
စာစဉ်(၁၀) 226+227+228+229+230
အပိုင်း(၂၂၆)
အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံရန် ဝါးစံအိမ်တော်သို့ သွားရောက်ခြင်း(၂)
ယွမ်ရှောင်ရဲ့ ခံစားချက်မဲ့သော မျက်ဝန်းက နောက်ဘက်မှာ ရပ်နေသော မုဝူစွမ်းကို ကြည့်လိုက်ပြီးတော့ ခံစားချက်မဲ့စွာ စကားဆိုလိုက်တယ်။
“အိမ်ရှေ့စံမင်းသားက သူ့ကိုယ်သူ ဝါးစံအိမ်တော်မှာ ရောင်းစားခဲ့ပြီး ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေတဲ့လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝါးစံအိမ်တော်မှာ ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကို လူအများကြီး သိနေခဲ့ပါတယ်”
ဘန်း…။
ယွမ်ရှောင် ပြောလိုက်တဲ့ စကားက လူစုလူဝေး ကြားထဲမှာ မိုးကြိုးပစ် သွားသလို ဖြစ်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်စေတယ်။
အိမ်ရှေ့စံမင်းသားက တကယ်ပဲ ဝါးစံအိမ်တော်မှာ သူ့ကိုယ်သူ ရောင်းစား ပြီးတော့ ပြည့်တန်ဆာ လုပ်နေခဲ့တာလား။ အဲဒီနေရာက ဘယ်လို နေရာမျိုးပါလဲ။ ဒီနေရာက ယောက်ျား အများစု ရာဂစိတ်ကို ဖြေဖျောက်ဖို့ သွားတဲ့နေရာ ဖြစ်နေတယ်လေ။ ဒီလိုနေရာမျိုးမှာ အိမ်ရှေ့စံ မင်းသားက သူ့ကိုယ်သူ ရောင်းစားတယ် ဆိုတော့ အကျင့်စာရိတ္တ ပျက်ပြား နေပြီပေါ့။
“မဖြစ်နိုင်ဘူး.. ကျွန်မ… ရှင်ပြောတဲ့ စကားကို လုံးဝ မယုံကြည်ဘူး။ ဘယ်တော့မှ အိမ်ရှေ့စံ မင်းသားက သူ့ကိုယ်သူ ဝါးစံအိမ်တော်မှာ ရောင်းစားမှာ မဟုတ်ဘူး”
မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က တုန်ရီနေပြီး ယွမ်ရှောင်လက်ကို ဆွဲကိုင်ဖို့ ရည်ရွယ်ပြီး ဒေါသတကြီး လျှောက်လှမ်း လာတယ်။
သို့သော်လည်း သူမလက်က ယွမ်ရှောင်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ မရောက်ခင်မှာ ပြင်းထန်သော စွမ်းအားတစ်ခုက ဝုန်းခနဲ မြည်ဟည်း ပေါက်ကွဲလာပြီး မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ လွင့်စဉ် သွားခဲ့တယ်။ မုဝူစွမ်း၏ သနားစရာကောင်းတဲ့ ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ လဲလျောင်းသွားပြီး လတ်ဆတ်သော သွေးများ မရပ်မနား ပျို့အန်ထွက် လာခဲ့တယ်။ သူမရဲ့ မျက်နှာ အမူအရာလေးက ဖြူဖျော့နေပြီး ယွမ်လော့ဖုန်းနှင့် ယွမ်ရှောင်ကို ဒေါသထွက်နေသော အကြည့်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
အိမ်ရှေ့စံမင်းသားက ဒီလိုနေရာမျိုးကို သွားမယ်လို့ သူမ မယုံကြည်နိုင်ဘူး။
လက်ရှိအချိန်မှာ လူအားလုံးက ဒီသတင်းကြောင့် အံ့သြမှင်တက် နေဆဲပါ။ နာမည် ကျော်ကြားတဲ့ ပါရမီရှင် မုဝူစွမ်းကို သက်တော်စောင့် တစ်ယောက်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့တာကို သတိမထားမိပါဘူး။ အရေးကြီးဆုံး အချက်က မုဝူစွမ်း တစ်ယောက်… ယွမ်ရှောင်ရဲ့ အင်္ကျီစကိုတောင် မထိနိုင်ခဲ့ပေ။
“အိမ်ရှေ့စံမင်းသားကို သွားကြည့်ဖို့ ဝါးစံအိမ်တော်ကို သွားကြတာပေါ့လေ”
လူအုပ်အတွင်းမှာ ဘယ်သူက စပြီးတော့ ပြောလိုက်မှန်းတော့ မသိဘူး လူတိုင်းက ချက်ချင်း ထွက်ခွာ သွားပြီးတော့ မြေပြင်ပေါ်မှာ လဲလျောင်းနေသော မုဝူစွမ်းကို တစ်ယောက်တည်း ချန်ထားခဲ့တယ်။
ဝါးစံအိမ်တော်က တိုင်းပြည်ပေါင်းစုံမှာ လူသိများတဲ့ အပျော်စံအိမ်တော် တစ်ခုပဲလေ။ တိုင်းပြည်တိုင်းမှာ ဝါးစံအိမ်တော်ခွဲများ ရှိတယ်။ လုံယွမ်တိုင်းပြည်မှာ ရှိတဲ့ တစ်ခုက တော်ဝင်မြို့တော် အဝေးမှာ တည်ရှိတယ်။
ဝါးစံအိမ်တော် သီးသန့် အခန်းအတွင်းမှာ လူတစ်ယောက်ရဲ့ နှလုံးခုန်သံကို မြန်စေတဲ့ ညည်းတွားသံကို ကြားနေရတယ်။ ထိုအသံက အပြင်ဘက်မှ ကြားရသူ အပေါင်းကို မျက်နှာ နီရဲစေတယ်။ တစ်ခါတစ်ရံ ဒီအသံ တိုးသွားလိုက်၊ ကျယ်သွားလိုက်နဲ့ပေါ့။ ဒါပေမဲ့ ဒီအသံက အမျိုးသား နှစ်ယောက်ရဲ့ အသံဆိုတာ ခန့်မှန်းလို့ ရပါတယ်။
“ဟား… ဟား… တကယ်ပဲ လုံယွမ် တိုင်းပြည်က အိမ်ရှေ့စံ မင်းသားရဲ့ အရသာက တကယ်ကို ခြားနားတာပါလား။ သေးသွယ်ပြီး နူးညံ့တဲ့ အသားစိုင်လေးက မေ့ပျောက်ဖို့ ခဲယဉ်းလိုက်တာနော်…။ ဟား…ဟား …”
အခန်းအတွင်းမှာ ကြမ်းတမ်းတဲ့ အမျိုးသားလေးက ကျေနပ်မှု အပြည့်ဖြင့် ရယ်မောနေတယ်။ ကြမ်းကြမ်း တမ်းတမ်းနဲ့ ကွမ်လန်ရဲ့ မေးဖျားကို ဆွဲကိုင်လိုက်ပြီး မှေးကျဉ်းတဲ့ သူ့မျက်ဝန်းက အေးတိအေးစက် တဖျတ်ဖျတ် လက်နေတယ်။
“နှမြောစရာ ကောင်းတာက မင်းက ဧည့်သည်တွေ အများကြီးကို လက်ခံခဲ့ပြီးပြီ။ မဟုတ်ရင်တော့ ငါက မင်းကို ရွေးပေးဖို့ တွေးမိမှာပါ”
ကွမ်လန်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့ မျက်ဝန်းကို အောက်သို့ ငိုက်စင်းလိုက်တယ်။ ဒီမှာ တစ်လကျော်လောက် နေပြီးကတည်းက သူ့ဒေါသကို ဘယ်လို ဖြေသိမ့်ရမလဲ ဆိုတာ လေ့လာ သင်ယူနိုင်ခဲ့ပြီလေ။ သူ အနည်းငယ်မျှ ပြန်လည် ဆန့်ကျင်ဖို့ ကြိုးစားခဲ့ရင် သူ့အတွက် စောင့်မျှော်နေတာက အုပ်စုလိုက် ရိုက်နှက်ခြင်းပဲ။ သူ့အတွက်တော့ နေ့အချိန် ရောက်လာခဲ့ရင်တော့ အနားယူလို့ ရနိုင်တယ်။ ညအချိန် ရောက်လာသည့်နှင့် အိပ်မက်ဆိုးများက စတင်လာခဲ့တယ်။
လရောင်လွှမ်းသည့် အချိန်ရောက်လျှင် ချွန်နန်းက များစွာသော စိတ်ဝိညာဉ် သားရဲကောင်များကို သူ့အခန်းထဲကို ပို့ပေးတာကို သူ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘူး။ ဒီအတွေ့အကြုံက ပြင်းထန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုပါပဲ။ ဒီငရဲတွင်းက လွတ်မြောက်ခဲ့ရင် တောင်မှ ကာယိယ ထိခိုက်မှုကို ဖျောက်ဖျက်လို့ ရနိုင်မည် မဟုတ်ပေ။
“အိမ်ရှေ့စံ မင်းသားလေး… ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းတာလေးတွေ ကစား ကြည့်ရအောင်လေ…။ စမ်းသပ် ကြည့်သင့်တယ် မလား”
ရိုင်းစိုင်းတဲ့ အမျိုးသားလေးက အားရပါးရ ရယ်မောလိုက်တယ်။ ကွမ်လန်လည်း ကြောက်ကြောက် လန့်လန့် ခေါင်းမော့လိုက်တယ်။ သူ စကားပြန်ပြောဖို့ အခွင့်အရေး မရခင်မှာပဲ ကျာပွတ်က သူ့ခန္ဓာကိုယ်ပေါ်သို့ အညှာတာ ကင်းမဲ့စွာ ကျရောက်လာခဲ့ပြီး သူ့အသားစိုင်များ စုတ်ပြဲ သွားခဲ့တယ်။
“မင်း… ဘာလုပ်နေတာလဲ…”
သူ့နှလုံးသားထဲမှ ဒေါသစိတ်များ မီးတောင်ကဲ့သို့ ပေါက်ကွဲ လာစေတယ်။ သူ လှည့်လိုက်ပြီးတော့ ရိုင်းစိုင်းတဲ့ လူရဲ့လက်ကို ဒေါသတကြီး လှမ်းကိုင်လိုက်တယ်။ ကောက်ကျစ် စဉ်းလဲသော မြေခွေး အမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်တယ်။
“ငါ… သတိပေးနေတယ်နော်…။ မင်း တရား မလွန်လာနဲ့”
***
အပိုင်း(၂၂၇)
အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံရန် ဝါးစံအိမ်တော်သို့ သွားရောက်ခြင်း(၃)
‘ဖြန်း’
ရိုင်းစိုင်းတဲ့ အမျိုးသားလေးက ကွမ်လန်ရဲ့ ပါးတစ်ဖက်ကို အညှာတာ ကင်းမဲ့စွာ ရိုက်လိုက်တယ်။ ထိုရိုက်ချက်ကြောင့် ကွမ်လန် နားထဲမှာ တဝီဝီမြည်သံများ ကြားရပြီး မျက်လုံးထဲမှာ ကြယ်များ မြင်သွားစေတယ်။ သူ့လည်ချောင်းမှ သွေးချွဲများ အန်ထွက် စေလာတယ်။
“မိမစစ် ဖမစစ်ကောင်… မင်းနဲ့ အတူတူ ပျော်ပါးဖို့ ငါ့ပိုက်ဆံတွေကို သုံးထားရတာ ဒါကြောင့် ငါ… မင်းနဲ့ ကြိုက်သလို ပျော်ပါးမယ်။ မင်းကိုယ်မင်း အိမ်ရှေ့စံမင်းသား တစ်ယောက်လို့ ထင်နေသေးတာလား။ ဝါးစံအိမ်တော် အတွင်းမှာ မင်းနဲ့ အပျော်လင်တွေနဲ့ ဘာမှခြားနားမှု မရှိဘူး။ ငါ့ကိုလာပြီးတော့ ဂုဏ်မောက်နေတဲ့ အကြည့်နဲ့ လာမကြည့်နဲ့။ မင်းက အိမ်ရှေ့စံမင်းသား တစ်ယောက် ဖြစ်နေလို့ ငါက အလွတ်ပေးမယ်များ ထင်နေတာလား။ မင်းက ငါ့ကို ကောင်းကောင်း ပြုစုပေးမယ် ဆိုရင်တော့ မင်းကို ရုတ်တရက် စိတ်ကူး ပြောင်းပြီးတော့ ရွေးပေးမှာပါ”
အပျော်လင်…
ဒီစကားက ကွမ်လန်ရဲ့ နှလုံးသားကို အညှာတာ ကင်းမဲ့စွာ ထိုးဖောက်နေတဲ့ အပ်တစ်ချောင်းလိုပါပဲ။
သူ့ခန္ဓာကိုယ်က နာကျင်ရတဲ့ ခံစားချက်ထက် သူ့နှလုံးသားထဲက နာကျင်ရတဲ့ ခံစားချက်က ပိုပြီးတော့ နက်ရှိုင်းပါတယ်။ ဒီရက်ပိုင်း အတွင်းမှာ သူ အရှက်တကွဲ ဖြစ်ခဲ့ရတာကို ပြန်တွေးမိတိုင်း လက်စားချေနိုင်ဖို့ မျှော်လင့်တယ်။ လွန်ခဲ့သော တစ်လကျော်က သူ့ဘဝက အိမ်ရှေ့စံမင်းသား တစ်ယောက်ပါ။
အခုချိန်မှာတော့ သူ့ဘဝက မိန်းကလေးတွေနဲ့ ပျော်ပါးရရုံသာမက ယောက်ျားလေးတွေ ကျေနပ်စေဖို့ ပြုစုပေးရတယ်။ သူ့ဂုဏ်သိက္ခာနဲ့ မာနဝင့်ကြွားခြင်း အားလုံးကို စွန့်လွှတ်ခဲ့တယ်။ ဒါလည်း သူတို့တွေက သူကို လွတ်မြောက်ခွင့်လေး မပေးနိုင် သေးဘူးလား။
ဖြန်း
ရိုင်းစိုင်းတဲ့ အမျိုးသားလေးရဲ့ ကျာပွတ်က သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာခဲ့ပြီး အရမ်းကို နာကျင်ရလွန်းလို့ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာရတယ်။ သူ့လက်ချောင်းလေး များက အိပ်ရာခင်းကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး ချောမော ခန့်ညားတဲ့ မျက်နှာက ဖြူဖျော့ နေသော်လည်း ကောက်ကျစ် စဉ်းလဲမှုကို ဖော်ပြနေတယ်။
သိပ်မကြာခင်မှာ သူ့ကို အရှက်တကွဲ ဖြစ်စေခဲ့တဲ့ လူတိုင်းကို သေမင်းတံခါးဝသို့ ပို့ရလိမ့်မယ်။
“ဝိုး… ချင်ရဲ့ ဝါသနာက တကယ်ကို ပုံမှန် မဟုတ်ဘူးပဲ။ ငါတကယ်ကို မထင်ထားခဲ့မိဘူး။ ရှင်က ဒီလို နည်းလမ်းနဲ့ ကစားရတာ သဘောကျတယ်ပေါ့”
အခန်းတံခါး ဖွင့်လာချိန်မှာ ညှို့ဓာတ်ပြင်းသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပျော့ခွေ သွားစေတယ်။
ကွမ်လန် အတွက်တော့ ဒီအသံက အိပ်မက်ဆိုး တစ်ခုနဲ့ ဆင်တူတယ်။ ဖြူဖျော့နေတဲ့ နှုတ်ခမ်းကို ဖိကိုက်ထားစဉ်မှာ သူ့ခန္ဓာကိုယ်က အရမ်းကို ကတုန်ကယင် ဖြစ်နေတယ်။ ကြောက်ရွံ့မှုက သူ့စိတ်အတွင်းမှ ပေါ်ပေါက် လာရပြီးတော့ သူ့မှာ ခေါင်းမော့ရဲတဲ့ သတ္တိ မရှိတော့ပေ။
“ချွန်နန်း…. ငါက အခုက ခံစားချက်တွေ ကောင်းလာတာ…။ နင် ဘာလို့ နှောင့်ယှက်ရတာလဲ”
ကြမ်းတမ်းတဲ့ အမျိုးသားလေးက မျက်မှောင်ကြုတ် လိုက်တယ်။ မကျေနပ်တာကို သူ့အသံကြားရုံနှင့် သိနိုင်တယ်။
ချွန်နန်းလည်း သူမ နှုတ်ခမ်းလေးကို ကာရင်း တခစ်ခစ် ရယ်မောနေတယ်။
“လုံယွမ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားက ဝါးစံအိမ်တော်မှာ ဧည့်သည် လက်ခံပြီး ပြုစုပေးနေတာကို လူအများအပြား သိနေခဲ့ပြီလေ။ သူ့ကို တွေ့ဖို့ အားလုံးက အလျင်လို နေကြတယ်။ သူတို့အားလုံးကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ ဒါကြောင့်လည်း ရှင့်ကို လာနှောင့်ယှက် ရတာပေါ့။ ရှင် သူ့ကို ကြိုက်တယ် ဆိုရင်တော့ ညအနည်းငယ်လောက် လက်ဆောင် ပေးနိုင်ပါတယ်။ ဒါဆိုရင် ရှင်လည်း သူနဲ့ ပိုပြီးတော့ ပျော်ပါးရတာပေါ့”
ဒီစကားသံကို ကြားရတော့ ကွမ်လန်ရဲ့ မျက်နှာ အမူအရာက ပိုပိုပြီးတော့ တုန်လှုပ် ချောက်ချားကာ ကတုန်ကယင် ဖြစ်လာရတယ်။
မတွေ့နိုင်ဘူး…
သူ့ကို ဒီလူတွေ တွေ့သွားလို့ မဖြစ်ဘူး။ ဒီသတင်းက လုံယွမ် တိုင်းပြည်ကို ပျံ့နှံ့သွားခဲ့ရင် သူ မျက်နှာပျက်တဲ့ အပြင် အိမ်ရှေ့စံမင်းသား ရာထူးကိုလည်း ဆုံးရှုံးနိုင်တယ်။
ချင်ရဲ့ ဟားတိုက် ရယ်မော လိုက်တယ်။
“ဒါဆိုလည်း ငါ က မင်းကို ကျေးဇူးတင်ရတော့ မှာပေါ့လေ။ ချွန်နန်း… မင်း သူ့ကို ခုချက်ချင်း ခေါ်သွားလို့ ရပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို ပေးထားတဲ့ ကတိကိုတော့ မမေ့နဲ့နော်”
ချွန်နန်းလည်း ချင်ရဲ့ကို ညှို့ဓာတ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်တယ်။
“စိတ်ချလိုက်စမ်းပါ…။ ကျွန်မက ကတိကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဖူးဘူး။ သူ့ကို သန့်ရှင်းရေး လုပ်ပေးရဦးမယ်။ နောက်နေ့ညမှ ရှင့်ဆီ ပို့လိုက်မယ်”
ချွန်နန်း အကြည့်က ကွမ်လန်ဘက်သို့ ပြောင်းလဲ လိုက်ပြီးတော့ ဆွဲဆောင်မှု ရှိစွာ ရယ်မောလိုက်တယ်။
“ကွမ်လန်… ရှင် ကိုယ့်ဘာသာ လမ်းလျှောက်ပြီးတော့ ထွက်သွားမလား။ ဒီနေရာက ဆွဲထုတ်ခံပြီး ထွက်သွားမလား”
ကွမ်လန်လည်း ကတုန်ကယင်နှင့် နှုတ်ခမ်းပါးကို ကိုက်ထား လိုက်တယ်။ သူ့စိတ်ထဲက ရှက်ရွံ့မှုကို ဖိနှိပ်ရင်း တောင်းပန်လိုက်တယ်။
“ငါ့ကို အဝတ်စားလေးတော့ ဝတ်ခွင့်ပေးပါလား”
“နင့်လို ကုန်စည် တစ်ခုက အဝတ်အစား ဝတ်လိုက်လည်း ခွေးနဲ့ တူနေမှာပဲလေ။ ဒါကြောင့် ဝတ်ဖို့ မလိုအပ်ဘူး။ ငါ နင့်ကို သတိပေးထား လိုက်မယ်။ အခု လာမယ့် ဧည့်သည်တွေက အရေးကြီးတယ်။ နင့်ရဲ့ အိမ်နီးချင်းတွေလို့ သဘောထားလိုက်.. နင့် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို သူတို့တွေ့ဖို့ သူတို့ရှေ့မှာ အဝတ်ဗလာနဲ့ နင့်ခန္ဓာကိုယ်ကို ဖော်ပြ ထားစေချင်တယ်”
***
အပိုင်း(၂၂၈)
လူယုတ်မာများ အနက် အဆိုးရွားဆုံး လူယုတ်မာ(၁)
ဝါးစံအိမ်တော်….
တန်ဖိုးရှိသော ဇိမ်ခံ ပစ္စည်းများဖြင့် ပြည့်နှက်နေသော ခန်းမဆောင် အတွင်းမှာ မုဝူစွမ်းပုံစံက စိတ်ရှုပ်ထွေးနေမှန်း သိသာနေတယ်။ စိတ်မတည်မငြိမ် ဖြစ်နေရတယ်။
အိမ်ရှေ့စံမင်းသားက ဝါးစံအိမ်တော် အတွင်းမှာ အဖမ်းခံထားရမယ် ဆိုတာ မယုံကြည် သော်လည်း နောက်ဆုံးတော့ သူမ ရောက်လာ ရတာပါပဲလေ။ သူမ ရည်ရွယ်ချက်က သူမ စိတ်အေးချမ်းဖို့ပါ။
သို့သော်လည်း…
အချိန် တစ်ခဏလေး အတွင်းမှာ ခန္ဓာကိုယ် တစ်ခုလုံးကို ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားတဲ့ လူငယ်လေး တစ်ယောက် ခန်းမဆောင် အတွင်းသို့ ဝင်ရောက် လာခဲ့တယ်။ သူမနှလုံးသားက လုံးဝ ပြိုလဲ ကြေကွဲ သွားရတယ်။ သူမလည်း ထိတ်လန့်စိတ်ကြောင့် မအော်မိစေရန် သူမပါးစပ်ကို လက်ဖြင့် ကာထားလိုက်တယ်။ သူမ ကြိုးစားသော်လည်း အထိန်းချုပ် ကင်းမဲ့စွာ အော်ဟစ်ခြင်းကို မတားဆီးနိုင်ခဲ့ပါ။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်ချေ ရှိမလဲ။ ဘာကြောင့် အိမ်ရှေ့စံမင်းသားက သူ့ခန္ဓာကိုယ်ကို ဝါးစံအိမ်တော်ကို ရောင်းရမလဲ။ အပေါစားမိန်းမ ယွမ်လော့ဖုန်းက မကောင်း ကြံစည်ထားတာ ဖြစ်ရမယ်။ အပေါစားမိန်းမ ယွမ်လော့ဖုန်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။
“အားလုံး နားဆင်ကြပါရှင့်…။ ခစ်… ခစ်”
ချွန်နန်းလည်း နူးနူးညံ့ညံ့လေး တခစ်ခစ် ရယ်မော လိုက်တယ်။
“ရှင်တို့ အားလုံး တွေ့ချင်နေတဲ့ အမျိုးသားလေး ရောက်လာပြီနော်။ ကြည့်ပြီးရင်တော့ ငွေပေးဖို့ မမေ့ရဘူးနော်။ ကျွန်မရဲ့ ဝါးစံအိမ်တော်က ကောင်လေးတွေက အလွယ်တကူ ကြည့်လို့ရတဲ့ ကောင်လေးတွေ မဟုတ်ဘူး။ သေသေချာချာလေး ပြောရရင် ဒီကောင်လေးက လုံယွမ်တိုင်းပြည်က အိမ်ရှေ့စံမင်းသား တစ်ပါးလေ”
ချွန်နန်းရဲ့ စဉ်းလဲသော စရိုက်အရ … ဒီအခွင့်အရေးကို အသုံးချပြီးတော့ ငွေအများကြီး ရအောင် ကြံစည်မှာပေါ့။
“တကယ်ပဲ အိမ်ရှေ့စံ မင်းသားလား။ တကယ်ပဲ သူက မင်းသားလေးလား။ ငါတို့ လေးစားရတဲ့ အိမ်ရှေ့စံမင်းသားက သူ့ကိုယ်သူ ဒီနေရာမျိုးမှာ ခန္ဓာကိုယ် ရောင်းစားရတဲ့အထိ အကျင့်စာရိတ္တ ပျက်ပြား သွားမယ် ဆိုတာ မထင်ထားခဲ့မိဘူး”
“ဒီ အိမ်ရှေ့စံ မင်းသားလေးက နူးညံ့ အိစက်တဲ့ အသားရေလေးကို ပိုင်ဆိုင်တယ် ဆိုတာ ကျွန်မ အာမခံနိုင်တယ်။ ဒီလိုလေး ထိုင်ကြည့်နေတာက မလုံလောက် နိုင်လောက်ဘူးနော်။ တစ်ညလောက် ဝယ်ပြီးတော့ အပန်းဖြေသင့်တယ်လို့ ထင်တယ်”
ဒီ ညစ်ညစ်ညမ်းညမ်း ပြောတဲ့ စကားသံကိုတော့ ကွမ်လန်လည်း ခေါင်းကို ငုံ့ထားလိုက်တယ်။ ဒီလူတွေ အားလုံးကို ရှက်လွန်းလို့ မကြည့်ရဲပေ။
သူ့မှာ သူ့ကိုယ်သူ သတ်သေနိုင်တဲ့သတ္တိ မရှိတာကြောင့်သာ အရာအားလုံးကို ခေါင်းငုံ့ သည်းခံနေခဲ့တာပေါ့။ ဒါကြောင့်လည်း ဒီနေရာမှာ တခြားလူတွေ အရှက်ခွဲတာကို ခံနေရတာပေါ့။
“နင် အဓိပ္ပာယ် မရှိတာကို ပြောနေတာပဲ”
ရုတ်တရက် ဒေါသထွက်နေတဲ့ အသံက ပဲ့တင် ထပ်လာတယ်။ ဒီအသံက ကွမ်လန်၏နားထဲသို့ ဝင်ရောက် လာပြီးနောက် သူ့ခန္ဓာကိုယ်က ကျောက်ရုပ်တစ်ခုလို တောင့်တင်း သွားရတယ်။ သူ့ဦးခေါင်းကို မြေကြီးထဲ ဝပ်ထားချင်သောဆန္ဒ ဖြစ်ပေါ် လာရတယ်။
“အိမ်ရှေ့စံ မင်းသားက ဒီလို လူစားမျိုး မဟုတ်ဘူး။ သူ့ကို ဝါးစံအိမ်တော်က ဒီမိန်းမက အတင်း တွန်းအားပေးလို့ ဖြစ်ရတာ”
မုဝူစွမ်းလည်း အံကြိတ်ပြီးတော့ ဓားသွားကဲ့သို့ စူးရှသော အကြည့့်ဖြင့် ချွန်နန်းကို ကြည့်လိုက်တယ်။
“အိမ်ရှေ့စံမင်းသားက သူ့ကိုယ်သူ ရောင်းစားဖို့ နင်က အတင်းတွန်းအား ပေးခဲ့တာကြောင့် နင်က ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ထားတာလေ”
ချွန်နန်းလည်း နူးနူးညံ့ညံ့လေး တခစ်ခစ် ရယ်မောလိုက်ပြီး ကလူတဲ့ အပြုအမူဖြင့် စကားပြောလိုက်တယ်။
“ဒီက ညီမလေးက အစ်မကို မှားယွင်း စွပ်စွဲနေပြီ။ အစ်မတို့ ဝါးစံအိမ်တော်က သင့်လျော်တဲ့ လဲလှယ်ခြင်း ပြုလုပ်တဲ့ နေရာတစ်ခုပါ။ တစ်ယောက်က သူ့ကိုယ်သူ ရောင်းချင်ပြီး အစ်မတို့က ဝယ်ချင်တယ်လေ…။ အစ်မတို့ စံအိမ်တော်က အားလုံးကို ရိုးရိုးသားသား ဆက်ဆံတယ်။ လူကြီး၊ လူငယ် အားလုံးကို အတူတူပဲ ရောင်းဝယ်တယ်။ ဒါကြောင့်လည်း အတင်း တွန်းအားပေး ခံရလားဆိုတာ ဒီကောင်လေးကို မေးနိုင်ပါတယ်”
ဒီစကားကို ပြောနေစဉ်မှာ ချွန်နန်းရဲ့လက်က ကွမ်လန်ရဲ့ပေါင်ကို အရှက်ကြောက် ကင်းမဲ့စွာ ဆုပ်ကိုင်တယ်။ ကျောက်စိမ်း အဖြူကဲ့သို့ လက်ချောင်း ထိပ်တွေက နှင်းကဲ့သို့ ဖြူဖွေးသော လူငယ်လေး၏ အသားရေကို ထိတွေ့နေတယ်။
ဒီရက်ပိုင်း အတွင်းမှာ သူခံစားခဲ့ရတဲ့ အိပ်မက်ဆိုးများကို ပြန်တွေးကြည့်ရင်း ကွမ်လန်ရဲ့ ခန္ဓာကိုယ်က တုန်ရီလာရတယ်။ ကတုန်ကယင်ဖြင့် ပြန်ဖြေလိုက်တယ်။
“ငါ့ရွေးချယ်မှုပါ။ ငါ.. ဆန္ဒရှိပါတယ်”
“ကျွန်မ… ရှင်ပြောတာကို မယုံကြည်နိုင်ဘူး။ ဒီလူတွေက ရှင့်ကို တွန်းအားပေးတာ ဖြစ်ရမယ်။ စိတ်ချပါ…။ ကျွန်မ… ချက်ချင်း ပြန်လာခဲ့မယ်…။ ရှင့်ကို ကယ်ဖို့ စစ်ကူ ခေါ်လာခဲ့မယ်”
မုဝူစွမ်းလည်း သူမနှုတ်ခမ်းကို အတင်းဖိကိုက်ရင်း သူမ ပြန်လှည့်သွားဖို့ တွေးနေမိတယ်။ သို့သော်လည်း သူမ ခြေမလှမ်းခင်မှာ သန်မာ ထွားကျိုင်းတဲ့ ယောက်ျား အုပ်စုက သူမကို ကာဆီး ထားလိုက်တယ်။
“နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ ထင်နေလဲ”
ပေါက်ကွဲလာတဲ့ ဒေါသစိတ်ကြောင့် သူမရင်ထဲမှာ မွန်းကျပ်လာရပြီး မကျေမနပ် မေးလိုက်တယ်။
သူမ မေးခွန်းမေးလို့ မပြီးခင်မှာဘဲ သူမ အနောက်ဘက်မှ ရယ်မောသံကို ကြားလိုက်ရတယ်။
“ဒီမိန်းမပျိုလေးက လုံယွမ်တိုင်းပြည်က အိမ်ရှေ့စံနဲ့ ပထမဦးဆုံး ရင်းနှီး ကျွမ်းဝင်ခဲ့သူ ထင်တယ်။ သူ့ကို ဒီလောက် ကယ်တင်ချင်နေတယ် ဆိုလည်း သူ့နေရာမှာ အစားထိုးပြီးတော့ ဧည့်သည်တွေကို ပြုစုလိုက်ပါလား။ ဒါဆိုလည်း သူ့ကို သွားခွင့် ပြုလိုက်မယ်လေ။ ဘယ်လို သဘောရလဲ”
ကွမ်လန်ရဲ့ မျက်လုံးက ပြူးကျယ် သွားရပြီး မုဝူစွမ်းဘက်သို့ အဆောတလျင် ကြည့်လိုက်တယ်။ မျှော်လင့်ချက် ရောင်ခြည်များက သူ့ရဲ့ မီးခိုးရောင် မျက်ဝန်းမှာ ထွက်ပေါ်လာတယ်။
***
အပိုင်း(၂၂၉)
လူယုတ်မာများအနက် အဆိုးရွားဆုံး လူယုတ်မာ(၂)
မှန်တာပဲလေ…။ သူလည်း မုဝူစွမ်းကို တကယ် ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ပိုချစ်တယ်။ ဒီမကောင်းဆိုးဝါး အသိုက်က လွတ်မြောက်နိုင်မယ် ဆိုရင် မုဝူစွမ်းကို စွန့်လွှတ်ရလည်း ကိစ္စ မရှိဘူး။
ဒါ့ပြင် သူ ဒီနေရာကို ပြန်ပေးမဆွဲခံရစဉ်က လူတစ်ယောက်က သူ့ကို ပြောခဲ့ဖူးတယ်။ သူက သရဲဘုရင်ရဲ့ မိန်းကလေးကို ဖြားယောင်း သွေးဆောင်ပြီး ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ ပြောတယ်။ ဒါကြောင့်လည်း ဒီလိုမျိုး နှိပ်စက် ညှဉ်းပန်းမှုကို ခံစားနေရတာပေါ့။ သူ နက်နက်ရှိုင်းရှိုင်း ချစ်တဲ့ မိန်းကလေးက မုဝူစွမ်း တစ်ယောက်တည်း ဖြစ်တယ်။ အဲဒီလိုဆိုရင်တော့ သရဲဘုရင် ကြိုက်နှစ်သက်နေတဲ့ မိန်းကလေးက မုဝူစွမ်း ဖြစ်ရမယ်။ သူ ခံစားနေရတဲ့ နှိပ်စက် ညှဉ်းပန်းမှုက လွတ်မြောက်ဖို့ အတွက် မုဝူစွမ်းကို အသုံးချတာ သူ မမှားဘူး။ သူ့ကို ဒီနေရာပို့ဖို့ သရဲဘုရင်ကို ဘယ်သူက အကြံဉာဏ် ပေးလိုက်တာလဲ။
သရဲဘုရင်ရဲ့ မိန်းကလေးက မုဝူစွမ်း မဟုတ်ဘဲ ယွမ်လော့ဖုန်း ဖြစ်နေတာကို မသိတဲ့ ကွမ်လန်က သနားစရာ ကောင်းလိုက်တာ။
“နင် ဘာပြောလိုက်တယ်”
မုဝူစွမ်းလည်း ဖြူဖပ် ဖြူရော် မျက်နှာနှင့် ချွန်နန်းဘက်သို့ မယုံကြည်နိုင်စွာ လှည့်လိုက်တယ်။
“ဒီလို ပြည့်တန်ဆာ အလုပ်မျိုးကို လက်ခံဖို့ ငါ့ကို နင်က ပြောရဲတယ်ပေါ့”
ချွန်နန်းလည်း နှုတ်ခမ်းလေးကို ကွယ်ရင်း ရယ်မော လိုက်တယ်။ သူမအသံက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပျော့ခွေစေတယ်။
“နင်က သူ့ကို ကယ်တင်ချင်တဲ့ အထိ သူ့ကို မချစ်ဘူးလား။ နင် သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကိုယ်စား ည အနည်းငယ်လောက် အစားမထိုးနိုင် ဘူးလား။ ငါတို့ ဝါးစံအိမ်တော်ရဲ့ ဖောက်သည်တွေက ဒွိလိင်တွေပါ။ နှစ်မျိုးစလုံး ရပါတယ်။ နင့်ကိုယ်နင် ဈေးကောင်းကောင်းနဲ့ ရောင်းလို့ ရမှာပါ”
“နင်…”
မုဝူစွမ်းလည်း သူမ ရင်ဘတ် မြင့်ချည် နိမ့်ချည် ဖြစ်သွားတဲ့အထိ ဒေါသထွက် လာရတယ်။ ရက်စက်မှုက လှပတဲ့ သူမ မျက်ဝန်းမှာ ဖြာဆင်းနေတယ်။
သို့သော်လည်း သူမ ပြန်ပြောလို့ မပြီးခင်မှာ… သူမကို စိုးရိမ် ကြောင့်ကြ နေသော အသံက နှောင့်ယှက် လိုက်တယ်။
“ဝူစွမ်း… မင်း ကိုယ့်ကို ကယ်ရမယ်နော်။ အခုချိန်မှာ မင်း တစ်ယောက်တည်း ကိုယ့်ကို ကယ်တင် ပေးနိုင်မှာလေ”
မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က တုန်ရီသွားရတယ်။ နာကျင် ခံစားမှုဖြင့် ပြည့်နေသော မျက်ဝန်းများနှင့် စိတ်ပျက်စွာ ကွမ်လန်ကို ကြည့်လိုက်တယ်။
“အိမ်ရှေ့စံမင်းသား… ကျွန်မကို ရှင့်နေရာမှာ အစားထိုး စေချင်တာလား။ မိန်းကလေး တစ်ယောက် အတွက် ဖြူစင်မှုကို ဆုံးရှုံးတာက ဘာကို ဆိုလိုတာလဲ ဆိုတာ သိရဲ့လား”
“စိတ်ချပါ… ဝူစွမ်း… မင်း ကိုယ့်ကို ကယ်တင် ပေးနေသရွေ့ ကိုယ်က မင်းကို သေချာပေါက် ဇနီးအဖြစ် လက်ထပ် ယူပါမယ်။ မင်းကို စိတ်မပျက်စေရပါဘူး”
ကွမ်လန်လည်း စိတ်အား ထက်သန်စွာ ပြောလိုက်တယ်။
မုဝူစွမ်းလည်း စိတ်ပျက်စွာ မဲ့ပြုံး ပြုံးလိုက်တယ်။ သူမအပြုံးက စိတ်ပျက်ဟန်၊ စိတ်သောက ရောက်ဖွယ်နှင့် လှပသော သူမမျက်ဝန်းမှ နာကျင်မှု ပုံရိပ်များက အဆိုးဝါးဆုံးပေ။ အလွန်လှပတဲ့ မျက်နှာလေးလည်း ဖြူဖပ် ဖြူရော် ဖြစ်သွားတယ်။ သူမကို ချစ်ပါတယ်လို့ ထပ်ခါ ထပ်ခါ ပြောခဲ့တဲ့ ယောက်ျားလေးမှ ဟုတ်ရဲ့လား။ အခုတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူမကို မကောင်းဆိုးဝါး အသိုက်ထဲကို တကယ်ပဲ တွန်းချချင် နေပြီလား။
ဒါ့ပြင် သူမကို အနာဂတ်မှာ ဇနီးတစ်ယောက် အဖြစ် လက်ထပ်မယ်လို့လည်း ပြောလိုက်တယ်ပေါ့။
ရယ်စရာ ကောင်းလိုက်တာ။ တကယ်ကို ရယ်စရာ ကောင်းတယ်။
သူမရဲ့ ဖြူစင်မှုကို ဆုံးရှုံးသွားခဲ့ရင် ဒီလူက သူမကို ဇနီးအဖြစ် လက်ထပ် ယူချင်သေးတယ် ဆိုတာ ဖြစ်နိုင်လို့လား။ ဒီနေရာက ထွက်သွားတာနဲ့ သူမကို အသိအမှတ်ပြုဖို့ ငြင်းဆိုမှာပေါ့။
“နင်တို့တွေ ဆွေးနွေးတာ ပြီးစီးပြီလား”
ချွန်နန်းလည်း အတော်လေးကို ဒေါသထွက် လာရတယ်။ မျက်မှောင်ကြုတ် ပြီးတော့ မေးလိုက်တယ်။
“ဘယ်သူက တကယ်နေခဲ့မှာလဲ”
“ချွန်နန်း… ငါတို့တွေ ဆွေးနွေးခဲ့ပြီးပြီ…”
ကွမ်လန်က မုဝူစွမ်းကို ငြင်းဆိုဖို့ အခွင့်အရေး မပေးဘဲ ကတိုက်ကရိုက် ပြန်ဖြေလိုက်တယ်။
“ငါ့ကိုယ်စား… ညအနည်းငယ်လောက် အစားထိုးပေးဖို့ သူမမှာ ဆန္ဒရှိပါတယ်။ မင်း ငါ့ကို လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့”
ကွမ်လန်ရဲ့ ကောက်ကျစ် စဉ်းလဲသော အပြုအမူကြောင့် မုဝူစွမ်းလည်း စက်ဆုပ် ရွံရှာဟန် ပြုံးလိုက်တယ်။ ဒီလို ယောက်ျားမျိုး ဘယ်နှယောက် လောက်များ ရှိနေနိုင်မလဲ။ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ဖို့ အတွက် သူတို့ပိုင်ဆိုင်တဲ့ အမျိုးသမီးကို တစ်ပါးသူဆီ လက်ဆောင် ပေးနိုင်ကြတယ်။ ကိုယ့်ဘာသာ မယား လင်ငယ် နေသွားသော လူတစ်ယောက် အဖြစ် သတ်မှတ်ခံတယ်။
“ကောင်းပြီလေ… ရှင်တို့တွေ ဆွေးနွေး ပြီးသွားပြီ ဆိုတော့ ရှင်က ဧည့်သည်တွေကို ပြုစုပေးစရာ မလိုအပ်တော့ဘူး။ ကျွန်မရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီးတော့ ရှင့်ကို လွတ်မြောက်ခွင့် ပေးမယ် ”
ချွန်နန်းလည်း ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက်တယ်။
“အစောင့်တွေ… ဒီမိန်းကလေးကို သန့်ရှင်းရေးလုပ်ဖို့ အောက်ထပ်ကို ဆွဲခေါ်သွားစမ်း။ ဒီနေ့ညက စပြီးတော့ သူမက ဧည့်သည် စတင်ပြီးတော့ လက်ခံရမယ်”
မုဝူစွမ်း မျက်ဝန်းများက မျက်လွှာ ချထားတယ်။ မျက်တောင်ရှည်များက သူမ မျက်ဝန်းများမှ အမုန်း အာဃာတများကို ဖုံးလွှမ်း ထားတယ်။
ယွမ်လော့ဖုန်း…. နင်သာ ကွမ်လန်ရှိနေတဲ့ နေရာကို မပြောခဲ့ရင် ဝါးစံအိမ်တော်ကို ငါ လာခဲ့မှာ မဟုတ်ဘူး။ ဒီလူတွေ လက်ထဲကိုလည်း ရောက်ရှိသွားမှာ မဟုတ်ပေ။ ဒါကြောင့် တစ်နေ့မှာ သေရတာထက် ပိုဆိုးရွားတဲ့ အရသာကို နင် ခံစားစေရမယ်။
ဒါ့ပြင် ကွမ်လန်… ရှင့်လို သတ္တိနည်းတဲ့လူကို ယောက်ျား တစ်ယောက်လို့ မခေါ်ဆိုထိုက်ဘူး။ တိရစ္ဆာန်တောင် သူတို့ ပိုင်ဆိုင်တဲ့ မိန်းကလေးကို ကာကွယ်ဖို့ သိကြတယ်။ ရှင်က တိရစ္ဆာန် တစ်ကောင်ထက် ပိုပြီးတော့ ဆိုးရွားတယ်။
***
အပိုင်း(၂၃ဝ)
လှည့်ဖြားတတ်သော အမျိုးသားလေးရဲ့ မြင့်မားသော ရည်မှန်းချက်(၁)
ချွန်နန်းလည်း ကွမ်လန်အနားက ဖြတ်လျှောက် သွားစဉ်မှာ သူမ ခြေလှမ်းကို ခဏ ရပ်တန့်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်တယ်။
“ကွမ်လန်… ကျွန်မ ဘဝမှာ ယောက်ျားတွေ အများကြီးနဲ့ တွေ့ကြုံခဲ့ ဖူးပါတယ်။ ရှင့်ထက် ဆိုးဝါးတဲ့ လူယုတ်မာမျိုး မတွေ့ဖူးခဲ့ဘူး။ ရှင့်လွတ်လပ်မှုကို စွန့်လွှတ်ပြီး သူမကို ရွေးချယ်ခဲ့ရင်တော့ ကျွန်မ သနားပြီး ရှင်တို့ နှစ်ယောက်လုံးကို အလွတ် ပေးမှာပါ။ ရှင်က ကျွန်မကို စိတ်ပျက်စေတယ်”
ဒီစကားကို ပြောပြီးသည်နှင့် မြွေကဲ့သို့ ခါးလေးကို ခါယမ်းရင်း အခန်းအတွင်းသို့ ဝင်ရောက် သွားတယ်။
သူမက ကွမ်လန်ကို နောက်တစ်ကြိမ် မကြည့်သော်လည်း ဒီအချိန် တစ်ခဏလေး အတွင်းမှာ သူ့မျက်နှာက ရုပ်ဆိုး အကျည်းတန် နေမယ် ဆိုတာ သူမ သိနေတယ်။
“ဝူစွမ်း… ကိုယ် တောင်းပန်ပါတယ်”
ကွမ်လန်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး နောင်တကြီးစွာ ရနေသော အကြည့်ဖြင့် မုဝူစွမ်းကို တည့်တည့် ကြည့်လိုက်တယ်။
“စိတ်မပူပါနဲ့… ဒီနေရာက ထွက်သွားတာနဲ့ ကိုယ်… မင်းကို စွန့်မပစ်ပါဘူး။ ကိုယ် မင်းကို ကောင်းကောင်း ဆက်ဆံပါမယ်”
မုဝူစွမ်းလည်း စိတ်ပျက်စွာ လှောင်ရယ် လိုက်တယ်။ သူမကို မစွန့်ပစ်ဘူး ဟုတ်လား။ ဒီယောက်ျားက စကားလုံး လှလှလေးတွေသာ သုံးဖို့ သိတာ။ ဒါကြောင့် အခုချိန်က စပြီးတော့ သူ ပြောတဲ့ စကားလုံးတိုင်းကို မယုံကြည်တော့ဘူး။
သို့သော်လည်း ဒီစကားကို သူမ စိတ်ထဲမှာသာ ပြောနေသော်လည်း သူမ မျက်နှာပေါ်မှာတော့ အမူအရာ မပြပေ။ ကွမ်လန်ကို နာကျင် ခံစားနေရသော မျက်ဝန်းများဖြင့်သာ ငေးကြည့် နေမိတယ်။
“အိမ်ရှေ့စံ မင်းသားလေး… ရှင့်မှာလည်း ရှင့်ပြဿနာ ရှိနေမယ် ဆိုတာ ကျွန်မ နားလည်ပါတယ်။ ရှင်က ကျွန်မကို လက်ထပ်ချင်နေသရွေ့ ရှင့်ကို ကျွန်မက အပြစ်မတင်ပါဘူး”
သူ့ကို အပြစ် မတင်ဘူးတဲ့လား။ သူ့ကို အပြစ်မတင်ဘဲ နေမလား။ အခုချိန်မှာ ကွမ်လန်က တော်ဝင် မိသားစုအတွက် အရေးပါတဲ့ လူတစ်ယောက် ဖြစ်နေသေးတယ် တော်ဝင် မိသားစုနဲ့ အဆက်သွယ် ဖြတ်လို့ မရဘူး။ သူမမှာ လုံလောက်တဲ့ အာဏာ ပိုင်ဆိုင်ခဲ့ရင် ယွမ်လော့ဖုန်းနဲ့ ကွမ်လန် နှစ်ယောက်စလုံးကို အလွတ်မပေးဘူး။
“ကိုယ့်ကို နားလည် ပေးတဲ့အတွက် ဝူစွမ်းကို ကျေးဇူးတင်ပါတယ်”
ကွမ်လန် ရင်ထဲမှာ ထိရှ သွားရတယ်။
“မင်း စိတ်မပူပါနဲ့ … ကိုယ် မင်းကို ဘယ်တော့မှ မစွန့်ပစ်ပါဘူး။ အရင်ကထက် မင်းကို ပိုပြီးတော့ ချစ်ပါမယ်”
နာကြည်း ခါးသီးသော အပြုံးက မုဝူစွမ်း မျက်နှာပေါ်မှာ ဆင်မြန်းထားတယ်။ တောင့်တောင့် တင်းတင်း အမျိုးသား အုပ်စုက သူမကို ဆွဲခေါ်သွားချိန်မှာ ကွမ်လန်ဘက်သို့ အသနားခံသော မျက်ဝန်းများဖြင့် သူမ လှည့်ကြည့် လိုက်တယ်။
ဝူစွမ်း… လူသားတွေက တစ်ကိုယ်ကောင်း ဆန်ကြတယ်။ ကိုယ်လည်း ဒီနေရာမျိုးမှာ ထာဝရ မနေနိုင်ဘူး။ ဒါကြောင့်လည်း မင်းကို စတေးခိုင်း ရတာပေါ့။ ကံကောင်းတာက မင်းက စဉ်းစား ပေးတတ်ပြီး ကိုယ့်ကို နားလည်ပေးတယ်။ အမှိုက်မ ယွမ်လော့ဖုန်းသာ ဆိုရင် သေချာပေါက် ကိုယ့်ဘဝကို လျစ်လျူရှု ထားမှာလေ။ ရှုပ်ထွေးသော ခံစားချက်များက ကွမ်လန် မျက်ဝန်းမှာ ပြည့်နှက်နေတယ်။ ဒါပေမဲ့ မင်းက အရမ်းကို ထူးချွန်လွန်းတယ်။ သရဲဘုရင်က မင်းကို ကြိုက်လောက်တဲ့ အထိ မင်းက ထင်ရှားလွန်းတယ်။ မဟုတ်ရင် ကိုယ်က ဒီလို ညှဉ်းပန်း နှိပ်စက်မှုမျိုးကို ခံစားရမှာ မဟုတ်ဘူး။ ကံကောင်းစွာနဲ့ မင်းချစ်တဲ့လူက ကိုယ် ဖြစ်နေသေးတယ်။ ကိုယ်က သူ့ထက် ပိုသာတယ် ဆိုတာကို မင်းက သွယ်ဝိုက်သော နည်းလမ်းဖြင့် သက်သေ ပြလိုက်တာပဲပေါ့။
ကွမ်လန်ရဲ့ အတွေး အမြင်မှာတော့ သရဲဘုရင် ကြိုက်နှစ်သက်နေတဲ့ မိန်းကလေးက မုဝူစွမ်း ဖြစ်ရမယ်။ ဒါပေမဲ့ သူမ ချစ်တဲ့ ယောက်ျားလေးက သူ တစ်ယောက်တည်း။ ဒါဆို သရဲဘုရင်က အရှက်တကွဲ ဖြစ်တာကြောင့် သူ့ကို ဒေါသထွက်ပြီးတော့ အပြစ်ပေးဦးမလား။
ကွမ်လန်ရဲ့ နှုတ်ခမ်းက အပြုံး တစ်ခုကို ဖော်ပြလိုက်တယ်။ သရဲဘုရင် … မင်းက ဘယ်လိုပဲ အာဏာ ကြီးမားနေပါစေ မင်းချစ်တဲ့ အမျိုးသမီးလေးက ငါ့ကို နက်နက်ရှိုင်းရှိုင်း ချစ်တယ်။ ငါ့ကို ဝါးစံအိမ်တော်မှာ ရောင်းစားတာကို ငါ့ကို အပြစ်ပေးတာလို့ မင်း ထင်နေတာလား။ ဒါပေမဲ့ မင်းချစ်တဲ့ အမျိုးသမီးလေးက ငါနဲ့အတူတူ ဆင်းရဲတွင်းထဲ ဆွဲခေါ်မယ်လို့ မင်း မထင်ထားဘူး မလား။ ဒါက ငါ့ကို ထိခိုက် နာကျင်အောင် ပြုလုပ်တဲ့ မင်းအတွက် တန်ရာ တန်ကြေးပဲ။
***
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ... မင်းသား၄ အိမ်တော်က အိမ်ရှေ့စံမင်းသား အိမ်တော်နဲ့ ယှဉ်ရင် အလွန် ခြားတယ်။ မင်သား၄ အိမ်တော်က တန်ဖိုးရှိသော ဇိမ်ခံပစ္စည်း များလည်း မရှိပေ။ မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော စမ်းချောင်းလေးများကို မြင်ရသည်မှာ ရိုးရှင်းပြီးတော့ သာယာ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးထားတယ်။
ယွမ်လော့ဖုန်းလည်း အဝေး တစ်နေရာမှာတည်းက စံအိမ်တော် အတွင်းမှာ ထိုင်နေတဲ့ အမျိုးသားလေးကို တွေ့တာကြောင့် မျက်မှောင်ကြုတ် လိုက်တယ်။
စံအိမ်တော် အတွင်းမှ အမျိုးသားလေးက သူမကို မြင်တယ် ထင်တယ်…။ ချောမော ခန့်ညားတဲ့ သူ့မျက်နှာလေးကို အသာယာ မော့လိုက်ပြီးတော့ သူ့ကို နူးနူးညံ့ညံ့လေး ပြုံးပြတယ်။
သူ့အပြုံးက ဘယ်လိုပဲ ကြင်နာ ဖော်ရွေနေပါစေ… သူ့မျက်ဝန်းထဲက ကောက်ကျစ် စဉ်းလဲမှုက သိသာ နေပါတယ်။
“မင်း ရောက်လာပြီလား”
အမျိုးသားလေးက သူ့နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်ပြီး နွေးထွေး ပျူငှာစွာ မေးလိုက်တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro