
Ep79+80
အပိုင်း(၇၉)
ဖွတ်ဖွတ်ကြေသော ကျင်းလင်း(၁)
“ရုန်အကြီးအကဲ”
အဘိုးအိုနှစ်ယောက် စကားပြောနေစဉ် အတွင်းမှာပဲ လင်းရှောင်တစ်ယောက် အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာတယ်။ ဂါရဝပြုပြီးတော့ သတင်းပို့တယ်။
“ရုန်အကြီးအကဲကို သတင်းပို့ပါတယ်။ တော်ဝင်မျိုးနွယ်မှ တော်ဝင်သမားတော် ကျင်းလင်းက တွေ့ခွင့်တောင်းပါတယ်”
ကျင်းလင်း
ရုန်အကြီးအကဲ မျက်ခုံး တွန့်လိုက်ပြီးတော့ သူ့ပုံစံက နင်အကြီးအကဲနဲ့ စကားပြောနေသလို ပျော်ရွှင်မှု မရှိတော့ဘဲ စိတ်မရှည်စွာ စကားဆိုတယ်။
“တော်ဝင်မျိုးနွယ်က လူတွေကို ဘယ်သူမှ မတွေ့ဘူးလို့ ပြောထားတယ်လေ”
“သူပိုင်ဆိုင်တဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဆေးမြစ်ကို ရုန်အကြီးအကဲကို လက်ဆောင် ပေးချင်တယ်လို့ ပြောပါတယ်”
ကျင်းလင်း တံခါးအပြင်ဘက်မှာ ပြောခဲ့တဲ့ စကားအကုန်လုံးကို ရုန်အကြီးအကဲကို လင်းရှောင် သတင်းပို့ပါတယ်။ မသင့်တင်တဲ့ စကားကို ပြောနေသော်လည်း သူ့အသံက တည်ငြိမ်နေတယ်။
ကျင်းလင်းရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ဆေးမြစ်တွေကို တခြားလူတွေကတော့ ရတနာတစ်ပါးလို့ ယူဆချင် ယူဆလိမ့်မယ်။ သနားစရာ ကောင်းတာက ဆေးစံအိမ်တော်က နှစ်ရာချီ ဆေးမြစ်ကို ဂရုကို မစိုက်တာ။
“နှစ်ရာချီဆေးမြစ်က လက်ဆောင် ကြီးကြီးမားမားလား”
ရုန်အကြီးအကဲ လှောင်ပြောင်လိုက်တယ်။
“ကျင်းလင်းက ဆေးစံအိမ်တော်ကို လာပြီးတော့ ငါ့ကိုတွေ့ရတဲ့ အကြောင်းအရင်းကို လင်းရှောင် မင်းသိလား”
“ရုန်အကြီးအကဲ ကျင်းလင်းပုံစံက အရမ်းကို ပျာယာခတ် နေပါတယ်။ အိမ်ရှေ့စံမင်းသား ကိုယ်စား လာတာထင်တယ်။ တစ်ညတည်းနဲ့ အိမ်ရှေ့စံမင်းသားရဲ့ စိတ်စွမ်းအားတွေ အားလုံး ပျောက်ကွယ် သွားတယ်လို့ ဒီမနက် ကြားမိတယ်။ ကျင်းလင်းလည်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေ အားလုံး ကြိုးစားခဲ့ပြီးပြီတဲ့။ အခုချိန်ထိ ပြန်မကောင်းလာသေးဘူး။ ဒါကြောင့် တပည့်တော့ အိမ်ရှေ့စံ မင်းသားကြောင့် လာတယ်လို့ ထင်မိပါတယ်”
တစ်ညတည်းနဲ့ အိမ်ရှေ့စံမင်းသားရဲ့ စိတ်စွမ်းအားလုံး ဆုံးရှုံးသွားတာကို လုံယွမ်တစ်ခုလုံး သိတယ်။ ကျင်းလင်းရဲ့ ဆေးပညာနဲ့ ဆိုရင်တော့ အိမ်ရှေ့စံမင်းသားကို ဘယ်လိုမှ ကုသလို့ ရနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း ဆေးစံအိမ်တော်ကို အကူအညီ လာတောင်းတာ ဖြစ်နိုင်တယ်။
“ငါတို့ ဆေးစံအိမ်တော်က တော်ဝင်မျိုးနွယ်တွေကို မကုသဘူးလို့ ကျင်းလင်းကို ပြန်ပြီးတော့ သတင်းပို့လိုက်”
ရုန်အကြီးအကဲ အေးစက်စွာ စကားဆိုလိုက်တယ်။
နင် အကြီးအကဲလည်း ရုန်အကြီးအကဲကို အံ့ဩစွာ ငေးကြည့်နေမိတယ်။ ဆေးစံအိမ်တော်က သမားတော်တွေက မာနကြီးတယ်။ သမားတော် ပင့်ရတာလည်း ခက်ခဲတယ်။ တော်ဝင်မျိုးနွယ်ကို အမြဲ မျက်နှာသာ ပေးခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ အခုတခြား အဖွဲ့စည်းတစ်ခုက အိမ်ရှေ့စံမင်းသားထက် အရေးကြီးနေလို့လား။
တခြားအဖွဲ့စည်းက တောင်းဆိုလို့ ငြင်းရတာလား။
ရုန်အကြီးအကဲက အဘိုးအိုနှလုံးသားထဲမှာ ရှုပ်ထွေးနေတာကို နားလည်တဲ့သဘောနဲ့ ရှင်းပြတယ်။
“နင်အကြီးအကဲ .... ဒါရန်ရဲ့ မန်လော့အဆိပ်ကို ကုသပေးနိုင်တဲ့ ပါရမီရှင် တစ်ယောက်အကြောင်း ပြောခဲ့တယ်မလား။ ပါရမီရှင်နဲ့ အိမ်ရှေ့စံမင်းသားက ရန်သူတွေ။ အခုချိန်မှာ အိမ်ရှေ့စံမင်းသားကို ကယ်လိုက်ရင် သူမ မပျော်ရွှင်တော့ဘဲ ဒါရန်ကို ကုသပေးတော့မှာ မဟုတ်ဘူး။ ငိုရမယ့်လူက ငါဖြစ်သွားမယ်”
ထိုစကားကို ကြားပြီးနောက် နင်အကြီးအကဲ မှင်တက်သွားတယ်။
“တိုက်ဆိုင်လိုက်တာ။ ငါသင်္ဘောပေါ်မှာ သိခဲ့တဲ့ ပါရမီရှင်ကလည်း အိမ်ရှေ့စံမင်းသားနဲ့ ရန်ငြိုးရှိတယ်။ မနေ့ညက အိမ်ရှေ့စံမင်းသားကို ရင်ဆိုင်ဖို့ သက်သေအနေနဲ့ ကူညီခဲ့တယ်”
ရုန်အကြီးအကဲ ဆတ်ခနဲ တုန်သွားပြီးတော့ တစ်ခုခုပြောဖို့ ပြင်နေဆဲမှာတင် အပြင်ဘက်မှ ဆူညံသံကို ကြားလိုက်ရတယ်။ ကျင်းလင်း အော်သံကို ကြားနေရတယ်။
“တံခါးအပြင်ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ” ရုန်အကြီးအကဲ မတ်တတ် ရပ်လိုက်ပြီးတော့ မျက်မှောင်ကြုတ် လိုက်တယ်။
“လင်းရှောင် ... အပြင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ သွားကြည့်စမ်း။ ဘာလို့ ဆူညံနေတာလဲ”
“ဟုတ်ကဲ့” လင်းရှောင် ဂါရဝပြုပြီးတော့ တံခါးအပြင်ဘက်ကို ထွက်သွားတယ်။
***
အဓိက ခန်းမအတွင်းမှာ... ကျင်းလင်းရဲ့ ဒေါသတကြီး အကြည့်တွေက ပြိုင်ဘက်ကင်းလှပတဲ့ မိန်းကလေးကို ကြည့်နေတယ်။ သူ့မျက်ဝန်းထဲ အမုန်းမီးတောက်တွေက ခုန်ထွက်တော့ မလိုပဲ။
“ယွမ်လော့ဖုန်း... အဆိပ်ပြင်းတဲ့ မိန်းမ မနေ့ကလည်း မုဝူစွမ်းကို ရိုက်တယ်။ ဒီနေ့ ငါ့ရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့။ ငါ သတိပေးလိုက်မယ်။ အနာဂတ်မှာ ဝူစွမ်းကို ခက်ခဲအောင် လုပ်လို့ကတော့ ငါကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။
သူ့မျက်လုံးထဲမှာ ယွမ်လော့ဖုန်းက အမြဲတမ်း အမှိုက်မ။ ကောင်းတာ ဘာမှမရှိတဲ့ မိန်းကလေးက ထူးခြားတဲ့ ဆေးပညာ အရည်အချင်းရှိမယ်လို့ မယုံကြည်ဘူး။ အဘိုးအိုရဲ့ ရောဂါကို မခွဲခြားနိုင်ဘူးလို့ မုဝူစွမ်း ဝန်ခံခဲ့တယ်။
***
အပိုင်း(၈၀)
ဖွတ်ဖွတ်ကြေသော ကျင်းလင်း(၂)
အဘိုးက ယွမ်လော့ဖုန်း အများရှေ့မှာ အမှိုက်ဆိုတဲ့ ဂုဏ်ပုဒ်ကို လူအများရှေ့မှာ ဖယ်ရှားနိုင်ဖို့ ငှားထားတဲ့လူပဲ ဖြစ်ရမယ်။ မုဝူစွမ်းတောင် အခြေအနေကို အကဲဖြတ်လို့ မရတဲ့လူက အပ်တစ်ချောင်းတည်းနဲ့ နိုးလာအောင် ဘယ်လိုလုပ် လုပ်နိုင်မလဲ။
ယွမ်လော့ဖုန်းလည်း နွမ်းလျလျ မျက်ခုံးတွန့်လိုက်ပြီးတော့ သူမလမ်းကို ပိတ်ရပ်နေတဲ့ အဘိုးအိုကို မျက်စောင်းထိုး ကြည့်လိုက်တယ်။
သူမ ပြုံးလိုက်ပြီးတော့
“ရှင်မှားနေတဲ့ အချက်တစ်ချက် ရှိသေးတယ်။ မုဝူစွမ်းကို ရိုက်တဲ့လူက ကျွန်မ မဟုတ်ဘူး။ ကွမ်လန် ရိုက်တာ။ နောက်ပြီးတော့ ရှင့်ကြောင့်လည်း ဆေးစံအိမ်ကို လာတာမဟုတ်ဘူး။ ရုန်အကြီးအကဲကို တွေ့ဖို့ လာခဲ့တာ”
ဒီမနက် အစောကြီး ရုန်အကြီးအကဲက သူမကို ဖိတ်ကြားဖို့ လူတစ်ယောက် လွှတ်လိုက်တယ်။ ဒါကြောင့်လည်း ဒီနေ့ ဆေးစံအိမ်ကို လာခဲ့တာ။
ကံဆိုးပြီးတော့ ကျင်းလင်းနဲ့ လာတွေ့နေမယ်လို့ မထင်ထားဘူး။ ကောက်ချက် ချရမယ်ဆိုရင် ကွမ်လန် အခြေအနေကြောင့် လာခဲ့တာထင်တယ်။ ကံမကောင်းရှာဘူးပဲ။ သူမတားလိုက်ရင် ဆေးစံအိမ်တော်က လူတွေက ကုသပေးမှာ မဟုတ်ဘူး။
“ယွမ်လော့ဖုန်း” ကျင်းလင်း လှောင်ပြုံး ပြုံးလိုက်တယ်။ အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“နေ့တိုင်း ဆေးစံအိမ်တော်က ရုန်အကြီးအကဲကို လာတွေ့တဲ့လူတွေက မရေတွက်နိုင်အောင် များပြားတယ်။ နင်လို အမှိုက်မကို သူကတွေ့မယ်လို့ ထင်နေတာလား။ မုဝူစွမ်း လာတွေ့တာတောင် အငြင်းခံရတယ်။ နင်ဆို စာရင်းထဲ ထည့်စရာ မလိုအပ်ဘူး။ တချို့လူတွေက ကိုယ့်အကြောင်း ကိုယ်သိတယ်။ တချို့လူတွေက ဂုဏ်သိက္ခာမဲ့တဲ့ အလုပ်ကို ရှောင်ရှားတယ်”
ယွမ်လော့ဖုန်း ပျင်းရိစွာ သမ်းလိုက်ပြီးတော့ ကျင်းလင်းကို ကြည့်လိုက်တယ်။
“ကျွန်မသာ ရုန်အကြီးအကဲဆိုလည်း မုဝူစွမ်းလို ပါရမီလည်းမရှိ၊ ဗဟုသုတလည်း မရှိတဲ့လူကို တွေ့မှာ မဟုတ်ဘူး”
စကားတစ်လုံးပဲဖြစ်ဖြစ် အပြုအမူတစ်ခုပဲဖြစ်ဖြစ် ယွမ်လော့ဖုန်း သူမကိုယ်သူမ ရှုံးနိမ့်အောင် မလုပ်ဘူး။
ကျင်းလင်း အံ့ဩမှင်တက် သွားတယ်။ ဒီမိန်းကလေးက မောက်မာတဲ့ စကားတွေကို ပြောရဲတယ်ပေါ့။
မုဝူစွမ်းက ပါရမီလည်းနဲ့ ဗဟုသုတ မရှိဘူးတဲ့လား။ ရယ်စရာ အကောင်းဆုံး ကိစ္စပဲ။
“ယွမ်လော့ဖုန်း နင်က သွန်သင်ဆုံးမမှု မရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ။ နင့်မိဘတွေ စောစော သေသွားတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နင့်ကြောင့် ဒေါသထွက်ပြီး သေမှာပဲ”
ကျင်းလင်း အားရကျေနပ်စွာ ရယ်မောလိုက်တယ်။
သူက တော်ဝင်မျိုးနွယ်ရဲ့ တော်ဝင်သမားတော် တစ်ယောက်ဖြစ်တယ်။ ဘုရင်ကလည်း သူ့ကို မျက်နှာသာပေးတယ်။ စစ်ပွဲကြောင့်သာ စစ်သူကြီးယွမ်လော့ကို လိုအပ်ခဲ့တာ။ သို့သော်လည်း အဘိုးကြီး ယွမ်လော့ကို သူဘာမှ ကြောက်နေစရာ မလိုအပ်ဘူး။
ကျင်းလင်း ထိုစကားတွေကို စိတ်ထဲမှာသာ ပြောလိုက်တယ်။
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီးတော့ အန္တရာယ်ရှိတဲ့ အလင်းရောင်ကို သူမမျက်ဝန်းမှ မြင်လိုက်ရတယ်။ သူမအသံက အမြဲတမ်းကဲ့သို့ နွမ်းလျလျပဲ။ ဒါပေမဲ့ သူမအသံက တားဆီးတဲ့ အမိန့် တစ်ခုလိုပဲ။
“ယွမ်ရှောင် ရှင် သူ့ကို မသတ်ရင် ကောင်းမယ်”
ကျင်းလင်း လှောင်ပြုံး ပြုံးပြီးတော့ သူမကို ပြက်ရယ်ပြုဖို့ ပြင်နေစဲမှာ သူ့ခေါင်းပေါ်ကို အင်အား ကြီးမားပြီးတော့ ဖိနှိပ်တဲ့ စွမ်းအားတစ်ခု သူ့ပေါ်ကို ကျရောက်လာတယ်။ ကျင်းလင်း အသိပြန်ဝင်လာချိန်မှာ လက်သီးတစ်ဖက်က သူ့မျက်နှာပေါ်ကို ကျရောက်လာပြီးတော့ မိုးချုန်းသံကဲ့သို့ ကျယ်လောင်လွန်းတယ်။ သူ့ခန္ဓာကိုယ်က လွင့်စဉ်သွားပြီးတော့ လူအုပ်ထဲသို့ ပစ်လဲသွားတယ်။
“နင် လုပ်ရဲတယ်ပေါ့”
ကျင်းလင်း ဒေါသထွက်နေပြီးတော့ သူ့ဆီကို လမ်းလျှောက်လာတဲ့ လူက အေးစက်စွာ ကြည့်လိုက်တယ်။
“ငါက တော်ဝင်သမားတော်။ ငါ့ကို ထိခိုက်အောင်လုပ်ရင် တော်ဝင်မျိုးနွယ်ကို စော်ကားမှုနဲ့ ဖမ်းဆီးလို့ ရတယ်”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ သူမခန္ဓာကိုယ်ကို ငုံ့လိုက်ပြီးတော့ မြေပြင်ပေါ် လဲသွားတဲ့ ကျင်းလင်းကို ကြည့်လိုက်တယ်။
“ငါ နင့်ကို ရိုက်လိုက်တာလေ။ နင်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”
အထိန်းချုပ် မဲ့လွန်းတယ်။ မာန ထောင်လွှားလွန်းတယ်။ အပေါ်စီးက ပြောဆို ဆက်ဆံလွန်းတယ်။
လက်ရှိ ယွမ်လော့ဖုန်းက သူမ အရည်အချင်းကို ကြွကြွရွရွလေး ဖော်ပြတယ်။ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုက အပျော်ပါး လိုက်စားတဲ့ မျိုးဆက် တစ်ယောက်လို မောက်မာနေတယ်။
မှန်နေတာပဲ။ ဒီယွမ်လော့ဖုန်းက စစ်သူကြီးယွမ်လော့ရဲ့ တစ်ဦးတည်းသောမြေး။ စစ်သူကြီးက ချစ်လွန်းလို့ အလွန့် အလွန့် အလိုလိုက်ထားတဲ့ မြေးမလေး တစ်ယောက်။ မာန ထောင်လွှားလွန်းတဲ့ အထိ တကယ်ကို အရည်အချင်းတွေ ပိုင်ဆိုင်နေပြီလား။ သူမဘေးနားက မျက်နှာဖုံး တပ်ထားတဲ့ ကောင်လေးလည်း လုံးဝအားနည်းသူ တစ်ယောက် မဟုတ်ဘူး။ သူမကို တစ်ယောက်တည်း အပြင်ထွက်ဖို့ သံသယမရှိတာ အံ့ဩစရာ မလိုအပ်ဘူး။
“ယွမ်လော့ဖုန်း မင်းက မလျော်ကန်ဘူး။ ဒီနေရာက ဆေးစံအိမ်တော်။ ဆေးစံအိမ်တော်မှာ ပြဿနာ ရှာရဲတယ်ပေါ့။ မင်း အဘိုးလည်း မကယ်နိုင် ဖြစ်သွားမယ်” ကျင်းလင်း သူ့အနားကို လမ်းထပ်လျှောက်လာတဲ့ အေးစက်စက် ယောက်ျားကို မြင်လိုက်တယ်။ သူ့အကြည့်တွေက ကြောက်လန့်စေတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro