
488+489+490+491+492
အပိုင်း(၄၈၈)
လေးယောက်မြောက် အကြီးအကဲ၏ အလွမ်းဇာတ် (၄)
သူမစကားကို ကြားတော့ နင်အကြီးအကဲလည်း ဖြည့်စွက် ပြောလိုက်တယ်။
"ငါ ဆေးမြို့တော်ကို တားဆီးခဲ့တယ်... ဒါပေမဲ့ လုယင်း ပြောတဲ့စကား တစ်ခွန်းကို မှတ်မိနေပါသေးတယ်... ယွမ်ချင်ရာက သူတို့သခင်လေးနဲ့ တရားမျှတစွာ တိုက်ခိုက်ဖို့ အဆင့်မရှိဘူးတဲ့... သူတို့သခင်လေး ရိုက်နှက်တာကို ခံယူသင့်သတဲ့ ရယ်စရာ ကောင်းလိုက်တာနော်"
အဘိုးအိုငယ်လေးက သူ့ကိုယ်သူ အရှက်မဲ့တယ်လို့ ထင်ခဲ့တာ အခုတော့ သူ့ထက် အရှက်မဲ့တဲ့ လူကို သိလိုက်ရတယ်။ သူ့ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး... ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာရတယ်။ သူ့တန်ခိုးက ခန်းမဆောင် တစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေတယ်။
"ကောင်မလေး... စိတ်မပူနဲ့ ငါမင်းအတွက် တရားမျှတမှုကို ရှာဖွေပေးမယ်"
"မလိုအပ်ပါဘူး ကျေးဇူးတင်ပါတယ်နော်"
ယွမ်လော့ဖုန်းလည်း ခေါင်းကို တွင်တွင်ခါလိုက်တယ်။
"ဒီကိစ္စက ကျွန်မတို့နဲ ဆေးမြို့တော်ကြားက ပြဿနာပါ... ကိုယ်တိုင် လက်စားချေမယ်... အချိန်တွေပိုနေရင်လည်း ဆေးမြို့တော်ကို ကျွန်မနဲ့အတူတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်... ပြပွဲ ကြည့်တာပေါ့"
အဘိုးအိုငယ်လေးလည်း မှင်တက်သွားပြီး ရယ်မောလိုက်တယ်။
"ကောင်းပြီလေ... ဆေးမြို့တော်ကို လက်စားမချေခင် ကျုပ်ကို အရင်သတိပေးဖို့ မမေ့နဲ့နော်... အားလပ်ရင်တော့ ပွဲကောင်းလေးကို လာကြည့်ရတာပေါ့"
သူစကားပြောလို့ ပြီးချိန်မှာ အစေခံတစ်ယောက် အပြေးအလွှားဝင်လာ ပြီး ရိုသေလေးစားစွာ ဂါဝရပြုတယ်။
"သခင်ကြီး... သခင်... ကျွန်တော် လေးယောက်မြောက် အကြီးအကဲနဲ့ သခင်လေး နင်ယွမ်ကို ခေါ်လာခဲ့ပါတယ်"
နင်အကြီးအကဲလည်း လက်ကို ဝှေ့ယမ်းကာ အေးအေးလူလူ ပြောလိုက်တယ်။
“သူတို့ကို ဝင်ခွင့်ပြုလိုက်”
“ဟုတ်ကဲ့”
အစေခံက သူမေးတာကို ပြန်ဖြေပြီး ထွက်ခွာသွားခဲ့တယ်။ သိပ်မကြာခင်မှာ လေးယောက်မြောက် အကြီးအကဲနဲ့ နင်ယွမ်ကို ခန်းမဆောင်ထဲ များစွာသော အစောင့်များက သယ်ဆောင်လာတယ်။
ခန်းမဆောင် ဖရိုဖရဲ ဖြစ်နေတာ မြင်တော့ လေးယောက်မြောက် အကြီးအကဲလည်း ဘာဖြစ်ခဲ့မှန်း တအံ့တသြ ဖြစ်နေရတယ်။ နင်မိသားစု အဖျက်ဆီး ခံလိုက်ရလားလို့ တွေးလိုက်မိတယ်။
ထို့နောက် နင်အကြီးအကဲရဲ့ အဖက်မလုပ်ဟန် အမူအရာကို မြင်ရတော့မှ သူလည်း အတွေးစကို ရပ်တန့်ပြီး မျက်ရည်စိုစိုရွှဲရွှဲနဲ့ ရှင်းပြတယ်။
“သခင်ကြီး ကျွန်တော့်အတွက် တရားမျှတမှုကို ရှာပေးပါ… ဒီမိန်းမက သခင် ကျောက်စိမ်းလက်စွပ် ရှိတယ်လို့ အခိုင်အမာ ပြောနေတယ် နင်မိသားစုကို ဗိုလ်ကျပြီး ကျွန်တော်ကို ဒဏ်ရာ ရစေတယ် သူမက တကယ်ကို ခွင့်လွှတ်ဖို့ မထိုက်တန်ဘူး”
နင်အကြီးအကဲလည်း မေးငေါ့ပြီး ပြုံးလိုက်တယ်။
“ဟုတ်လို့လား… ငါ ကြားတာတော့ မင်း ဆေးစံအိမ်တော်ကို သွားပြီး ယွမ်ချင်ရာကို တိုက်ခိုက်တာပဲ သိတယ်”
“အမ်…”
နင်အကြီးအကဲရဲ့ နှလုံးသားက ကတုန်ကရီ ဖြစ်လာရတယ်။
“ယွမ်ချင်ရာက သခင်မလေး နင်ရှင်းကို အတင်းအကျပ် ခေါ်ထားဖို့ ကြိုးစားတာကြောင့်ပါ ဒါကြောင့် ကျွန်တော်…”
“မင်း ဒီလို ပြုမူခဲ့ရတာပေါ့ ဟုတ်လား”
နင်အကြီးအကဲလည်း သွေးအေးစွာ စကားဆိုလိုက်တယ်။
“မင်း နင်ရှင်းရဲ့ ကုသမှုကို နှောင့်နှေးစေခဲ့တာ သိရဲ့လား … ရှင်းအာ သေသွားခဲ့ရင် ဒီအတွက် မင်း တာဝန်ယူ ပေးနိုင်လို့လား”
လေးယောက်မြောက် အကြီးအကဲလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကာ ယွမ်လော့ဖုန်းကို အမုန်းအာဃာတ ပြည့်လျှံနေသော မျက်ဝန်းဖြင့် ကြည့်လိုက်တယ်။
“ကျွန်တော် နင်ရှင်းကို စိုးရိမ်မိလို့ပါ… နင်မိသားစုက ကျော်ကြားတဲ့ သမားတော် အများကြီးနဲ့ သိနေတယ်လေ သူမကို ပြန်ခေါ်လာပြီး အကောင်းဆုံးသော ကုသမှု ပေးချင်လို့ပါ”
နင်အကြီးအကဲလည်း ထေ့ငေါ့လိုက်တယ်။
“မှန်ပါတယ်… နင်မိသားစုက ကျော်ကြားတဲ့ သမားတော် အများကြီးနဲ့ သိကျွမ်းပါတယ် ဒါပေမဲ့ ကံခေစွာ အားလုံးက ငါ့ကို မကုသပေးနိုင်ဘူး ယွမ်မိန်းကလေး ကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို ငါသေလောက်ပြီ…”
လေးယောက်မြောက် နင်အကြီးအကဲလည်း အရင်က ဆိုရင်တော့ နင်အကြီးအကဲ ပြောတဲ့ စကားကို ပြက်ရယ်ပြုမိမှာပါ။ ယွမ်လော့ဖုန်းက နင်ရှင်းကို ကုသပေးနိုင်တယ် ဆိုတော့ နင်အကြီးအကဲ ရောဂါ ပျောက်ကင်း သွားတယ်ဆိုတာ မှန်ကန် လောက်ပါတယ်။ ဒါပေမဲ့လည်း သူ အမှန်တကယ်ကို ဒီတစ်ကြိမ်တော့ မရှုံးချင်ဘူး။
“သခင်ကြီး ကျွန်တော် တစ်ခုတော့ ပြောချင်ပါတယ်”
နင်ယွမ်လည်း ကြမ်းပြင်ပေါ်မှ ကုန်းရုန်း ထလိုက်တယ်။ သူ့ချောမော ခန့်ညားသော မျက်နှာမှာ ယုံကြည်ချက် ရှိသော အပြုံးလေး ရှိနေခဲ့တယ်။ သူ … နင်ရှင်းကို ငေးမကြည့်ဘဲ မနေနိုင်ဘူး။
နင်ရှင်းက ယွမ်ချင်ရာလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာ မြင်ရတော့ သူ ထေ့ငေါ့လိုက်တယ်။ သူ့မျက်နှာက မနာလို ဝန်တိုစိတ်ကြောင့် စိမ်းပုပ်နေခဲ့ပါတယ်။
“ဒီမိန်းမ မရှိလည်း ရှင်းအာက နေပြန်ကောင်း လာမှာပါ… ကျွန်တော် အပြင်ဘက်ကို ခရီးသွားခဲ့တုန်းက ထျန်းမိသားစုမှ တပည့်တစ်ယောက်နဲ့ ကြုံကြိုက်ခဲ့တာ သခင်ကြီး မသိဘူးထင်တယ် အဲဒီ တပည့် နာမည်က ထျန်းလင်းတဲ့… နတ်ဆေးသမားတော် ထျန်းရာက သူမကို ကုသပေးစေရမယ်လို့ သူ ကတိပေးခဲ့တယ် ထျန်းရာရဲ့ အစွမ်းက ယွမ်လော့ဖုန်း လောက်တော့ မဆိုးရွားနိုင်ပါဘူး မလား… ဒါကြောင့် သူမ ဒီကို လာသည် ဖြစ်စေ မလာသည် ဖြစ်စေ နင်ရှင်းအတွက် အဆင်ပြေသွားမှာပါ…”
ယုံကြည်ချက် အပြည့်နဲ့ ပြောနေတဲ့ နင်ရှင်းတစ်ယောက် သူ့ကို အားလုံးက ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေတာတော့ သတိမထားမိပါဘူး။
***
အပိုင်း(၄၈၉)
လေးယောက်မြောက် အကြီးအကဲ၏ အလွမ်းဇာတ်(၅)
အဘိုးအိုငယ်လေးလည်း နင်ယွမ်ဘက် လှည့်ကြည့်လိုက်တယ်။ အိုမင်းသော သူ့မျက်နှာမှာ ထေ့ငေါ့သော အပြုံးလေးသာ ရှိနေခဲ့တယ်။
“ဒီနေ့ခေတ် လူငယ်တွေက ငါ့ကို တကယ် စိတ်ပျက်စေတယ် ကြည့်စမ်းပါဦး… သူ့ ပြဿနာကို ငါ့အပေါ် ပုံချတဲ့ အပြင် မဟုတ်မမှန် ပြောရဲသေးတယ်”
“ဟေ့ အဘိုးကြီး ခင်ဗျားက ဘယ်သူလဲ”
အဘိုးကြီးက သူ့ကို ဒီလို စကားမျိုး ပြောရဲတာ မြင်ရတော့ နင်ယွမ်မှာ ဒေါသထွက် လာရတယ်။ သူ့ခန့်ညား ချောမောသော မျက်နှာက ဒေါသများ ပြည့်နှက် နေရပါတယ်။
“စိတ်တော့ မကောင်းပါဘူး… အားနာမိပါတယ်”
အဘိုးအိုငယ်လေးလည်း သူ့မျက်ဝန်းကို မှေးကျဉ်းလိုက်ကာ အပြုံးနဲ့ ပြောလိုက်တယ်။
“ဒါပေမဲ့ မင်းပြောနေတဲ့ ထျန်းရာက ကျုပ်ပါ”
သူ့စကားကို ကြားတော့ နင်ယွမ်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အပြာမှ ခရမ်းရောင် ပြောင်းကာ ဒေါသကြောင့် ဖြူဖျော့ သွားပါတယ်။ သူရှက်လည်း ရှက်မိပါတယ်။ သူလည်း သူ့နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိကိုက်ပြီး တုန်ရီနေတယ်။
“မဖြစ်နိုင်ဘူး… ခင်ဗျားက ထျန်းရာလား… မဖြစ်နိုင်ပါဘူး”
ထျန်းရာက ထျန်းမိသားစုကို လာမယ်လို့ ထျန်းလင်း မပြောခဲ့ပါဘူး။ ဒါကြောင့် ဒီအဘိုးကြီးက အတု ဖြစ်ရမယ်။
“ခစ်ခစ်”
လင်းလောပိုင်လည်း နင်ယွမ်ကို မယုံကြည်နိုင်သော မျက်နှာဘေးဖြင့် ကြည့်လိုက်ပြီး တောက်ပသော အပြုံးလေးကို ပုံဖော်လိုက်တယ်။
“နင်ယွမ်… နင်က အရမ်း ထုံထိုင်းလွန်းတာလား… ယုံလွယ်လွန်းတာလား နင်ပြောတဲ့ ထျန်းလင်းက နင်အိမ်တော်ကို ရောက်လာခဲ့တယ်… နင့်ကို ကူညီပေးဖို့တော့ မဟုတ်ဘူး နင်ရှင်းကို လက်ထပ်ခွင့် တောင်းဖို့ ဟဲ့…”
ဝုန်း
မိုးကြိုးပစ်ခံလိုက် ရသလိုပဲ နင်ယွမ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ သူ့သွေးသောက် ညီအစ်ကို ကောင်းက နင်အိမ်တော်လာခဲ့တာ သူ့ကို ကူညီဖို့အတွက် မဟုတ်ဘူးပေါ့… နင်ရှင်းကို လက်ထပ်ခွင့် တောင်းချင်လို့တဲ့လား ဒီကောင်က နင်ရှင်းကို ဘယ်အချိန်က ကျိတ်ကြွေနေခဲ့တာလဲ… သူ ဘာကြောင့် သတိမထားမိခဲ့ရတာလဲ…။
“ဒီလူကြီးက…”
လင်းလောပိုင်လည်း ခဏ ရပ်တန့်လိုက်တယ်။
“ထျန်းမိသားစုဝင်တွေ အသိအမှတ်ပြုရတဲ့ ထျန်းရာ အစစ်အမှန်ပါ… ဒါနဲ့ ထျန်းမိသားစုဝင်ရဲ့ ခန္ဓာကိုယ်ကို အခုလေးတင် ဆွဲခေါ်သွားခဲ့တာ အခုထိ မမြှုပ်ရသေးဘူး ထင်တယ် သူတို့ကို ငါ ပြန်ခေါ်လာပြီ… နင့်ကို ပြပေးရမလား”
နင်ယွမ်လည်း ခလုတ်တိုက်သွားပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရပါတယ်။ သူ့မျက်လုံးမှ စိတ်ထိခိုက် ကြေကွဲသော အကြည့်များ ပေါ်လာရတယ်။ သူ့ဝှက်ဖဲက ထျန်းလင်းရဲ့ သစ္စာဖောက်မှုနဲ့ သူ့ရှေ့မှ အဘိုးအိုကြောင့် အသုံး မဝင်နိုင်တော့ဘူး။
နင်ယွမ်လည်း သူ့နှုတ်ခမ်းကို ကိုက်ပြီး မေးလိုက်တယ်။
“နင်မိသားစု ထျန်းရာကို အစတည်းက သိနေလည်း အရင်က သခင်ကြီးကို ကုသပေးဖို့ ဘာကြောင့် မဖိတ်ခေါ်ရတာလဲ… ဒီလိုဆို သူ ဒီလောက်အထိ ခံစားခဲ့ရမှာ မဟုတ်ဘူး”
ထျန်းရာက နင်မိသားစုနဲ့ ဆက်ဆံရေး ကောင်းမွန်တယ် ဆိုလည်း ဘာကြောင့် နင်မိသားစုကို မကူညီပေးရတာလဲတော့ သူ သိချင်မိတယ်။ တခြား အကြောင်းအရင်း ရှိနေတာလား… အစမှ အဆုံးအထိ သူက ထျန်းရာ… ယွမ်လော့ဖုန်းတို့နဲ့ ပတ်သက် ဆက်နွှယ်မှု မရှိခဲ့ဘူး …။ သူ့အမြင်မှာတော့ ယွမ်လော့ဖုန်းလို လူစားမျိုးက နတ်ဆေးသမားတော် ထျန်းရာနဲ့ သူငယ်ချင်း ဖြစ်ဖို့ မထိုက်တန်ဘူးလေ။
ကံခေစွာ သူ့အမြင် မှားယွင်းခဲ့တယ်။
အဘိုးအိုငယ်လေး ပြောလိုက်တဲ့ စကားက နင်ယွမ်ကို ငရဲချက်ချင်း ဆွဲချလိုက်သလိုပါပဲ။ သူလည်း ရှော့ရပြီး ကြောင်အမ်းအမ်း ဖြစ်သွားကာ လှုပ်ရှားမှုမဲ့ ခံစားချက်မဲ့ သွားခဲ့တယ်။
“နင်မိသားစုနဲ့ ငါက ဘာအလုပ် ကိစ္စမှ မရှိဘူး ဒီတစ်ခေါက် ရောက်လာရတဲ့ အကြောင်းအရင်းက ယွမ်သခင်မလေး ဒီမှာ အနိုင်ကျင့် ခံနေရတယ် ကြားလို့… ငါက ယွမ်မိန်းကလေးရဲ့ တပည့် ဖြစ်ချင်သေးတယ် ဒါကြောင့် ငါ သူမကို ကူညီပေးရမယ်”
သူဆိုလိုတာက ဒီကို လာရတဲ့ အကြောင်းအရင်းက ယွမ်လော့ဖုန်းကြောင့်… တခြား ဘယ်သူ့အတွက်မှ မဟုတ်ဘူး…။ နင်မိသားစုက သူမလေးကို အထင်သေးတယ်လား။ ကောင်းပြီလေ… သူမကို အထင်သေးတဲ့ လူတွေကို သူမက အဆင့်အတန်း မြင့်ကြောင်း ပြသရတာပေါ့။ သူက ဒီစကားကို တမင် ရည်ရွယ်ပြီး ပြောလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် သူ… ဒီလို မလာခင် ဘာဖြစ်ပျက်ခဲ့လဲ ဆိုတာ သူ မသိဘူး။ ယွမ်လော့ဖုန်း … ဒုက္ခရောက်နေတယ် ကြားလို့ ဒီနေရာကို အလျင်အမြန် ရောက်လာခဲ့ရတာပါ။
***
အပိုင်း(၄၉၀)
လေးယောက်မြောက် အကြီးအကဲ၏ အလွမ်းဇာတ် (၆)
သူ့စကားက အသုံးဝင် သွားပုံရတယ်။
သူ့စကားကို ကြားပြီးနောက် လေးယောက်မြောက် အကြီးအကဲ မျက်နှာက အဖြူရောင် သန်းသွားခဲ့ပြီး ဆို့နစ်သလို ခံစားလာရတယ်။ မင်း နိမ့်ကျတယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်က တကယ်တော့ မင်းထက် အရာရာတိုင်း သာလွန်နေတာ သိခဲ့ရင် မင်း ဘယ်လို ခံစားရမလဲ… အခု သူ့ခံစားချက်ကို နားလည်နိုင်မှာ မဟုတ်ဘူး။
သူ့နှလုံးသားကို တစ်စုံတစ်ယောက်က လက်နဲ့ ညှစ်ထားသလို ခံစားရတာကြောင့် သူမ မွန်းကျပ်လာခဲ့တယ်။
ကံကောင်းလို့ပေါ့… ဒီကောင်မလေးက ကမ္ဘာမြေကြီး နယ်ပယ်အဆင့်ပဲ ရှိသေးလို့… သူက ကောင်းကင်ဘုံ နယ်ပယ် ရောက်နေလို့သာပေါ့။ သိုင်းပညာအရတော့ ဒီကောင်မလေးက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။
ဒါကို တွေးရင်း လေးယောက်မြောက် အကြီးအကဲမှာ မျက်လုံး ကလည်ကလည်နဲ့ အတွေးတစ်ခု ရသွားခဲ့တယ်။
“နတ်ဆေးသမားတော် ထျန်းရာ… ခင်ဗျား ယွမ်လော့ဖုန်းကို သိနေမယ်လို့ မထင်ခဲ့ဘူး ဒါပေမဲ့ ကျုပ် အမှား မလုပ်ခဲ့ပါဘူး နင်ရှင်းက နင်အိမ်တော်ရဲ့ မိသားစုဝင် တစ်ယောက်ပါ သူမကို စိတ်ပူလွန်းလို့ အိမ်ပြန် ခေါ်လာခဲ့တာပါ အဲဒါ ဘာမှားလို့လဲ”
ဒီတစ်ကြိမ်တော့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံးက လေးယောက်မြောက် အကြီးအကဲ ရူးနေလား မရူးဘူးလား ဆိုတာ သိချင်စွာ ကြည့်နေခဲ့တယ်။ သူ… ထျန်းရာ ပြောတာ မကြားလိုက်ဘူးလား။ ထျန်းရာက ယွမ်လော့ဖုန်းဘက်မှာ ရပ်တည်နေတာ သိသာနေတယ်လေ … သခင်ကြီးလည်း အတူတူပဲလေ… ဒါကို အခုထိ အပြစ်ရှိတယ်လို့ ဝန်မခံသေးဘူး။
“အို…”
ထျန်းရာလည်း လေးယောက်မြောက် အကြီးအကဲကို လှည့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းက အန္တရာယ်ရှိသော အပြုံးကို ပြသနေခဲ့တယ်။
“ဒါဆို… မင်း ဘာကို လိုချင်တာလဲ”
လေးယောက်မြောက် အကြီးအကဲလည်း ယွမ်လော့ဖုန်းကို လူယုတ်မာ အပြုံးနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“ငါ သူမနဲ့ နှစ်ယောက်တည်း ပြိုင်ချင်တယ် ဒါပေမဲ့ ငါ နိုင်ရင် နင်ရှင်းက ငါ့သားနဲ့ လက်ထပ်တာကို မြင်ချင်တယ် နင်မိသားစုက ငါတို့ကို အပြစ်မပေးရဘူး”
“ဟား…”
ထျန်းရာလည်း ထေ့ငေါ့လိုက်တယ်။
“နင်အကြီးအကဲ… မင်းတို့မိသားစုက အကြီးအကဲတွေက မျက်နှာပြောင်တိုက်ပြီး အရေထူလွန်းတယ်… ဆယ်ငါးနှစ် အရွယ် ကောင်မလေးနဲ့ နှစ်ယောက်တည်း တိုက်ခိုက်ဖို့ ပြောရဲသေးတယ် အရှက်မဲ့လိုက်တာနော်”
ထျန်းရာရဲ့ ပြက်ရယ်ပြုမိကိုသာ မကြားရင် လေးယောက်မြောက် အကြီးအကဲက ယွမ်လော့ဖုန်းကို မျက်တောင်မခတ် စူးစူးရဲရဲ ကြည့်နေမှာပါ။
“မင်း ကြောက်နေတာလား ငါနဲ့ မတိုက်ခိုက်ရဲဘူးလား ငါ့အစွမ်းကို ကြောက်နေတာလား စစ်သူကြီးယွမ်ရဲ့ မြေးက ငါနဲ့ မယှဉ်ရဲလောက်တဲ့အထိ သူရဲဘော ကြောင်သတဲ့လား”
အဘိုးအိုမှာ ဒီနည်းလမ်းကသာ သူ့ကို အသက်ရှင်စေတယ် ဆိုတာ သိတာကြောင့် သူ့ဂုဏ်သိက္ခာကို စွန့်လွှတ်နေတာ သိသာနေတာပါပဲ။ ဒါပြင့် သူ့သား အိပ်မက်ကိုလည်း ဖြည့်ဆည်း ပေးနိုင်မယ်။ ဒီစကားကို ပြောချိန်မှာ နင်အကြီးအကဲနဲ့ ထျန်းရာတို့ရဲ့ အကြည့်စူးစူးကို ရင်ဆိုင်ရသောကြောင့် သူပမှာ ချွေးပြိုင်ပြိုင် ကျဆင်းလာရတယ်။ သူ့အိုမင်းနေသော မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း သူ့နှလုံးသားထဲမှ ကြောက်လန့်မှုကို ဖုံးကွယ်ရင်း ဒီအရှက်မဲ့တဲ့ စကားမျိုး ပြောထွက် လာရတာပေါ့။
“မင်းက ငါတို့ နင်မိသားစုကို တကယ်ပဲ အရှက်ရစေတယ်”
နင်အကြီးအကဲလည်း ထေ့ငေါ့လိုက်ပြီး ခံစားချက် ကင်းမဲ့စွာ ပြောလိုက်တယ်။
“ယွမ်မိန်းကလေး စိတ်မပူပါနဲ့ ကျုပ် ဒီခွေးအိုကြီးကို ချက်ချင်း သတ်လိုက်မယ် သူက ကျုပ်ကို တကယ် စိတ်ရှုပ်စေတယ်”
နင်အကြီးအကဲ အရှိန်အဝါက ပိုပြီး ခက်ထန် ကြမ်းကြုတ် လာတာကြောင့် လေးယောက်မြောက် အကြီးအကဲမှာ ပိုပြီးတော့ စိုးရိမ် ကြောင့်ကြ လာရတယ်။
“ယွမ်လော့ဖုန်း… မင်း မိဘတွေက လုံယွမ်တိုင်းပြည်ရဲ့ သူရဲကောင်းတွေ ဖြစ်နေလည်း မင်းကတော့ သုံးစားမရဘူး… မင်းမိဘတွေ ကောင်းကင်ဘုံက မြင်ရင် မင်းကို မွေးထားခဲ့မိလို့ သူတို့တွေ နောင်တ ရနေတော့မှာ…”
လေးယောက်မြောက် အကြီးအကဲက ယွမ်လော့ဖုန်း ဘယ်လို လူစားမျိုးလဲ ဆိုတာ သိနေတယ်လေ… ဒါကြောင့် နှစ်ယောက်ချင်း ယှဉ်တိုက်ခိုက်ဖို့ ရန်စသော စကားမျိုး ရှာကြံပြောရတာပေါ့ သူ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ … မိဘတွေ အကြောင်းပြောလာတော့ ကောင်မလေးရဲ့ အေးတိအေးစက်နဲ့ ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းများက သူ့ကို လှည့်ကြည့်လာခဲ့တယ်။
“ဒီကိစ္စကို လက်မခံတာ ရှင့်ကို ကြောက်လို့ မဟုတ်ဘူး… ရှင့်အစွမ်းက ကျွန်မနဲ့ ယှဉ်ဖို့ အရည်အချင်း မရှိလို့… ရှင် စိတ်အား ထက်သန်နေတော့လည်း ကျွန်မ လက်ခံလိုက်လည်း ကိစ္စ မရှိပါဘူး”
***
အပိုင်း(၄၉၁)
လေးယောက်မြောက်အကြီးအကဲ၏ အလွမ်းဇာတ် (၇)
လေးယောက်မြောက် အကြီးအကဲမှာ သူမ စကားကြောင့် နှစ်သက် ကျေနပ်သွားခဲ့ပြီး သူ့မျက်လုံးမှာ ပျော်ရွှင်မြူးရိမ် သန်းသွားခဲ့တယ်။ ဒီကောင်မလေးက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်… ဒါကြောင့် သူမကို တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်တယ်။ သူမကို အနိုင်တိုက်ပြီး သွားလည်း သူက နင်မိသားစုရဲ့ လေးယောက်မြောက် အကြီးအကဲ ဖြစ်နေဦးမှာ … နင်ယွမ်လည်း နင်ရှင်းကို လက်ထပ်နိုင်မယ်…။ သို့သော်လည်း… လေးယောက်မြောက် အကြီးအကဲလည်း မျက်မှောင်ကြုတ်ကာ သူ့ကို စောင့်ကြည့်နေတဲ့ ထျန်းရာဘက် လှည့်လိုက်တယ်။
“နတ်ဆေးသမားတော် ထျန်းရာ စီနီယာ တစ်ယောက်ကို လေးစားသောအားဖြင့် ဘယ်သူဘက်မှ ခင်ဗျား ဝင်မပါရဘူး… မျှတသော တိုက်ပွဲ ဖြစ်သင့်ပါတယ်… ရှုံးနိမ့်သူက ကတိတည်ရမယ် ဒါကြောင့် မျက်နှာ မလိုက်ဖို့ မျှော်လင့်ပါတယ်”
ဘာပဲဖြစ်ဖြစ် စည်းမျဉ်း စည်းကမ်းကို ဦးစွာ ပြောထားတာ အကောင်းဆုံးပဲ။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဆေးမြို့တော်ရဲ့ အရူးတစ်ယောက်လို လက်စားချေမှု ကျရောက်ဖို့ ယွမ်ချင်ရာက ဆေးမြို့တော် သခင်လေးကို အနိုင်ယူခဲ့တယ်။ ဒါကြောင့်လည်း အချိန်မီ ထျန်းရာကို သတိပေးထားတာပေါ့… ဒီကိစ္စမှာ အဘိုးကြီး ယွမ်လော့ဖုန်းဘက် မျက်နှာ မလိုက်စေချင်ဘူး။
“စိတ်မပူပါနဲ့… ငါက ဆေးမြို့တော်က လူယုတ်မာနဲ့ မတူဘူး ယှဉ်တိုက်ခိုက်သူ နှစ်ယောက်မှ လွဲပြီး ဘယ်သူမှ မပါဝင်စေရဘူး”
ထျန်းရာလည်း လေးယောက်မြောက် အကြီးအကဲကို ခနဲ့တဲ့တဲ့ ပြုံးကာ ကြည့်လိုက်တယ်။
“မင်း ရှုံးသွားရင်လည်း ကတိတည်ဖို့ မျှော်လင့်ပါတယ်”
ထျန်းရာက ယွမ်လော့ဖုန်းကို အတော်လေး ယုံကြည်မိတယ်။ ဒီကောင်မလေး လက်ခံကတည်းက နိုင်မယ်ဆိုတာ သေချာပြီးသား…။
“ကောင်းပြီလေ”
လေးယောက်မြောက် အကြီးအကဲလည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲကြည့်ပြီး မဲ့ပြုံးလိုက်တယ်။
“ယွမ်လော့ဖုန်း… အခုချက်ချင်း စကြတာပေါ့”
သူ့စကား မပြီးဆုံးခင်မှာ သူ့ရှေ့ကို ကြီးမားသော ဓားတစ်လက် ရောက်ရှိလာခဲ့တယ်။ ပြင်းထန်သော လေမုန်တိုင်းက သူ့ခန္ဓာကိုယ် ပတ်လည် ဝန်းရံနေပြီး သူ့အဖြူရောင် ဆံပင်များက လေထဲ တလွင့်လွင့် ဖြစ်နေခဲ့တယ်။ သူလည်း အသိဉာဏ်မဲ့တဲ့ လူတစ်ယောက်ကဲ့သို့ ငေးကြည့် နေလိုက်တယ်။
ပုံမှန် အခြေအနေဆိုရင် သူ လက်နက်ကို ထုတ်မသုံးပါဘူး ဒါပေမဲ့ သူနိုင်ချင်စိတ် ပြင်းပြနေခဲ့တယ်။ ဒါကြောင့် သူ့ဓားကို ဆင့်ခေါ်လိုက်တယ်။ ဘုတ်ခနဲ အသံနဲ့ အတူတူ သူလည်း ဓားကို ကောက်ယူလိုက်ပြီး ယွမ်လော့ဖုန်း ခေါင်းရှိရာကို ဦးတည်လိုက်တယ်။ ခန်းမဆောင် တစ်ခုလုံးမှာ ဓားချင်း ယှဉ်ခုတ်သံ ဖုန်မှုန့်များ ဝေနေခဲ့တယ်။
“ယွမ်အာ… အရာအားလုံး ပြီးဆုံးတော့မယ်”
လေးယောက်မြောက် အကြီးအကဲလည်း သူ့နဖူးပေါ်မှ ချွေးစများကို သုတ်လိုက်ပြီး နင်ယွမ်ဘက် လှည့်ကာ ပြုံးလိုက်တယ်။
“နင်ရှင်းက မကြာခင် မင်းဇနီး ဖြစ်လာတော့မှာ”
ယွမ်လော့ဖုန်းက သူ့တိုက်ခိုက်မှု ဒဏ်ကို မခံနိုင်လောက်ဘူး လို့သာ ယုံကြည်ထားတယ်။ ယွမ်လော့ဖုန်း သေဆုံးတော့မယ်လို့ တွေးနေမိချိန် သူ့ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာခဲ့တယ်။
“ဘယ်သူလဲ”
လေးယောက်မြောက် အကြီးအကဲ လှည့်ကြည့်လိုက်ချိန်မှာ ပြုံးရိပ်သန်းနေသော မျက်ဝန်း တစ်စုံကို တွေ့လိုက်ရတာကြောင့် သူ ကြောင်အမ်းအမ်း ဖြစ်သွားရပါတယ်။
“ဘယ်လို ဖြစ်နိုင်ပါ့မလဲ”
တိုက်ခိုက်ဖို့အတွက် သူ့အစွမ်းအားလုံးကို ထုတ်သုံးထားရတာ သူ… ယွမ်လော့ဖုန်းကို ဓားနဲ့ ခုတ်လိုက်တာ သေချာပါတယ်။ ဘာကြောင့် အကောင်းပကတိ အတိုင်း ရှိနေရတာလဲ။ ကျစ်နေအောင် ဆုပ်ထားသော သူ့လက်သီးများ တုန်ရီနေကာ လေးယောက်မြောက် အကြီးအကဲလည်း အသက် ခပ်ပြင်းပြင်း ရှူလိုက်တယ်။ သူ့မျက်နှာက ကြောက်ခမန်းလိလိ ဖြူဆုတ်နေခဲ့တယ်။
“ယွမ်လော့ဖုန်း… ငါ မင်းကို လျှော့တွက်ခဲ့မိတယ် မင်း ငါ့တိုက်ခိုက်မှုကို ဘယ်လို ရှောင်တိမ်း လိုက်လဲတော့ ငါ မသိဘူး မင်း အမြဲတော့ ကံမကောင်းနိုင်ပါဘူး”
ဝုန်း
လေးယောက်မြောက် အကြီးအကဲရဲ့ လက်သီးက လေထုကို ဖြတ်သန်းပြီး ရွှီးခနဲ အသံ ဖြစ်ပေါ်လာကာ ယွမ်လော့ဖုန်းရဲ့ အလွန်ချောမောသော မျက်နှာပေါ် အညှာအတာ ကင်းမဲ့စွာ ထိုးနှက်လာခဲ့တယ်။
ယွမ်လော့ဖုန်းက မရှောင်တိမ်းဘူး။ လေးယောက်မြောက် အကြီးအကဲ လက်ကို ပုံမှန်အတိုင်း ဖယ်ရှားလိုက်တယ်။
“ဟား…”
လေးယောက်မြောက် အကြီးအကဲလည်း မလျှော့တမ်း ပြုံးလိုက်ပြီး ကြမ်းကြုတ်စွာ အော်လိုက်တယ်။
“ယွမ်လော့ဖုန်း… မင်းလို ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်က ငါ့တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပါဘူး ပြီးတော့ မင်း အမြဲတမ်း ကံမကောင်းနိုင်ပါဘူး”
***
အပိုင်း(၄၉၂)
လေးယောက်မြောက်အကြီးအကဲ၏ အလွမ်းဇာတ် (၈)
အလွန်အမင်း ပျော်ရွှင် ကြည်နူးခြင်းက ဝမ်းနည်း ကြေကွဲမှု၏ မူလ ဇာစ်မြစ် ဖြစ်နေပြန်ပါတယ်။
လေးယောက်မြောက် အကြီးအကဲက ဒီခံစားချက်ကို ချက်ချင်း တွေ့ကြုံလိုက်ရတယ်။ သူမရဲ့ လက်ဖဝါးက သူ့လက်သီးကို အလွယ်တကူလေး ဆုပ်ကိုင်လိုက်ပြီးတော့…
ဝုန်း…
စွမ်းအား တစ်ခုက သူ့စိတ်အတွင်း ဖြန့်ကြက်လာပြီး သူ့စိတ်ဝိညာဉ်ကို အပြင်းအထန် ထိခိုက်စေခဲ့တယ်။ ဒီတိုက်ခိုက်မှုကြောင့် သူ့စိတ် ဗလာကျင်း ဖြစ်သွားရပြီး သူ ဘာဖြစ်မှန်း မသိလိုက်ခင်မှာ သူ့ရင်ဘတ်မှ စူးရှသော နာကျင်မှုကို ခံစား လာရပါတယ်။ သူ့ အိုမင်းသော ခန္ဓာကိုယ် လွင့်စဉ်သွားပြီး အေးစက်သော မြေကြီးပေါ် လဲလျောင်း သွားခဲ့တယ်။
အဟွတ်…
လေးယောက်မြောက် အကြီးအကဲမှာ သွေးအန်ရတော့တယ်… သူလည်း ယွမ်လော့ဖုန်းကို စူးစူးရဲရဲ ကြည့်လိုက်တယ်…။ သူ့မျက်ဝန်း အကြည့်က အရင်လို အထင်မြင်သေးမှုများ မရှိနေတော့ဘဲ တည်ကြည် နေခဲ့ပါတယ်။
“ကောင်မလေး… ကျုပ် မင်းကို တကယ်ပဲ လျှော့တွက်ခဲ့မိပါတယ်… မင်း ငါ့တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မယ်လို့ မထင်ခဲ့မိဘူး… မင်းမှာ လျှို့ဝှက် နည်းလမ်း ရှိကို ရှိရမယ်… ငါမှန်းတာ မမှားဘူးဆိုရင် မင်း ဝိညာဉ်တိုက်ခိုက်တဲ့ နည်းလမ်းကို သင်ယူထားတာ ဖြစ်ရမယ် ကံခေစွာနဲ့ ကောင်းကင်ဘုံ အဆင့်နဲ့ ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူက အများကြီး ခြားနားတယ် မင်းမှာ ဝှက်ဖဲ ဘယ်လောက်ရှိရှိ အသုံးမဝင်ဘူး”
လေးယောက်မြောက် အကြီးအကဲလည်း မြေကြီးပေါ်မှ ကုန်းရုန်း ထလိုက်ပြီး ထေ့ငေါ့လိုက်တယ်။ ထို့နောက်… သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက မြေကြီးပေါ်မှ တဖြည်းဖြည်းချင်း ထလာပြီး ကောင်းကင်ယံသို့ ကြွတက် လိုက်တယ်။
“ခြားနားချက်က ဘာလဲ သိချင်လား… တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအဆင့် ရောက်ရင် လေထဲမှာ ပျံသန်းနိုင်တယ်… အခု မင်းနဲ့ ငါ့ကြားက ခြားနားချက်ကို သိပြီလား ငါ လေထဲမှာ လွင့်မျောနိုင်သ၍ ငါ မင်းကို တိုက်ခိုက်နိုင်မယ် မင်းတိုက်ခိုက်မှုက ငါ့အပေါ် သက်ရောက်မှာ မဟုတ်ဘူး”
ဘဝင်ခိုက်နေသော အပြုံးနဲ့ သူ့အောက်မှာ ရှိနေသော လူများကို အထင်မြင်သေးစွာ ငုံ့ကြည့်နေတယ်။
သူ့မျက်ဝန်းများက ယွမ်လော့ဖုန်းကို မလွတ်စတမ်း ကြည့်နေခဲ့တာကြောင့် တခြားလူများကို သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေတာ သတိမထားမိပါဘူး
“ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ… ဟုတ်လား”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်တယ်။ သူမ အပြုံးများ ခံစားချက် ကင်းမဲ့ပြီး စဉ်းလဲတယ်။ သူမ မျက်နှာကလည်း အထက်စီးဆန်တယ်။
“ဒီလောကကြီးထဲမှာ ရှင်တစ်ယောက်တည်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူလို့ ထင်နေတာလား”
“ဘာ…”
လေးယောက်မြောက် အကြီးအကဲလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ယွမ်လော့ဖုန်း ဘာဆိုလိုလဲဆိုတာ နားမလည်တဲ့ သဘောပေ။ သို့သော်လည်း သူ ဘာလဲဆိုတာ မသိခင်မှာ သူ မြင်လိုက်တဲ့ ကိစ္စရပ်ကြောင့် သူ့မှာ အံ့သြ တုန်လှုပ် သွားရပါတယ်။
ခြံဝင်းအတွင်းမှာ ရပ်နေတဲ့ ကောင်မလေးက ရုတ်တရက် လေထဲ ခုန်သွားပြီး သူ့ရှေ့ကို ချက်ချင်း ရောက်ရှိ လာခဲ့တယ်။ လေးယောက်မြောက် အကြီးအကဲမှာ တန်ပြန် တိုက်ခိုက်ဖို့ အချိန် မရခင် ယွမ်လော့ဖုန်းက သူ့ကို ကန်လိုက်ပြီး ပြင်းထန်သော လေကို ဖန်တီး လိုက်ပါတယ်။ ဘိုင်းခနဲ အသံနဲ့ အဘိုးအိုရဲ့ ခန္ဓာကိုယ်က လေထဲမှ အောက်သို့ ကျဆင်း လာရတယ်။
ယခု… လေးယောက်မြောက် အကြီးအကဲမှာ လုံးဝကို မှင်တက် သွားရပါတယ်။ သူ မြေကြီးကို ထိသွားသည့်တိုင် အံ့သြလွန်းလို့ အသိပြန် မဝင်လာသေးပေ။
သူမလည်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူလား…။ ဘယ်အချိန်က ဒီအဆင့်ကို ရောက်သွားတာလဲ…။
လွန်ခဲ့သော လပိုင်းလောက်က ဒီကောင်မလေး ကမ္ဘာမြေကြီး အနိမ့်အဆင့် ကျင့်ကြံသူအဖြစ် ရှိနေသေးတာ သူ မှတ်မိနေပါတယ်။ လပိုင်းလောက်လေးနဲ့ ဒီကောင်မလေးက ကောင်းကင်ဘုံအဆင့် အတားအဆီးကို ကျော်ဖြတ် လိုက်နိုင်တာလား။
အဘိုးအို ခန္ဓာကိုယ်က အောက်သို့ ပြင်းပြင်းထန်ထန် ကျလာပြီး မြေကြီးပေါ်မှာ နက်ရှိုင်းသော ချိုင့်တစ်ခု ဖြစ်သွားစေခဲ့တယ်။ သူလည်း ဒီချိုင့်ထဲမှာ လဲလျောင်းနေခဲ့ပြီး ကောင်းကင်ပြာကို ငေးမော ကြည့်နေလိုက်တယ်။ သူ့မျက်ဝန်း အကြည့်က အသက်မပါသော အကြည့်ပါ…။
ယခုတော့ သူပြောခဲ့တဲ့ စကားများကို ပြန်တွေးတောရင် တခြားသူများ သူ့ကို လှောင်နေမှာ တွေးမိလာတယ်။ သူ စိန်ခေါ်တာ လက်မခံတာ ကြောက်လို့ မဟုတ်ဘဲ… သူ့ကို အထင်သေးလို့ပေါ့။
“ဖေဖေ”
နင်ယွမ်မှာ တော်တော်ကို ကြောက်လန့်သွားခဲ့ပြီး သူ့မျက်နှာမှာ စိုးရိမ် ကြောင့်ကြမှုများ ပြည့်နှက်နေခဲ့တယ်။ သူ့နဖူးမှာ ချွေးအေးများ ပျံ့နှံ့နေခဲ့ပါတယ်။
“ယွမ်အာ…”
နင်ယွမ်အသံကြောင့် တကယ့် လက်တွေ့ဘဝကို ပြန်လည် ရောက်ရှိလာခဲ့ပြီး လေးယောက်မြောက် အကြီးအကဲလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
မဖြစ်ရဘူး…။
နင်ရှင်းကို နင်ယွမ် လက်မထပ် နိုင်တော့ဘူး။ သူ… ဒီလိုမျိုးတော့ မစွန့်လွှတ်နိုင်ဘူး ဒီနေ့ သူ သေရမယ်ဆိုလည်း သူတို့နဲ့အတူတူ နင်ရှင်းကို ငရဲဆွဲခေါ်သွားမယ်။ ဒီနည်းလမ်းမှသာ နင်ရှင်းက နင်ယွမ်ရဲ့ဇနီး ဖြစ်လာနိုင်မယ်…။ လေးယောက်မြောက် အကြီးအကဲလည်း ဒဏ်ရာ အပြင်းအထန် ရနေသော သူ့ခန္ဓာကိုယ်ကို တရွတ်တိုက် ဆွဲကာ ချိုင့်ထဲမှ ခုန်ထွက်လာခဲ့ပြီး နင်ရှင်း ရှိရာ တစ်ဟုန်ထိုး ပြေးတော့တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro