
Ep74
အပိုင်း(၇၄)
ကလဲ့စား
ကွမ်လန်ရဲ့လက်က မုဝူစွမ်းကို အကြိမ်များစွာ ရိုက်ခဲ့တယ်။ ခံစားချက်တွေလည်း မဲ့လာပြီး နှလုံးသားလည်း နာကျင်ရလွန်းလို့ ထုံထိုင်းနေပြီ ဖြစ်တယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ ခံစားချက်တွေ များပြီးတော့ မုန်တိုင်းထန်နေတာ ကိုတော့ ဘယ်သူမှ မသိပါဘူး။
ကွမ်လန်ရဲ့ တဖြည်းဖြည်း ထုံထိုင်းနေတဲ့ ပုံစံကိုကြည့်ရင်း မုဝူစွမ်း ပျော်ရွှင်လာတယ်။ သူမ မျက်နှာပေါ်က နာကျင်မှုကို တစ်ခဏချင်း မေ့လျော့သွားတယ်။
သူမ စွန့်စားခဲ့တာ အနိုင်ရပြီဆိုတာ သူမ သိခဲ့ပြီ။
ကွမ်လန်ကဲ့သို့ပဲ မုဝူစွမ်းလည်း တစ်ကိုယ်ကောင်း ဆန်ပါတယ်။ ကွမ်လန်ကို သူမချစ်ခဲ့တာ အဆင့်အတန်းကြောင့်ပါ။ အခု အလောင်းအစားကိစ္စနဲ့ ပတ်သက်ပြီးတော့ သူမနှလုံးသားထဲမှာ သူမကိုယ်တိုင်ထက် ကွမ်လန်ကို ပိုချစ်သလို လုပ်ရမယ်မလား။
သူမ စွန့်စားခဲ့တာကို အောင်မြင်ဖို့ အတွက် ပါးရိုက်တာကို လက်ခံခဲ့တယ်။
ယွမ်လော့ဖုန်းက သူမရဲ့ဆေးပညာကို ပြသပြီးတော့ ကွမ်လန် စိတ်ဝင်စားမှုရအောင် ပြုလုပ်နေတာပဲ။ ဒါပေမဲ့ ကွမ်လန်ကို တခြားမိန်းမတွေ စိတ်ဝင်စားခွင့် ဘယ်လိုလုပ် ခွင့်ပြုနိုင်မလဲ။ ဒါကြောင့် ကွမ်လန်ကို သူမပါးကို ရိုက်ခွင့်ပေးခဲ့တာ။ ဒါဆို ယွမ်လော့ဖုန်းကို ကွမ်လန်ရဲ့ အမုန်းတွေ ပိုကြီးမားလာရုံသာမက သူ့နှလုံးသားထဲမှာ အပြစ်ရှိသလို ခံစားလာစေရမယ်။
သူမ ယုံကြည်တယ်။ ဒီနေ့ကစပြီးတော့ ကွမ်လန်က သူမကို ပိုပြီးတော့ ချစ်လာမယ်။ ယွမ်လော့ဖုန်းကို ထားတဲ့ အမုန်းတွေလည်း တိုးလာစေရမယ်။
“အရမ်းလည်း နောက်ကျနေပြီ။ အခုချိန် မပြန်ရင် အဘိုးက ကျွန်မ ပြန်လာတာကို မျှော်နေတော့မှာပဲ”
ယွမ်လော့ဖုန်း ပြုံးလိုက်ပြီးတော့ ဝက်မျက်နှာ ဖြစ်နေတဲ့ မုဝူစွမ်းကို လှမ်းကြည့်လိုက်တယ်။
“မုဝူစွမ်း... အိမ်ကိုပြန်ပြီးတော့ မုဝူစွမ်းကို ပြောလိုက်ပါ။ အတိတ်မှာ ယွမ်အိမ်တော်ကို အနိုင်ယူခဲ့လည်း ယွမ်လော့ဖုန်း တဖြည်းဖြည်းချင်း ပြန်အကြွေးဆပ် ခိုင်းမယ်လို့ ပြောလိုက်ပါ”
လုံယွမ်တိုင်းပြည်မှာ မုအိမ်တော်နဲ့ ယွမ်အိမ်တော် မသင့်မြတ်တာက လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘူး။ ယွမ်လော့ဖုန်း စကားသံကို ကြားပြီးနောက် အားလုံးက မရပ်မနား သက်ပြင်းချတယ်။
သို့သော်လည်း စစ်သူကြီးယွမ်လော့လည်း သူ့မြေးမကဲ့သို့ မရဲတင်းပါဘူး။ လူကြားထဲမှာတော့ ထိုစကားကိုတော့ မပြောရဲပါဘူး။
“မိန်းကလေးယွမ်”
နင်ရှင်းက ယွမ်လော့ဖုန်း ထွက်သွားတော့မှာကို သိနေတာကြောင့် သူမခြေလှမ်းတွေ ရပ်သွားဖို့ အလျင်အမြန် ခေါ်လိုက်တယ်။
“ရှင်က ကျွန်မအဘိုး အသက်ကို ကယ်ခဲ့တယ်။ ကျွန်မ ထမင်း ဖိတ်ကျွေးချင်ပါတယ်။ အဆင်ပြေလား။ လိုက်ခဲ့လို့ရလား”
ယွမ်လော့ဖုန်း နင်ရှင်းဘက်ကို နောက်လှည့်လိုက်ပြီးတော့ မျက်ခုံးတွန့်လိုက်တယ်။
“ဒီနေ့ကိစ္စကို အဘိုးကို သွားပြန်ပြောပြရဦးမယ်။ ခွင့်ပြုချက်လည်း တောင်းရဦးမယ်။ ရှင့်ဖိတ်ကြားချက်ကို လက်မခံနိုင်မှာ စိုးရိမ်မိတယ်”
“မနက်ဖြန်ဆို အဆင်ပြေလား” နင်ရှင်း မျက်တောင်ခတ် လိုက်တယ်။
“မနက်ဖြန်မှာ အားလပ်တဲ့အချိန် ရှိလား”
ယွမ်လော့ဖုန်း ထိုအကြောင်းကို ခဏတာ တွေးတော ချိန်ဆလိုက်ပြီးတော့
“ရှင် ကျွန်မကို လုံယွမ်တည်းခိုခန်းမှာ စောင့်နေလိုက်ပါကျွန်မ လာရှာမယ်”
သူမ နောက်ဘက်က လူတွေကို လက်ပြနှုတ်ဆက် လိုက်ပြီးတော့ သင်္ဘောပေါ်က ဖြည်းညင်းစွာ ဆင်းသွားတယ်။ အမှောင်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
ကွမ်ရှောင်ချိန် မျက်မှောင်ကြုတ် လိုက်ပြီးတော့ ယွမ်လော့ဖုန်း ထွက်သွားတဲ့ ဦးတည်ရာကို ငေးကြည့်ပြီး သရော်စွာ စကားဆိုတယ်။
“မင်း အခုချိန်မှာ ဘယ်လောက်ပဲ တင်းမာ ခက်ထန်နေပါစေ။ တစ်နေ့မှာ ငါ့အပေါ် နူးညံ့လာမှာပါ။ ဒီမင်းသားလေးက မင်းနဲ့ လုံးဝ မချစ်နိုင်ဘူးဆိုတာ မယုံကြည်ဘူး”
ညကောင်းကင်ယံမှာ စစ်သူကြီး အိမ်တော်က တည်ငြိမ် အေးချမ်းနေတယ်။ ယောက်ျား တစ်ယောက်က ညကောင်းကင်ယံအောက်မှာ ရပ်နေတယ်။ ထိုသူရဲ့မင်ကဲ့သို့ မည်းနက်နေတဲ့ ဆံပင်တွေက လေထဲ တဖြူးဖြူး လွင့်နေတယ်။ သူ့ရဲ့အမည်းရောင် ဝတ်စုံက ထိုလူရဲ့ အရပ်ရှည်ရှည် ဖြောင့်ဖြောင့် တင်းတင်း ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တယ်။ အနှစ်ချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့မျက်နှာ အနေအထားက အေးစက်လွန်းတယ်။ နတ်ဘုရားတွေ မနာလို ဖြစ်ရလောက်တဲ့အထိ ပြည့်စုံလွန်းတယ်။
ထိုအမျိုးသားက အဝါရောင် စာအုပ်ကို ကိုင်ထားတယ်။ (ယွမ်လော့ဖုန်း ဖတ်ခိုင်းတဲ့ စာအုပ်)။ ဓားသွားကဲ့သို့ မျက်ခုံးက မျက်မှောင်ကြုတ် နေတယ်။ စိုးရိမ်မှုက သူ့မျက်နှာမှာ မြင်နေရတယ်။
လင်းချုံးက အဝါရောင် စာအုပ် (ချွိုင်းကုန်းတု)
(မိန်းမကျမ်း) ကိုပေးခဲ့တယ်။ လင်းချုံး ပြောတာတော့ အဝါရောင် စာအုပ်ထဲက ရုပ်ပုံတွေကို သရုပ်ဖော်ချင်ရင်တော့ ယွမ်လော့ဖုန်းနဲ့ အတူတူကြိုးစားတာ အကောင်းဆုံးလို့ သတိပေးခဲ့တယ်။ သို့သော်လည်း သူ... ထိုရုပ်ပုံတွေကို စေ့စေ့စပ်စပ် နားမလည်ဘူး။
အခုချိန်ထိ အဝါရောင် စာအုပ်ကို ဖွင့်မဖတ်ဖူးတဲ့ ယောက်ျားလေးဆိုတာ ရှိသေးတယ်လား။
“စစ်သူကြီး သခင်မလေး ပြန်လာပါပြီ”
သူမ ပြန်လာပြီလာ။ ချင်ယန်ရဲ့စူးရှတဲ့ အော်သံကို ကြားပြီးနောက် သူ့ရဲ့အေးစက်တဲ့ အမည်းရောင် မျက်ဝန်းတွေက မှေးမှိန်သော အလင်းရောင်နဲ့ အတူ ဝင်းလက်လာတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro