Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

231+232+233+234+235

အပိုင်း(၂၃၁)

လှည့်ဖြားတတ်သော အမျိုးသားလေးရဲ့ မြင့်မားသော ရည်မှန်းချက်(၂)

ယွမ်လော့ဖုန်းလည်း သူမ ခြေလှမ်းကို ရပ်တန့်လိုက်ပြီးတော့ စံအိမ်တော် အတွင်းမှာ ထိုင်နေတဲ့ အမျိုးသားလေးကို လှမ်းကြည့်လိုက်တယ်။
“ဘာကြောင့် ကျွန်မကို တွေ့ဖို့ ခေါ်လိုက် ရတာလဲ”
လုံယွမ်တိုင်းပြည်ရဲ့ မင်းသား၄ အပေါ်ယံ ကြည့်လိုက်ရင်တော့ ကျောက်စိမ်းလို နူးညံ့တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူက တကယ်တမ်း မြေခွေးလို ကောက်ကျစ် စဉ်းလဲတဲ့ မင်းသားတစ်ပါး ဖြစ်တယ်။ ခန့်မှန်းရခက်ခဲတဲ့ လူတစ်ယောက် ဖြစ်နေပြီး ဘေးအန္တရာယ် အငွေ့အသက်များကို ထုတ်လွှင့်နေတယ်။
ကွမ်ရှောင်ချိန်က သူ၏ မြေခွေးကဲ့သို့ မျက်ဝန်းများကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ့နှုတ်ခမ်းကို ကြော့ရှင်း လှပစွာ တွန့်ကွေး လိုက်တယ်။ 
“မင်းနဲ့ ဆွေးနွေးဖို့ အရေးကြီးတဲ့ အကြောင်းအရာ ရှိနေတယ် ဆိုတာ သိသာ နေတာပဲလေ”
“ဘာ အရေးကြီးတဲ့ ကိစ္စလဲ”
ယွမ်လော့ဖုန်းလည်း ရက်စက်သော အပြုအမူဖြင့် သူမ မျက်ခုံးကို မြှင့်တင်လိုက်တယ်။ သူမ ဦးခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး ကွမ်ရှောင်ချိန်ကို ကြည့်လိုက်တယ်။
ကွမ်ရှောင်ချိန်လည်း  လက်ဖက်ရည်ခွက်ကို ခန့်ညား ထည်ဝါစွာ မလိုက်ပြီး တစ်ငုံချင်း အေးအေးဆေးဆေး သောက်လိုက်တယ်။ အစကနေ အခုချိန်ထိ နူးညံ့သိမ်မွေ့တဲ့ မျက်နှာမှာ လိုက်ဖက်ညီသော အပြုံးတစ်ခုကို ဆင်မြန်း ထားတယ်။
“ကိုယ်က မင်းနဲ့အတူတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်တယ်”
ကွမ်ရှောင်ချိန်လည်း စကားပြောတာကို ခဏ ရပ်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။
“မင်းက ကွမ်လန်နဲ့ မုဝူစွမ်းကို မုန်းနေတယ် ဆိုတာ ကိုယ် သိတယ်။ ကိုယ်တို့နှစ်ယောက် ပူးပေါင်းလိုက်ရင် သူတို့ကို ကိုယ်တို့ ခြေထောက် အောက်မှာ ခစားရအောင် ပြုလုပ်လို့ရတယ်။ သူတို့ကို မောက်မာစွာ ဆက်ဆံဖို့ အခွင့်အရေး ရရှိနိုင်တယ်”
ယွမ်လော့ဖုန်းလည်း ကွမ်ရှောင်ချိန်ကို အသာယာ ပြုံးပြီးတော့ ကြည့်လိုက်တယ်။
“ရှင် မှားနေပြီ…။ ကျွန်မက ကွမ်လန်နဲ့ မုဝူစွမ်းကို မမုန်ဘူး။ သူတို့ နှစ်ယောက်က ကျွန်မ အမုန်းနဲ့ မထိုက်တန်ဘူး”
သူမ မုန်းတဲ့လူက တစ်ယောက်တည်း ရှိတယ်။ ဒီလူက ယွမ်ရှောင်ကို လွန်ခဲ့သော ၁ဝနှစ်ခန့်က ပြန်လမ်းမဲ့ သစ်တောထဲ လွှင့်ပစ်ခဲ့တဲ့လူပေါ့။ ဒီလူကလွဲရင် ကျန်တဲ့ တခြားလူတွေက သူမ အမုန်းနဲ့ မထိုက်တန်ဘူး။
ကွမ်ရှောင်ချိန်လည်း ခပ်တိုးတိုး ရယ်လိုက်တယ်။ ခပ်ရေးရေး မှေးကျဉ်းနေတဲ့ မြေခွေး မျက်ဝန်းက  မရိုးဖြောင့်သော မှုန်ဝါးဝါး အလင်းတန်းများ ဖြာဆင်းနေတယ်။
“မင်းက တခြားလူတွေ အားလုံးရဲ့ အထက်မှာ နေရတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလား။ မင်းကိုယ်နဲ့ အတူတူ ပူးပေါင်းရင်  လုံယွမ်တိုင်းပြည် တစ်ခုလုံးက ကိုယ်တို့အပိုင် ဖြစ်လာလိမ့်မယ်”
“စိတ်တော့ မကောင်းပါဘူး။ ရှင် အထင်မှားနေပြီ ထင်တယ်။ ကျွန်မ လိုချင်တာက လုံယွမ်တိုင်းပြည် တစ်ခုတည်း မဟုတ်ဘူး။ ကုန်းမြေ တစ်ခုလုံးကို အပိုင် လိုချင်တာ”
မာနဝင့်ကြွားနေတဲ့ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်ရင်း လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ သူ့လက်များက မသိမသာ တုန်ရီလာရတယ်။ မြေခွေးမျက်ဝန်းမှာ စိတ်ဝင်စားမှုများ တိုးမြင့်လာပြီး ရင်ထဲမှ ဒေါသစိတ်များ ပေါက်ကွဲ လွင့်စဉ်လာတယ်။
“ရှောင်ဖုန်းအာလေး … မင်းက ဒီလိုလေး ဆိုတော့ ကိုယ် မင်းကို ပိုပြီးတော့ စိတ်ဝင်စားလာပြီ။ ကိုယ်တို့က ကောင်းကင်ဘုံက သတ်မှတ် ပေးထားတဲ့ နတ်ဖက်တဲ့ စုံတွဲတွေပေါ့။ ကိုယ်တို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် တခြားလူတွေရဲ့ လျှို့ဝှက် အကြံစည်တွေနဲ့ ကိုယ်တို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”
တကယ်ပြောတာပါ…။
ယွမ်လော့ဖုန်းနဲ့ ကွမ်ရှောင်ချိန်သာ ပူးပေါင်းလိုက်ရင်  တခြားလူက သူတို့ကို ကျော်ပြီး မကောင်းကြံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း… စဉ်းလဲသော ကွမ်ရှောင်ချိန်ထက် ရိုးသားပြီး သူမကို စိတ်ရင်းနဲ့ ချစ်တဲ့ ယွမ်ရှောင်ကို ယွမ်လော့ဖုန်းက ပိုပြီးတော့ နှစ်သက်တယ်။ ယွမ်ရှောင်နဲ့ အတူတူ နေရင် သူမ တစ်ဘဝလုံး အေးချမ်းသာယာ နေမှာလေ။ ဒါပေမဲ့ ကွမ်ရှောင်ချိန်နဲ့ ဆိုရင်တော့ သူမ နည်းနည်းလေး သတိမထားမိသည်နှင့် သူ့ထောင်ချောက်မှာ နစ်မြုပ်သွားနိုင်တယ်။ သူ့အတွက် အကျိုးရှိတာကို ဘယ်လို အသုံးချရမလဲ ဆိုတာသာ သိတဲ့ ယောက်ျား တစ်ယောက်က သူ့အတွက် အသုံးမဝင်တော့ရင် သေချာပေါက် ကန်ထုတ်မှာလေ။
“ကျွန်မ ခံစားရတာတော့…”
ယွမ်လော့ဖုန်းလည်း ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပြီးတော့
“ရှင်တစ်ယောက်တည်း လျှို့ဝှက် ကြံစည်တာ ပိုကောင်းပါတယ်။ ရှင်နဲ့အတူတူ ပူးပေါင်းဖို့ ကျွန်မ စိတ်မဝင်စားဘူး”
မိန်းမပျိုလေးရဲ့ စကားသံကို ကြားတော့ ကွမ်ရှောင်ချိန်က ဒေါသမထွက်ဘဲ သူမကို နူးညံ့ ကြင်နာစွာ ပြုံးပြတယ်။ မြေခွေး မျက်ဝန်းက ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်နေစဉ်မှာ လျှပ်စစ် လှိုင်းများ ထုတ်လွှင့် နေသလိုပါပဲ။
“ကောလာဟလတွေအရ ယွမ်မိသားစုက သခင်မလေးက ချောမောတဲ့ ယောက်ျားလေးတွေကို နှစ်သက်ပြီး ကျီစားရတာ သဘောကျတယ်ဆို။ မင်းရှေ့မှာ ကိုယ့်လို ချောမော ခန့်ညားတဲ့ အမျိုးသားလေး ရောက်နေတာ  မင်း ဘာကြောင့် မကျီစားရတာလဲ။ မင်းသာ ဆန္ဒရှိရင် ကိုယ်က မင်းကို ထာဝရ အဖော်ပြု ပေးမှာပါ”
ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို ထိကိုင်ရင်း ကွမ်ရှောင်ချိန်ကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။
“ချောမော ခန့်ညားတဲ့ အမျိုးသားလေး ဟုတ်လား။ စိတ်မကောင်းပါဘူး။ ရှင့်ကို ကျွန်မ ချောတယ်လို့ကို မထင်ဘူး”
တကယ်တော့ ကွမ်ရှောင်ချိန်က ချောမော ခန့်ညားပါတယ်။ ဒါပေမဲ့ သူက ကံဆိုးသွားခဲ့တယ်။ သူမဘေးနားမှာ ယွမ်ရှောင်ကဲ့သို့  အဆင့်အတန်း အမြင့်မားဆုံး အမျိုးသားလေး ရှိနေတယ်။ တခြား အမျိုးသားလေးတွေက သူမမျက်ဝန်းကို ဖမ်းစားနိုင်ပါဦးမလား။
 
***

အပိုင်း(၂၃၂)

မုဝူစွမ်း နောက်ကွယ်က အင်အားစု(၁)

 
ကွမ်ရှောင်ချိန်ရဲ့ မျက်နှာက ညိုမည်းသွားပြီး မတ်တတ်ထရပ်ကာ  ယွမ်လော့ဖုန်း အနားသို့ ဖြည်းဖြည်းလေး လှမ်းသွားတယ်။
“ရှောင်ဖုန်းအာ… မင်းက ကိုယ့်ကို ဒီလိုစကားမျိုး ပြောပြီးတော့ အသည်း ခွဲတော့မှာလား”
နူးညံ့သိမ်မွေ့တဲ့ အပြုံးလေးကို ကွမ်ရှောင်ချိန် နှုတ်ခမ်းပါးပေါ်မှာ ဆင်မြန်း ထားတယ်။
“မင်းလေးက သက်တော်စောင့် တစ်ယောက်ကို ကျီစားဖို့ ဆန္ဒရှိတာပဲလေ။ ဘာကြောင့် ကိုယ့်ကို စိတ်မဝင်စား ရတာလဲ။ မင်းသာ ကိုယ့်ကို လိုအပ်တယ်ဆိုရင် ရေချိုးပြီး အခန်းထဲမှာ မင်းကို စောင့်နေပေးမယ်”
သူ့အပြောက ဖြားယောင်း သွေးဆောင်သော အသွင်ကို ဆောင်နေသောကြောင့် ယွမ်လော့ဖုန်းကို မရီမပြုံး ခပ်တည်တည် ဖြစ်သွားစေတယ်။ သူမရဲ့မျက်ဝန်းနက်မှာ အေးစက်စက် အလင်းတန်းများ ဖြာဆင်းနေတယ်။
“သူက သက်တော်စောင့် တစ်ယောက်ဆိုလည်း ဘာဖြစ်လဲ။ ယွမ်ရှောင်က သက်တော်စောင့် တစ်ယောက်ဆိုလည်း သူ့ကို ကျွန်မ တစ်ယောက်တည်းက  ပိုင်ဆိုင်နိုင်တယ်။ ရှင့်မှာ အရင်တည်းက မိန်းမ အများကြီး ရှိနေတာလေ။ တော်ဝင်မိသားစုက လူတစ်ယောက်ကို ကျွန်မက စိတ်ဝင်စားမယ်လို့ ရှင် ထင်နေတာလား”
ကွမ်ရှောင်ချိန်လည်း ပြုံးလိုက်ပြီးတော့ ယွမ်လော့ဖုန်း အနားကို ပိုပြီးတော့ တိုးကပ်သွားတယ်။
“ဒါပေမဲ့ ကိုယ်တို့ နှစ်ယောက်က လိုက်ဖက်ညီတယ် ဆိုတာ မင်း တွေးမိရဲ့လား။ အရင်က မင်းနဲ့ အိမ်ရှေ့စံမင်းသားတို့ စေ့စပ်ထားတာ ဖျက်သိမ်းခဲ့ရတယ်။  အခု မင်း ကိုယ့်ကို လက်ထပ်လိုက်ရင်  အညှာတာ ကင်းမဲ့စွာ အိမ်ရှေ့စံရဲ့ပါးကို သေချာပေါက် ရိုက်လို့ရမယ်။ ဒါ့ပြင် ကိုယ်တို့ နှစ်ယောက်လုံးက အလွယ်တကူ အချစ်မှာ ကျဆုံးတတ်တဲ့လူတွေ မဟုတ်ဘူးဆိုတာ ကိုယ် နားလည်တယ်။ ဒါကြောင့် လက်ထပ်ခြင်းက အကောင်းဆုံး နည်းလမ်း တစ်ခုပဲလေ”
ကွမ်ရှောင်ချိန်က သူမအနားကို ဆက်ပြီးတော့ ချဉ်းကပ် လာတာကြောင့် ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။ သူမ မျက်ဝန်းက မာနဝင့်ကြွားသော၊ လွှမ်းမိုး ချုပ်ကိုင်သော အရိပ်ယောင်များဖြင့် တလက်လက် ဖြစ်နေတယ်။
“ရှင် နောက်ထပ် ခြေတစ်လှမ်း ထပ်တိုး လာရဲရင်တော့ ရှင့်ခြေထောက်ကို ကျိုးစေလို့ ကျွန်မကို အပြစ် လာမတင်နဲ့”
ကွမ်ရှောင်ချိန်ရဲ့ မျက်နှာ အမူအရာက ခပ်တည်တည် ဖြစ်သွားပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်တယ်။ သူ့မျက်ဝန်းကို မှေးကျဉ်းလိုက်ပြီး ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ရှောင်ဖုန်းအာ… ကိုယ်နဲ့ မင်းနဲ့ တွေ့တာက အခုမှ ၃ကြိမ်တည်း ရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ကို ဒီလောက် စက်ဆုပ် ရွံရှာအောင် ကိုယ် ဘာလုပ်ခဲ့မိလို့လဲ”
ဒီအကြောင်းအရာက သူ ဘယ်လိုပဲတွေးတွေး မနားလည်နိုင်တဲ့ကိစ္စ တစ်ခုပါ။ ဘာပဲဖြစ်ဖြစ် သူက လုံယွမ် တိုင်းပြည်ရဲ့ မင်းသား၄ လေ။ သူ့ကို လက်ထပ်ချင်နေတဲ့ အမျိုးသမီး အများကြီး ရှိတယ်။ သူ့ကို အဆိပ်ပြင်းတဲ့ ကင်းမြီးကောက် တစ်ကောင်အဖြစ် သတ်မှတ်တာ သူမ တစ်ယောက်တည်း ရှိတယ်။
သူက ကြောက်ရွံ့ ထိတ်လန့်ဖို့ ကောင်းလို့လား။
“ကျွန်မ အနားကို ရှင် ပိုပြီးတော့ မတိုးလာ စေချင်တာပါ”
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို ပင့်တင်လိုက်ပြီး ဆက်ပြော လိုက်တယ်။
“မနေ့က မုဝူစွမ်း အကြောင်းကို ပြောပြမယ် ဆိုပြီးတော့ ကျွန်မကို စာပို့ခဲ့တယ်။ ကျွန်မကို ဒီနေရာကို ရောက်လာဖို့ လိမ်လည် လှည့်စားတာလား”
သူမပြောခဲ့သည့် စကားများကို  စိတ်ထဲမထားသည့် ပုံစံဖြင့် နူးညံ့သိမ်မွေ့သော အပြုံးကို ချောမော ခန့်ညားသော မျက်နှာမှာ ဆင်မြန်းရင်း  ကွမ်ရှောင်ချိန်က ယွမ်လော့ဖုန်းကို ငေးကြည့်လာတယ်။
“မုဝူစွမ်းရဲ့ဇာစ်မြစ်က မင်းထင်သလောက် မရိုးရှင်းဘူး ဆိုတာ မင်းကို သတင်း ပေးချင်လို့ပါ။ ဒါပေမဲ့ ကိုယ်လည်း သေချာ မသိဘူး။ မုဝူစွမ်း ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိလောက်ဘူး။ ဒီအကြောင်းကို ဖခမည်းတော် တစ်ယောက်တည်းသာ သိနိုင်တယ်”
ယွမ်လော့ဖုန်း နက်နက်နဲနဲ တွေးတော လိုက်တယ်။ ကွမ်တုက အမတ်ချုပ်မု အိမ်တော်ဘက်က ရပ်တည် ပေးနေတာက ကြင်ရာတော်မုကြောင့် မဟုတ်ဘူး ဆိုတာ သူမ သိနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မုဝူစွမ်းရဲ့ ဇာစ်မြစ်က မရိုးရှင်းဘူး လို့တော့ မထင်ထားခဲ့မိဘူး။
မရိုးရှင်းဘူးဆိုတဲ့ စကားကို သူမ နားမလည်ခဲ့ဘူး။
“မင်းကို သတိပေးဖို့နဲ့ ဒီအကြောင်းတွေ ပြောဖို့ ဒီနေရာကို  ခေါ်လိုက်တာပါ။ မင်းလေးက မုဝူစွမ်းနဲ့ ရင်ဆိုင်မယ် ဆိုရင်တော့ သူမ နောက်ကွယ်က အင်အားစုကို ဖယ်ရှားမှ ရလိမ့်မယ်”
ယွမ်လော့ဖုန်းလည်း မထီမဲ့မြင် ပြုံးလိုက်ပြီးတော့
“မုဝူစွမ်းရဲ့ နောက်ခံ အင်အားက ဘယ်လိုပဲဖြစ်ဖြစ် ငါဆိုတဲ့ ယွမ်လော့ဖုန်းက ကြောက်လန့်နေမယ့် လူတစ်ယောက် မဟုတ်ဘူး။ ရှင့်ကို ထပ်ပြီးတော့ သတိပေးလိုက်မယ် ကျွန်မ ပိုင်ဆိုင်တဲ့ အမျိုးသားကို တခြား အမျိုးသမီး တစ်ယောက်နဲ့ မျှဝေဖို့ ဆန္ဒမရှိဘူး။ ကျွန်မ ပိုင်ဆိုင်ချင်တဲ့ ခင်ပွန်းက သူ့တစ်သက်မှာ ကျွန်မ တစ်ယောက်တည်း ရှိရမယ်။ ရှင့်မောင်းမဆောင်မှာ ကြင်ရာတော် အများကြီး ရှိတယ် ဆိုကတည်းက ကျွန်မကို ဒီလို စကားမျိုး လာပြောဖို့ ရှင့်မှာ အခွင့်မရှိဘူး”
ကွမ်ရှောင်ချိန်လည်း မျက်မှောင်ကြုတ် လိုက်တယ်။
“မင်းက ဒီကိစ္စကို တကယ်ပဲ ပြန်မစဉ်းစား ချင်တော့ဘူးလား”
တော်ဝင်မိသားစုက သားတစ်ယောက် အနေနဲ့ ယောက်ျားလေး တစ်ယောက်မှာ ကြင်ရာတော် အများကြီး ပိုင်ဆိုင်သင့်တယ် ဆိုတဲ့ အယူအဆက ကလေးဘဝတည်းက လွှမ်းမိုးလာခဲ့တယ်။ ဒါကြောင့်လည်း သူ အရွယ်ရောက်လာတဲ့ အချိန်မှာ ပုံမှန်အတိုင်း ကြင်ရာတော်များ အိပ်ဆောင်ကို သွားရောက်ခဲ့တာပေါ့။
 
***

အပိုင်း(၂၃၃)

မုဝူစွမ်း နောက်ကွယ်က အင်အားစု(၂)

 
ဒါပေမဲ့ အခုချိန်မှာ ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကိုသာ နားထဲမှာ တစ်ခါထပ်ခါ ကြားနေမိတယ်။ ကျွန်မ ပိုင်ဆိုင်ချင်တဲ့ ခင်ပွန်းက သူ့တစ်သက်တာမှာ သူမ တစ်ယောက်တည်း ရှိရမယ်တဲ့လား။
တစ်သက်တာလုံး သူမ တစ်ယောက်တည်း ရှိရမယ်…။
ဟား…ဟား…။ ရယ်စရာ ကောင်းလိုက်တာ။ ဒီလောကကြီးထဲမှာ ဘယ်ယောက်ျားက ဇနီး တစ်ယောက်တည်း ယူဖို့ ဆန္ဒရှိမလဲ။ အထူးသဖြင့် တော်ဝင်မိသားစုက မွေးဖွားလာတဲ့ မင်းသားတွေက… ဒီကတိကို လိုက်နာ နိုင်မယ်တဲ့လား။
သူတို့တွေက ကြင်ရာတော် အများကြီးယူဖို့ ဆန္ဒမရှိလည်း သူတို့သမီးတွေကို လက်ဆောင် အဖြစ် ပေးကမ်းချင်နေတဲ့ လူအများကြီး ရှိနေတယ်လေ။
“ရှင် ပြောလို့ ပြီးပြီ ဆိုရင်တော့ ကျွန်မ သွားတော့မယ်။ ကျွန်မရဲ့ ယွမ်ရှောင်လေးက ကျွန်မကို အိမ်မှာ စောင့်မျှော်နေတယ်”
မိန်းမပျိုလေးက ဟားတိုက် ရယ်မောလိုက်ပြီးတော့ ကွမ်ရှောင်ချိန်ရဲ့ မျက်နှာကို မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။ သူမ လှည့်ထွက်သွားခဲ့ပြီး အမျိုးသားလေးရဲ့ စူးစူး စိုက်စိုက် အကြည့်ကို လျစ်လျူရှု ထားလိုက်တယ်။
မိန်းမပျိုလေး ထွက်ခွာ သွားတာကို ငေးကြည့်ရင်း သူ့လက်နဲ့ သူမကို ဖက်ထားချင်မိတယ်။ ဒါပေမဲ့ သူ… ဘာလုပ်သင့်လဲ ဆိုတာ သိတာကြောင့် သူ့လက်ကို ပြန်လည် ရုပ်သိမ်းလိုက်တယ်။ မြေခွေး မျက်ဝန်းတွေက ထွက်ခွာသွားတဲ့ သူမ ပုံရိပ်ကို ငေးကြည့်ရင်း မျက်ဝန်းများက တလက်လက် ဖြစ်နေတယ်။
ရှောင်ဖုန်းအာ … မင်းကိုယ့်ကို ငြင်းလေလေ ကိုယ် မင်းကို ပိုပြီးတော့ စိတ်ဝင်စား လေလေပါ။ မင်းလို ကောင်မလေးက စကားကို တဲ့တိုး ပြောလွန်းတယ်။ ဒီစကားလေးနဲ့ ကိုယ့်ကို နာကျင် စေမယ်တဲ့လား။ မင်းလို ထူးချွန်လွန်းတဲ့ ကောင်မလေးကို တခြား ဘယ်နေရာမှာမှ ရှာနိုင်မှာ မဟုတ်ဘူး။
အစတည်းက  ကွမ်ရှောင်ချိန်က သူ့မောင်းမဆောင်ကို ဖျက်သိမ်းဖို့ မစဉ်းစားခဲ့ဘူး။ ယောက်ျား တစ်ယောက်မှာ ဇနီး အများကြီး ရှိတာက ပုံမှန်ကိစ္စ တစ်ခုလို့သာ သူ ယူဆထားတယ်။ ယွမ်လော့ဖုန်းသာ သူ့ကို လက်ခံမယ်ဆိုရင် အားလုံးက အဆင်ပြေ သွားလိမ့်မယ်။
 
***
 
စစ်သူကြီး အိမ်တော် အနောက်ဘက် ခြံဝင်းအတွင်း…
အဝေး တစ်နေရာမှာတည်းက အမည်းရောင် ဝတ်စုံနဲ့ အမျိုးသားလေးက သစ်ပင် အောက်မှာ ရပ်နေတာကို ယွမ်လော့ဖုန်း လှမ်းမြင်နေတယ်။ သူမ ခြေလှမ်းတွေက တဖြည်းဖြည်းချင်း ရပ်တန့်သွားပြီးတော့ သူမ မျက်ဝန်းနက်တွေက အမျိုးသားလေးရဲ့ ချောမော ခန့်ညားပြီး သူရဲကောင်းဆန်တဲ့ မျက်နှာကို ငေးကြည့်နေမိတယ်။ ချောမောလှပတဲ့ သူမ မျက်နှာပေါ်မှာ ချစ်ဖို့ကောင်းတဲ့ အပြုံးလေး တစ်ခု ပေါ်ပေါက် လာရတယ်။
“ယွမ်ရှောင်… ရှင် ဒီနေရာမှာ ဘာလုပ်နေတာလဲ”
“မင်းကို စောင့်နေတာလေ”
ဒီရိုးရှင်းတဲ့ စကားလေး တစ်ခွန်းက သူ့ရဲ့အဆုံးစမဲ့သော တမ်းတခြင်းကို ဖော်ပြနေတယ်။ ဒီအမျိုးသားလေးက သူ့ခံစားချက်ကို ဘယ်တော့မှ မဖော်ပြခဲ့သော်လည်း သူမကို သစ္စာဖောက်ဖို့ ရည်ရွယ်ချက်လည်း မရှိသလို သူမကို ဖုံးကွယ်ထားတဲ့ အကြောင်းအရာ ဆိုတာလည်း မရှိပေ။
“ယွမ်ရှောင်… နောင်ဆို … ရှင် ဒီနေရာလေးမှာ စောင့်မျှော်နေစရာ မလိုပါဘူး။ ကျွန်မ ဘယ်ကိုပဲ သွားသွား… ရှင့်ကို ခေါ်သွားတော့မယ်”
ယွမ်လော့ဖုန်းလည်း သူမ ခေါင်းကို မော့လိုက်ပြီး သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးကို တစိမ့်စိမ့် ကြည့်လိုက်တယ်။
“ဒါပေမဲ့ ကျွန်မ ရှင့်ကို ဝင်မပါစေချင်ဘူး။ သူတို့ အားလုံးကို ကျွန်မကိုယ်တိုင် သင်ခန်းစာ ပေးမယ်။ ဒီတစ်ကြိမ်တော့ ကျွန်မအတွက်နဲ့ သူတို့ကို အပြစ်မပေးပါနဲ့တော့”
“မင်း သဘောအတိုင်းပါပဲ”
ယွမ်ရှောင်လည်း ခေါင်းကို အသာယာ ညိတ်လိုက်တယ်။ သူ့အသံက ခပ်သြသြ ဖြစ်နေသော်လည်း ညှို့ငင်နိုင်စွမ်း ရှိတယ်။ ယွမ်လော့ဖုန်းရဲ့ နှလုံးသားကို အသာယာ ထိကပ်နေသော ငှက်တောင်ကဲ့သို့ သည်းမခံနိုင်အောင် အသည်းယား စေတယ်။ ယွမ်ရှောင်ကို သစ်ပင်အနားကို အတင်း တွန်းလိုက်ပြီး သူမ မျက်ဝန်းကို အသာယာ မှေးစင်းလိုက်တယ်။ ခြေဖျားထောက်ရင်း အမျိုးသားလေးရဲ့ အေးတိအေးစက် နှုတ်ခမ်းပါးလေးကို အနမ်း ခြွေလိုက်တယ်။
ခန္ဓာကိုယ် အတွင်းမှ အပူချိန်များ မြင့်တက် လာသည်ကို ခံစားမိတာကြောင့် ယွမ်လော့ဖုန်းရဲ့လက်က  ယွမ်ရှောင်၏ အင်္ကျီကော်လံကို အကြမ်းပတမ်း ဆွဲကိုင်လိုက်တယ်။  သူမ အနားသို့ တိုးကပ်လိုက်ပြီး ညှို့ငင်နိုင်စွမ်း ရှိသော ခန္ဓာကိုယ်ကို မြင်သာစေဖို့ အတွက် ယွမ်ရှောင်အင်္ကျီစကို ဆုတ်ဖြဲလိုက်တယ်။ 
အမလေးလေး…
မနီးမဝေး တစ်နေရာက အမှောင်ထဲမှာ ချင်ယွမ်တစ်ယောက် ပုန်းနေခဲ့တယ်။ ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် မြေကြီးပေါ် ကျလုမတတ် ဖြစ်သွားရတယ်။ အမြန်ဆန်ဘဲ သူ့ရဲ့  ကိုယ်ဟန် အနေထားကို ပြင်ဆင်လိုက်တယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး လျှပ်တစ်ပြက်အတွင်း အရိုက်ခံလိုက်သလို ဖြစ်သွားပြီး ကစဉ့်ကလျား ဖြစ်စေတယ်။
နတ်မင်းကြီးတို့… သူ့သခင်က တကယ်ပဲ အတင်းကျပ် နမ်းခံခဲ့ရတာလား။
သခင်ရဲ့ မိန်းကလေးက  လောကကြီးကို တုန်လှုပ်စေတဲ့ မိန်းမဆိုးလေး တစ်ယောက်ပါလား။ သူမက ရှိန်လောက်တဲ့ အရည်အချင်း ရှိတယ်။ ဒီလောကကြီးထဲမှာ သူမ တစ်ယောက်တည်း သခင်ကို အတင်းကျပ် တွန်းထုတ်လို့ ရတယ်။
မိန်းမပျိုလေးရဲ့ လက်ချောင်းထိပ်များက သူ့ရင်ဘတ်ပေါ်မှာ အသာယာလေး ပြေးလွှားနေလေရဲ့…။ သူမရဲ့ အထိတွေ့မှာ သာယာမိတာကြောင့် သူ့ကို လျှပ်စစ်လှိုင်း စီးဆင်းသွားသလို ဖြစ်သွားပြီး  သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ တုန်ရီစေလေတယ်။
ယွမ်လော့ဖုန်းရဲ့ ကျီစားခြင်းက အထွတ်ထိပ်ကို ရောက်သွားပုံရတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပူလောင် ပြင်းပြ လာရတယ်။ သူမကို သူ့ရင်ခွင် အတွင်းမှာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တယ်။
 
***

အပိုင်း(၂၃၄)

မုဝူစွမ်း နောက်ကွယ်က အင်အားစု(၃)

 
မိန်းမပျိုလေး ဘက်မှ တုံ့ပြန်လာသော အပူချိန်ကို ခံစားမိတာကြောင့် ယွမ်ရှောင်လည်း သူ့ကိုယ်သူ ထိန်းချုပ်ဖို့ မကြိုးစားတော့ဘဲ သူ့လက်ကို ဆန့်တန်းရင်း မိန်းကလေးကို သစ်ပင် ခြေရင်းသို့ တွန်းလှဲလိုက်တယ်။
ယွမ်လော့ဖုန်းလည်း သူမ မျက်ဝန်းကို မှေးစင်းလိုက်လေရဲ့….။ သူမနှုတ်ခမ်းက  ဖြားယောင်း သွေးဆောင်စွာ တွန့်ကွေးသွားတယ်။
“ရှင့် ရင်ခွင်အောက်မှာ နေရတာထက် ရှင့်ကို သူမ ရင်ခွင်ထဲ ထည့်ထားရတာကို ပိုနှစ်သက်တယ်”
သူမရဲ့ မျက်ဝန်းနက် တစ်စုံက မြှူဆွယ်သော အလင်းတန်းများ ဖြာထွက် နေတာပေါ့။ သူမ မျက်နှာပေါ်က အပြုံးကလည်း  မြင်ရသူရဲ့ နှလုံးသားကို ကတုန်ကယင် ဖြစ်စေလောက်အောင် ချစ်ဖို့ ကောင်းလေပါရဲ့….။
“သခင်မလေး… သခင်မလေး…”
ချင်ယန်လည်း ကတိုက်ကရိုက် ပြေးလာခဲ့တယ်။ ဒါပေမဲ့ သူမလည်း အနောက်ဘက် ခြံဝင်းအတွင်းသို့ ရောက်ရှိတဲ့ အချိန် တစ်ခဏလေး အတွင်း အဝတ်စား မသေမသပ် ဖြစ်တဲ့ လူနှစ်ယောက်ကို မျက်မြင် တွေ့လိုက်ရတယ်။ သူမရဲ့မျက်ဝန်း နှစ်စုံကို အလျင်မြန် မကာဆီးလိုက်ခင်မှာ အံ့သြစွာ ငေးကြည့် နေမိတယ်။
“သခင်မလေးရဲ့ အစေခံက ဘာကိုမှ မမြင်တွေ့ခဲ့ပါဘူး။ သခင်မလေးတို့ ရှေ့ဆက်ကြပါနော်”
ပြောပြီးသည်နှင့် အလျင်မြန် ပြေးထွက် သွားလိုက်တယ်။ ဒါပေမဲ့ သူမလည်း ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးနောက် သခင်မလေး ရှိရာကို လာရတဲ့ အကြောင်းရင်းကို သတိရသွားတယ်။
“သခင်မလေး..  ကျွန်တော်မျိုးမ လာရောက်ရတဲ့ အကြောင်းရင်း ကတော့ မုဝူစွမ်းက ဝါးစံအိမ်တော်မှာ သူ့ကိုယ်သူ ရောင်းစားပြီးတော့ အပျော်မယ် လုပ်တဲ့ အကြောင်းကို သတင်း ပေးမလို့ပါ။ လုံယွမ်တိုင်းပြည် တစ်ခုလုံးက ဒီသတင်းကို သိနေခဲ့ပါပြီ။ သခင်မလေး ပျော်ရွှင်ရအောင် ဒီက အစေခံမလေးက လာရောက် ပြောကြားရတာပါ။ ဒါဆိုလည်း ဒီက အစေခံမလေးက သခင်မလေးတို့ နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး”
ဒီစကားကို ပြောပြီးတာနဲ့ ချင်ယန်က သူမ မျက်လုံးကို ပိတ်ကာ ဘာစကားတစ်ခွန်းမှ မပြောတော့ပေ။ အရှေ့ဘက် ခြံဝင်းအတွင်းသို့ အလျင်မြန် ပြေးဝင် သွားလေရဲ့။
အစတည်းက သခင်မလေးနဲ့ ယွမ်ရှောင်ရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူး ဆိုတာ ခံစားမိပါတယ်။ ဒီအဆင့်လောက် အထိတော့ ရောက်သွားလိမ့်မယ်လို့ သူမ ဘယ်တော့မှ မတွေးခဲ့မိဘူး။ မဖြစ်တော့ဘူး… ဒီသတင်းကို စစ်သူကြီးကို သေချာပေါက် သတင်းပေးရမယ်။ ဒါဆိုရင် စစ်သူကြီးက ပျော်မှာ သေချာတယ်။
ယွမ်ရှောင်… ရှင်… ကျွန်မကို ဘယ်လောက် ကြာတဲ့ထိ ဖိထားမှာလဲ။ ယွမ်လော့ဖုန်းလည်း ထွက်ခွာသွားတဲ့ ချင်ယန်ကျောပြင်ကို ကြည့်နေရာမှ အကြည့် လွှဲလိုက်တယ်။ ထိုစဉ်မှာ  သူမ မျက်ခုံးက အချီကြီး မြင့်တက်သွားပြီးတော့ မေးခွန်းထုတ် လိုက်တယ်။
ယွမ်ရှောင်လည်း သူ့ရင်ခွင်ထဲမှ မိန်းမပျိုလေးကို လွှတ်ပေးလိုက်ပြီး ခံစားချက်မဲ့တဲ့ မျက်ဝန်းနက်တွေက ချင်ယန်ဘက်သို့ ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့မျက်ဝန်း အတွင်းမှ ခန့်မှန်းရ ခက်သော အလင်းတန်းများ ဖြာထွက် နေတယ်။
“ယွမ်ရှောင်… မုဝူစွမ်း ကိစ္စက ရှင်… သူ့ကို အပြစ်ပေးလိုက် တာလား”
မိန်းမပျိုလေး အသံက ယွမ်ရှောင်ကို အသိပြန်ဝင်လာစေပြီး သူ့မျက်ဝန်းနက်က ယွမ်လော့ဖုန်းဘက်သို့ လှည့်လိုက်တယ်။
“ဒီကိစ္စက သူမဘာသာ ဆုံးဖြတ်ခဲ့တာပါ။ ဒီလို အလုပ်မျိုး လုပ်မယ်လို့ ပြောခဲ့တာလေ”
ကွမ်လန်နဲ့ မုဝူစွမ်းက ယွမ်လော့ဖုန်းကို အခါအားလျော်စွာ အရှက်သိက္ခာ ကျဆင်းအောင် မပြုလုပ်ခဲ့တယ်။ ဒါကြောင့်လည်း သူက ရက်ရက်စက်စက် လက်တုံ့ပြန် ရတာပေါ့။
“ယွမ်ရှောင် … စောနက ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဘိုးက ကျွန်မကို မေးခွန်း ထုတ်တော့မယ်။ ကျွန်မ ဘယ်လို ဖြေရှင်းသင့်လဲ ဆိုတာ စဉ်းစားရအောင်လေ”
ချင်ယန် မိန်းကလေးက ဒီမြင်ကွင်းမှာ မျက်မြင် ဖြစ်သွားတော့ ဒီသတင်းက အဘိုးနားထဲအထိ ပျံ့နှံ့သွားမှာ သေချာတယ်။ ဒါကြောင့်လည်း အဘိုးနဲ့ ဖြေရှင်းဖို့ သူမ ပြင်ဆင် ထားရမယ်။ လူအများကြီးရှေ့မှာ ယွမ်ရှောင်ကို ကျီစားလိုက်တာ ဆိုပေမဲ့လည်း အဘိုးက ဒီဇာတ်လမ်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တယ်လို့ ထင်နေမှာ။ အခုတော့ ချင်ယန်က သူတို့ကို မတော်တဆ မြင်တွေ့ဖို့ အခွင့်အရေး ရသွားခဲ့ပြီ။ သူမရဲ့ ကျီစားခြင်းကိုလည်း တစ်မျိုး မြင်နေလိမ့်မယ်။ 
ပြောစရာ မလိုလောက် အောင်ပါပဲ။ ထင်ထားတဲ့ အတိုင်း စာကြည့်ခန်းကို လာခဲ့ဖို့ အဘိုးက လူလွှတ် အကြောင်း ကြားခဲ့တယ်။ အစကတော့ အဘိုးကို တစ်ယောက်တည်း အဆင်ပြေအောင် ချော့မော့ ကြည့်ဖို့ပါပဲ။ ဒါပေမဲ့ ယွမ်ရှောင်က သူမ နောက်ကို ခေါင်းမာစွာ လိုက်နေခဲ့တယ်။
နေခဲ့ပါဆိုတဲ့ စကားတစ်ခွန်းကို ပြောဖို့ ကြံရွယ်နေစဉ်မှာပဲ… သူ့ဘက်က စကား တစ်ခွန်းတည်းသာ ပြောလာခဲ့တယ်။
“ကိုယ့်ကို ဒီနေရာမှာ မစောင့်မျှော် ခိုင်းတော့ဘူးလို့ မင်း ပြောခဲ့တယ်လေ။ မင်း ဘယ်နေရာကို သွားသွား ကိုယ့်ကို ခေါ်သွားမယ်ဆို…”
သူပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့… ယွမ်လော့ဖုန်း ပြင်ဆင်ထားတဲ့ ငြင်းဆိုချက် အားလုံးကို လွင့်စဉ် ပျောက်ကွယ် သွားစေတယ်။ ဒီကောင်လေးက ပုံမှန်ဆို အရမ်း နာခံတတ်ပါတယ်။ ခေါင်းမာတော့လည်း နွားထီးကဲ့သို့ ခေါင်းမာလွန်းတယ်။ ဘာစကား တစ်ခွန်းကိုမျှ မနာခံတော့ဘူး။ သူမ ဘယ်လိုပဲ တားတား နောက်ဆုံးတော့လည်း သူမနဲ့အတူတူ စာကြည့်ခန်း အထိ လိုက်လာခဲ့တယ်။ အခန်း အတွင်းမှာ စစ်သူကြီးက  ခံစားချက်မဲ့ချင်ယောင် ဆောင်ထားသော မျက်နှာထားဖြင့် အခန်းထဲသို့ ဝင်လာတဲ့ လူငယ် နှစ်ယောက်ကို ကြည့်နေတယ်။ အိုမင်းရင့်ရော်နေတဲ့ မျက်နှာက  ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင် တည်ငြိမ်နေလေရဲ့။
“မင်းတို့နှစ်ယောက် ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ… ပြောစမ်း”
သူလည်း လည်ချောင်း ရှင်းလိုက်ပြီးတော့ ခက်ထန်စွာ မေးလိုက်တယ်။
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ် ထားတယ်။
“ဒီကိစ္စက…”
 
***

အပိုင်း(၂၃၅)

မြေးလေးက တာဝန်မယူချင်တာလား…

 
“ငါ မင်းကို မမေးဘူး။ ငါ မေးနေတဲ့ တစ်ယောက်က ယွမ်လော့ဖုန်း…။ မြေးဆိုးလေး … ဖြေလေ…”
စစ်သူကြီးက အေးတိအေးစက် ထေ့ငေါ့လိုက်ပြီး မပျော်ရွှင်စွာ ပြောလိုက်တယ်။
တခြားလူ တစ်ယောက်သာ ယွမ်ရှောင်ကို ဒီလို အပြုအမူမျိုးနဲ့ လာပြောခဲ့ရင်တော့ သူက အလောင်းကောင်ဘဝ ရောက်အောင် ပြုလုပ်ပေးခဲ့တာ ကြာပြီပေါ့။ ဒါပေမဲ့ စစ်သူကြီးက ယွမ်လော့ဖုန်းရဲ့ မိသားစု ဖြစ်နေတယ်။ သူမရဲ့ မိသားစုဝင်ကို ဒေါသမထွက်ရဲဘူး။ ဒါကြောင့်လည်း ယွမ်ရှောင်လည်း  ရှေ့ဘက်သို့ ခြေလှမ်းလိုက်ပြီး ယွမ်လော့ဖုန်းကို သူ့ခန္ဓာကိုယ်နဲ့ ကာထားလိုက်တယ်။ အဘိုးအိုက ဒေါသစိတ်ကြောင့် သူမကို ထိခိုက်အောင် ပြုလုပ်မှာကို စိုးရိမ်မိတယ်။
“ဘိုးဘိုးက ဖုန်းအာကို ဘာပြော စေချင်တာလဲ”
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို မြှင့်တင် လိုက်တယ်။
“ဘာပဲဖြစ်ဖြစ် အဘိုး အားလုံးကို သိနေခဲ့ပြီးပြီလေ… ဘာတွေကို ပြောစေချင် နေသေးတာလဲ”
“ဖုန်းအာ….”
အဘိုးအိုမှာ ဒေါသထွက်ရလွန်းလို့ ဖြူဖပ်ဖြူရော် ဖြစ်လာရတယ်။
“မြေးဆိုးလေး …. နင့်ကို ငါ ကောင်းကောင်း မဆုံးမခဲ့မိဘူး။ နင်က ပို ပိုပြီတော့ စည်းမဲ့ကမ်းမဲ့ ဖြစ်လာတယ်။ နင်က သူနဲ့ စိတ်ထင်တိုင်းကြဲ နေတယ်ပေါ့။ နင်က အခုချိန်ထိ သူ့ကို တာဝန် မယူချင်သေး ဘူးလား။ ငါ့ရဲ့ မြေးမလေး တစ်ယောက် အနေနဲ့ တခြားလူ တစ်ယောက်ကို အခွင့်အရေး ယူပြီးသွားရင် တာဝန်ယူတတ် ရတယ်။ ဖုန်းအာ… နင် သူ့ကို တာဝန်မယူရင်… အခုချိန်က စပြီးတော့ နင့်ကို ယွမ်မိသားစုဝင် တစ်ယောက်လို့ မသတ်မှတ်တော့ဘူး”
ယွမ်လော့ဖုန်းလည်း ဒေါသထွက်နေတဲ့ အဘိုးအိုကို မျက်စောင်း ထိုးပြီးတော့ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
“ဖုန်းအာက အသက် ငယ်ငယ်လေး ရှိပါသေးတယ်”
“မြေးဆိုးလေး …. နင့်အမေက နင့်အဖေကို အသက် ၁၅နှစ်မှာ လက်ထပ်ခဲ့တာလေ။ နောက်လဆိုရင် ဖုန်းအာလည်း ၁၅နှစ် ပြည့်တော့မယ်။ နင့်မိဘတွေက တာဝန် ယူတတ်တဲ့လူတွေပါ။ ဒါပေမဲ့ တခြား လူတစ်ယောက်ကို အခွင့်အရေး ယူပြီးတော့ တာဝန်မယူတတ်တဲ့ သမီးတစ်ယောက်ကို ဘာကြောင့် မွေးထားလဲ ဆိုတာ စဉ်းစားလို့ မရဘူး”
အဘိုးအိုမှာ သွေးအန်လုနီးပါး ဒေါသထွက် နေခဲ့တယ်။ ချင်ယန်သာ ဒီမြင်ကွင်းကို မတော်တဆ တွေ့ဖို့ အခွင့်အရေး မရခဲ့ရင် ဒီမိန်းကလေးက တာဝန်မယူတတ်တဲ့ ကောင်မလေး ဆိုတာ သိလာနိုင်မှာ မဟုတ်ဘူး။
“အဘိုး… ပြောလို့ ပြီးပြီလား။ မြေးလေး ပင်ပန်းနေတယ်။ ယွမ်ရှောင်… အနားယူဖို့ ပြန်မယ်”
ယွမ်လော့ဖုန်းလည်း နွမ်းနွမ်းလျလျ သမ်းဝေလိုက်တယ်။
လက်ရှိအချိန်မှာ သူမအတွက်တော့ လက်ထပ်ဖို့ အချိန်မဟုတ်ဘူး။ သူမ မိဘတွေအတွက် လက်စားချေဖို့ ကိစ္စကိုသာ စဉ်းစားနိုင်တယ်။ မုမိသားစုက သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို မရရှိသေးတဲ့ အချိန်ထိ  သူမ ငြိမ်းချမ်းစွာ မပျော်ရွှင်နိုင်ဘူး။
စစ်သူကြီးလည်း သူ့ဒေါသစိတ်ကို ထိန်းချုပ်လိုက်ပြီး ဖြူဖပ်ဖြူရော် မျက်နှာနှင့် စကားဆိုတယ်။
“မြေးဆိုးလေး … ယွမ်ရှောင်က ထူးချွန်တဲ့ ကလေးလေးပါ။ ပထမဆုံးအကြိမ် တွေ့ကတည်းက ဘိုးဘိုးက သဘောကျပါတယ်။ သားရဲတစ်ကောင်ကဲ့သို့ သူ့ကို ပြုမူပြီးသွားပြီ ဆိုကတည်းက သူ့ကို တာဝန်ယူ ပေးသင့်တယ်”
သားရဲတစ်ကောင်ကဲ့သို့ … ဟုတ်လား…။
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ ဒီလို ဆိုရင်တော့ သူမအဘိုးရဲ့ နှလုံးသားထဲမှာ သူမက မိတ်လိုက်ပြီးတော့ တာဝန်မယူတတ်တဲ့ သားရဲကောင်ကဲ့သို့ ပြုမူတယ်လို့ တွေးနေတယ်ပေါ့။
စစ်သူကြီးလည်း နှာမှုတ်လိုက်ပြီး ယွမ်လော့ဖုန်းကို အာရုံ မစိုက်တော့ပေ။ သူ့အကြည့်ကို ယွမ်ရှောင်ဘက်သို့ လှည့်လိုက်တယ်။
“အာရှောင်… ဘိုးဘိုးက ဒီကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ဆုံးဖြတ်ချက် ချမှတ် ထားပြီးသားပါ။ ဒါဆိုရင် မင်း မိသားစုဝင်တွေကို ဘယ်နေရာမှာ သွားရှာပေးရမလဲ။ သူတို့နဲ့ အတူတူ လက်ထပ်ပွဲကို ဆွေးနွေးဖို့ တစ်ရက် အချိန် ပေးထားလိုက်မယ်”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ကို ကြည့်လိုက်ပြီး သူ့အစား ပြန်ဖြေလိုက်တယ်။
“သူက မိဘမဲ့ တစ်ယောက်ပါ။ မိသားစုဝင်တွေ မရှိဘူး”
“ဒီလိုလား…”
ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကြောင့် စစ်သူကြီးက ယွမ်ရှောင်ကို သနားသော အကြည့်ဖြင့် ကြည့်လိုက်တယ်။
“ဒါဆိုရင်တော့ မင်းက သနားစရာကောင်းတဲ့ ကလေး တစ်ယောက်ပါလား။ အခုချိန်မှာ မင်းက ယွမ်မျိုးရိုး နာမည်ကို သုံးထားတော့ နောင် အနာဂတ်မှာ ယွမ်မိသားစုက မင်း မိသားစုဝင်တွေ ဖြစ်လာမှာပေါ့။ ဒါကြောင့် မင်းက မိဘမဲ့ တစ်ယောက် မဟုတ်တော့ဘူး”
အစတည်းက ယွမ်ရှောင်၏မျက်နှာက ခံစားချက် မပေါ်လွင်ပေ။ မျက်ဝန်းနက် တစ်စုံက အရင်တိုင်း… ခံစားချက်မဲ့ဆဲပါ။ ဒါပေမဲ့ စစ်သူကြီးဘက်က ဒီစကားကို ပြောလာတော့ သူ့နှလုံးသားထဲက ကြီးမားတဲ့ လှိုင်းတံပိုးကို ဖယ်ရှားလိုက် သလိုပါပဲ။
“ကောင်းပါပြီ”
တစ်ခဏကြာတော့ သူလည်း ခေါင်းကို မော့လိုက်ပြီးတော့ အဘိုးအိုရဲ့ စိုးရိမ် ပူပန်နေသော မျက်နှာကို ကြည့်လိုက်တယ်။ ခပ်သြသြ အသံနှင့် စကား ဆိုလိုက်တယ်။
“ကြည့်စမ်းပါဦး… အာရှောင်က နာခံမှု ရှိလိုက်တာ”
အဘိုးအိုက ယွမ်လော့ဖုန်းကို ကြည့်ပြီးတော့ ခနဲ့လိုက်တယ်။
“နင်နဲ့ မတူဘူး။ နေ့တိုင်း အဘိုးကြီးကို ဒေါသထွက်အောင် ပြုလုပ်တယ်။ အာရှောင်က လိမ္မာတဲ့ ကလေး တစ်ယောက်ပဲ။ နင့်ကို ကာကွယ်ပေးရမယ်မှန်း သိတယ်။ ဒါပေမဲ့လည်း ပြန်ရလိုက်တာက…။ တဏှာ ရာဂစိတ် ပြင်းထန်စွာနဲ့ သူကို ပြုမူခဲ့ပြီးတော့ တာဝန်ယူရမှန်း မသိဘူး”
 
***

Bạn đang đọc truyện trên: Truyen247.Pro