Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep75

အပိုင်း(၇၅)

မင်းလေးကို မပျော်ရွှင်အောင်လုပ်တဲ့ လူတိုင်း သေသင့်တယ်(၁)

 
ယွမ်အိမ်တော် ခန်းမဆောင်
တုနှိုင်းမဲ့စွာ လှပတဲ့  သူ့ရဲ့မြေးမလေး ထိခိုက်မှု ရှိမရှိကို အဘိုးအိုက သေချာစွာ စေ့စေ့စပ်စပ် ကြည့်ရှုနေတယ်။ သူ့မြေးမလေး ထိခိုက်မှု မရှိမှသာ သူ စိတ်အေးရမှာလေ။
“မြေးဆိုးလေး... တစ်ယောက်မှ မခေါ်သွားဘဲ ပွဲတော်ကို သွားတက်ရလား။ ကံကောင်းလို့ မြေးလေး ဘာမှမဖြစ်တာ။ မဟုတ်ရင် အဘိုးက မနက်ဖြန် အိမ်ရှေ့စံမင်း အိမ်တော်ကို သွားပြီးတော့ ပြဿနာရှာမလို့”
အဘိုးအိုရဲ့အသံက ပြစ်တင်ဝေဖန်တဲ့ သဘောကို ဆောင်နေသော်လည်း ယွမ်လော့ဖုန်း အတွက်တော့ စိုးရိမ်လွန်းလို့ ပြောနေတယ်လို့ ယူဆလိုက်ပါတယ်။
သူမနှလုံးသားထဲမှာ နွေးထွေး ကြင်နာမှုကို ခံစားရတယ်။
“သမီး ပြောခဲ့ပါတယ်။ သမီးက ဘယ်တော့မှ အကျိုးမဲ့သူ မဖြစ်စေရဘူး။ ခံစားရမယ့်လူက တခြားလူပဲ အမြဲတမ်း ဖြစ်လာစေရမယ်လို့။ တခြားလူတွေက သမီးကို အနိုင်မကျင့်စေရဘူး။ အနိုင်ကျင့်ခွင့်လည်း မပြုနိုင်ဘူး။ အိမ်ရှေ့စံမင်းသားက မုဝူစွမ်းကို ပါးရိုက်တဲ့ အထိဖြစ်အောင် ပွဲကြမ်းလာခဲ့တယ်”
ယွမ်လော့ အံ့ဩစွာ သူ့မြေးမလေးကို စိုက်ကြည့်နေမိတယ်။
“အိမ်ရှေ့စံမင်းသားက မုဝူစွမ်းကို ပါးရိုက်လိုက်တယ်လို့ ပြောလိုက်တာလား။ မဖြစ်နိုင်ပါဘူး။ စဉ်းစားကြည့်ရင် အိမ်ရှေ့စံမင်းသားက မုဝူစွမ်းကို အရမ်းချစ်တာလေ။ ဘယ်လိုဖြစ်ပြီးတော့ သူမကို ပါးရိုက်မလဲ”
ယွမ်လော့ဖုန်း မျက်ခုံးတွန့် လိုက်ပြီးတော့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ယွမ်လော့ကို တစ်ခုချင်းစီ ပြောပြတယ်။
“အိမ်ရှေ့စံမင်းသားက  အလောင်းအစား လုပ်ခဲ့တာ ရှုံးနိမ့်သွားတဲ့အတွက် သူကတိတည်ထားကို ဖြည့်ဆည်းပေးရတယ်။ ဒါပေမဲ့ တစ်ခုတော့ ပြင်ဆင်ထားသင့်တယ်။ အခုကစပြီးတော့ လူတွေအများကြီး အိမ်တော်ကို အလည်လာမယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ဘယ်သူကိုမှ မတွေ့ချင်ဘူး”
အမှန်တကယ်တော့ ယွမ်လော့ဖုန်းက သူမရဲ့ ဆေးပညာစွမ်းရည်ကို အစောကြီး ထုတ်ဖော်မပြသချင်ဘူး။ သူမ မုဝူစွမ်းကို သင်ခန်းစာ ပေးချင်ရုံပဲပါ။ ဒါကြောင့်လည်း သူမဆေးပညာ စွမ်းရည်ကို ထုတ်ဖော်ခဲ့ရတယ်။ ထိုကိစ္စကြောင့် ယွမ်အိမ်တော် မငြိမ်းမချမ်း ဖြစ်မှာကိုတော့ မလိုလားဘူး။
ယွမ်လော့ အံ့အားသင့်သွားတယ်။ ခဏအကြာတော့ ကျေနပ်မှုနဲ့ ပျော်ရွှင်စွာ ရယ်မောတော့တယ်။
“ဟား… ကောင်းတယ်။ အဘိုးရဲ့လိမ္မာတဲ့ မြေးလေးဖြစ်ဖို့ ထိုက်တန်တယ်။ ကောင်းကောင်း ကလဲ့စားချေခဲ့တာပဲ။ အမတ်ချုပ် မုအိမ်တော်က လူတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ မြင်ရတော့မယ်။ အထူးသဖြင့် ကျင်းလင်းပေါ့။ သူ့အကူအညီ မယူရရင် မြေးလေးက တစ်သက်လုံး အမှိုက်မ ဖြစ်နေမယ်လို့ ပြောခဲ့တယ်။ သူ့မျက်နှာကိုလည်း မုဝူစွမ်းနဲ့အတူတူ ထိုအချိန်တည်းက ပါးရိုက်သင့်တာ။ ပါးသာ အရိုက်ခံရလို့ကတော့ တစ်လောကလုံးကို ဘယ်လိုမျက်နှာနဲ့ အဆင်ပြေအောင် ရင်ဆိုင်မလဲဆိုတာ သိချင်မိတယ်”
