Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ်(၈) 176+177+178+179+180

အပိုင်း(၁၇၆)

ကိုယ့်သေတွင်း ကိုယ်တူးကြသူများ(၁)

 
“တတိယမင်းသားက အကျိုးအကြောင်း စဉ်းစားမှု မရှိဘူး။ ဒီဧကရီကြီးက မင်းသား၃ကို လာတွေ့ခဲ့ရတယ်။ အခုချိန်ထိ ငါ့ကို လာရောက် ဂါရဝ မပြုသေးဘူး ။ အရင် ဧကရီ သူ့မယ်တော်က မင်းသား၃ကို ဘယ်လို ပြုစု ပျိုးထောင်ခဲ့လည်း မသိဘူး”
ဣန္ဒြေသိက္ခာရှိပြီး ကြော့ရှင်းသည့် သူမမျက်နှာက မျက်မှောင် ကြုတ်နေပြီး မကျေနပ်မှုကို ဖော်ပြနေတယ်။
သို့သော်လည်း မင်းသား၃ အိမ်တော်က အတော်ကို ချမ်းသာတယ်။ ဥပမာ ပြောရရင် ဒီ ကျောက်တုံးတွေပေါ့။  ဒီကျောက်တုံးတွေက အနောက်ဘက် ပင်လယ်နက်ထဲမှာသာ တွေ့ရတဲ့ ကျောက်တုံးတွေပဲ။ ထိုကျောက်တုံးတွေ နဲ့ ပုံဖော်ထားတာပဲ။ ပန်းခင်းထဲက ဆေးမြစ်တွေလည်း တန်ဖိုး ရှိတယ်။ နီနီရဲရဲ မီးတောက် မြက်လေးတွေလည်း အရမ်းကို တန်ဖိုးရှိတယ်။ ဝါးသစ်တောထဲက ဝါးတွေကိုလည်း ရွှေ ငွေ သန်းချီပေးလည်း ဝယ်လို့ မရနိုင်ဘူး။
ရိမိသားစုက ထင်သလောက် မရိုးရှင်းနိုင်ဘူး။ ဒီနှစ်တွေမှာ ရိမသားစုက မင်းသား၃ကို ပေးတဲ့ ငွေကြေးက မရေတွက်နိုင်အောင် များပြားတာ ဖြစ်နိုင်တယ်။ မဟုတ်ရင်… ဒီလို ချမ်းသာကြွယ်ဝတဲ့ အိမ်တော်ကို တည်ဆောက်နိုင်သည့် အရည်အချင်း ရှိမည် မဟုတ်ပေ။ 
ဧကရီရုန် မျက်လုံးတွေက လောဘစိတ်နှင့် တဖျတ်ဖျတ် လက်နေတယ်။ သူမမျက်လုံးက ဒီအိမ်တော်၏ ချမ်းသာ ကြွယ်ဝမှုကို အသေးစိတ် လိုက်ကြည့်နေတယ်။ သူမ၏ မတော်လောဘက ရဲ့လင်း ရောက်ရှိနေတာကို မသိ ဖြစ်စေတယ်။
“ဟား…..”
မာနထောင်လွှားပြီး အထင်သေးသည့် ရယ်သံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာတယ်။  သူမ မျက်လုံးက လောဘစိတ်ဖို့ ဖုံးကွယ်ဖို့ ဧကရီရုန်ကို သတိပေးနေသလိုပဲ။  စာကြည့်ခန်းထဲမှ ထွက်လာသည့် လူငယ်လေးကို ကြည့်လိုက်တယ်။ သူမ၏ လှပသည့် မျက်ဝန်းက လူသတ်ချင်စိတ်ကို ဖုံးကွယ်ထားသည်။
ဒီမိမစစ် ဖမစစ်ကောင်က အတော်ကို ကံကောင်းနေတာပဲ။ သူမ မရေတွက်နိုင်သည့် လုပ်ကြံသူတွေကို ပို့ခဲ့တယ်။ ဒါပေမဲ့ ဒီကောင်လေးကို သတ်ဖို့ မအောင်မြင်ခဲ့ဘူး။ သူ ဘယ်လောက်ပဲ ကံကောင်းနေပါစေ …. နောက်ဆုံးမှာတော့ သက်တမ်းတိုသည့် သူ့အမေနဲ့ ကံတရား တူနေမှာပါ။  နောက်ဆုံးမှာ သေရမှာပါ။
“ရဲ့လင်း … ဒီက ဧကရီက မင်းကို လာရှာရတာက မင်းနဲ့ ဆွေးနွေး စရာ ကိစ္စလေး ရှိလို့ပါ”
သူမ၏ မဖော်ရွေသော မျက်လုံးများနှင့် ရဲ့လင်းကို ကြည့်လိုက်တယ်။ သူမ မျက်လုံးက လိုချင်လောဘ စိတ်တွေကို နောက်တစ်ကြိမ် ဖော်ပြနေတယ်။
“ဒီက ဧကရီကြီးနဲ့ ဧကရာဧ်က အရင်နှစ်တွေက  မင်းသား၃အပေါ်မှာ  အကြွေးအများကြီး တင်ခဲ့ရပါတယ်လေ။ မင်းသား၃လေးကို ဂရု မစိုက်သလို ဖြစ်ခဲ့ရပါတယ်။ ပြန်လည် အစားထိုးပေးဖို့နဲ့ နောင်တကြီးစွာ ရခြင်းကို ဖော်ပြဖို့အတွက်  ဒီက ဧကရီကြီးက လော်အာနဲ့ မင်းသား၃ကို အိမ်တော်ချင်း လဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။ လော်အာ အိမ်တော်က မြို့လယ်မှာ ရှိတယ်။ ဝေးလံတဲ့ နေရာမှာ ရှိတဲ့ မင်းအိမ်တော်ထက် ပိုပြီးတော့ ကောင်းပါတယ်”
အပေါ်ယံမှာတော့ ဆွေးနွေး တိုင်ပင်သည့် သဘောကို  ဆောင်နေသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ အတင်းကျပ် တောင်းဆို နေတာ….။
ရဲ့လင်းက ဧကရီရုန် ရည်ရွယ်ချက်ကို မသိဘဲ နေမလား။ သူ့နှုတ်ခမ်းပေါ်က အပြုံးက ချမ်းစိမ့်စိမ့် ဖြစ်စေတယ်။  သူ အေးဆေးစွာ ပြန်လည် ပြောလိုက်တယ်။
“မလိုအပ်တော့ပါဘူး …။ အရှင်တို့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နှင့် အပြုအမူကို သဘောကျသော်လည်း ကျွန်တော်က တိတ်ဆိတ်တဲ့နေရာကို နှစ်သက်တယ်”
“ရဲ့လင်း” ဧကရီရုန် မျက်နှာ မည်းမှောင် သွားတယ်။ 
“ရဲ့လင်း မင်းက တကယ်ကို ကျေးဇူးမ သိတတ်တာပဲ။ ဒီက ဧကရီက မင်းကို ကောင်းစေချင် လွန်းလို့လေ။ မင်းအတွက် တာဝန် မကျေခဲ့တာတွေကို ပြန်လည် ပေးဆပ်ချင်ခဲ့တာလေ။ လော်အာ အိမ်တော်က စိတ်ပျက်ဖွယ် မင်းအိမ်တော်ထက် ပိုပြီးတော့ ကောင်းပါတယ်”
သူမ စကားလုံးတွေက ရဲ့လင်းအတွက် အကျိုးရှိတာကို ပြောနေသည့် ပုံစံပေါ့။ ကြွက်တစ်ကောင် သာသာ ကောင်က သူမကြင်နာမှုကို ခေါင်းမာစွာ လက်မခံသေးဘူး။
“ဟား… ဟား…” ရဲ့လင်း ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။  ပြက်ရယ်ပြုစွာ သူ ပြောလိုက်တယ်။
“ခင်ဗျား…. လော်အာနဲ့ ကျုပ်ကို အိမ်တော် ပြောင်းစေချင်ရင်တော့ မဖြစ်နိုင်ဘူး ပြောရမှာပဲ။ သို့သော်လည်း အတင်းကျပ် ပြောင်းခိုင်းရင်တော့ သစ်ပင်တစ်ပင်၊ မြက်ပင် တစ်ပင်ပါ မကျန် ကျွန်တော် အိမ်တော်က အရာရာတိုင်းကို ကျွန်တော်နဲ့ အတူတူ ယူသွားမယ်”
ဧကရီရုန် မျက်နှာပေါ်က ပိုပြီး အကျည်းတန်လာတယ်။
“အိမ်တော် ပြောင်းတယ် ဆိုကတည်းက အကုန်လုံးလည်း ပြောင်းရမယ်လေ။ မင်းနဲ့အတူတူ အားလုံး ယူသွားမယ် ဆိုတာတော့ အကျိုးကြောင်း မသင့်ဘူးလေ”
ရဲ့လင်းလည်း စိတ်ပျက်စွာ ရယ်မောလိုက်တယ်။ သူ့အပြုံးက အရိုးထိခိုက်နေအောင် အေးစက်သည့် အပြုံးမျိုးပေါ့။
“ဧကရီရုန်… ခင်ဗျား အပြုအမူက လုယက်သူနဲ့ ဘာခြားနားတော့မလဲ။ ကျွန်တော် အိမ်တော်က ရတနာတွေကို ကြိုက်နှစ်တော့ လုယူချင်နေတာလား။ လုယူဖို့အတွက် ကျွန်တော်အတွက် စိတ်မကောင်း ဖြစ်ရသလို၊ တရားမျှတစေချင်သလို ဟန်ဆောင် နေတာလား။ စကားလှလှလေးတွေ ရွေးသုံးပြီး လုယူဖို့ ကြံစည်နေတာလား”
“နင်… ငါ့ကို ပြန်ပြောရဲတယ်ပေါ့”
ဧကရီရုန် ဒေါသထွက်စွာ အော်ဟစ်လေသည်။
“မင်းသား တစ်ယောက်ဖြစ်သလို မင်းက လွေ့ကျင်း တိုင်းပြည်က  ပြည်သား တစ်ယောက်လည်း ဖြစ်တယ်။ ငါက လွေ့ကျင်းက ဧကရီတစ်ပါး။ ဧကရီတစ်ယောက် အနေနဲ့ သေးငယ်တဲ့ ဒီအိမ်တော်လေးကို ပိုင်ဆိုင်ခွင့် ရှိတယ်။ ဧကရီဖြစ်တဲ့ ငါက မင်းကို သတိပေးလိုက်မယ်။ လွေ့ကျင်းတိုင်းပြည်က အရာရာတိုင်းကို တော်ဝင်မင်းဆက်က ပိုင်ဆိုင်တယ်။ မင်းအိမ်တော်က ရတနာတွေ အပါဝင်ပေါ့။  ဒါတွေအားလုံးက တော်ဝင်မင်းဆက် ပိုင်ဆိုင်တာတွေ ဆိုတော့ ငါဆိုတဲ့ ဧကရီက သူတို့ ကံတရားကို ဘာလို့ မဆုံးဖြတ်နိုင်ရမလဲ”
***

အပိုင်း(၁၇၇)

ကိုယ့်သေတွင်း ကိုယ်တူးသူများ(၂)

 
သူမစကားက နေ့အလင်းရောင်ကဲ့သို့ ရှင်းလင်း နေတာပါပဲ။ 
ဒီတိုင်းပြည်မှာရှိတဲ့ ချမ်းသာမှုနဲ့ ရတနာတွေ အားလုံးကို တော်ဝင် မင်းဆက်က ပိုင်ဆိုင်တယ်။ တိုင်းပြည် မိခင်တစ်ယောက် အနေနဲ့ ဒီချမ်းသာကြွယ်ဝမှုကို ခန့်ခွဲနိုင်သည် ဆိုသည့် သဘောပေါ့၊ ထိုပစ္စည်းတွေကို ဘယ်သူပိုင်ဆိုင်တာ ဖြစ်ဖြစ် သူမပိုင်ဆိုင်နိုင်သည်ပေါ့။ ရဲ့လင်းလည်း ကောက်ကျစ်သော ဧကရီရုန်ကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
"တခြားလူတွေနဲ့ ကျွန်တော် ပိုင်ဆိုင်မှုတွေကို မျှဝေ မသုံးစွဲနိုင်ဘူး။ တချို့လူတွေထဲမှာ တော်ဝင် မိသားစုတွေ အပါအဝင်ပေါ့"
ရဲ့လင်း၏ သရော်သော စကားလုံးတွေကြောင့် ရဲ့လော် ဒေါသစိတ် ပေါက်ကွဲ ထွက်လာတယ်။ သူရှေ့မှာ ရပ်နေသည့် အသားဖြူဖြူ ခန့်ညား ချောမောသည် ကောင်လေးကို မျက်မုန်းကျိုးစွာ ကြည့်နေတယ်။
"ရဲ့လင်း... ငါ့မယ်တော်က တိုင်းပြည်၏ဧကရီ တစ်ပါး.... တိုင်းပြည်မိခင်လည်း ဖြစ်တယ်။ မင်းကို ဒီလို ရိုင်းစိုင်းတဲ့ စကားမျိုးပြောဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ ငါ့မယ်တော်က မင်းအိမ်တော်ကို ငါပိုင်တယ်လို့ ပြောတယ်ဆိုရင် မင်းလက်လျှော့လိုက်ပေါ့။ ငါ့ပိုင်နက်မှာ မင်းလို ခွေးနဲ့စပ်ထားတဲ့ မျိုးမစစ်ကောင်ကို မကြိုဆိုဘူး"
ခွေးနဲ့ စပ်ထားတဲ့ မျိုးမစစ်ကောင်ဆိုတဲ့ စကားက ရဲ့လင်း အသက်ရှူသံ ရပ်တန့် သွားမည့်အတိုင်း ဒေါသထွက်စေတယ်။  မကျေမနပ် ကြည့်လိုက်ပြီးတော့ ရဲ့လော်အနားကို ဒေါသစိတ်နှင့် သွားကာ တွန်းထုတ် လိုက်တယ်။
"စောနက ဘာပြောလိုက်တယ်"
"ငါပြောလိုက်တာက မင်းက..."
ဖြန်း...
ရဲ့လင်း လက်ချောင်းတွေက လေကဲ့သို့ လျင်မြန်တယ်။ မည်သူမှ ပြန်လည် မတုံ့ပြန် နိုင်ခင်မှာ ရဲ့လော်ပါးကို ဖြန်းကနဲ မြည်အောင် ရိုက်လိုက်တယ်။
ထိုအသံက ခြံဝင်းအတွင်းသို့ ပျံ့နှံ့သွားတယ်။ ဧကရီရုန်လည်း အံ့ဩမှင်တက်စွာ ငေးကြည့်နေမိတယ်။ သူ့ရှေ့မှာ သူ့သားလေးကို ပါးရိုက်ရဲတဲ့ သတ္တိ ရဲ့လင်းမှာ ရှိမယ်လို့ မထင်ထားခဲ့ဘူး။
"မင်း... မင်း ငါ့ကို တကယ် ရိုက်ရဲတယ်ပေါ့"
ရဲ့လော်လည်း ဖောင်းပွနေသည့် မျက်နှာကို တအား ဆုပ်ကိုင် ထားလိုက်သည်။ သူ မျက်လုံးတွေက ဒေါသရိပ်တွေကို ဖော်ပြနေတယ်။
"ငါ မင်းကို ခမည်းတော်နဲ့ တိုင်မယ်။ မင်းကို နယ်စပ် ပြည်နှင်ဒဏ်ပေး စေရမယ်။ သွေးနှော တိရစ္ဆာန် ကောင်...”
"ငါမင်းကို ခမည်းတော် ကိုယ်စား ရိုက်ပေးလိုက်တာ...။ ဒီအတွက် ခမည်းတော်က ငါ့ကို နယ်စပ်ကို ပြည်နှင်ဒဏ်ပေးမယ် ထင်နေတာလား”
သူ့လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးတော့ ဘာကိုမှ ဂရုမစိုက်သည့် လေသံဖြင့် ပြန်ဖြေလိုက်တယ်။ လက်သုတ်ပဝါကိုယူပြီး သူ့လက်ကို ပြောင်အောင် သုတ်လိုက်တယ်။ မသန့်စင်တဲ့ အရာဝတ္ထုကို ထိလိုက်မိလို့ ရွံမိသည့် သဘောပေ။
"အရူးကောင်..."
ဒေါသစိတ်ကြောင့် သူ့မျက်နှာက မည်းမှောင်လာတယ်။ ကျိန်ဆဲချင်စိတ်ကို ထိန်းထားလို့ မရတော့ပေ။
ဒီမိမစစ် ဖမစစ်ကောင်က သူ့ကို ခမည်းတော် ကိုယ်စား ရိုက်တယ်လို့ ပြောတယ်။ သူ့အပြုအမူက လုံးဝ အရှက်မဲ့တယ်။
"ငါတို့က မျိုးရိုးနာမည် အတူတူကို ယူထားတယ်ဆိုတာ မမေ့ပါနဲ့။ အဖေလည်း အတူတူပဲ။ ခွေးနဲ့စပ်ထားတဲ့ မျိုးမစစ်ကောင်ဆိုတာ ငါ့ကို ထိုလို လူမျိုးက မွေးထားတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မင်း ငါရှေ့မှာ ခမည်းတော်ကို ထပ်အရှက်ခွဲရင် ပါးရိုက်တာလောက်နဲ့ ပြီးသွားမယ် မထင်နဲ့”
ရဲ့လင်းလည်း လက်သုတ်ပဝါကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တယ်။ ရဲ့လော် နှာခေါင်းကို အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
"မင်း..."
ရဲ့လော် နောက်တစ်ကြိမ် ထပ်ပြီး ဒေါသထွက် လာရတယ်။
သူ ပြန်လည် ချေပချင်တယ်။ ထိုအချိန်မှာ တွေးဝေ မိန်းမောနေသည့် ဧကရီရုန် အသိပြန်ဝင်လာ ရဲ့လော်ပါးကို ပဲ့တင်သံမြည်တဲ့အထိ ရိုက်ချလိုက်တယ်။
"လော်အာ... သား သူ့ကို တခြားအရာတွေနဲ့ စော်ကားလို့ရတယ်။ ဒါပေမဲ့ ဘာလို့ သူ့ကို မိမစစ် ဖမစစ်လို့ သွားပြောရတာလဲ”
ဧကရီရုန်လည်း ထိုစကားကို စိတ်ပျက်စွာ ပြောလိုက်တယ်။
"ဒီစကားသာ အရှင်မင်းကြီး နားထဲ ရောက်သွားရင်… သားတော်ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”
သူမမျက်နှာက စိုးရိမ်ကြောင့်ကြမှုကို ဖော်ပြနေတယ်။
ရဲ့လော်လည်း သူအတော်ကို မှားသွားပြီးဆိုတာ ခံစားမိလိုက်တယ်။ အခုချိန်မှာ သူစကားတစ်ခွန်းမှ မပြောမိစေဖို့ ခြေထောက်ကို သူ့ပါးစပ်နားထားပြီး ခြေထောက်နဲ့ ပါးစပ်ပိတ်ချင်စိတ်တွေ ပေါက်လာတယ်။
ထိုအချိန်မှာ တခစ်ခစ် ရယ်မောသံသည် သူတို့ ကြားနိုင်လောက်သည့် အကွာအဝေးသို့ ရောက်ရှိလာတယ်။ ထိုတခစ်ခစ် ရယ်မောသံသည် တိုးလျသော်လည်း လူတိုင်းကို ရှင်းလင်းစွာ ကြားစေနိုင်သည်။
အားလုံးက ရယ်နေတဲ့လူကို ကြည့်လိုက်တယ်။ အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး 
နှင်းကဲ့သို့ ဖြူဖွေးသည့် အဆင်းရှိပြီး ချစ်ဖို့ကောင်းသည့် မိန်းကလေး တစ်ယောက်... သူတို့ အမြင်အာရုံထဲသို့ ဝင်ရောက်လာတယ်။ ထိုမိန်းကလေးက ရှေ့က ဦးဆောင်လာပြီးတော့ အစိမ်းရောင်ဝတ်စုံနှင့် အစေခံမလေးက သူမနောက်မှ လိုက်ပါလာတယ်။
"မင်း ဖြစ်နေတာပဲ”
ရဲလော်လည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူမကို ကြည့်လိုက်တိုင်း ချစ်ကြောက် ရိုသေစိတ်တွေ တဖိတ်ဖိတ် လက်နေတယ်။ ဒါပေမဲ့ ထိုမိန်းမပျိုလေး သူ့ကိုပြုလုပ်ခဲ့တာကို စဉ်းစားကြည့်ရင်း သူမျက်လုံးတွေ ချက်ချင်း မကျေနပ်စိတ်ကြောင့် မည်းမှောင်သွားတယ်။
သူ့ကို အများရှေ့မှာ သိက္ခာကျအောင် ပြုလုပ်ခဲ့တဲ့ အပျော်စံအိမ်က မိန်းမကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။
ရဲ့လော် အသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ မကျေနပ်စိတ်ဖြင့် ပြောလိုက်တယ်။
"မယ်တော်... ဒါက သားတော် ပြောတဲ့ မိန်းကလေးလေ”
သူမ၏ လှပသော မျက်ဝန်းမှ မနာဝန်တိုစိတ်ကို ခန့်မှန်းလို့ ရနိုင်တယ်။ ဧကရီရုန်လည်း အံ့ဩမှင်တက်စွာ ယွမ်လော့ဖုန်းကို ကြည့်နေမိတယ်။

***

အပိုင်း(၁၇၈)

ကိုယ့်သေတွင်း ကိုယ်တူးသူများ(၃)

 
ဒီလောက် ချောမောလှပသည့် မိန်းကလေး ဖြစ်နေတာကြောင့် သူ့သားစိတ်ထဲက အလွယ်တကူ မထွက်သွားနိုင်တာ မဆန်းပါဘူး။ ဧကရာဇ်လည်း သူမကို မြင်သွားခဲ့ရင် တော်ဝင် နန်းတော်မှာ ဧကရီတစ်ယောက် အနေနဲ့ သူမအတွက် နေရာရှိတော့မှာ မဟုတ်ဘူး။ 
ဒီအိမ်တော်ကို လာရောက်ရတဲ့ အကြောင်းရင်းကို တွေးမိတာကြောင့် သူမ ရဲ့လင်းနဲ့ အိမ်တော်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီးတော့ စကားနိုင်လုနေဖို့ အချိန်မရှိဘူး ဆိုတာ နားလည်သွားတယ်။ သူမ၏လှပသော မျက်ဝန်းက ယွမ်လော့ဖုန်းကို မတွေးမဝေကြည့်ပြီး အတွေးကမ္ဘာထဲ နစ်မျောနေမိတယ်။
"မိန်းကလေး...  မင်းကို ဘယ်လိုခေါ်ရမလဲ”
"ယွမ်လော့ဖုန်း"
ယွမ်လော့ဖုန်းလည်း ဧကရီကို မျက်စောင်းထိုးပြီး ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
"ယွမ်လော့ဖုန်း"
ဧကရီရုန်လည်း ထိုစကား၃လုံးကို တီတိုး ရေရွတ်နေမိတယ်။ ပွင့်လင်းဒဲ့တိုး ပြောလိုက်တယ်။
"ဒီတစ်ခေါက် မင်းသားအိမ်တော်ကို လာရတဲ့ရည်ရွယ်ချက်က မိန်းကလေးကို လာတွေ့တာပဲ။ ဒီကဧကရီကြီး မင်းကို တစ်ခုပဲ မေးချင်တယ် တစ်ယောက်ယောက်ရဲ့ အရေးပါတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးလား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးလိုက်တယ်။ ပြုံးပြီး  ဆရာမကြီးစတိုင် လက်ပိုက်ကြည့် လိုက်တယ်။
"ရှင်က ဘာကို ဆိုလိုတာလဲ”
"မင်းကို အားလုံးအထက်မှာ နေထိုင်စေရဖို့ ငါက ဒီအိမ်တော်ကို ရောက်လာခဲ့တာ”
ဧကရီရုန်လည်း သူ့အကြံနှင့်အတူ ကျေနပ်စွာ လှောင်ပြုံး ပြုံးနေတယ်။
"မင်းက ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်လားဆိုတဲ့ အချက်ပေါ် မူတည်တယ်။ မင်း ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ရင် လော်အာကို နာကျင်အောင် ပြုလုပ်တဲ့ကိစ္စကို ခွင့်လွှတ်ပေးမယ်”
"အွန်" ယွမ်လော့ ပြုံးလိုက်ပြီး လှပတဲ့မျက်ဝန်းနဲ့ ကြည့်လိုက်တယ်။
"ရှင်က ဘယ်လို အခွင့်အရေးမျိုးကို ပြောနေတာလဲ ဆိုတာ ကျွန်မ မသိဘူး။ ပြောကြည့်ပေါ့လေ”
မိန်းမငယ်လေး၏ပုံစံကို ကြည့်ရင်း ဧကရီရုန်လည်း မျှော်လင့်ချက် ရှိတယ်လို့ တွေးလိုက်မိတယ်။ မကောင်းကြံစည် စိတ်နှင့်အတူ သူမနှလုံးသားထဲမှ ပျော်နေမိတယ်။
ပြိုင်ဘက်ကင်းလှပတဲ့ မျက်နှာကို ပိုင်ဆိုင်သည့် မိန်းကလေး တစ်ယောက်မှာ အာဏာရှိတဲ့ နောက်ခံရှိမယ်လို့ တွေးထင်ခဲ့မိတာ။ တကယ်တမ်းတော့ တခြား အပျော်စံအိမ်က မိန်းကလေးတွေနဲ့ ဘာမှ မခြားနားပါဘူး။ 
"မင်းက ဒီဧကရီစကားကို နားထောင်ရင် မင်းကို လော့ဖုန်းစံအိမ်က ဝူကျုံးထံ လက်ဆောင်အဖြစ် ပို့ဆောင်ပေးမယ်။ မင်း သူ့ကို အပိုင်ဖမ်းနိုင်ရင် မင်းအနာဂတ်က အေးချမ်း သာယာတော့မှာ သေချာတယ်”
ဧကရီရုန်လည်း မောက်မာစွာ မေးငေါ့လိုက်တယ်။ ခံစားချက်မဲ့ပြီး ကြော့ရှင်းသည့် မျက်နှာကို ပြက်ရယ်ပြုသည့်ပုံစံဖြင့် လွှမ်းမိုးထားတယ်။ သူမ မျက်လုံးတွေက ယွမ်လော့ဖုန်းကို ကြည့်နေတယ်။ ဒီမိန်းကလေးက အခွင့်အရေးကို လက်လွတ်ခံမည် မထင်။
သူမဘေးနားမှာ ရပ်နေသည့် အစေခံချင်ယန်က ဧကရီရုန် စကားကိုကြားပြီး အံ့ဩမှင်တက် နေတယ်။
သူမ နားကြားမှားတာတော့ မဟုတ်ပါဘူးမလား။
ဧကရီရုန် တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ လော့ဖုန်းစံအိမ်တော် နောက်ကွယ်က သခင်ကို လော့ဖုန်းစံအိမ်တော်က ကြီးကြပ်သူအတွက် လက်ဆောင် ပေးမယ်တဲ့လား။ သခင်မလေးကို တခြား သူကို ပေးအပ်တာက လူတစ်ယောက်ကို လွှမ်းမိုးနိုင်တဲ့ အခွင့်အရေး ပေးတယ်လို့ ယူဆနေတာလား။
"ရှင်ပြောတာက လော့ဖုန်းစံအိမ်တော် ကြီးကြပ်သူလား။ ဘယ်သူများလဲလို့... တွေးနေမိတာ။ တကယ်တမ်းတော့ အစေခံတစ်ယောက်ပဲ”
လော့ဖုန်းစံအိမ်၏ အစစ်မှန် သခင့်မျက်လုံးထဲမှာတော့ ဝူကျုံးက အစေခံ တစ်ယောက်ထက် မပိုဘူး။
ငယ်ရွယ်ပြီး ချောမောသည့် မိန်းကလေးက လော့ဖုန်း စံအိမ်တော်က သခင်မဆိုတာ ဧကရီရုန် တွေးမိမယ် မထင်ဘူး။ သိသွားခဲ့ရင်လည်း ရှက်လွန်းလို့ တွင်းတစ်တွင်းရှာပြီး တစ်သက်လုံး ပုန်းနေမှာ သေချာတယ်။
"အစေခံ... ဟုတ်လား..”
ယွမ်လော့ဖုန်းကို လှောင်ပြုံး ပြုံးလိုက်တယ်။
"ယွမ်မိန်းကလေး... မင်း... လော့ဖုန်းစံအိမ်တော်၏ ကျော်ကြားမှုကို မသိဘူးလား။ နှစ်ဝက်အတွင်းမှာ လော့ဖုန်းစံအိမ်တော်က လွေ့ကျင်းတိုင်းပြည်မှာ နာမည် ကျော်ကြားလာတယ်။ လော့ဖုန်းစံအိမ်က ဝူကျုံးက အမြင့်တန်းအဆင့် တိုးတက်သော သိုင်းပညာ ကျင့်ကြံသူ။ တော်ဝင်မျိုးနွယ်က ကျွမ်းကျင်သူလည်း သူ့ကို လေးစားရတယ်။ သူက အစေခံ မဟုတ်ဘူး။ မင်းသူ့ကို တွေ့ရင် ပိုပြီးတော့ ယဉ်ကျေးဖို့ ကောင်းမယ်”
ဧကရီရုန် အတွက်တော့ ယွမ်လော့ဖုန်း ဒီလို စကားကြီး စကားကျယ် ပြောနေတာ သူမရဲ့ မာနဝင့်ကြွားနေမှုကြောင့်လို့ ယူဆတယ်။ ဒါကြောင့်လည်း ဝူကျုံး ပိုင်ဆိုင်တဲ့ အင်အားနဲ့ လော့ဖုန်း စံအိမ်တော်၏ ကျော်ကြားမှု ဂုဏ်သတင်းကို သိသိသာသာ ထုတ်ပြောနေရတာပေါ့။ ဒါမှလည်း အထင်တွေကြီးပြီး ပျော်ရွှင်စွာ သူမ တစ်ကိုယ်လုံးကို ဝူကျုံး လက်မောင်းပေါက်ထဲ ဝင်ချင်မှာပေါ့။
အခုချိန်မှာ သူမသိတာတော့ ကြီးကြပ်သူ ဝူကျုံးနဲ့ ရင်းနှီးဖို့ ယွမ်လော့ဖုန်းကို တံတားတစ်ခု အနေနဲ့ အသုံးပြုမယ် ဆိုတာပဲ။

 
*

**

အပိုင်း(၁၇၉)

ကိုယ့်သေတွင်း ကိုယ်တူးသူများ(၄)

"သနားစရာ ကောင်းလိုက် တာနော်..."
ဧကရီရုန်၏ ယုံကြည်မှု လွန်ကဲနေသည့် အကြည့်တွေကို စိတ်ပျက်စွာ သူမ ခေါင်းကို ခါယမ်းလိုက်တယ်။
"အာဏာ ဘယ်လောက်ပဲရှိရှိ အစေခံက အစေခံပါပဲ။ အစေခံဆိုတဲ့ အဆင့်အတန်းက မလွတ်မြောက်နိုင်ပါဘူး”
ဧကရီရုန်၏ ကျေနပ်ပီတိ ဖြစ်နေသည့် မျက်နှာက ခက်ထန် မာကျောသွားတယ်။ မဖော်ရွေသော အပြုံးကို ဆင်မြန်းလိုက်ပြီးတော့
"မိန်းကလေး မင်းကို သနား ကြင်နာလို့သာ ဒီအခွင့်အရေးကို ပေးတာ။ ဒါပေမဲ့ မင်းက အခွင့်အရေးကို ဘယ်လို ဆုပ်ကိုင်ရမလဲဆိုတာ မသိဘူး။ ညည်းက  အတော်ကို ချောမောလှပတယ် ဆိုတာ ငါ ဝန်ခံပါတယ်။ အလှအပ တစ်ခုတည်းနဲ့ အရေးပါ အရာရောက်တဲ့ လူတွေ ရင်ခွင်ထဲ ရောက်နိုင်မယ်လို့ ထင်နေတာလား။ အရေးပါ အရာရောက်တဲ့ ယောက်ျားတွေ လက်ထပ်တဲ့ မိန်းကလေးတွေက အာဏာနဲ့ အင်အားမရှိတဲ့ မိန်းကလေးတွေလို့ ထင်နေတာလား။ ကြီးကြပ်သူ ဝူကျုံးက ညည်းကို နှစ်သက်ရင် ညည်းအတွက် ကံကောင်းနေပြီ။  လော့ဖုန်းစံအိမ်တော် သခင်ကို ဖြားယောင် သွေးဆောင်ဖို့ တွေးမနေနဲ့။
အချိန်တစ်ခဏလေး အတွင်းမှာ ပြောသင့်တာ အကုန်လုံးကို ပြောလိုက်တယ်။ ကြော့ရှင်း လှပသည့် မျက်နှာမှာ မဖော်ရွေသည့် အပြုံးကို ထည့်ပေါင်းလိုက်တယ်။
လော့ဖုန်းစံအိမ်တော် လျှို့ဝှက် ဆန်းကြယ်သည့် သခင်က ယောက်ျားလေးလား မိန်းကလေးလား ဆိုတာ ဘယ်သူမှ သေချာ မသိပါဘူး။ ဒီလို အာဏာရှိစံအိမ်ကို တည်ထောင်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတော့ သြဇာအာဏာရှိတဲ့ အမျိုးသား တစ်ယောက် ဖြစ်ရမယ်လို့ အားလုံးက ယုံကြည်နေတယ်။ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတွေက လော့ဖုန်းစံအိမ်တော် သခင်ကို သူတို့အိပ်မက်ထဲက ချစ်သူအဖြစ် ယူဆထားကြတယ်။
သို့သော်လည်း လော့ဖုန်း စံအိမ်တော်သခင်က တကယ်တမ်း မိန်းကလေး ဖြစ်နေတယ် ဆိုတာတော့ သူတို့တွေ မသိကြပါဘူး။
"သခင်မလေး ... ဒီလူတွေ ရူးနေတာလား”
ချင်ယန် ဆက်ပြီးတော့ သည်းမခံ နိုင်တော့တာကြောင့် သူမ ထိုမေးခွန်းကို မေးလိုက်တယ်။
သူမသခင်မလေးက လော့ဖုန်းစံအိမ် သခင်ဖြစ်တယ်။ သူမက သူမကိုယ် သူမ ဘယ်လို ဖြားယောင်း သွေးဆောင်မလဲ။
"နင်... ငါ့ကို ဒီလို ပြောဆိုရဲတယ်ပေါ့”
ဧကရီရုန်မျက်နှာက ဒေါသစိတ်ကြောင့် မည်းမှောင် လာတယ်။ သူမ မကျေမနပ် ပြန်လည် ချေပလိုက်တယ်။
"အစေခံမက စကားပြောဆို နေတာကို ဝင်ရောက် စွက်ဖက်ရဲတယ်လား။ တစ်ယောက်ယောက် လာခဲ့စမ်း။ အစေခံမကို ဆွဲခေါ်သွားပြီး သေတဲ့အထိ ရိုက်နှက် အပြစ်ပေးစမ်း”
"အမိန့်တော်မြတ် အတိုင်းပါ”
သူမအမိန့်ကို ကြားတာနဲ့ သူမနောက်ဘက်မှ အစောင့်တွေက သူမကို ဂါရဝပြုတယ်။  သူတို့၏ ကြောက်ရွံ့ဖွယ် မျက်လုံးတွေက ချင်ယန် ဘက်သို့ လှည့်လာတယ်။
အစောင့်အားလုံး ချင်ယန်ဘက်သို့ ဦးတည်လိုက်ချိန်မှာ ရုတ်တရက် ခံစားချက်မဲ့သည့် အသံကို ကြားလိုက်ရသည်။
" ဘယ်သူက သူမကို ထိရဲလည်း ဆိုတာ ကြည့်ရတာပေါ့”
ချောမောခန့်ညားသည့် အမျိုးသားလေး တစ်ယောက်က ချင်ယန်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ခက်ထန်သော မျက်ဝန်းများနှင့် အစောင့်တွေကို ကြည့်နေတယ်။
ချင်ယန်က သခင့်လူယုံထဲက တစ်ယောက် ဖြစ်တယ်။ သူမကို သူ့အိမ်တော်ကို ထိခိုက်အောင် ပြုလုပ်ခွင့် မပြုနိုင်ဘူး။ သူမက သူချစ်ရတဲ့ မိန်းကလေး တစ်ယောက်....။
ယွမ်လော့ဖုန်းလည်း ရဲ့လင်းကို ပြုံးပြီး ကြည့်လိုက်တယ်။ ဧကရီရုန်နဲ့ သူ့သားကိုတော့ လူသတ်ချင်နေတဲ့ အမည်းရောင် မျက်ဝန်းနက်နှင့် ကြည့်လိုက်တယ်။
"ရဲ့လင်း.... နင်က ငါ့အမိန့်ကို မိန်းကလေး တစ်ယောက်ကြောင့် ဆန့်ကျင်ချင်တာလား” ဧကရီရုန်၏ရင်ဘတ်က ဒေါသစိတ်ကြောင့် တသိမ့်သိမ့်တုန်နေတယ်။
ဒီကောင်မလေးက ယွမ်လော့ဖုန်းကို သခင်မလေးလို့ ခေါ်လိုက်တာ သေချာ ကြားလိုက်တယ်။ ဒီကောင်မလေးက တခြားလူတွေကို ခစားရတဲ့ အစေခံလောက်ပဲ ဆိုတာ သေချာတယ်။
ဒါပေမဲ့ အခုတော့ ရဲ့လင်းက နိမ့်ကျတဲ့အစေခံမ အတွက် သူမအမိန့်ကို လိုလိုလားလား မလိုက်နာချင်တော့ဘူး။
"ဟွန့်"
ရဲ့လင်း ခနဲ့လိုက်တယ်။ ဘာကိုမှ ဂရုမစိုက်သည့် လေသံနှင့် ဆက်ပြောလိုက်တယ်။
"ချင်ယန်က အစေခံ မဟုတ်ဘူး။ ဒီမင်းသားရဲ့ မင်းသမီးလေး..."
ယွမ်လော့ဖုန်းက လွဲရင် ဒီမှာရှိနေတဲ့ တခြား လူတွေအားလုံး ဘာပြောရမှန်း မသိအောင် အံ့ဩငေးမော ကြည့်နေတယ်။
မင်းသားရဲ့လင်း ကဲ့သို့ အဆင့်အတန်း မြင့်မားတဲ့လူက အစေခံ တစ်ယောက်ကို နှစ်သက်တယ်လား။ ဒီအစေခံ မိန်းကလေးက မင်းသားရဲ့လင်း မျက်လုံးထဲ ရောက်လောက်အောင် ဘာတွေများ ထူးခြားနေလို့လဲ။
ချင်ယန်လည်း အံ့ဩနေမိတယ်။ သူမရှေ့မှာ ရပ်နေသည့် ရဲ့လင်းကို အံ့ဩစွာ ငေးမော ကြည့်နေမိတယ်။ အနီရောင် တိမ်တိုက်လေးက သူမ၏ ချစ်ဖို့ကောင်းတဲ့ မျက်နှာပေါ်မှာ ပေါ်ပေါက်လာတယ်။
သူပြောလိုက်တာက သူမက သူရဲ့ မင်းသမီးလေးတဲ့လား...။
တချို့အကြောင်းရာကို ပြန်တွေးမိရင်း ချင်ယန် မျက်ဝန်းတွေ မည်းမှောင် သွားတယ်။ ခါးသီး နာကြည်းမှုကို ခံစားရသည်။
သူမက အဆင့်နိမ့်တဲ့ အစေခံတစ်ယောက်....။ လွေ့ကျင်းတိုင်းပြည် ဧကရာဇ်က သူမနဲ့ ရဲ့လင်းကို သဘောတူမှာ မဟုတ်ဘူး။ ရဲ့လင်းက သူမကို ဇနီးမယားအဖြစ် လက်ထပ်ယူဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဘယ်တော့မှ လက်လှမ်း မမီနိုင်သည့် အချစ်တစ်ခု...။ မဖြစ်လာနိုင်သည့် အိပ်မက် တစ်စုံတစ်ရာ....။
နောက်ဆုံးတော့ ဧကရီရုန် သတိပြန်ဝင် လာတယ်။ သူမမျက်နှာက ခန့်မှန်းလို့ မရနိုင်အောင် ဆန်းကြယ်နေတယ်။
"အစေခံမကို မင်းသမီး ကြင်ရာတော် အဖြစ် လက်ထပ် ယူချင်တယ်လို့ မင်း ပြောလိုက်တယ်နော်”
ဒီကောင်လေးက သူ့အနာဂတ် သူ ဖျက်ဆီးနေတာပဲ။ သူ ဒီလိုကိစ္စမျိုး ပြုလုပ်ရင် လွေ့ကျင်း တိုင်းပြည်က အမတ်တွေက သူ့ကို ဆက်ပြီးတော့ ကာကွယ်ပေးတော့မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အစေခံမက လွေ့ကျင်းတိုင်းပြည် မိခင်နေရာ အတွက် မသင့်လျော်ဘူး။
 
***

အပိုင်း(၁၈ဝ)

ကိုယ့်သေတွင်း ကိုယ်တူးသူများ(၅)

 
"ကျွန်တော် ဆုံးဖြတ်ထားပြီးသားပါ။ ချင်ယန်ကို ဇနီးမယားအဖြစ် လက်ထပ်ယူမယ်။ တခြားလူတစ်ယောက် တားဆီးလို့ ထိုဆုံးဖြတ်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး”
ရဲ့လင်းလည်း သူ၏ချောမော ခန့်ညားသည့်မျက်နှာ မောက်မာ ခက်ထန်စွာ မော့လိုက်တယ်။ ဧကရီရုန်ကို စိတ်ဆုံးဖြတ်ခိုင်မာသော မျက်ဝန်းတစ်စုံနှင့် ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။
သူအသံက ဆောင်းရာသီ၏ ကြောက်လန့် အေးစိမ့်ဖွယ်လေကဲ့သို့ အရိုးထိ အေးစိမ့်စေသည်။
ဧကရီရုန်၏ လှပသော မျက်ဝန်းတွေက အကြည့်လွှဲလိုက်တယ်။
"မင်းသားလေးက အစေခံမကို လက်ထပ်ဖို့ စိတ်အားထက်သန် နေရင်လည်း ဒီဧကရီကြီးက အတင်း တွန်းအား မပေးပါဘူး။ ဒီဧကရီကြီးက ဧကရာဇ်ကို တိုင်တန်းပြီး ဖြေရှင်းခိုင်း ရတာပေါ့လေ”
ရဲ့လင်း ... နင်က ထီးနန်းကို စွန့်လွှတ်ချင်တော့လည်း ဒီက ဧကရီရဲ့ လော်အာလေးကို ထီနန်းနေရာကို လက်ခံခိုင်း ရတာပေါ့။
အရှင်က အစေခံမကို တိုင်းပြည်မိခင် ဖြစ်ဖို့အတွက် သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး။
"လော်အာ ပြန်မယ်”
ဧကရီရုန် ဘာမှ ထပ်တွေး မနေတော့ဘဲ ခြံဝင်း အတွင်းမှ ထွက်ခွာ သွားတယ်။
ရဲ့လော် ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ မှင်သေသေ ဖြစ်နေမိတယ်။ သူ့မယ်တော် အနောက်သို့ အပြေး အမီလိုက်ကာ နားမလည်စွာ မေးလိုက်တယ်။
"မယ်တော် ... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့ မလို့လား”
"စိတ်မပူပါနဲ့ ... မယ်တော် မဆုံးဖြတ်နိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး”
ဧကရီရုန်လည်း နန်းတွင်း စည်းကမ်းအရ တားမြစ်ထားသည့် ကျယ်လောင်စွာ အော်ရယ်ခြင်းကို ချိုးဖောက် လိုက်တယ်။ 
"လော်အာ စီစဉ်စရာ ရှိတာ စီစဉ်ထား။ မယ်တော်... လော့ဖုန်း စံအိမ်က ကြီးကြပ်သူ ဝူကျုံးနဲ့ သွားတွေ့မယ်”
"ဒါပေမဲ့လေ မယ်တော်.... မင်းသား၃ အိမ်တော်ကို...."
ရဲ့လော်အကြည့်က လောဘနှင့် မနာလိုစိတ်ဖြင့် ပြည့်နေတယ်။
မင်းသား၃ အိမ်တော်မှာ ရတနာတွေ အများကြီး ရှိတယ်။ ဒီရတနာတွေ အားလုံး သူပိုင်ဆိုင်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”
ဧကရီရုန်က သူ့သားအတွေးကို မသိဘဲ နေမလား။ သူမ၏ ကြေးနီရောင် နှုတ်ခမ်းက ယုံကြည်မှုရှိသည့် အပြုံးကို ပြုံးပြီးတော့ သူမ စကားဆိုတယ်။
"လော်အာ ... သားလေး ဧကရာဇ် ဖြစ်တဲ့ အချိန်ထိ စောင့်လိုက်ပါ။ သားတော် မရနိုင်တဲ့ အရာဝတ္ထုဆိုတာ မရှိတော့ဘူး။ ဧကရာဇ် ဖြစ်လာရင် သားတော် စကားတစ်ခွန်းသာ ပြောလိုက် ရဲ့လင်းက သူ့ရတနာ ပစ္စည်းတွေကို လက်ဆောင် ဆက်သ လာလိမ့်မယ်။ ဒါကို သြဇာအာဏာ ရှိခြင်းရဲ့ အကျိုးရလဒ်လို့ ခေါ်တယ်”
ဧကရုန်လည်း ထီနန်းပိုင်ဆိုင် ရတော့မှာကို တွေးမိတိုင်း ကျေနပ် ပျော်ရွှင်မိတယ်။ သူမက တခြားလူတွေ ကံတရားကို ထိန်းချုပ်ရတာကို အရမ်းကို နှစ်ခြိုက်တယ်။
"သားတော် နားလည်ပါပြီ မယ်တော်”
ရဲ့လော်မျက်လုံးက တောက်ပနေတယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းက စိုစွတ်နေတယ်။ (သွားရည်ယိုနေတာပေါ့)
သစ္စာမဲ့ မျက်လုံးတွေက သူ့ဘေးနားက ပတ်ဝန်းကျင်ကို အသေးစိတ် တစ်ခု မကျန် ကြည့်နေပေသည်။
ဒီရတနာတွေကို သူပိုင်ဆိုင်ရမှာကို တွေးမိတိုင်း ခေါင်းကိုမော့ပြီး ကျယ်လောင်စွာ အော်ရယ်ချင်သည့် ခံစားချက် ဖြစ်ပေါ်လာတယ်။
"ရဲ့လင်း ... မင်းက အစေခံမကို ဇနီးအဖြစ် လက်ထပ်ယူမယ် ဆိုကတည်းက မင်းက ထီးနန်းကို စွန့်လွှတ်သလို ဖြစ်သွားပြီ။ မင်း နောင်တ ရစေရမယ်။ ငါ ထီးနန်းရယူတဲ့နေ့က မင်းဘဝ အဆုံးသတ်တဲ့နေ့ပဲ”
 

***
 


အိမ်တော် ခြံဝင်းအတွင်းမှာ ရဲ့လင်းက ထွက်ခွာ သွားသည့် ပုံရိပ်နှစ်ခုကို ခံစားချက်မဲ့ပြီး တည်ငြိမ်သည့် မျက်လုံးနှင့် ကြည့်နေတယ်။
သူအတွေးထဲ နစ်မျောနေစဉ်မှာ နွမ်းလျသော ရယ်သံက သူနားထဲသို့ ရောက်ရှိလာတယ်။
"ရဲ့လင်း ရှင်ပြောခဲ့တဲ့ စကားကို မမေ့နဲ့နော်။ ကျွန်မက ချင်ယန်ကို ရှင့်စောင့်ရှောက်မှု အောက်မှာ ထားခဲ့တော့မယ်။
ရဲ့လင်းလည်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ယွမ်လော့ဖုန်း၏ အမည်းရောင် မျက်ဝန်းကို ကြည့်လိုက်တယ်။ ဆုံးဖြတ်ချက် ခိုင်မာစွာ ခေါင်းညိတ်လိုက်ပြီးတော့ ပြန်ဖြေလိုက်တယ်။
"စိတ်ချပါ... သခင်... ကျွန်တော် ... သူမကို ကာကွယ်ပါမယ်။ ကျွန်တော်နဲ့ ဒီနေရာမှာ ရှိနေရင် သူမ ဆံနွယ် တစ်မျှင်ကိုမှ ဘယ်သူမှ မထိစေရဘူး။ သူမကို လက်ထပ်ချင်တဲ့ ကျွန်တော့် ဆန္ဒကို ဘယ်သူမှ တားဆီးလို့ မရစေရဘူး”
ယွမ်လော့ဖုန်းက သူ့ခံစားချက်ကို သိနေတာ ကြာပြီးဖြစ်တဲ့ အတွက်ကြောင့် သူ ဘာကိုမှ မဖုံးကွယ်နေတော့ဘူး။ နွေးထွေးတဲ့ အကြည်တွေနဲ့ ချင်ယန်ကို ကြည့်လိုက်တယ်။
"ချင်ယန်... မင်း ကိုယ့်ကို လက်ထပ်ချင်လား”
ချင်ယန် ပါးမို့မို့လေးတွေက ရှက်စိတ်ကြောင့် နီရဲနေတယ်။ သူမ ရှက်စိတ်ဖြင့် အင်္ကျီကို တွန့်လိမ်နေတယ်။
"ဒီက အစေခံမလေးက ဘယ်သူ့ကိုမှ လက်မထပ်ချင်ပါဘူး။ သခင်မလေးကို အဖော်ပြု ပေးချင်တာပါ”
"ချင်ယန်... နင်... ရဲ့လင်းကို လက်ထပ်လိုက်တာက ငါ့အတွက် အလုပ်တွေ မလုပ်ပေးရတော့ဘူး ဆိုတာ မဟုတ်ဘူးလေ”
ယွမ်လော့ဖုန်း အနည်းငယ် ပြုံးလိုက်တယ်။
"ဒါပေမဲ့  တစ်ယောက်ယောက်ကို လက်ထက်ဖို့ အလျင်မလိုသေးရင် စေ့စပ်တာကို အရင်ပြုလုပ်တာ ပြဿနာ မရှိနိုင်ဘူး။  လက်ထပ်ဖို့ နှစ်အနည်းငယ်တော့ စောင့်လိုက်ဦးပေါ့”
"သခင်မလေး..."
ချင်ယန်လေး အတော်ကို ရှက်နေပါပြီ။ သူမခေါင်းကို ငုံ့ထားလိုက်သည်မှာ မြေကြီးနှင့် ထိမတတ်ပေ။ သူမအသံက ယင်ကောင် အသံကဲ့သို့ တိုးလျနေတယ်။ သူမ နားရွက်ဖျားလေးတွေ  နီရဲနေတယ်။
 
***

Bạn đang đọc truyện trên: Truyen247.Pro