
စာစဉ်(၆) 128+129+130
အပိုင်း(၁၂၈)
တုန်လှုပ် ချောက်ချားနေသော အရှင်ဘုရင်(၁)
"သူ့ကို မြန်မြန် ဖိတ်ခေါ်လိုက်”
ကွမ်တုက အားလုံး အထက်မှာ ထိုင်နေပြီးတော့ ရုန်အကြီးအကဲ နန်းတော်ကို ဘာအကြောင်းပြချက်ကြောင့် လာတယ် ဆိုတာ ရှင်းလင်းစွာ နားမလည်သော် ဝမ်းမြောက် ပျော်ရွှင်နေပုံပဲ။
ကျင်းလင်း တစ်ယောက် ဆေးစံအိမ်တော်မှာ အရှက်ကွဲခဲ့ရတယ်။ ဒါပေမဲ့ ထိုအကြောင်းနဲ့ ပတ်သက်ပြီးတော့ အကျိုးအကြောင်းကို သူ ရှင်းပြလို့ မရဘူး။ ဒါမှမဟုတ် ဆေးစံအိမ်တော်နဲ့ မျက်နှာပျက်အောင် လုပ်ခဲ့တာ ကျင်းလင်းပဲလား။ ဒါကြောင့် ဆေးစံအိမ်က ကွမ်လန်ကို ဆေးကုသပေးဖို့ ငြင်းဆိုတာလား။ ဆေးစံအိမ်တော် ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ကျင်းလင်းကို မကျေနပ်တာကြောင့် တော်ဝင်မျိုးနွယ်ကို အငြိုးထားတာ ဖြစ်မယ်လို့ ကွမ်တု အခိုင်မာ ယုံကြည်ထားတယ်။
သူအကြောင်း ပြန်ပြီးတာနဲ့ အဖြူရောင် ဝတ်စုံနဲ့ အမျိုးသား တစ်ယောက် ခန်းမဆောင် အတွင်းကို ဝင်ရောက်လာတယ်။
အဘိုးအိုရဲ့ အဖြူရောင် ဝတ်စုံက လေထဲ လွင့်နေတယ်။ ထိုလူက သြဇာအာဏာရှိတဲ့ လူတစ်ယောက်ထက် နတ်ပြည်က နတ်သားတစ်ပါးနဲ့ ပိုတူတယ်။
ကွမ်တု တစ်ချက် ကြည့်လိုက်တာနဲ့ ထိုလူက ဘယ်သူလဲဆိုတာ သိနိုင်တယ်။
"ရုန်အကြီးအကဲ"
ကွမ်တု ထပ်ပြီးတော့ ထိုင်မနေတော့ဘဲ ချောမောတဲ့ မျက်နှာမှာ ပြုံးလိုက်ပြီး ပျော်ရွှင်စွာ မတ်တတ်ရပ် လိုက်တယ်။
"ဒီနေ့ အကြီးအကဲ လာရောက် တွေ့ဆုံတာကို ဘာလို့လဲ ဆိုတာတော့ ငါ့ကိုယ်တော်မြတ် သေချာ မသိဘူး။ အရင်က ကျင်းလင်းက ဆေးစံအိမ်တော်ကို အမှားကျူးလွန်ခဲ့လည်း တော်ဝင်မျိုးနွယ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ရုန်အကြီးအကဲက အိမ်ရှေ့စံမင်းသားကို ကုသပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကွမ်တု အတွေးမှာတော့ တော်ဝင် နန်းတော်ထဲကို ရုန်အကြီးအကဲ ရောက်လာတာက ကျင်းလင်း အပြုအမူကို ခွင့်လွှတ် လိုက်တာကြောင့်လို့ ထင်နေတာပေါ့။ ကွမ်လန် ရောဂါ အခြေအနေကို စမ်းသပ်ပေးဖို့ ရောက်လာတယ်လို့ ထင်နေတာ။
"ဟား..."
ကွမ်တုစကားကို ကြားတော့ ရုန်အကြီးအကဲ လှောင်ပြောင် ရယ်မောလိုက်တယ်။
"မုဝူစွမ်းရဲ့ ဆေးပညာက နှိုင်းယှဉ်လို့ မရနိုင်အောင် ထူးချွန်တယ်လို့ မင်းပြောခဲ့တယ် မလား။ မင်းရဲ့ လုံယွမ်တိုင်းပြည်က မုဝူစွမ်းကို ဘာလို့ မကုသခိုင်းရတာလဲ။ တခြားလူ တစ်ယောက်ကို ကုသပေးဖို့ တောင်းဆို နေရတာလဲ”
သူ နန်းဆောင်ထဲကို ဝင်လာတဲ့အချိန်မှာ နင်အကြီးအကဲ ပြောတဲ့ စကားကို ပြန်ဆက်ပြောဖို့ အခွင့်အရေး မရခင်မှာ မုဝူစွမ်းအကြောင်း ချီးကျူးနေတာကို ကြားလိုက်ရတယ်။
မုဝူစွမ်း အရည်အချင်းက ဘယ်သူမှ ယှဉ်ပြိုင်လို့ မရဘူး ဟုတ်လား။ ဒါဆို ဆေးစံအိမ်တော်က ပါရမီရှင် တပည့်တွေကို ထည့်မတွက်တော့ ဘူးလား။ နောက်ပြီးတော့ ယွမ်လော့ဖုန်းကဲ့သို့ သမားတော် တစ်ယောက်က ဒီနေရာမှာ ရှိနေတယ်လေ။ ဆေးစံအိမ်တော်က နံပါတ်၁ သမားတော်တောင် သူမကို မယှဉ်နိုင်ပေ။ ဒါကို တော်ဝင်မျိုးနွယ်က အရှက်မဲ့စွာ ဒီလို ပြောရဲတယ်ပေါ့။
ဒီတစ်ကြိမ်တော့ သူ တကယ်ကို နောက်ကျသွားတာပဲ။ အများကြီး သူ လွတ်သွားတယ်။
ကွမ်တု မျက်နှာပုံစံက မပျော်ရွှင်တော့ပါဘူး။ ဒါပေမဲ့ နင်အကြီးအကဲ ရှေ့မှာ သူဒေါသ မထွက်ရဲပေ။ သူ့ဒေါသကို ဖြေသိမ့်လိုက်ပြီးတော့ "ဝူစွမ်းရဲ့ ပါရမီ အရည်အချင်းက ထူးချွန် ပြောင်မြောက်တယ်။ ဒါပေမဲ့ သူမက ငယ်ရွယ်သေးတယ်။ သူမ ရောဂါတိုင်းကို မသိနိုင်သေးဘူး။ ကွမ်လန် ရောဂါကို မကုသပေးနိုင်တာ ကျိုးကြောင်း ခိုင်လုံမှုရှိတယ်”
ရုန်အကြီးအကဲ မျက်မှောင် ကြုတ်လိုက်တယ်။ နင်အကြီးအကဲဘက် လှည့်လိုက်ပြီးတော့
"နင်အကြီးအကဲ... ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မင်း ပြောစမ်းပါ။ ယွမ်မိန်းကလေးနဲ့ မင်း မြေးကို တော်ဝင်မျိုးနွယ်က ဖမ်းသွားတယ်လို့ပဲ ကြားခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ပြဿနာက ဆေးပညာဘက်ကို ရောက်သွားတာလဲ။ တစ်ယောက်ယောက်ကို ကုသပေးဖို့ ယွမ်မိန်းကလေးကို နန်းတော် ခေါ်တာလား။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ဒီက လူတိုင်းက ယွမ်မိန်းကလေး ကုသပေးဖို့ တစ်ယောက်မှ အရည်အချင်း မပြည့်မီဘူး”
အားလုံးကို တစ်ကြိမ်တည်းနဲ့ နာကျင်သွားအောင် ပြောလိုက်တာ။ အားလုံးကို ရန်စလိုက်တာလေ။