ယွမ်လော့ဖုန်းလည်း ရင်ထဲက ကျေနပ်ပီတိဖြစ်စွာ ရယ်မောနေတဲ့ ယွမ်လော့ကို ငေးကြည့်နေလိုက်တယ်။ အဘိုးကို ငေးကြည့်နေရင်း သူမစိတ်တွေ ကြည်နူးမိတယ်။
“ဒီနှစ်တွေမှာ မုအိမ်တော်ကို တစ်ခုချင်း တစ်ခုချင်း သွေးကြွေး ဆပ်ခိုင်းမယ်။ အိမ်ရှေ့စံ မင်းသားကိုလည်း အလွတ်မပေးဘူး။ အဆင်ပြေ ချော့မွေ့တဲ့ ဘဝမှာ မနေစေရဘူး။ မနက်ဖြန်က စပြီးတော့ အိမ်ရှေ့စံမင်းသားက ရုတ်တရက် နေမကောင်း ဖြစ်တော့မယ်။ ဖုန်းအာကလွဲရင် ဘယ်သူမှ သူကို ကုသပေးနိုင်မှာ မဟုတ်ဘူး”
ထိုရည်ရွယ်ချက်ကြောင့်  သူမပွဲတော်ကို တက်ရောက်ခဲ့တာပါ။ သူတို့ရဲ့ တံခါးဝနားမှာ သူမကိုယ် သူမ အရှက်ခွဲခံဖို့ ပွဲတော်ကို သွားခဲ့မယ်လို့ ထင်နေတာလား။
သူမ ပွဲတော်ကို မသွားခင်တည်းက လုံလောက်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင် သွားပြီးသားလေ။ အိမ်ရှေ့စံမင်းသားကို အမှိုက်ဘဝ ရောက်အောင် ဆွဲချဖို့ပဲ။ အိမ်ရှေ့စံမင်းသား သတိမထားမိတဲ့ အချိန်မှာ သူ့ခန္ဓာကိုယ်ပေါ်ကို စိတ်စွမ်းအား လျော့နည်းမှုန့်ကို ဖြူးလိုက်တယ်။
ထိုဆေးက နာမည်အတိုင်းပဲ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားကို  ဆုံးရှုံးစေတယ်။ အိမ်ရှေ့စံမင်းသားလို လူမျိုးက စိတ်စွမ်းအား ဆုံးရှုံးရတာက သေတာထက်ကို ပိုပြီးတော့ နာကျင်စေတယ်။
ယွမ်လော့ပုံစံက ပိုပြီးတော့ အံ့ဩလာရတယ်။ ဒါပေမဲ့ သူ့မြေးမလေးက ဒီလိုအမှားမျိုး လုပ်ခဲ့မယ်လို့တော့ မထင်ထားခဲ့ဘူး။
ဒီနှစ်တွေမှာ အိမ်ရှေ့စံမင်းသားက သူမကိုအရှက်ခွဲခဲ့တယ်။ သူမသေတော့မယ့်အထိ ရက်စက်ခဲ့တယ်။ သူမ လက်တုံ့ပြန်တယ်ဆိုတာ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပဲ။
“မြေးဆိုးလေး” ယွမ်လော့ ပြုံးလိုက်တယ်။
“မြေးလေးမှာ အစီအစဉ် ရှိတယ်ဆိုတာ အဘိုးကို စောစော ဘာလို့ မပြောရတာလဲ။ အချိန်ကြာကြီး စိတ်ပူနေရတယ်။ အခုလည်း နောက်ကျနေပြီး စောစော အနားသွားယူတော့လေ”
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သန်းလိုက်ပြီးတော့
“ဖုန်းအာက ကိုယ့်ဘာသာ နာကျင်အောင် လုပ်မှာ မဟုတ်တာကြောင့် အဘိုး နောင်ဆို စိတ်ပူနေစရာ မလိုပါဘူး”
ညကောင်းကင်ယံ အောက်မှာ ယွမ်အိမ်တော်က အေးချမ်း သာယာနေတယ်။  သူမ ထူးဆန်းနေသလို ခံစားရတယ်။
သူမ ခန်းမဆောင်က ထွက်ခွာပြီးတော့ ယွမ်အိမ်တော်မှာ ထူးဆန်းတာ တစ်ခုကို နားလည်လာတယ်။ အရင်ကဆိုရင် သူမအိမ်ကို ပြန်လာတာနဲ့ ယွမ်ရှောင်က သူမရှေ့ကို ရောက်နေပြီးသားလေ။ အခုတော့ သူ အခုထိ ရောက်မလာသေးဘူး။
 

***

ာစဉ်(၃)ပြီးပါပြီ
ဆက်ပါဦးမည်။

***

Bạn đang đọc truyện trên: Truyen247.Pro