
Ep8
အပိုင်း (၈) အိမ်ရှေ့စံမင်းသားအလည့်လာခြင်း၁
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
သူမ စာကြည့်တိုက်က အမှတ်မထင်ယူလိုက်မိတဲ့ ဆေးနတ်ဘုရားလျိုဝှက် သင်္ကေတက အကျိုး အများကြီးပြုလိမ့်မယ်လို့ မထင်ခဲ့ဘူး။
"ငါ ဘယ်အချိန်ကစပြီးတော့ လေ့ကျင့်လို့ ရမလဲ။"
သူမ ခဏတာတွေးလိုက်ပြီးတော့ သူမမေးလိုက်တယ်။ အခုချိန်မှာ လေ့ကျင့်ခြင်းကသာ သူမအတွက် အကောင်းဆုံးအရာပဲ။
"သခင် ကျွန်တော် ဆေးညွှန်းပေးလိုက်မယ်။ ဆေးမြစ်တွေကို သုံးပြီး ငါးရက်ဆက်တိုက် ရေချိုးမယ်ဆိုရင် သခင်အတွက် စိတ်စွမ်းအား လေ့ကျင့်နည်းကို ပေးမယ်။ ဆေးနဲ့ရေချိုးခြင်းက သခင်ခနာကိုယ်ကိုလေ့ကျင့်ဖို့ အထောက်ကူပြုတယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ သည်းခံရမယ် သခင်။ ကံကောင်းရင်တော့ ၅ရက်ကြာတာနဲ့ လေ့ကျင့်လို့ရပြီ။ စိတ်ဝိဉာဉ်ဆေးမြစ်တွေရှိရင်တော့ ၅ရက်နာကျင်စရာမလိုပဲ တစ်ရက်တည်းနဲ့ လုံလောက်တယ်။ ဒါပေမယ့် သခင့်လက်ရှိအင်းအားနဲ့ စိတ်စွမ်းအားလေ့ကျင့်ဖို့ ရောဂါ အားလုံး အားလုံး ပျောက်ကင်းတဲ့အထိ အချိန်၃လယူရမယ်။အချိန်အများကြီး ကြာမယ်။ စိတ်ဝိဉာဉ်အပင်ကို စိုက်ဖို့က အချိန်၃လယူရတယ်။ ဒါကြောင့် တခြားနည်းလမ်းကို ရွေးလိုက်တာ။ "
"ငါ နားလည်ပါတယ်။"ယွမ်လော့ဖုန်းလည်း ဆေးညွှန်းလေးကို လှမ်းယူလိုက်တယ်
"သြော် နင် ငါကို နင့်နာမည်မပြောရသေးဘူး။ နင့် နာမည်က ဘာလဲ။ "
"သခင် ကျွန်တော်နာမည်က ရှောင်မို။ ကျွန်တော် နာမည်ကို မမေ့ပါနဲ့။ "
ရှောင်မိုမျက်နှာမှာ တောက်ပတဲ့ အပြုံးလေးရှိနေတယ်။ သူမမေးသမျှကို နူးညံ့တဲ့ အသံလေးနဲ့ ပြန်ဖြေတယ်။ ယွမ်လော့ဖုန်း ဆေးညွှန်းစာရွက်လေးကို သိမ်းလိုက်တယ်။ သူမခေါင်းမော့လိုက်ပြီး ရှောင်မိုကို ကြည့်လိုက်တယ်။ ရုတ်တရက် ကလေးရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးကို မြင်တော့ ကလေးမျက်နှာလေးကို ကိုင်လိုက်ပြီး ပြုံးပြလိုက်တယ်။
"ရှောင်မို ငါ ဒီနေရာကို ရောက်နေတာကြာပြီး တခြားသူတွေ အလွယ်တကူ သိသွားမယ်။ ဒါပေမယ့် ဘယ်လိုပြန်ထွက်ရမလဲ ဆိုတာ ငါမသိဘူး။ "
ကောင်မလေးလက်ချောင်းလေးတွေက နွေးနေတာပဲ။ကလေး မျက်နှာလေး နီရဲသွားတယ်။ ကောင်မလေးစကားကိုကြားတော့ သူ့နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီးတော့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းလေးနဲ့ ကောင်မလေးကို ကြည့်လိုက်တယ်။
"သခင်က ပြန်တော့မလို့လား။ သခင် ဒီနေရာကို ရောက်နေတာ တခြားလူတွေ မသိပါဘူး ။တခြားလူတွေ အမြင်မှာ သခင်ကို အိပ်ပျော်နေတယ်လို့သာ ထင်နေမှာပါ။ ဆေးနတ်ဘုရား လျိုဝှက် သင်္ကေတ နေရာကို ဘယ်သူမှ တွေးမိမှာ မဟုတ်ပါဘူး။ "
စကားပြန်မပြောခင်မှာ သူမခဏတာ ငြိမ်နေလိုက်တယ်
"မင်း ဒီနေရာက ထွက်လို့ရလား။"
ရှောင်မို ခေါင်းခါလိုက်တယ်။ သူပမျက်လုံးထဲမှာ အထီးကျန်မှုတွေနဲ့ ပြည့်နေတယ်။
"သခင် ကျွန်တော်က လူသားလည်းမဟုတ်သလို စိတ်ဝိဉာဉ်သားရဲလည်း မဟုတ်ပါဘူး။
ကျွန်တော် ဝိဉာဉ်က ဆေးနတ်ဘုရား လျိုဝှက် သင်္ကေတကြောင့် မွေးဖွားလာရတာပါ။ ကျွန်တော်က လောကကြီးမှာ မတည်ရှိပါဘူး။ သို့သော်လည်း သခင်အင်အားရှိတဲ့ အချိန်ထိ စောင့်ရမယ်။ ဒါဆို ကျွန်တော် ဒီနေရာက ယာယီထွက်လို့ရမယ်။ ဒါပေမယ် ကျွန်တော် သခင်နဲ့ ၁၀၀မီတာ အကွားဝေးထိ ဝေးဝေး မနေနိုင်ဘူး။ "
'ရှောင်မို ငါ နင်ကို နောက်ဆုံး မေးခွန်းတစ်ခု မေးချင်တယ်။ နင် ငါကို ဘာလို့ ရွေးချယ်ရတာလဲ။
ဟွားရှားမှာ လူ၁၀သန်းကျော်ရှိတယ်။ နောက်ဆုံးမှာ သူမကို ဘာလို့ ရွေးချယ်လဲဆိုတာ နားမလည်နိုင်ဘူး။
"ကျွန်တော်လည်း သေချာမသိဘူး။" ရှောင်မို မျက်လုံးတွေက သံသယတွေကို ဖော်ပြနေတယ်။
"သခင်က ကျွန်တော်ကို အရင်ရွေးချယ်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ သခင်က ကျွန်တော်ကို စာကြည့်တိုက်ကသာ မယူလာခဲ့ရင် စာကြည့်တိုက်ထဲမှာ ပစ်ထားခံရမှာပါ။ ဒါကြောင့်လည်း ကျွန်တော်က သခင်ကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။"
.............
"ယွမ်လော့ဖုန်း ဒီနေရာကထွက်လာခဲ့တော့ သူမအိပ်ယာပေါ် လဲလျောင်းနေခဲ့တယ်။ သူမလက်က စာအုပ်တစ်အုပ်ကို ကိုင်ထားတယ်။ စာအုပ်နာမည်က ဆေးနတ်ဘုရား လျိုဝှက် သင်္ကေတ။ သူမ အိမ်မက် မက်နေတာမဟုတ်ခဲ့ဘူးဆိုတာ သက်သေပြနေတယ်။ "
"သခင်မလေး နိုးလာပြီးလား။ " အစေခံ ချင်ယန်က ယွမ်လော့ဖုန်း မျက်လုံးဖွင့်လာတာလည်ူတွေ့ရော် သူမနှလုံးသားတွေ ပျော်ရွှင်သွားတယ်။ သူမကို ခိုင်းထားတဲ့ အကြောင်းကို သတိရသွားတော့ သူမ မျက်နှာလေးညိုးနွမ်း သွားရတယ်။
"သခင်မလေး အိမ်ရှေ့စံမင်းသား ရောက်နေပါတယ်။ စစ်သူကြီးက အိမ်တော်မကြီးကို လာစေချင်ပါတယ်။ အစေခံက သခင်မလေးအိပ်ပျော်နေတာကြောင့် မနှောက်ယှက်ရဲပါဘူး။ အခု သခင်မလေး နိုးလာပြီးဆိုတော့ စစ်သူကြီးကို သွားသတင်းပို့လိုက်ပါမယ်။ "
Chapter -8
End
Bạn đang đọc truyện trên: Truyen247.Pro