
Ep9
အပိုင်း (၉) အိမ်ရှေ့စံမင်းသားအလည့်လာခြင်း၂
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
ယွမ်လော့ဖုန်း မျက်ခုံးလေးကို တွန့်လိုက်ပြီး အိပ်ယာကထလိုက်တယ်။ ဒါပေမယ့် သူမအိပ်ယာက ထလိုက်တဲ့အချိန်မှာ သူမ မူးဝေသွားတယ်။ သူမှတိမိတာတော့ သူလေ့ကျင့်မှု ပြင်းထန်တာကြောင့် သွေးအများပြား ဆုံးရှုံးခဲ့ရတယ်။
ဒါပေမယ့် အခု သူမ သန့်ရှင်းနေတာပဲ။ သူမ အဖြူရောင် ဝတ်စုံလေးက သန့်ရှင်းနေတာပဲ။ ကြော့ရှင်းလှပနေတာပဲ။ လျော်ဖွတ်ထားသလို သန့်ရှင်းနေတာပဲ။ ဘယ်လိုဖြစ်ရတာပါလဲ။ သူနားမလည်နိုင်တော့လည်း ယွမ်လော့ဖုန်း ဆက်တွေးမနေတော့ဘူး။ သူမ သက်ပြင်းချလိုက်ပြီး ချင်ယန်ကိုပြောတယ်
"ချင်ယန် ငါတို့တွေသွားမယ်။ အိမ်ရှေ့စံမင်းသားက စစ်သူကြီးအိမ်တော်ကို ဘာအကြောင့်ကြောင့်လာတာလဲဆိုတာ ငါသိချင်တယ်။ " ချင်ယန်ပြန်ဖြေတာကို စောင့်မနေတော့ပဲ သူမ ဘာသာ ထွက်လာခဲ့တယ်။
ချင်ယန်လည်း ခဏအကြာအတွေးလွန်နေပြီးမှ သခင်မလေးနောက်ကို ပြေးလိုက်ခဲ့တယ်။ သူမနှလုံးသားထဲမှာတော့ သံသယတွေနဲ့ ပြည့်နေတယ်။ သူမ သိတာတော့ သခင်မလေးက အမြဲတမ်း သေကြောင်းကြံစည်ဖို့ ကြိုးစားတယ်။
အခုတော့ တခြားလူတစ်ယောက်လိုပဲ။ အိမ်ရှေ့စံ အလည်လာတယ်ကြားတော့ အရင်လို စိတ်မလှုပ်ရှားနေတော့ဘူး။ သူမ ထူးဆန်းတယ်လို့ ထင်နေတယ်။
အိမ်တော်ကြီးမှာ စစ်သူကြီးယွမ်လော့က အရှေ့တည့်တည့်မှာထိုင်နေတယ်။ သူ မျက်မှောင်ကြုတ်ပြီးတော့ ပူပင်သောကဖြစ်နေတယ်။
သူ့ဘေးနားမှာ အသက်ရွယ်ကြီးတစ်ယောက်နဲ့ လူငယ်လေး တစ်ယောက်ရှိတယ်။ လူငယ်လေးက အသက်၁၈နှစ်သာရှိမယ်။ သူက ရုပ်ရည် ချောမောတယ်။
သူက လက်နက်တွေ အများကြီး သယ်ဆောင်ထားတယ်။ အပြာရင့်ရောင် ခါးစည်းကို စည်းထားတယ်။ လူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်တယ်။ လူငယ်လေးနောက်မှာ အသက်ကြီးကြီး တစ်ယောက်ရပ်နေတယ်။ လူငယ်လေးနဲ့ယှဉ်ရင် အဘိုးကြီး ရုပ်ရည်က ညိုမဲနေတာပဲ။ သူမျက်လုံးမှာ ဒေါသတွေနဲ့ သည်းမခံနိုင်တော့တဲ့ ပုံစံနဲ့။
"စစ်သူကြီးယွမ် ငါတို့ မင်းသားလေး စောင့်နေရတာ အတော်ကိုကြာပြီ။ မင်းတို့အိမ်က သမီးက ဘယ်အချိန် ထွက်လာမှာလဲ။ "
"ဒါက......" စစ်သူကြီး ယွမ်လော့လည်း ခဏတာ စဉ်းစားလိုက်ပြီးတော့
"အစေခံကို သွားခေါ်ခိုင်းထားပါတယ်။ မကြာခင်ရောက်လာတော့မှာပါ။ "
အစေခံတွေကို သခင်မလေးကို မနှောက်ယှက်နဲ့လို့ အမိန့်ပေးထားတာကိုတော့ သူမပြောမိဘူး။ နောက်မှ အိမ်ရှေ့စံမင်းသားကို လာတွေ့ဖို့ ခေါ်ခိုင်းမိတယ်။ ချင်ယန်က ယွမ်လော့ဖုန်း အိပ်ပျော်နေတော့ သူမက စစ်သူကြီးအမိန့်ကို နာခံပြီး သူမအနားမှား နိုးတဲ့ အချိန်ထိ ထိုင်စောင့်နေတယ်။
"ဟမ် နင်ပြောတော့ မကြာပါဘူးဆို ငါတို့စောင့်နေတာ အတော်ကိုကြာနေပြီး ။ဘယ်အချိန်ထိ ငါတို့က စောင့်နေရမလဲ။ ယွမ်မိသားစု သခင်မလေးက ရာထူးကြီးလွန်းလို့ ငါတို့ အိမ်ရှေ့စံမင်းသားလေးက တစ်နာရီလောက် စောင့်နေရတာလား။ "
အဘိုးကြီးက စိတ်မရှည်သလို မယဉ်မကျေးပြောတယ်။စစ်သူကြီး ယွမ်လော့ မျက်မှောင်ကြုတ်ပြီး အဘိုးကြီးကို ကြည့်လိုက်တယ်။
"ငါ့မြေးလေးက အရေးကြီးတဲ့ အလုပ်ကို လုပ်နေတာဖြစ်မယ်။ ဒါကြောင့် မင်းတို့ကို စောင့်နေခိုင်းတာပေါ့။ မစောင့်ချင်ရင်တော့ ပြန်တော့လေ။ ငါလည်း မင်းတို့ကို မမြင်ချင်တော့ဘူး။ "
"နင်" အဘိုးကြီးကို ယွမ်လော့ဖုန်း စကားတွေက ဒေါသထွက်စေတယ်။ သူမျက်နှာတွေ နီရဲလာတယ်။ သူ့အသံက ဒေါသထွက်တဲ့ အသံဖြစ်နေတယ်။
"ငါတို့အားလုံး သိနေတာကတော့ ယွမ်လော့ဖုန်းက မနက်က ညအထိ အိမ်ရှေ့စံမင်းသားနောက် လိုက်နေတာ။ ယောကျာ်းလေးတွေ နောက်လိုက်တဲ့အပြင် ဘာအလုပ်ရှိသေးလဲ။ အခု အိမ်ရှေ့မင်းသားက ရောက်လာပြီးလေ ငါတို့ကို အခက်ခဲဖြစ်အောင် ထွက်မလာဘူး။ အမိဖမ်းချင်လို့ ဇာတ်လမ်းဆင်နေတာလား။ တမင်တကာ ရှောင်နေပြီး အိမ်ရှေ့စံမင်းသားက သူမကိုအာရုံစိုက်အောင် လုပ်နေတာလား။ အရမ်းကို အရှက်မဲ့တာပဲ။ "
ယွမ်လော့ စားပွဲခုံကို လက်သီးနဲ့ထုလိုက်ပြီး အဘိုးကြီးကို အေးစက်စွာ ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ဒေါသပြင်းပြင်းထန်ထန် ထွက်နေတယ်။
"ငါဆိုတဲ့ ယွမ်လော့မြေးမလေးကို တခြားသူတွေက မသင့်တော်သလို မှတ်ချက်ပေးလို့မရဘူး။ နင်မှာ ဘာသက်သေပြစရာရှိလဲ။ ငါ့မြေးလေးက တခြားယောကျာ်းလေး တစ်ယောက်ကို သွားဖက်တယ်ဆိုတာ။ ဒီလူရဲ့ တစ်ဖက်သတ်စကားနဲ့ ငါ့မြေးလေးကို လာမစော်ကားနဲ့။ မင်း ငါ့မြေးလေးကို နောက်တစ်ခါထပ်ပြီး စော်ကားမော်ကားပြောရင် ငါစစ်သည်တွေကို နင့်အိမ်ကို လွှတ်ပြီး ပျက်စီးခိုင်းလိုက်မယ်။ အရင်ကလည်း တစ်ခါ ဖျက်စီးပြီးပြီ။ နောက်တစ်ခါ ထပ်ဖျက်စီးဖို့ဆိုတာ မလုပ်ရဲတာ မရှိဘူး။ "
Chapter 9
End
Bạn đang đọc truyện trên: Truyen247.Pro