အစက ရုန်အကြီးအကဲ အာဏာနဲ့ နင်အကြီးကို တုန်လှုပ် သွားစေချင်ခဲ့တာ။ သူ့မျက်နှာတစ်ခုလုံး အေးခဲသွားသလို ခံစားရတယ်။ သူ့ရဲ့ အံ့ဩ မှင်တက်နေသော မျက်လုံးတွေက ဒေါသထွက်နေတဲ့ အကြီးအကဲကို ကြည့်လိုက်တယ်။
အံ့ဩစရာ အဖြစ်ပျက်ကြောင့် နှလုံးခုန် မြန်လာတယ်။ ရုန်အကြီးအကဲ စကားက ဘာကို ဆိုလိုချင်တာလဲ။ ယွမ်လော့ဖုန်းအတွက် နန်းတော်ကို ရောက်လာခဲ့တာလား။ နောက်ပြီးတော့ နန်းတော်က လူတွေက ယွမ်လော့ဖုန်း ကုသပေးဖို့ တကယ်ပဲ အရည်အချင်း မပြည့်မီတာလား။ ယွမ်လော့ဖုန်းက ဆေးပညာ အရည်အချင်း ရှိတယ်ဆိုတာ ဖြစ်နိုင်လို့လား။
ကွမ်တုမျက်နှာက လူသေတစ်ယောက်လို ဖြူဖျော့လာတယ်။ ဘာတုံ့ပြန်ချက်မှ မရှိတော့ဘဲ အံ့ဩတဲ့ မျက်လုံးတွေနဲ့ ငေးမော ကြည့်နေတယ်။
"ရုန်အကြီးအကဲ မင်း အချိန်မီ ရောက်လာတာ” နင်အကြီးအကဲ ပြုံးလိုက်တယ်။ "အရင်နှစ်တွေက မုဝူစွမ်းက ယွမ်မိန်းကလေးကို မကြာခဏ အနိုင်ကျင့်တယ်လို့ ငါ ကြားခဲ့ရတယ်။ မိန်းကလေးအတွက် ဒေါသ ဖြေလျှော့ပေးချင်လို့။ တော်ဝင်မျိုးနွယ်က မုဝူစွမ်းမှာ ထူးချွန် ပြောင်မြောက်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ပြောနေတယ်။ သူမကို ဘယ်သူမှ အနာဂတ်မှာ ရန်စ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးတဲ့။
ယွမ်မိန်းကလေး တစ်ဘဝလုံး ကြိုးစားရင်လည်း မုဝူစွမ်းကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးတဲ့။
ငါမင်းကို မေးချင်တာ ယွမ်မိန်းကလေးက လွန်ခဲ့တဲ့ ခြောက်လက ဘယ်လိုလူမျိုးလဲ ဆိုတာပဲ။ ယွမ်မိန်းကလေးက မင်းတို့ ဆေးစံအိမ်တော် အတွက် အသက်သခင် ကျေးဇူးရှင် ဆိုတာ မမေ့ပါနဲ့”
***
အပိုင်း(၁၂၉)
တုန်လှုပ် ချောက်ချားနေသော အရှင်ဘုရင်(၂)
နင်အကြီးအကဲ ပြောလိုက်တဲ့စကားက ရုန်အကြီးအကဲကို အရှက်ရစေတယ်။ သူ့နှလုံးသားမှာ အပြစ်ရှိသလို ခံစားလာရတယ်။ ဒါပေမဲ့ သူ့နှလုံးထဲမှာ ပိုဒေါသ ထွက်မိတယ်။
"ဟွန့်"
သူလည်း အေးတိအေးစက်နဲ့ အမြင့်မှာ ထိုင်နေတဲ့ ကွမ်တုကို လှောင်ပြောင် ခနဲ့စွာ ကြည့်လိုက်တယ်။
"ကွမ်တု... မင်းကို မုအိမ်တော်က ဘာတွေ အကျိုးပြုထားလို့ မုအိမ်တော်ကို မင်း နှစ်သက်နေရတာလဲ။ သူမ တကယ်ပဲ ပါရမီရှင်လို့ အခိုင်အမာ ယုံကြည်နေတာလား။ သူမလို မိန်းကလေးကို ပညာရှင် တစ်ယောက်လို့ ယူဆခဲ့ပြီး ယွမ်မိန်းကလေးကို မကောင်းဆိုးဝါးလို့ ပြောချင်တယ်ပေါ့။ ကျုပ်ပြောမယ့် စကားနဲ့ ပတ်သက်ပြီးတော့ ကျိန်ပြောရဲတယ်။ ကျုပ် …
သခင်... အပြင်းအထန် နေမကောင်း ဖြစ်ခဲ့တယ်။ ဘယ်သမားတော်မှ မကုသနိုင်ခဲ့ဘူး။ ယွမ်မိန်းကလေး တစ်ယောက်တည်းသာ သခင်ကို ကုသပေးနိုင်ခဲ့တယ်။ သူမကို မုဝူစွမ်းက လုံးဝ မယှဉ်နိုင်ဘူး။ ယှဉ်နိုင်မယ်လို့ ထင်နေတာလား”
ကွမ်တု ခန္ဓာကိုယ်က အနည်းငယ် တွန့်သွားတယ်။ သူ့ပုံစံက အလွန် အံ့ဩနေပုံပဲ။
ယွမ်လော့ဖုန်းက ဆေးစံအိမ်တော်က ကျွမ်းကျင်တဲ့ သမားတော်တွေ မကုသပေးနိုင်တဲ့ ရောဂါကို ကုသပေးနိုင်တဲ့ ကျော်ကြားတဲ့ သမားတော် တစ်ယောက်လား။ ဘယ်လို ဖြစ်ရတာလဲ။ ထိုကိစ္စက ဖြစ်နိုင်လို့လား။ အမှိုက်မက သူ့ကံတရားကို ပြောင်းလဲနိုငိတဲ့ နေ့ရက် ရောက်လာမယ်လို့ မထင်ထားဘူး။
"တခြားတစ်ခု ထပ်ပြောချင်တာက ကွမ်လန်ရောဂါကို ကုသပေးနိုင်တဲ့ တစ်ယောက်တည်းသော သမားတော်က ယွမ်မိန်းကလေး”
ရုန်အကြီးအကဲ နှုတ်ခမ်းထောင့်က အေးစက်စက် အပြုံးနဲ့ မြှင့်တက်သွားတယ်။ သူ ကွမ်တုကို ပေးလိုက်တဲ့ အံ့ဩမှုနဲ့ ပတ်သက်ပြီးတော့ စဉ်းစားမနေတော့ဘူး။ သူပြောနေတဲ့ အကြောင်းရာက ကွမ်လန် ရောဂါဘက်ကို ရောက်သွားတယ်။ လက်ရှိအချိန်မှာ ဝူယန် သူ့ကိုယ်သူ သေးငယ်သွားသလို ခံစားရတယ်။ (သိမ်ငယ်မိတယ်)။ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာတယ်။ သူ စိတ်ကို ပြန်လည် လျှော့ချလိုက်တယ်။
နယ်မြေအားလုံးကို ရှင်ဘုရင် ပိုင်တယ် ဆိုသော်လည်း ရှင်ဘုရင်လေးစား ရိုသေရတယ် လူဆိုတာ ရှိနေသေးတာပဲ။ ထိုလူက ဆေးစံအိမ်တော်က အကြီးအကဲ။ အထူးသဖြင့် ယွမ်လော့ဖုန်းက ဆေးစံအိမ်တော်ရဲ့ ကျေးဇူးရှင်ဆိုတဲ့ စကားကို ကြားပြီးနောက် ထိုဆက်နွှယ်မှုကြောင့် သူ ရလဒ်မကောင်းဘူး ဆိုတာ သိလိုက်ပြီ။
အံ့ဩဖို့ ကောင်းတာက ကြင်ရာတော်မုလည်း ဘာစကားမှ ပြန်မပြောရဲဘူး။ နှုတ်ခမ်းကိုက်ပြီး နှုတ်ဆိတ်နေတယ်။ သူမက ယွမ်လော့ဖုန်းကို မုန်းတီးစွာ ကြည့်နေတယ်။
"ယွမ်လော့ဖုန်းက အိမ်ရှေ့စံမင်းသားကို ကုသနိုင်တယ်လို့ ပြောလိုက်တာလား” ကွမ်တု စိတ်ရှုပ်ထွေးစွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်ပြီးတော့ ထပ်မေးလိုက်တယ်။
"အမှန်ပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ယွမ်မိန်းကလေးက ကွမ်လန်ကို ကုသပေးဖို့ မမျှော်လင့်ပါနဲ့"
ရုန်အကြီးအကဲက အေးစက်စွာ ပြုံးပြီး ပြောတယ်။
"ဒါပြင့် နင်အကြီးအကဲ အစောပိုင်းက ပြောခဲ့တဲ့ စကားကို မကြားဘူးလား။ ဒါမှမဟုတ် အသတ်ခံချင် နေတာလား။ နန်းတော်ထဲကို မုဝူစွမ်းကို ချက်ချင်း ဆင့်ခေါ်စမ်း။ မင်းတို့ တော်ဝင်မိသားစု ကုသပေးဖို့ ထိုက်တန်တဲ့ လူတွေ မဟုတ်ဘူး ဆိုတာ နားလည်စေချင်တယ်”
နန်းဆောင်မ အတွင်းမှာ အမတ်အားလုံး သက်ပြင်းချ နေရတယ်။
ဒီပြည်နယ်စုတွေမှာ ဆေးစံအိမ်တော်ရဲ့ အဆင့်အတန်းကို သူတို့တွေ နားလည်နိုင်တယ်။ ဆေးစံအိမ်တော်ကို တော်ဝင်မျိုးနွယ်က အလွန်အမင်း လေးစားနေရတယ်။ သို့သော်လည်း တော်ဝင်မျိုးနွယ်က ဆေးစံအိမ်တော်ကို လေးစားနေတာ မဟုတ်ဘဲ အလွန်မင်း ကြောက်လန့်နေတာပဲ။
လက်ရှိ သူတို့အားလုံးက ရေကန်အောက်ခြေက ဖားတွေလိုပဲ။ (အာဏာရူးတွေ၊ ဘဝင်ရူးတွေ)။ သူတို့တွေ တော်ဝင်မိသားစုကို အာဏာရှိတယ်လို့ပဲ ထင်နေတာ။ တကယ်တမ်း တော်ဝင်မိသားစု အထက်မှာ သူတို့ကို ချုပ်ကိုင်ထားတဲ့ အင်အားစု တစ်ခုရှိနေတယ် ဆိုတာ ဘယ်သူမှ မသိပေ။
"ရုန်အကြီး"
ကွမ်တု စိတ်ကို ထိန်းချုပ်လိုက်ပြီးတော့ မျက်ခုံးတွန့်ပြီးတော့ ပြောလိုက်တယ်။
"ယွမ်လော့ဖုန်း ဆေးပညာ အကြောင်း သိလည်း မုဝူစွမ်းထက် ပိုတော်တယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဆေးစံအိမ်တော်က အကြီးအကဲကို ကုသပေးနိုင်တယ် ဆိုတာ တိုက်ဆိုင်တာ ဖြစ်နိုင်တယ်။ မုဝူစွမ်းဆေးပညာ အကြောင်းကို လူအားလုံး သိတယ်”
ဘယ်လိုပဲဖြစ်ဖြစ် အမှိုက်မမှာ တခြားလူတွေကို လွှမ်းမိုးနိုင်တဲ့ ဆေးပညာ အရည်အချင်းမျိုး ပိုင်ဆိုင်တယ်ဆိုတာ မယုံကြည်နိုင်ဘူး။
"အထင်ကြီးလွန်းနေတဲ့ အရူးတွေ"
ရုန်အကြီးအကဲ ကွမ်တုကို စိတ်ပျက်စွာ ကြည့်လိုက်ပြီးတော့ မကျေမနပ် ပြောတယ်။
"မုဝူစွမ်း အရည်အချင်း ရှိတယ်လို့ မင်းကိုပြောတာ ကျင်းလင်း ဟုတ်တယ်မလား။ ထိုကောင်စကားကို ယုံကြည်နိုင်တယ်ပေါ့။ ဘာမှ အသုံးမဝင်တဲ့ သမားတော် တစ်ယောက်၊ မာန်တက်ဖို့ပဲ စိတ်ကူးနေတာ။ မုဝူစွမ်း အယောက် ၁ဝဝရှိလည်း ယွမ်လော့ဖုန်း တစ်ယောက်ကို မယှဉ်နိုင်ဘူး။ ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ မင်း... ကျင်းလင်းနဲ့ မုဝူစွမ်းကို ဆင့်မခေါ်ရင် ငါ့ကိုယ်တိုင် အမတ်ချုပ်မုအိမ်တော်ကို သွားမယ်။ ထိုအခါမှ မုအိမ်တော် ဘယ်လို ပြောင်းလဲ သွားမလဲ ဆိုတာ မင်း ရှုစားကြည့်ပေါ့”
"အရှင်မင်းကြီး"
ကြင်ရာတော်မု ကြောက်လန့်ပြီး ထအော်ငိုတယ်။ သူမရဲ့ လှပတဲ့ မျက်နှာက သေတဲ့မယ့်လူလို ဖြူဖျော့နေတယ်။ သူမ လက်သည်းရှည်တွေနဲ့ လက်ချောင်းတွေကို ထိုးနေတယ်။
"အရှင်မင်းကြီး မုဝူစွမ်းက အပြစ်ကင်းစင်ပါတယ်။ ယွမ်လော့ဖုန်းက သူမကို အပြစ်ပုံချတာပါ။ မုဝူစွမ်းအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ တောင်းဆိုပါတယ်”
***
အပိုင်း(၁၃ဝ)
အလွန် အရှက်မဲ့ခြင်း(၁)
"အပြစ်ကင်းစင်တယ်”
နင်အကြီးအကဲ သရော်လိုက်တယ်။ တသီးတခြား နေတတ်တဲ့ မျက်နှာမှာ မကျေနပ်မှုကို တွေ့နေရတယ်။
"ငါကြားတာတော့ လွန်ခဲ့တဲ့ ခြောက်လက တော်ဝင်မျိုးနွယ်က ယွမ်မိန်းကလေးကို အပြစ်တင်ခဲ့တယ်။ ယွမ်မိန်းကလေးက လူအများရှေ့မှာ ချောမောတဲ့ ကောင်လေးကို အနှောင့်ယှက် ပေးတယ်လို့ ယူဆခဲ့တယ်။ ဒီလို စွပ်စွဲတော့ အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်တာ အလွယ်တကူ ပျက်သွားတာပေါ့။ ငါ စုံစမ်းကြည့်တော့ မင်းတို့တွေ အပြစ်ကင်းစင်ပါတယ် ဆိုတဲ့ မုဝူစွမ်း အကြံအစည်ဆိုတာ သိလိုက်ရတယ်”
အဘိုးအိုရဲ့စကားက ကြင်ရာတော်မု နှလုံးသားကို ရိုက်စက်စွာ ထုရိုက်နေသလိုပဲ။ သူမ မျက်လုံးပြူးကျယ် သွားပြီးတော့ အပြင်းအထန် ငြင်းဆိုတယ် လုံးဝ မဖြစ်နိုင်ဘူး။ မုဝူစွမ်းက ကြင်နာတတ်တယ်။ ဒီလိုအပြုအမူမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
သူမ ထိုစကားကို ပြောနေသော်လည်း သူမနှလုံးသားမှာ သေချာတယ် ဆိုတာတော့ မရှိဘူး။ တစ်လောကလုံးက မုဝူစွမ်း အကြောင်းကို မသိရင်နေမယ် ဒါပေမဲ့ သူမက မုဝူစွမ်း အကြောင်းကို ကောင်းကောင်း နားလည်တယ်။ မုဝူစွမ်းရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ဆိုရင် ဒီလိုကိစ္စကို သေချာပေါက် ကြံစည်မှာ။
"တစ်ယောက်ယောက် လာခဲ့စမ်း”
ကွမ်တု စိတ်ကို ပြင်ဆင်လိုက်ပြီးတော့ ဒေါသထွက်စွာ အမိန့် ပေးလိုက်တယ်။
"ကိုယ်တော်ကို တွေ့ဖို့ မုဝူစွမ်းကို နန်းတော်ကို ခေါ်ဆောင်လာခဲ့”
"အရှင်မင်းကြီး"
ကြင်ရာတော်မု စိတ်မထိန်းနိုင်စွာ အော်ငိုလိုက်တယ်။ လက်သီး ကျစ်ကျစ် ဆုပ်လိုက်ပြီး
"မုဝူစွမ်းက ဒီလိုကိစ္စမျိုး ကြံစည်မှာ မဟုတ်ပါဘူး။ မှားယွင်း စွပ်စွဲခံရတာပါ”
မုဝူစွမ်း ဂုဏ်သိက္ခာ ကျဆင်းသွားရင် မုမိသားစု အတွက်လည်း အကျိုးမရှိနိုင်ပေ။ သူမ ဒီလိုဖြစ်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး။
"ချစ်ရတဲ့ ကြင်ရာတော်... မင်း ပင်းပန်းနေပြီ။ ဘာလို့ ပြန်ပြီးတော့ အနား မယူသေးတာလဲ”
သေတော့မယ့် လူတစ်ယောက်လို ဖြူဖျော့နေတဲ့ ကြင်ရာတော်မု မျက်နှာကို ကွမ်တု ကြည့်လိုက်တယ်။ အဆင်ခြင် ကင်းမဲ့စွာ ဝင်ရောက် ပြောဆိုနေသော ကြင်ရာတော်မုကို မကျေနပ်တော့ပေ။
သူ… ကြင်ရာတော်မုကို နှစ်သက်သော်လည်း မိန်းမ တစ်ယောက်ကြောင့် ဆေးစံအိမ်တော်ကို အမှား မကျူးလွန်ချင်ပေ။
ရုန်အကြီးအကဲ နန်းတော်ကို ရောက်လာတော့လည်း မုမိသားစုက ဒီတစ်ချိန်တော့ သူတို့ရဲ့ မကောင်းတဲ့ ကံတရားကို လက်ခံလိုက်ရုံပေါ့။
ကြင်ရာတော်မုက လက်မလျှော့ချင်သေးပေ။ မုဝူစွမ်းဘက်က အရင်က ဝင်ရောက် ဖျန်ဖြေပေးခဲ့သလို ကွမ်တုကို ကူညီစေချင်တယ်။ သူမ ထပ်ပြီး စကားမပြောခင်မှာ ယောက်ျား တစ်ယောက်ရဲ့ ကြီးကျယ် ခမ်းနားတဲ့ အသံကို ကြားလိုက်ရတယ်။
"တစ်ယောက်ယောက် လာပြီး ကြင်ရာတော်မုကို အပြင်ကို ခေါ်သွားစမ်း။ ကိုယ်တော် အမိန့်မရဘဲ အိပ်ဆောင်က ကြင်ရာတော်မု ထွက်ခွာခွင့် မရှိဘူး”
ထိုအသံကို ကြားတာနဲ့ ခန်းမအပြင်ဘက်မှ ရဲမက်နှစ်ယောက် ဝင်ရောက်လာတယ်။ ရိုသေလေးစားစွာ ဂါရဝပြုပြီးတော့
"အရှင်မင်းကြီး အမိန့်တော် အတိုင်းပါ”
ကြင်ရာတော်မု ခန္ဓာကိုယ် ပျော့ခွေသွားပြီး မြေပြင်ပေါ် လဲကျလုနီးပါးပဲ။ သူမ ခန္ဓာကိုယ်ကို ကြိုးစား အားယူ ထိန်းပြီးတော့ မနှုတ်ဆက်ချင်စွာ ဂါရဝပြု ထွက်ခွာ သွားရတယ်။
"နှမတော် အခု ပြန်လိုက်ပါမယ်”
သူမရဲ့လှပတဲ့ မျက်လုံးတွေက မျက်ရည်စက်တွေနဲ့ စိုရွှဲနေတယ်။ သူမခေါင်းကို မော့လိုက်ပြီး ကွမ်တုကို ထပ်ကြည့် လိုက်တယ်။ ဒါပေမဲ့ ကွမ်တုက သူမကို ဘာတုံ့ပြန်ချက်မှ မရှိပေ။
ရဲမက်နှစ်ယောက် အနောက်ကို လိုက်သွားကာ ခန်းမဆောင်မှ ထွက်ခွာသွားတယ်။
"ရုန်အကြီးအကဲ... ကိုယ်တော် မုဝူစွမ်းကို နန်းတော် ခေါ်ပြီးပါပြီ။ ခဏလောက် စောင့်နေပေးပါ”
ကွမ်တု ပြုံးလိုက်တယ်။ သူအပြုံးမှာ အရင်လို ခက်ထန် မာကျောတဲ့ အရိပ်ယောင် မရှိတော့ပေ။ ကပ်ပါးရပ်ပါးနဲ့ မျက်နှာချို သွေးနေတဲ့ အပြုံး ဖြစ်တယ်။
ရုန်အကြီးအကဲ ကွမ်တုမျက်နှာချို သွေးနေတဲ့ပုံစံကို စိတ်ပျက်စွာနဲ့ လျစ်လျူရှု လိုက်တယ်။ သူ့ခေါင်းကို ဘေးဘက် လှည့်လိုက်ပြီးတော့ နင်အကြီးအကဲနဲ့ စကားနည်းနည်း ပြောနေလိုက်တယ်။
"အသက်ရွယ် ကြီးလာတော့ ခြေထောက်တွေက အရင်လို မဟုတ်တော့ဘူး။ တချို့လူတွေက ထိုင်ခုံမှာ ထိုင်နေဆဲ။ အဘိုးကြီးတွေကို သူတို့ထိုင်ခုံပေးဖို့ မသိကြဘူးလား”
အဘိုးအို အသံက မကျေနပ်မှုကို ဖော်ပြနေတယ်။ မျက်မှောင် ကြုတ်လိုက်တယ်။ ကွမ်တု ခက်ထန် မာကျောတဲ့မျက်နှာနဲ့ ယွမ်လော့ဖုန်းကို ကြည့်ကာ အော်လိုက်တယ်။
"ယွမ်လော့ဖုန်း မင်းထိုင်နေတဲ့ ထိုင်ခုံကို ရုန်အကြီးအကဲကို မပေးသေးဘူးလား”
ခန်းမဆောင် တစ်ခုလုံးမှာ သူနဲ့ယွမ်လော့ဖုန်း နှစ်ယောက်တည်းသာ ထိုင်နေတာ ဖြစ်တယ်။ ရုန်အကြီးအကဲ ပြောတဲ့ 'တချို့လူ' ဆိုတာက ယွမ်လော့ဖုန်းလို့ ထင်နေတာ။
ထိုစကားကို ကြားတော့ ယွမ်လော့ဖုန်း နှုတ်ခမ်းထောင့် မြှင့်တက်သွားတယ်။ ဆွဲဆောင်မှုရှိသော မျက်လုံးတွေနဲ့ ကြည့်ပြီး ပြုံးပြလိုက်တယ်။
"ရုန်အကြီးအကဲက ကျွန်မထိုင်နေတဲ့ ထိုင်ခုံကို တောင်းတယ် ဆိုတာ ရှင့်အတွက် သေချာနေလို့လား”
"မင်း မဟုတ်ရင် ဘယ်သူဖြစ်နိုင်လို့လဲ”
ကွမ်တုမျက်နှာက ခက်ထန် မာကျောနေပြီးတော့ ဒေါသထွက်စွာ အပြင်းထန် အော်ဟစ်နေတယ်။
"ယွမ်လော့ဖုန်း... ဆေးစံအိမ်တော်က မင်းကို ကျေးဇူးအကြွေး ရှိသော်လည်း ရုန်အကြီးအကဲက အဆင့်အတန်းရှိတဲ့ လူကြီးတစ်ယောက်။ မင်း သူ့ကို ရိုသေလေစားဖို့ လိုအပ်တယ်။ လျော်ကြေးအနေနဲ့ တခြားလူရဲ့ သနားကြင်နာမှုကို အခွင့်ကောင်း မယူရဘူး။ နောက်ပြီးတော့ ရုန်အကြီးအကဲက မင်းအတွက်နဲ့ နန်းတော်ထဲကို ရောက်လာရတာလေ။ သူအတွက် မင်းထိုင်ခုံကို ပေးသင့်တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro