ဖုန်းလည်း သူ့အနား တိုးကပ်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပါတယ်။
“ရှင့်အမေ ပြောခဲ့တဲ့ စကားအဓိပ္ပာယ်ကို သိချင်တယ် မလား”
ယွမ်ရှောင်လည်း ရိုးသားစွာ ခေါင်းညိတ် လိုက်ပါတယ်။ သူလည်း အမှန်တကယ် သိချင်ပါတယ်။
“ရှင့်အမေ ပြောချင်တာက…”
ယွမ်လော့ဖုန်းရဲ့ နှုတ်ခမ်းက ယွမ်ရှောင် အနား နီးကပ် သွားပါတယ်။ သူမရဲ့မျက်ဝန်းဟာ အန္တရာယ် အလင်းရောင်များဖြင့် တလက်လက် တောက်ပ နေပါတယ်။
“အိပ်ရာပေါ်မှာ ကြာကြာ ဆော့ကစားနိုင်ဖို့…”
ယွမ်ရှောင်လည်း ခပ်ကြမ်းကြမ်း လေသံနဲ့ ခွန်းတုံ့ပြန် လိုက်တယ်၊။
“စွမ်းအား တိုးတက်လာလဲ ခန္ဓာကိုယ် လေ့ကျင့်ခန်းကို မစွန့်လွှတ်ခဲ့ပါဘူး”
“ဟမ်”
ကြာကြာ နေနိုင်တာနဲ့ ဒါက ဘာများ သက်ဆိုင်လို့လဲ။
“ကိုယ့်ခန္ဓာကိုယ်က လေ့ကျင့်ခန်း လုပ်ထားတော့ သက်လုံ ကောင်းတယ်လို့ ပြောချင်တာပါ”
ယွမ်ရှောင်လည်း ခပ်တိုတို တုတ်တုတ် ပြောလိုက်တယ်။
“ဒါကြောင့် မင်း စိတ်ချထားလို့ ရတယ်”
ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မောကာ ယွမ်ရှောင်ရဲ့ အဝတ်အစားကို လှမ်းဆွဲ လိုက်တယ်။ သူမရဲ့ လက်ချောင်းများက သူ့ကြွက်သားများကို ထိကိုင်နေတယ်။
“စတွေ့တည်းက ရှင့်ရဲ့ သန်မာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ဝင်စား ခဲ့မိတယ်”
ယွမ်ရှောင်ရဲ့ အဝတ်အစားကို မချွတ်ရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ခန့်မှန်းဖို့ ခဲယဉ်းတယ်။ အပြင်ပန်း ကြည့်လိုက်ရင်တော့ အေဘီအက်စ်တွေက မထင်ရှားဘူး။
ပြောရမယ်ဆိုရင် အဝတ်အစားနဲ့ဆိုရင် ပိန်နေသလိုပဲ၊ အဝတ်ဗလာ ဖြစ်သွားရင်တော့ ပြီးပြည့်စုံတဲ့ ရွှေရောင်ခန္ဓာကိုယ်ကို ကြည့်မြင်နိုင်မယ်။
မဟုတ်သေးဘူး၊ သူ့ခန္ဓာကိုယ်က ဒီထက် ပိုတယ်။
“ဒါကြောင့် နတ်ဘုရား အဆင့်ကို သူမ မြန်မြန်ရောက်မှ ဖြစ်မယ်”
ယွမ်လော့ဖုန်းလည်း သူမကိုယ် သူမ တိုးတိုးလေး ပြောလိုက်တယ်။
… ည သန်းခေါင်ယံ အချိန်မှာ…
သစ်သားတဲအတွင်းမှာ ရွှယ်ရုံအာက သူမရဲ့ခန္ဓာကိုယ်က ကောက်ရိုးမျှင်နဲ့ ဖုန်စများကို ဖယ်ထုတ်ကာ မတ်တတ် ထရပ်လိုက်တယ်။
အပြင်ဘက်ကို ထွက်ချင်သော်လည်း သူမ ထွက်လို့ မရအောင် သံကြိုးနဲ့ ခတ်ထားတယ်။
သူမရဲ့မျက်နှာ အမူအရာက သွေးအေး ရက်စက်သည့် ပုံစံ ပြောင်းလဲ သွားတယ်။
“ကျွင်းဖန်လျန်… ငါ့ကို စောင့်ကြပ်ဖို့ ဒီလောက်အထိ တင်းကျပ်ထားမယ် မထင်ခဲ့ဘူး နင့်သားကို သွေးဆောင် ဖြားယောင်းမဲ့ အချိန်ကို စောင့်နေလိုက် … နင့်သားက ငါ့ကို ချစ်မြတ်နိုးသွားရင် နင် လက်မခံချင်လည်း မရတော့ဘူး”
 
***

Bạn đang đọc truyện trên: Truyen247.Pro