Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

368+369+370+371+372

အပိုင်း(၃၆၈)

ယွမ်ရှောင်ဆိုတာ အမှိုက်တဲ့လား(၁)

သူလို အမှိုက်ကောင်က ကျွန်မကို သူ့ဇနီးအဖြစ် လက်ထပ်ဖို့ မဆိုထားနဲ့ ကျွန်မကို ငေးကြည့်ဖို့တောင် အခွင့်အရေး မရှိဘူး။
ရှောင်အိမ်တော် အတွင်းမှာ သူမနဲ့ သိပ်မဝေးတဲ့ တစ်နေရာ သစ်ပင်အနားမှာ ခံစားချက် ကင်းမဲ့သော ယောက်ျားလေး တစ်ယောက် ရပ်နေတာကို မြင်လိုက်ရတယ်။ နှစ်အများကြီး ကုန်လွန် သွားသော်လည်း ဒီအမျိုးသားလေးရဲ့ မျက်နှာသွင်ပြင်ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ အံ့သြမှုကို ခံစားတယ်။
နတ်ဘုရားက အားလုံးအတွက် မျှတမှု ရှိတယ်။ သူ့ကို သုံးစားမရတဲ့ ခန္ဓာကိုယ်ကို ပေးထားပြီးနောက် အလွန် ချောမောခန့်ညားတဲ့ မျက်နှာလေးကိုလည်း ပေးသနားထားတယ်။ သူ့မျက်နှာက နတ်ဘုရားများ ဖန်ဆင်းပေးထား သလိုပါပဲ ပြီးပြည့်စုံသော ထွင်းထုမှု တစ်ခုပါပဲ။ အေးချမ်းသော လေအေးများ အလယ်မှာ အမည်းရောင်ဝတ်စုံ လေထဲ တလွင့်လွင့် ဖြစ်နေတယ်။ သူ့ဝတ်စုံအောက်မှ ညှို့ယူဖမ်းစားနိုင်တဲ့ ခန္ဓာကိုယ်ကို ရိပ်ခနဲ မြင်နိုင်တယ်။
လင်းယောင်လည်း ပါးစပ်အပြည့် တံထွေးများကို လျင်လျင်မြန်မြန် မျိုချထားလိုက်တယ်။ ဒီလိုမျိုး ချောမောခန့်ညားတဲ့ အမျိုးသားလေးက ဘယ်လိုလုပ် အမှိုက် ဖြစ်နိုင်မလဲ။ ဒါဆို သူမ … သူ့ကို လက်ထပ်သင့်လား။
တွေးကြည့်ရင်း လင်းယောင်လည်း အသိစိတ် ကင်းမဲ့စွာ သူမနှလုံးသားထဲမှ နောင်တရသလို ခံစားလာရတယ်။ အံကြိတ်လိုက်ပြီး သစ်ပင်အောက်မှာ ရပ်နေတဲ့ အမျိုးသားလေး ရှိရာ လျင်မြန်သော ခြေလှမ်းများဖြင့် လျှောက်လှမ်း လာလိုက်တယ်။
“ရှင် ဘာကြောင့် ကျွန်မကို လွတ်မြောက်ခွင့် မပေးချင်တာလဲ… အမှန်ဖြေစမ်းပါ”
လင်းယောင်လည်း သူမလက်သီးကို ကျစ်အောင် ဆုပ်ထားလိုက်တယ်။ ဒီအမျိုးသားလေးက သူမကို လွတ်မြောက်ခွင့် မပေးဘဲ တွယ်ကပ်ဖို့ ကြိုးစားနေတာကို တွေးမိတိုင်း သူမနှလုံးသားထဲမှ ဒေါသများ တစ်ဟုန်ထိုး ထွက်လာရတယ်။
ဒီလူက သူမပြောတဲ့ စကားကို မကြားတာလား။ သူမျက်ဝန်းများက အရင်အတိုင်း ခံစားချက် ကင်းမဲ့နေပြီ ကောင်းကင်ပြာကို ခံစားချက် ကင်းမဲ့စွာ ငေးကြည့်နေတယ်။ တိမ်တိုက်များကို ဖြတ်သန်းပြီး အဝေးတစ်နေရာမှာ နေထိုင်နေတဲ့ လူများကို မြင်နိုင်သကဲ့သို့ ငေးကြည့်နေတယ်…။
လင်းယောင်လည်း ဒေါသထွက်လွန်းလို့ ခြေဆောင့်လိုက်တယ်။
“ရှင် ကျွန်မကို ဘယ်အချိန်အထိ တွယ်ကပ်နေမှာလဲ… ကျွန်မချစ်တဲ့သူက ရှောင်ယွီချင်း ရှင် မဟုတ်ဘူး ရှင့်လို အမှိုက်ကောင်က ကျွန်မ ဖိနပ်ကို သယ်ဖို့တောင် အဆင့်မရှိဘူး…”
သူမမျက်ဝန်းမှာ ဖုံးကွယ်ထားလို့ မရတဲ့ ထေ့ငေါ့မှုများကို မြင်နေရတယ်။ သူမနှုတ်ခမ်းကိုလည်း အထင်မြင်သေးသော အမူအရာဖြင့် တွန့်ကွေးလိုက်တယ်။ (မဲ့ပြုံး ပြုံးလိုက်တယ်။)
ယွမ်ရှောင်လည်း သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အနောက်ဘက် ခြံဝင်းအတွင်းသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်း သွားလိုက်တယ်။ တစ်လျှောက်လုံး သူက လင်းယောင်ကို လုံးဝ မကြည့်ဘူး။
သူက သူမရဲ့ တည်ရှိမှုကို သတိမထားမိ သလိုပေါ့။
“အမှိုက်ကောင်”
သူမလျစ်လျူရှုပြီးတော့ မထီမဲ့မြင် ပြုမူတာ မြင်ရတော့ သူမလည်း ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“ကစားနေတာတွေ အသုံးမဝင်ဘူး ဆိုတာ သိထားလိုက်… အကောင်းဆုံးကို ဖမ်းဆုပ်နိုင်ဖို့ ဆုံးရှုံးခံသလို ဟန်ဆောင်နေတာ ရပ်လိုက်တော့… သူမက ရှင့်ကို ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး”
ယွမ်ရှောင်လို အမှိုက်ကောင်က သူမကို တကယ်ပဲ လျစ်လျူရှုရဲတယ်ပေါ့။ သူ့ဘေးနားမှာ သူမလို ထူးချွန်တဲ့ အမျိုးသမီးလေး ရှိနေတာ နီးစပ်နိုင်တဲ့ နည်းလမ်းတိုင်းကိုသာ တွေးနေသင့်တာလေ။ သူမကို လျစ်လျူရှုရတာကလည်း သူမရဲ့ စိတ်ဝင်စားမှုကို ရချင်လို့ ဖြစ်ရမယ်။ ဒီလို ပြုမူရင် သူမကို ဆွဲဆောင်နိုင်မယ်လို့ ထင်နေတာလား။ အမှိုက်ကောင်က စိတ်ကူးယဉ် ဆန်လွန်းတာပဲ။ ဒီတစ်သက် သူမရဲ့ စိတ်ဝင်စားတဲ့ အကြည့်ကို အမှိုက်ကောင်ရမှာ မဟုတ်ဘူး။
ဒီအမှိုက်ကောင်က အလွန် ပြီးပြည့်စုံ နေရင်လည်းပေါ့…။
“ဘယ်လို ဖြစ်တာလဲ”
ရှောင်ကျင်းလည်း သူမ နောက်ကျောနားကို လျှောက်လှမ်းလာပြီး ထွက်ခွာသွားတဲ့ ယွမ်ရှောင်ကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်တယ်။
“ဒီအမှိုက်ကောင်က အရမ်းကို ဂုဏ်မောက်လွန်းတယ် သူ့ကို အကြိမ်ပေါင်းများစွာ လေ့လာကြည့်ပြီးပြီ တခြားလူရဲ့ တည်ရှိမှုကို လုံးဝ အရေးမစိုက်ဘူး။ သူက အမှိုက်ကောင် နောက်မှာ ရပ်နေတာ သိသာ နေတာပဲလေ။ ဒါပေမဲ့ အမှိုက်ကောင်က သူ့ကို လုံးဝ သတိမထားမိဘူး”
လင်းယောင်လည်း မကျေမချမ်း ခနဲ့လိုက်ပြီး သရော်စွာ ပြောလိုက်တယ်။
“ကျွန်မက အဖက်မတန်သလို နေတဲ့ ယောက်ျားမျိုး သဘောကျတာကို တခြားလူတွေကို လိုက်မေးထားလို့ ဖြစ်မယ်လို့ ထင်တယ် ဒါကြောင့် ကျွန်မ စိတ်ဝင်စားမှုကိုရဖို့ အေးတိအေးစက်ပုံစံ သရုပ်ဆောင်နေတာပေါ့ ... ကံဆိုးစွာနဲ့ပဲ သူက အမှိုက်ကောင် မဟုတ်ရင်တော့ ခဏတော့ သူ့ကို စဉ်းစားပေးလို့ ရပါတယ် အစတည်းက အမှိုက်ကောင်လို့ အမည်တွင်နေ ကတည်းက ကျွန်မက သူ့ကို ဘယ်တော့မှ စိတ်ဝင်စားလာမှာ မဟုတ်ဘူး”
သို့သော်လည်း သူမလက်ထပ်ချင်တဲ့လူက ရှောင်ယွီချင်း ဖြစ်သော်လည်း အေးတိအေးစက် နိုင်တဲ့ လူစားမျိုးကတော့ သူမ ကြိုက်တဲ့ပုံစံ မဟုတ်ပါဘူး။ ရှောင်ယွီချင်းရဲ့ ပါရမီ အရည်အချင်းက မြင့်မားပြီး သူ့စွမ်းအားက တခြားလူ အားလုံးထက် သာလွန်တယ်။ သူမ မိသားစုအတွက် သူ့ကို လက်ထပ်ချင်တယ်။ လက်ထပ် ထိမ်မြားခြင်းဖြင့် မိသားစု နှစ်စု ဆက်နွှယ်ချင်တယ်။ ရှောင်ယွီချင်းကို လက်ထပ်ခြင်းဖြင့်သာ လင်းမိသားစုက ရှောင်မိသားစုနဲ့ အဆင့်အတန်း တူညီစွာ ရပ်တည်နိုင်မယ်။
ရှောင်ကျင်းလည်း နဖူးကို ကြုတ်လိုက်တယ်။ အစကတော့ လင်းယောင်ပြောတာ မှန်တယ်လို့ ထင်ခဲ့မိတယ်။  သူမကိုယ်သူမ အထင်ကြီးတာ မှန်လွန်းတယ်လို့ ထင်မှတ်ခဲ့တယ်။  ဒီနေ့ သူ တွေ့ရသလောက်တော့ ဒီလူက သူ့မျက်လုံးထဲ ဘယ်သူကိုမှ မထည့်ဘူး ဆိုတာ သူ နားလည်လာတယ်။ လင်းယောင်ပြောတဲ့ ပိုကောင်းမွန်တာကို ဖမ်းဆုပ်နိုင်ဖို့ အလျှော့ပေးတဲ့ဆိုတဲ့ စကားက ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိဘူး။
သို့သော်လည်း သူ နားလည်တဲ့ သဘောထားကိုတော့ ယုံကြည်ချက်ရှိရှိ ဖော်ထုတ် မပြောရဲပါဘူး။ ဒီလိုမျိုး အထက်စီးဆန်တဲ့ အတွေးမျိုးကို ပြောရဲမယ်တဲ့လား။ ကြည့်ရတာတော့ သူက တကယ်ပဲ အမှိုက်ကောင် ဟုတ်ရဲ့လား။
 
***
အပိုင်း(၃၆၉)

ယွမ်ရှောင်က အမှိုက်တဲ့လား(၂)

 
“ယောင်အာ သွားမယ်”
တစ်ခုခုကို မပြောခင်မှာ ရှောင်ကျင်းလည်း ခဏရပ်လိုက်တယ်။
“ရှောင်ယွီချင်း ပြန်ရောက်နေပြီ”
ရှောင်ယွီချင်း …။
လင်းယောင်ရဲ့ မျက်လုံးများက အရောင် တောက်သွားခဲ့ပြီး ပိုပြီးတော့ စိတ်လှုပ်ရှား လာရတယ်။
“အစ်ကို ယွီချင်း ပြန်လာပြီလား သွားမယ် အခုချက်ချင်း သွားရှာမယ်
အမှိုက်ကောင်ကြောင့် ညစ်နွမ်းနေတဲ့  ကျွန်မ ခံစားချက်ကို လွင့်ပြယ်စေရမယ်”
ပြောပြီးတာနဲ့ လင်းယောင်လည်း အဓိက ခန်းမထဲသို့ လျင်မြန်သော ခြေလှမ်းများဖြင့် ဦးတည် ထွက်ခွာ လာခဲ့တယ်။ သို့သော်လည်း သူမ ရောက်တဲ့အချိန်မှာ ရှောင်ယွီချင်းက အနားယူဖို့ အနောက်ဘက် ဥယျာဉ်ခြံ အတွင်းသို့ သွားတယ်လို့ အပြောခံလိုက် ရတယ်။ သူမ ရပ်မနေဘဲ … ဘယ်သူ့ အကြံဉာဏ်မှလည်း မရယူဘဲ အနောက်ဘက် ဥယျာဉ်ခြံ အတွင်းသို့ ထွက်လာ လိုက်တယ်။
ထိုအချိန်မှာ ခန့်ညား ထည်ဝါပြီး အလွန် လှပသော အခန်းလေး အတွင်းမှာ လှပတဲ့ အမျိုးသမီးက ရှောင်ယွီချင်း လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အပေါ် အောက် စေ့စေ့စပ်စပ် ကြည့်ရှုနေတယ်။ သူမရဲ့ တန်ဖိုးရှိတဲ့ သားရတနာလေး ထိခိုက်မှုမရှိတာ သေချာမှ သူမမှာ စိတ်အေးချမ်း ရတယ်။
“သားလေး ကိုယ်တိုင် လုပ်စရာ မလိုအပ်တော့တဲ့ ကိစ္စ တချို့ရှိတယ်။ ပြဿနာကို ဖြေရှင်းဖို့ ရှောင်မိသားစုမှာ တပည့် လုံလုံလောက်လောက် ရှိတယ်”
ရှောင်ယွီချင်းလည်း ခက်ထန်စွာ မျက်မှောင်ကြုတ် လိုက်တယ်။ အေးတိအေးစက် အကြည့်များက လှပသော မိန်းကလေးအပေါ် တိုက်ရိုက် သက်ရောက် လာခဲ့တယ်။
“အမေ့ကို မေးစရာ ကိစ္စ တစ်ခုရှိတယ်”
“ဘာကိစ္စလဲ”
“ပေါင်ရွှယ်ဆိုတဲ့ အမျိုးသမီးကို ပြန်ပေးဆွဲပြီး အဖေ့ကို စွန့်လွှတ်ဖို့ အတင်း တွန်းအားပေး ခံရတယ်ဆိုတာ တကယ်လား”
လင်းယွဲ့လည်း အံ့သြမှင်တက်စွာ ငေးကြည့်လိုက်တယ်။ ရှောင်ယွီချင်းက သူမကို ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူမနှလုံးသား နာကျင် သွားမိတယ်။
“ချင်းအာ… သားလေးက အမေ့ကို မယုံကြည်တာလား… အမေက တခြားလူ တစ်ယောက်ရဲ့ ခင်ပွန်းကို ခိုးယူတဲ့ မိန်းမနဲ့ တူနေလို့လား… ဒီအပျက်မက မင်းအဖေကို လုယူဖို့ မကောင်းတဲ့ နည်းလမ်းကို ခဲ့တာကြောင့်သာပေါ့။ မဟုတ်ရင်တော့ အမှိုက်ကောင်ဆိုတာ ဖြစ်လာစရာ အကြောင်း မရှိဘူး”
ဒီစကားကို ပြောပြီးနောက် လင်းယွဲ့လည်း ပြန်မေးလိုက်တယ်။
“ချင်းအာ… မင်းရှေ့မှာ အမေ မကောင်းကြောင်း ပြောတာ ဘယ်သူလဲ… အမေ့ကို ပြောစမ်းပါ”
“ကျွန်တော် ဝိညာဉ်ဘုံကို ပြန်လာတော့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်… အမေက အဖေ့ကို ဖြားယောင်း သွေးဆောင်ခဲ့တဲ့ ကိုယ်လုပ်တော်လို့ အခိုင်အမာ ပြောနေတယ်… ဖြားယောင်းခဲ့တဲ့ အပြင် ဇနီးသည်ကို မောင်းထုတ်အောင် ကြံစည်ခဲ့တယ်တဲ့ သူမက ပြောလိုက်သေးတယ် သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်တဲ့… ဒါကြောင့်လည်း ဒီနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ပြန်မေးရတာပေါ့”
ရှောင်ယွီချင်းရဲ့ ခက်ထန်စွာ တွန့်ကွေးထားသော မျက်ခုံးများကို ပြေလျော့သွားတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရှေ့မှာ ရှိနေတဲ့ အမျိုးသမီးက သူ့အမေလေ။
သူ… အမေ့ကို ယုံကြည်တယ်။
“ချင်းအာ.. အဲဒီအရူးမရဲ့ အရူးစကားကို နားမထောင်နဲ့… အခြေအမြစ်မရှိတဲ့ ကယောင်ကတမ်း စကားတွေ…”
လင်းယွဲ့ မျက်ခုံးများကို အတူတကွ တွန့်ကွေးလိုက်တယ်။
“ဒီမိန်းကလေးက သားကို ရှောင်မိသားစုရဲ့ သခင်လေးဆိုတာ သိလို့ ဖြစ်ရမယ် မင်းနဲ့ ရင်းနှီးချင်လို့ ဒီနည်းလမ်း သုံးတာ ဖြစ်ရမယ်”
ရှောင်ယွီချင်း တိတ်ဆိတ် သွားခဲ့တယ်။
မိန်းမပျိုလေး ဘေးနားက အဘိုးအိုမှာ ရွှေရောင် ဖြတ်သန်းခွင့် ကတ်ပြား ရှိနေတယ်။ ဒါကြောင့် သူမ ဇာစ်မြစ်က မရိုးရှင်းဘူး။ သူမနဲ့ ဆက်ဆံရေး တည်ဆောက် မလိုအပ်ဘူး။ သူ့အမေကို မကောင်းပြောတဲ့ မိန်းကလေးနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်စရာ မလိုအပ်ဘူး။
လင်းယွဲ့နဲ့ ပတ်သက်တဲ့ သံသယ လွင့်ပြယ်သွားတာတဲ့ ယွမ်ရှောင်ယွီချင်းမှာ နောက်တစ်ကြိမ် သံသယ စက်ဝန်းထဲ ရောက်ရပြန်တယ်။
“အစ်ကိုယွီချင်း ပြန်ရောက်နေပြီပေါ့”
ထို့နောက် သိပ်မကြာခင်မှာ နူးညံ့သော လေသံကို တံခါးနားမှ ကြားလိုက်ရပြီး နှင်းပန်းကဲ့သို့ ဖြူဖွေးတဲ့ လက်တစ်စုံက တံခါးကို တွန်းဖွင့်ပြီး အခန်းထဲကို ဝင်လာတယ်။ 
ပျော်ရွှင်နေသော မျက်နှာနဲ့ သူမလည်း အခန်းထဲသို့ ရှေ့ဆက် ဝင်လာခဲ့တယ်။
“ဒေါ်ဒေါ် သမီးက အစ်ကိုယွီချင်းကို တွေ့ချင်လို့ လာခဲ့တာပါ”
လင်းယောင်ကို မြင်တော့ လင်းယွဲ့ သဘောထားအမြင် ချက်ချင်း ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ စကားပြောတယ်။
“ယောင်အာ… လာလေ သမီးရဲ့ အစ်ကို ယွီချင်းက အခုလေးတင် ရောက်တာ… သမီးအစ်ကိုကို အဖော်ပြုပေးဖို့ ဒေါ်ဒေါ်က အဆင်မပြေလို့… သမီး အဖော်ပြု ပေးလိုက်ပါ”
လင်းယောင်လည်း ရှောင်ယွီချင်းရဲ့ လက်မောင်းကို ချိတ်လိုက်တယ်။ သူမ မျက်နှာပေါ်မှာ ချစ်ဖို့ကောင်းတဲ့ အပြုံးလေး ပေါ်ပေါက်နေပါရဲ့။
“စိတ်ချ ဒေါ်ဒေါ်  လျှောက်လည်ဖို့ ကိုကို ယွီချင်းကို ခေါ်သွားမယ်…. ကိုကိုယွီချင်း အခုချက်ချင်း အပြင်ထွက် ရအောင်”
လင်းယောင်ရဲ့ ဒီလိုမျိုး အပြုအမူကြောင့် ရှောင်ယွီချင်းမှာ မခုခံနိုင်တော့ဘဲ တံခါးအပြင်ဘက်သို့ သူမ ဆွဲခေါ်တာကို ခွင့်ပြုလိုက်ရတယ်။
သို့သော်လည်း အခန်း အပြင်ဘက်သို့ ရောက်သည်နဲ့ သူလည်း သူ့လက်ကို မလိုက်ပြီး လင်းယောင်ကို ဖြည်းဖြည်းလေး တွန်းထုတ်လိုက်တယ်။ အေးတိအေးစက် အဖက်မလုပ်သော လေသံဖြင့်
“ယောက်ျားလေးနဲ့ မိန်းကလေးကြားမှာ ခြားနားမှု အများကြီး ရှိတယ် ဒါကြောင့် ကိုယ့်ဂုဏ်သိက္ခာ ကိုယ် လေးစားပါ… ဆင်ခြင်နေထိုင်ပါ”
 
***
အပိုင်း(၃၇၀)

သူခိုးလင်းလောပိုင်

 
သူမလက် ဗလာကျင်း ဖြစ်သွားတာကို ကြည့်ရင်း သူမ နည်းနည်းတော့ မကျေမနပ် ဖြစ်မိတယ်။
“အစ်ကို ယွီချင်း ကျွန်မတို့က မကြာခင်မှာ ဇနီးမောင်နှံ ဖြစ်လာတော့မှာလေ မိန်းကလေးနဲ့ ယောက်ျားလေး ကြားမှာ ခြားနားမှု ရှိတယ်လို့ ဘာကြောင့် ပြောနေရ သေးတာလဲ”
“အနည်းဆုံးတော့ အခုအချိန်မှာ ဇနီးမောင်နှံ မဖြစ်သေးဘူးလေ”
ရှောင်ယွီချင်းရဲ့ အကြည့်က အေးစက်ပြီး အမြဲတမ်းလို အုံ့မှိုင်းနေတယ်။
“မင်း ဒီလို ဆက်ထိနေမယ် ဆိုရင်တော့ မင်းကို နောင်ဆို ထပ်မတွေ့တော့ဘူး”
လင်းယောင်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မကျေနပ်ချက်များက သူမ မျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတယ်။
“အစ်ကို ယွီချင်း … ကျွန်မကို အမှိုက်ကောင်က အနိုင်ကျင့်တယ်… ဒါကြောင့် ကိုကို ရှိရာ လာခဲ့ရတာ… ကိုကိုက လင်းအာအတွက် လက်စားချေပေးမယ်လို့ မျှော်လင့်ထားခဲ့တာ… ကိုကိုက တကယ်ပဲ လက်စား မချေပေးဘူးလား”
“အမှိုက်”
ရှောင်ယွီချင်း မျက်ဝန်းမှာ စိတ်ရှုပ်ထွေးမှုများ ဖြစ်လာရတယ်။
“မင်း ပြောနေတာက…”
“ဒါပေါ့ အရင်က ရှောင်မိသားစုက မောင်းထုတ်လိုက်တဲ့ အမှိုက်ကောင်ပေါ့…”
ဒီစကားကို ပြောပြီးနောက် လင်းယောင် မျက်နှာက ဒေါသများဖြင့် ပြည့်နှက် နေလေရဲ့။
“အဲဒီ အမှိုက်ကောင်က လွန်တယ်။ သူ့အဆင့်အတန်းက သူက ကျွန်မနဲ့ မထိုက်တန်တာ သိသာနေတာပဲလေ… ဒါပေမဲ့ သူက မရပ်မနား ဆက်ပြီးတော့ နှောင့်ယှက်နေတယ် သူ့မှာ စေ့စပ်သင်္ကေတ မရှိဘူးဆိုတာ ကျွန်မ မယုံကြည်ဘူး… ဒီသင်္ကေတ ပစ္စည်းကို သူ ဝှက်ထားတာ ဖြစ်ရမယ်”
ရှောင်ယွီချင်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။
“သူ ပြန်လာပြီလား”
အဖေတူအစ်ကို… ဒါပေမဲ့ အမေတော့ မတူဘူး… သူ နောက်ဆုံးတော့ ပြန်လာပြီပေါ့။
“အစ်ကို ယွီချင်း ကျွန်မအတွက် လက်စား မချေပေးဘူးလား”
လင်းယောင်လည်း ပြင်းပြင်းထန်ထန် ခြေဆောင့်လိုက်တယ်။
“အဲဒီ အမှိုက်ကောင်က လွန်အားကြီးတယ်… ကိုကို စေ့စပ်ထားသူလေး အနိုင်ကျင့်ခံနေရတာ ကိုကိုက သည်းခံပြီး နေနိုင်တယ်လား”
ဘာကြောင့် မှန်းတော့ မသိဘူး … ယွမ်ရှောင်က စေ့စပ် သင်္ကေတကို ပြန်မပေးတာ ကြားရတော့ သူ စိတ်သက်သာရာ ရသွားတယ်။ လင်းယောင်လို တစ်ဇွတ်ထိုးနိုင်ပြီး စည်းကမ်းမဲ့တဲ့ မိန်းကလေးကို ဇနီးအဖြစ် လက်ထပ် မယူချင်တာ ဖြစ်မယ်။
“ဒါက မင်းနဲ့ သူ့ကြားက ပြဿနာ… ငါနဲ့ မသက်ဆိုင်ဘူး”
ရှောင်ယွီချင်းလည်း ပြောလိုက်တယ်။
သူ့လေသံက အဖက်မလုပ်ဟန် ပေါက်တယ်။ လင်းယောင်ကို အရေးမထားတာ ရှင်းနေတာပဲလေ။ သူ့အဘိုးက သူမကို လက်ထပ် စေချင်တာကြောင့်သာ မဟုတ်ရင် ဘာပဲဖြစ်ဖြစ် ဒီလို မိန်းမစားမျိုးကို ဘယ်သောအခါမှ ဇနီးအဖြစ် ယူမှာ မဟုတ်ဘူး။
လင်းယောင်လည်း တအံ့တသြ ငေးကြည့်လိုက်တယ်။ ရှောင်ယွီချင်းက ဒီလို စကားမျိုး ပြောမယ်လို့ သူမ ဘယ်အခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့်လည်း သူမမျက်ဝန်းမှ မျက်ရည်များ ကျဆင်း လာရတယ်။
“အစ်ကိုယွီချင်း… လင်းအာ…”
“ငါ ပင်းပန်းနေပြီ…”
ရှောင်ယွီချင်းလည်း ငြီးငွေ့စွာ မျက်ဝန်းများကို မှေးစဉ်းလိုက်တယ်။
“မင်း ထွက်သွားသင့်ပြီ”
လင်းယောင်လည်း သူမနှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိကိုက်လိုက်ပြီး သူ့ကို အင်တင်တင်ဖြင့် ငေးကြည့်လိုက်ပြီး ခြံဝင်း အပြင်ဘက်သို့ ပြေးထွက် သွားလိုက်တယ်။ သစ္စာဖောက် မျက်ရည်များက အတားအဆီးမဲ့ ကျဆင်းနေပြီး လေထဲမှာ တောက်ပသော အလင်းရောင်ကို ထုတ်ဖော် ပေးတယ်။
ရှောင်ယွီချင်းလည်း သူ့မျက်ဝန်းကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး လင်းယောင် ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်လိုက်တယ်။ ချောမောခန့်ညားတဲ့ သူ့မျက်နှာက အဖက်မတန်ဟန် များဖြင့် ပြည့်နှက်နေတယ်။ သူ့မျက်ဝန်းများက နွေးထွေးမှု လုံးဝ ကင်းမဲ့နေတယ်။ ထိုအခိုက်အတန့် သူနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ယွမ်လော့ဖုန်းရဲ့ ရနံ့လေးက သူ့စိတ်ထဲ ပေါ်ပေါက် လာတာကြောင့် သူလည်း မျက်ခုံးကို တွန့်ကွေးလိုက်တယ်။
“အဲဒီနှစ်က ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သူ သေချာပေါက် ရှာမယ်… သူ့အမေအတွက် တရားမျှတမှုကို ရှာပေးမယ်”
သူက တရားမဝင် သားတစ်ယောက် မဟုတ်ဘူး ဆိုတာလည်း အဲဒီ မိန်းကလေးကို သိစေချင်တယ် ဒါ့ပြင် သူက ရှောင်မိသားစုရဲ့ သခင်လေး ဆိုတာ သိစေရမယ်။ ဒီကုန်းမြေစုမှာ ယောက်ျားလေး တစ်ယောက်မှာ မိန်းမအများကြီး ရှိတာ ထူးဆန်းတဲ့ကိစ္စ တစ်ခုတော့ မရှိဘူး။ ပုံမှန်ကိစ္စ တစ်ခု ဖြစ်သော်လည်း သူက ကိုယ်လုပ်တော် တစ်ယောက်ရဲ့သား ဖြစ်နေခဲ့မယ် ဆိုရင်တော့ သူက ပထမဇနီးမွေးတဲ့ သားနဲ့ အရမ်း ခြားနား သွားလိမ့်မယ်။
သူက သူ့ကိုယ်သူ သက်သေပြပေးမယ်။
 
***
 
“မြေပုံအရတော့ ဒီနေရာက ရှောင်အိမ်တော် တည်ရှိတဲ့နေရာ ဖြစ်နိုင်တယ်”
စီဖုန်မြို့တော်ရဲ့ လူထူထပ်သော လမ်းမပေါ်မှာ နွမ်းလျလျ ကောက်ကျစ်သော အပြုံးလေးကို ယွမ်လော့ဖုန်းရဲ့ မျက်နှာမှာ ချိတ်ဆွဲထားပြီး သူမမျက်နှာက အပြုံးလေးဖြင့် ဝင်းပနေတာပေါ့။ ခဏနေရင် ယွမ်ရှောင်ကို တွေ့ရတော့မှာကို တွေးမိတာကြောင့် သူမမျက်နှာပေါ်က အပြုံးက ပိုနက်ရှိုင်းပြီး အသက်ဝင် လာခဲ့တယ်။
“ရှောင်ပိုင်”
ယွမ်လော့ဖုန်းလည်း အသိပြန်ဝင် လာပြီးနောက် သူ့ဘေးနားမှာ ရှိနေခဲ့တဲ့ ရှောင်ပိုင် ပျောက်သွားတာ ရုတ်တရက် သူမ သိလိုက်တယ်။ သူမ ရှောင်ပိုင်ကို ရှာမယ့်အချိန်မှာ ရှောင်ပိုင်က  သကြားကပ်ထားတဲ့ ပန်းသီး တုတ်ထိုးကို ကိုင်ဆောင်ကာ သူမရှိရာ ပြန်လာတာ တွေ့လိုက်ရတယ်။
“သခင်အတွက်…”
လင်းလောပိုင်က တုတ်ထိုးတစ်ခုကို သူမကို ပေးလိုက်တယ်။
ကြီးမားသော မျက်ဝန်းများကို တဖျတ်ဖျတ် ခတ်နေပြီး  ချီမွမ်းစကား ပြောတာကို စောင့်ဆိုင်းနေပုံ ရတယ်။
“ဆရာတပည့် တာဝန်ကျေတယ် မလား”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။ 
“ဒီသကြား သစ်သီးကို ဘယ်နေရာက ရလာတာလဲ မင်း အဖေက မင်းကို ဘာပိုက်ဆံမှ မပေးလိုက်တာ ငါ သိပါတယ်… ဟုတ်တယ်မလား”
လင်းလောပိုင်လည်း သကြား သစ်သီးလေးကို တစ်ကိုက် ကိုက်ရင်း ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့ကာ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ဒါပေါ့… အရမ်းအရသာ ကောင်းလို့ ဒါလေးကို ယူလားခဲ့တာ သခင် စားကြည့်ချင်လား”
သူမ စကားပြောပြီးတဲ့ အချိန်မှာ သူမ နောက်ဘက်မှ ကြမ်းတမ်း ရိုင်းစိုင်းသော အော်သံကို ကြားလိုက်ရတယ်။ အသံက အတော်လေး ကျယ်လောင်တယ်။ ထိုစဉ် ကမန်းကတန်း ခြေသံများကိုလည်း ကြားနေရတယ်။
“သူခိုးကို ဖမ်း… သူခိုးကိုဖမ်း…”
 
***
အပိုင်း(၃၇၁)

ရှောင်ယွီချင်းနဲ့ နောက်တစ်ကြိမ် တွေ့ဆုံခြင်း(၁)

 
လင်းလောပိုင်ရဲ့ နှုတ်ခမ်းမှာ စွန်းထင်နေတဲ့ သကြား သစ်သီးစလေးများ ရှိနေပါသေးတယ်။ သူမက ဘာမှကို နားမလည်သေးသလို မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်ကာ သူမတို့နောက် လိုက်နေတဲ့ လူအုပ်စုဘက်သို့ ခေါင်းလှည့် ကြည့်လိုက်တယ်။
"ဆရာ... သူတို့က သူခိုးနောက် လိုက်နေတာလား ဖေဖေ အုပ်ချုပ်တဲ့ နယ်မြေမှာ သူခိုး ရှိနေတာလား"
သူမစကား ပြောနေစဉ်မှာ အရပ်ရှည်ရှည် သန်သန်မာမာ လူအုပ်စုက သူမတို့ကို ဝိုင်းရံထားပြီးသား ဖြစ်နေပြီလေ။ သူတို့ထဲက တစ်ယောက်က သူမတို့အနား လျှောက်လှမ်းလာပြီး ရက်စက် ကြမ်းကြုတ် သရဲမရဲ စီးသော ပုံစံဖြင့် စကားပြောလာတယ်။
"ဒီသူခိုး နှစ်ယောက်ကို ဖမ်းခေါ်လာခဲ့စမ်း"
လင်းလောပိုင်လည်း မသိနားမလည်စွာ မျက်ဝန်းလေး ပေကလတ် ပေကလတ် လုပ်ရင်း သူမ နှာခေါင်းလေးကို လက်နဲ့ ညွှန်းနေရှာတယ်။
"ဒါဆို ရှင်က ကျွန်မကို သူခိုးလို့ ပြောချင်တာလား"
"မင်းကလွဲရင် တခြားဘယ်သူ ဖြစ်နိုင်ဦးမလဲ"
ဝဖိုင့်ဖိုင့် လူသန်ကြီးက မကျေမချမ်း ထေ့ငေါ့ပြောတယ်။
"မင်းက ပိုက်ဆံမပေးဘဲ ငါ သကြားသစ်သီးကို ယူသွားတယ်... မင်းက သူခိုးမဟုတ်ရင် ဘယ်သူက သူခိုး ဖြစ်နိုင်ဦးမလဲ"
လင်းလောပိုင်လည်း ယွမ်လော့ဖုန်း နောက်မှာ ပုန်းလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ဗလုံးဗထွေး ပြောလိုက်တယ်။
"ပိုက်ဆံပေးရတယ် ဆိုတာ ငါမသိလို့..."
"မင်းက ပိုက်ဆံပေးရမှန်း မသိဘူး... ဟုတ်လား... မင်း ရူးနေလား... ဒီလို စကား တစ်ခွန်းကြောင့် မင်းကို လွတ်မြောက်ခွင့် ပေးမယ်လို့ ထင်နေတာလား... မင်းတို့ နှစ်ယောက်က ကြေးစ အနည်းငယ်လောက်ကို မပေးနိုင်လောက်တဲ့ အထိ အရမ်းဆင်းရဲတဲ့ ပုံစံနဲ့ မတူပါဘူး... ဒါပေမဲ့ မင်းတို့က အရှက်မဲ့တာကို လုပ်ဆောင်ဖို့ တွေးနေတာ ဖြစ်ရမယ်... မင်းတို့က မပေးချင်တော့လည်း မင်းတို့ကို ငါ့ဇနီးနှစ်ယောက် အဖြစ် ဖမ်းခေါ်သွားမယ်"
ဝဖိုင့်ဖိုင့် သန်သန်မာမာ အမျိုးသားကြီးရဲ့ လက်က သူမပခုံးပေါ် ကျရောက်လာတာ မြင်ရတော့ ချစ်ဖို့ကောင်းတဲ့ လင်းယောင်ရဲ့ မျက်နှာလေးမှာ ဒေါသများ ရောနှော လာရတယ်။ သူမက လောကြီးနဲ့ နှစ်အနည်းငယ် အဆက်အသွယ် ပြတ်တောက် ခဲ့သော်လည်း တခြားလူ တစ်ယောက်ရဲ့ ဇနီး ဖြစ်တယ် ဆိုတာကိုတော့ နားလည်တယ်။
ဒီလူက သူမကို အရှက်ကွဲအောင် ပြုမူရဲတယ်ပေါ့။
"အခုထွက်သွား"
လင်းလောပိုင်ရဲ့ သေးငယ်တဲ့ လက်သီးဆုပ်လေးက ဝဖိုင်ဖိုင်လူရဲ့ ရင်ဘတ်ပေါ် ကျရောက်လာပြီး သန်သန်မာမာ လူတစ်ယောက် ဖြစ်သော်လည်း အဝေးသို့ လွင့်စဉ်သွားကာ ဘေးနားရှိ ဆိုင်ခန်းငယ်လေးကို ဝင်တိုက် သွားတယ်။
"ဒါ..."
လင်းလောပိုင်လည်း အရမ်း အံ့သြမိသွားတယ်။ သူမကိုယ်သူမ ပြန်ကြည့်ရင်း ယွမ်လော့ဖုန်း ဘက်ကို အမှား လုပ်ထားမိသော ခံစားချက်ဖြင့် လှည့်ကြည့် လိုက်တယ်။
"ဆရာ... တပည့် ပြဿနာ ရှာမိသွားပြီလား... ပစ္စည်းတစ်ခုယူရင် ပိုက်ဆံပေးရမှန်း တကယ် မသိလို့ပါ... အရင်ကလည်း ဖေဖေက မသင်ပေးခဲ့ဘူး"
ယွမ်လော့ဖုန်းလည်း လက်လေး မလိုက်ပြီး လင်းလောပိုင်ရဲ့ ခေါင်းလေးကို ပုတ်လိုက်တယ်။
"အရင်က ဒီလိုဈေးမျိုးကို တစ်ခါမှ မရောက်ဖူးဘူးလား"
လင်းလောပိုင်လည်း ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး သူမရှေ့နားက အလွန်လှပသော မိန်းကလေးကို သနားစဖွယ် ပုံစံလေးဖြင့် ကြည့်လိုက်တယ်။
သူမလက်က စိုးရိမ်ကြောင့်ကြ နေသော ပုံစံဖြင့် အင်္ကျီအစွန်းကို လိမ်နေပြီး မဝံ့မရဲ ပြောရှာတယ်။
"ဖေဖေက အပြင်ထွက်ဖို့ ခွင့်မပြုခဲ့ဘူး... ဒီလိုနေရာမျိုးကို အရင်က မရောက်ဖူးခဲ့ဘူး... ဒါကြောင့်လည်း ပိုက်ဆံပေးရမှန်း တကယ် မသိတာပါ"
"ကိစ္စမရှိပါဘူး"
ယွမ်လော့ဖုန်းလည်း လင်းလောပိုင်ရဲ့ ပခုံးလေးကို ပုတ်လိုက်တယ်။
သူမ နှုတ်ခမ်းထောင့်များကို သက်ဝင် လှုပ်ရှားစေတယ်။ ထိုစဉ် ညို့ယူဖမ်းစားနိုင်တဲ့ အလင်းတန်းလေးများကို သူမရဲ့ မျက်ဝန်းနက်မှ အရောင်လက်စေတယ်။
"ဆရာ ဒီပြဿနာကို ဖြေရှင်းပေးမယ်"
မိန်းမပျိုလေးရဲ့ ယုံကြည်ချက်ရှိသော ပုံစံကို မြင်ရတော့ လင်းလောပိုင်လည်း စိတ်အေးသွားပြီး မျက်ဝန်းလေး ပေကလတ် ပေကလတ် လုပ်လိုက်တယ်။ ယွမ်လော့ဖုန်း နောက်ကို နာခံစွာ လိုက်ပါခဲ့တယ်။
ယွမ်လော့ဖုန်းလည်း ဆိုင်ခန်းငယ် အနားမှာ လဲလျောင်းနေသော ဝဖိုင့်ဖိုင့်လူကို ကြည့်လိုက်ပြီး တည်ကြည် လေးနက်သော လေသံဖြင့် မေးလိုက်တယ်။
"ဒီသကြားသစ်သီး အနည်းငယ် အတွက် ငွေဘယ်လောက် ကျသင့်မလဲ"
ဝဖိုင့်ဖိုင့်လူက ဆိုင်ခန်းငယ်နားမှာ ကုန်းရုန်း ထလိုက်ပြီး ထေ့ထေ့ငေါ့ငေါ့ လှောင်ရဲတာပေါ့။
"ဒီသူခိုးက ငါ့ပစ္စည်းကို ခိုးသွားတာလေ... အလွယ်တကူ အလွတ်ပေးစရာလား... အခုအချိန်က စပြီးတော့ ငွေ မလိုအပ်တော့ဘူး... မင်းတို့ နှစ်ယောက်ကို ဇနီးအဖြစ် သိမ်းယူမယ်"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်ပြီး သူမရှေ့က လူကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်တယ်။
"ရှင် ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာပြီလား"
"ဟား...ဟား..."
ဝဖိုင့်ဖိုင့်လူက ခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး သိက္ခာကင်းမဲ့သော ပုံစံဖြင့်
"ယွဲ့ရုန်ဆိုတဲ့ ငါက အရမ်း ကံကောင်းနေမယ်လို့ မထင်ထားခဲ့မိဘူး... လူပျိုဘဝနဲ့ ဆယ်နှစ်နေခဲ့တာ အခုတော့ ဇနီးနှစ်ယောက် ရတော့မယ်... စိတ်ချပါ... မင်းတို့နှစ်ယောက် ငါ့နောက် လိုက်ခဲ့ရင် မမျှမတ မဆက်ဆံပါဘူး"
 
***
အပိုင်း(၃၇၂)

ရှောင်ယွီချင်းနဲ့ နောက်တစ်ကြိမ် တွေ့ဆုံခြင်း(၂)

 
ပိုပြီးတော့ နားထောင်လေလေ လင်းလောပိုင် ပိုပြီးတော့ ဒေါသထွက် ရလေလေပဲ။ ဒီလူတွေက သူမကို သိက္ခာကျဆင်းအောင် ပြောလည်း ကိစ္စမရှိပါဘူး... အခုက သူ့ဆရာကို ညစ်နွမ်းစေဖို့ ဒီလို  အရှက်မဲ့စကားမျိုး သုံးနှုန်းရဲတယ်ပေါ့။
သူတို့ကို ခွင့်မလွှတ်နိုင်ဘူး။
"ဒီကိစ္စမှာ ရှောင်ပိုင်က အရင်ဆုံး မှားခဲ့တာ... ရှင်ပစ္စည်းကို ပြန်ယူလိုက် ငွေဆယ်စပေးမယ်... ရှင်နစ်နာမှု အတွက် တန်ကြေးလို့ ယူဆထားလိုက်"
"အရင်တည်းက ပြောပြီးသားပါ ငါ့မှာ ငွေမလိုအပ်ဘူး... ဇနီးလိုအပ်တာလို့..."
ဝဖိုင့်ဖိုင့်လူက ယွမ်လော့ဖုန်းကို သွားရည်တများများ အပြုအမူဖြင့် စူးစိုက် ကြည့်နေတယ်။ သူ့သွားရည်များက အောက်သို့ ကျလုနီးပါးပဲ။
"ငွေသား ဆယ်စဆိုတာ မင်းလို လှပတဲ့ မိန်းကလေးနဲ့ ယှဉ်လိုက်ရင် မပြောစလောက်လေးပါ"
ဒီမိန်းကလေး နှစ်ယောက်က စီဖုန်းမြို့တော်က မဟုတ်လောက်ဘူး...။ တခြားမြို့ကလို့ သူ ခန့်မှန်းမိတယ်။ သူက အနိုင်မကျင့်ရင် ဘယ်သူက အနိုင်ကျင့်မလဲ။
စီဖုန်းမြို့ လမ်းမပေါ်က ပျံကျဈေးသည်များက စည်းလုံးတယ်။ ဒီမိန်းကလေး နှစ်ယောက်က သူ့ကို အရှုံးမပေးရင်တော့ စီဖုန်းမြို့တော်မှာ နှောင့်ယှက်တာကို အလွယ်တကူ အလွတ်ပေးမယ် မထင်နဲ့။
"ကျွန်မ ရှင့်ကို အခွင့်အရေး တစ်ခုပေးမယ်"
ယွမ်လော့ဖုန်းလည်း တစ်ဖက်ကို မှီထားလိုက်တယ်။
"ရှောင်ပိုင်... သူ့ကို ရိုက်ချင်ရင် ကြိုက်သလောက်ရိုက် သေခွင့်တော့ မပေးနဲ့"
လင်းလောပိုင်ရဲ့ မျက်ဝန်းများက အရောင်တောက် သွားပြီး သူမ အင်္ကျီလက်ကို ခေါက်တင် လိုက်တယ်။ အပြုံးများ ဝေဆာရင်း ရိုက်နှက်ဖို့ စိတ်အား ထက်သန်နေတယ်။
"သူတို့ကို တကယ် ရိုက်လို့ ရတာလား"
ဒီမိန်းကလေးမှာ ဆိုးညစ်သော ဉာဉ်လေး ရှိတယ်။ ယွမ်လော့ဖုန်းက သူမကို တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တော့ ချစ်ဖို့ကောင်းတဲ့ သူမ မျက်နှာလေးက တောက်ပ သွားတယ်။
"ဒီကောင်မစုတ်လေး နှစ်ယောက်က ဘာအဆင့်ရှိလို့လဲ"
ဝဖိုင့်ဖိုင့်လူက ထေ့ထေ့ငေါ့ငေါ့ ရယ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ အံကြိတ်လျက် စကားဆိုတယ်။
"ဒီမိန်းကလေး နှစ်ယောက်ကိုဖမ်း"
အားလုံးက သူတို့လက်နက်ကို ထုတ်ယူရင်း လင်းလောပိုင်ရှိရာ ပြေးလာတယ်။
ဝိုင်းခံထားရတဲ့ လင်းလောပိုင်က မကြောက်ရွံ့တဲ့အပြင် တောက်ပစွာ ပြုံးလိုက်သေးတယ်။ သူမရှိရာ ပြေးလာတဲ့ လူတိုင်းကို ရွှင်မြူးစွာ ကြည့်လိုက်တယ်။
"ရပ်စမ်း"
ဒီလူတွေ လင်းလောပိုင်အနား ပြေးလာချိန်မှာ အေးစက်စက် အသံကို ကြားလိုက်ရတော့ အဲဒီလူကို လှည့်ကြည့်ဖို့ အားလုံးက သူတို့ ခြေလှမ်းကို ရပ်တန့်လိုက်တယ်။ 
လူအုပ်ရဲ့နောက်မှာ မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားက တောက်ပသော နေရောင်နဲ့အတူ သူတို့ရှိရာ ဖြည်းညင်းစွာ လျှောက်လှမ်း လာတယ်။
သူ့ပုံစံက အတော်လေး ချောမော ခန့်ညားပြီး အဆင့်မြင့်ပုံရတယ်။ အေးစက်စက် မျက်ဝန်းနက်များက အလွန် လှပသော မိန်းမပျိုလေးကို မကြည့်ခင် အားလုံးကို ဝေ့ခနဲ ကြည့်လိုက်တယ်။
မိန်းမပျိုလေးလည်း မျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး သူမတို့အနား လျှောက်လာတဲ့ လူကို မကျေမချမ်း ကြည့်လိုက်တယ်။ သူမအကြည့်မှာ အန္တရာယ် အငွေ့အသက်များ ရောနှောနေတယ်။
"ဆရာက ဒီသခင်လေးကို မကြိုက်လို့လား"
သူမ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်တော့ လင်းလောပိုင်လည်း ယွမ်လော့ဖုန်းမှ အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရတယ်။ သူမ အံ့သြနေမိတယ်။ ဆရာက ချောမောတဲ့ ကောင်လေးကို ဘာကြောင့် မနှစ်သက်ရလဲ ဆိုတာ နားမလည်ဘူး။
ယွမ်လော့ဖုန်းက စကားနည်းနည်းမှ မပြောဘဲ ပါးလွှာတဲ့ သူမနှုတ်ခမ်း ပါးလေးကို တွန့်လိုက်တယ်။ ချမ်းစိမ့်စိမ့် အငွေ့အသက်များက သူမမျက်ဝန်းမှာ ကူးလူး သွားလာနေတယ်။
ရှောင်ယွီချင်း သူမတို့အနား လျှောက်လာတာ မြင်တော့ လင်းလောပိုင်လည်း ယွမ်လော့ဖုန်းလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။ သူမ မျက်ဝန်းများကတော့ ဝင်းလက် နေတာပေါ့။ သူမ စိတ်ထဲမှာတော့ ယွမ်လော့ဖုန်းကို သူမနောက်နားမှာ ဝှက်ထား လိုက်ချင်တယ်။
အထူးသဖြင့် သူမ ဆရာက သူ့ကို မနှစ်သက်ဘူး။
သူမဆရာ မကြိက်တဲ့လူကို သူမလည်း မကြိုက်ဘူး။
"ရှောင်သခင်လေး"
ရှောင်ယွီချင်း သူတို့အနား ရောက်လာတာ မြင်တော့ ဝဖိုင့်ဖိုင့်လူက ခဏတော့ အံ့သြမှင်တက်စွာ ကြည့်လိုက်တယ်။ ထို့နောက် သူ့နဖူးမှာ ချွေးစေးများ ပြန်လာရတယ်။
"ဒီမိန်းကလေး နှစ်ယောက်က ရှောင်သခင်လေးနဲ့ ရင်းနှီးမှန်း မသိတာကြောင့် အမှား လုပ်မိတာပါ... သနားသောအားဖြင့် ခွင့်လွှတ်ပေးပါ"
ခံစားချက် ကင်းမဲ့သော အပြုံးကို သူ့နှုတ်ခမ်းမှာ ချိတ်ဆွဲထားတယ်။ ဝဖိုင့်ဖိုင့် လူကို ကျောခိုင်းထားရင်း ကြည်လင်သော အသံဖြင့် ပြောလိုက်တယ်။
"သူတို့က မင်းကို ငွေဘယ်လောက် ပေးစရာ ရှိလို့လဲ"
"ဒါက... ငွေစ အနည်းငယ်လောက်ပါ"
သူ့ကျောမှ ချွေးစေးများ ကျဆင်းလာပြီး ရှောင်ယွီချင်းကို အပြစ်ရှိတယ်လို့ ခံစားနေရသော စိတ်ဖြင့် ကြည့်လိုက်တယ်။
"ကြေးစ အနည်းငယ်နဲ့ မင်းက ဇနီးနှစ်ယောက် ယူချင်တယ်လား... အတွက်အချက် အရမ်း ကောင်းလွန်တယ်။ သနားစရာ ကောင်းတာက မင်း စာရေးတစ်ယောက် ဖြစ်မလာနိုင်ဘူး"
 
***
စာစဉ်(၁၅)ပြီးပါပြီ
ဆက်ပါဦးမည်။
***

Bạn đang đọc truyện trên: Truyen247.Pro