
Ep73
အပိုင်း(၇၃)
အမှန်တကယ်ပါးရိုက်ခြင်း(၅)
ကွမ်လန် နှလုံးသား နာကျင်ရတယ်။
“ဝူစွမ်း... စိတ်မပူပါနဲ့။ ဒီနေ့ ကိုတို့တွေ အရှက်ခွဲခံရတာကို အနာဂတ်မှာ အဆပေါင်း ၁၀ဝလောက် သူမ ပြန်ခံစားစေရမယ်”
မုဝူစွမ်း ပြုံးလိုက်တယ်။ သူမအပြုံးမှာ ပူပင်သောကနဲ့ နာကျင်မှုကို ခံစားရတယ်။ ထိုအပြုံးက ကွမ်လန်နှလုံးသားကို ပိုနာကျင်စေတယ်။ သူ့နှလုံးသားထဲမှ ယွမ်လော့ဖုန်းကို မုန်းတဲ့ အမုန်းတရားကလည်း ပိုနက်နဲလာတယ်။
ဖြန်း(ပါးရိုက်သံ)
ကွမ်လန်လည်း တုန်ရီနေတဲ့ သူ့လက်ကို မြှောက်လိုက်ပြီးတော့ မုဝူစွမ်း မျက်နှာကို နူးညံ့့ကြင်နာစွာ ရိုက်လိုက်တယ်။ သူ့ရိုက်ချက်က သူမပါးပေါ်မှာ ဖုန်မှုန့်တင်နေလို့ ခါပေးနေသလိုပဲ။ လုံးဝကို အင်အား မသုံးဘူး။
“ရှင် ဒီနှုန်းနဲ့သာ ရိုက်နေရင်တော့ မရပ်မနား တစ်ညလုံး ရိုက်နေရမှာပဲ” ယွမ်လော့ဖုန်းလည်း ကြင်နာစွာ သတိပေးလိုက်တယ်။
ယွမ်လော့ဖုန်းရဲ့ စကားကို ကြားပြီးနောက် မုဝူစွမ်း ကြိုးစား ပြုံးလိုက်ပြီးတော့
“အိမ်ရှေ့စံမင်းသား... မုဝူစွမ်းကို သနားနေစရာ မလိုအပ်ပါဘူး။ မုဝူစွမ်းက နာကျင်မှုနဲ့ သိမ်ငယ်မှုကို မကြောက်ပါဘူး”
ကွမ်လန် နှလုံးသားလည်း အနည်းငယ် တုန်လှုပ်သွားတယ်။ ဒီလောက်လှပတဲ့ မျက်နှာလေးကို မြင်ရတာ ဘယ်လို ရိုက်ရက်မလဲ။
“မုဝူစွမ်း တောင်းပန်ပါတယ်” ကွမ်လန် သူ့မျက်လုံးတွေကို အနည်းငယ် ပိတ်လိုက်တယ်။ ပြန်ဖွင့်လိုက်တဲ့ အချိန်မှာ သူ့မျက်ဝန်းထဲက သူလုပ်ရမယ့် တာဝန်ကို သိမြင်လာပြီးတော့ မုဝူစွမ်းပါးကို ရက်စက်စွာ ရိုက်လိုက်တယ်။
ဖြန်း
ရိုက်သံက ကျယ်လောင်စွာ ပဲ့တင်ထွက်လာတယ်။ ထိုမြင်ကွင်းက အားလုံး မထင်မှတ်ထားတဲ့ မြင်ကွင်းပဲ။ အခန်းထဲမှာ အားလုံး တိတ်ဆိတ်နေတယ်။
မုဝူစွမ်းရဲ့ ဘယ်ဘက်ပါးက ချက်ချင်းနီရဲပြီး ဖောင်းပွလာတယ်။ နာကျင်လွန်းတဲ့အတွက် သူမမျက်ဝန်းမှ မျက်ရည်တွေ ကျဆင်းလာတယ်။ ဒါပေမဲ့ သူမ ခေါင်းမာစွာ ဆက်ပြီးတော့ သည်းခံနေတယ်။
အမတ်ချုပ် မုအိမ်တော်က ချစ်လှစွာသော သမီးလေး တစ်ယောက်အဖြစ် ဆံပင်တစ်မွေးတောင် မလျော့ဘူး။ ပါးကိုနာကျင်စွာ ရိုက်ခံရဖို့ဆိုတာ ဝေးလာဝေး။ အခုတော့ ယွမ်လော့ဖုန်းကြောင့် လူအများရှေ့မှာ အရှက်ခွဲခံရပြီ။ သူမ ထိုအကြွေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။
တကယ်တမ်းက မုဝူစွမ်းက သေချာ မတွေးတောလို့ပါ။ အိမ်ရှေ့စံမင်းသားက သူမကို သူ့ကိုယ်သူထက် ပိုချစ်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူ စကားမတည်တဲ့ လူလိမ် လူညာအဖြစ် အပြောခံမယ်ဆိုရင် သူမကို အနည်းငယ်မျှ နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ အိမ်ရှေ့စံမင်းသားက သူ့ကိုယ်သူသာ ရွေးချယ်ခဲ့တာပါ။
ဖြန်း
ဖြန်း ဖြန်း ဖြန်း
ကွမ်လန်ရဲ့ ပါးရိုက်ချက်က မုဝူစွမ်းပါးပေါ်မှာ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ရိုက်နေတယ်။ ထိုရိုက်ချက်တွေက သူ့နှလုံးသားကို ထုရိုက်နေသလိုပါပဲ။ နာကျင်ရတယ်။ ဒါပေမဲ့ သူ့ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး တွေးလိုက်တော့ မုဝူစွမ်းကို အကြင်နာမဲ့စွာ အဆက်မပြတ် ရိုက်နှက်နေမိတယ်။
“ဒီနေ့ပွဲက အရမ်း အံ့ဩဖို့ ကောင်းတယ်” ကွမ်ရှောင်ချိန် ပြုံးလိုက်တယ်။ နူးညံ့တဲ့မျက်နှာမှာ ရွှင်မြူးတဲ့ အပြုံးရှိနေတယ်။
“ဒီနေ့ အခြေအနေမှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် တူတယ်။ ငါပြောတဲ့စကားကို စိတ်ထဲ ထားပေးပါလား”
ယွမ်လော့ဖုန်းလည်း သူမလက်ကို ပိုက်လိုက်ပြီး ရင်ဘတ်အနား ထားလိုက်ပြီးတော့ တံခါးကို မီလိုက်တယ်။ ကွမ်ရှောင်ချိန်ရဲ့ စကားကို ကြားပြီးနောက် မျက်ခုံးပင့် နတ်ဖက်တဲ့ စုံတွဲတွေလို
“ရှင်နဲ့ ကျွန်မက ရှင်းနှီးလို့လား။
“အို့” ကွမ်ရှောင်ချိန်လည်း သူ့ပါးကို ပွတ်လိုက်ပြီးတော့ သူ့ရဲ့ကောက်ကျစ် စဉ်းလဲတဲ့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ငါတို့နှစ်ယောက် အတူတူ ချစ်ကြည်နူးလိုက်ရင် မရင်းနှီးဘဲ မနေပါဘူး။ မနက်ဖြန် နံပါတ်၄ မင်းသားလေးရဲ့ အိမ်တော်ကို လာခဲ့ပါလား။ အတူတူ အိပ်ရာဝင်ပြီး ချစ်ကြည်နူးမယ်လေ”
“မင်းသားအိမ်တော်ရဲ့ ဝင်ပေါက်မှ ညာဘက်ကို လှည့်ပြီး လမ်းကြားလေးထဲကို ဝင်လိုက်လေ။ လုံယွမ်မှာ နာမည်အကြီးဆုံး အပျော်စံအိမ်ကို မြင်ရလိမ့်မယ်။ ရှင် အဲ့အိမ်တော်ကို သွားရင်တော့ စိတ်တိုင်းကျ လိုချင်တဲ့လူနဲ့ ချစ်ကြည်နူးလို့ရတယ်” ယွမ်လော့ဖုန်းလည်း ကွမ်ရှောင်ချိန်ကို စိတ်ပျက်စွာ ကြည့်လိုက်တယ်။ နူးညံ့တဲ့ ယဉ်ကျေးတယ်လို့ ထင်ရတဲ့ ယောက်ျားက ဒီလို မြှူဆွယ်တတ်တယ်လား။ လုံးဝ မထင်ထားမိဘူး။
နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် သူမ အဖြူထည်လေး ယွမ်ရှောင်ကို ပိုပြီးတော့ စိတ်ဝင်စားတယ်။
ကွမ်ရှောင်ချိန်လည်း ပြုံးလိုက်ပြီးတော့
“အလွယ်တကူ ချစ်ကြည်နူးလို့ရတဲ့ မိန်းမတွေကို ဒီမင်းသား တကယ်ကို စိတ်မဝင်စားဘူး။ လော့ဖုန်းလေးလို စိတ်ဝင်စားဖို့ မကောင်းဘူး။ ချစ်ကြည်နူးဖို့ ခက်ခဲတဲ့ မင်းနဲ့ယှဉ်ရင် အားလုံးက အနှောင့်အယှက်ပဲ”
“မဆိုးပါဘူး”ယွမ်လော့ဖုန်း သဘောတူသလို ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။
“နင်ပြောတာ မှန်တာတွေလည်း ရှိပါတယ်။ အလွယ်တကူ ချစ်ကြည်နူးလို့ရတဲ့ လူတွေက စိတ်ဝင်စားစရာ မကောင်းဘူး။ နံပါတ်၄ မင်းသားလေးပဲ အပေါစားဆန်တာတွေနဲ့ ချစ်ကြည်နူးလိုက်ပါ”
ကွမ်ရှောင်ချိန် မျက်နှာက အံ့ဩ မှင်တက်သွားတယ်။ သူ့ကိုယ်သူ မြှုပ်နှံဖို့ တွင်းတစ်ခု တူးထားချင်လာတယ်....
ကွမ်လန် အကြိမ်အရေတွက် ဘယ်လောက်ထိ ရိုက်လိုက်လဲ ဆိုတာတော့ မသိဘူး။ မုဝူစွမ်း ပါးနှစ်ဖက်လုံးက ဖောင်းပွလာပြီး ဝက်ခေါင်းကဲ့သို့ ဖြစ်နေပြီး လှပ ကြော့ရှင်းတဲ့ ပုံစံကို မပိုင်ဆိုင်တော့ဘူး။ လှပတဲ့ မျက်ဝန်းတွေက မျက်ရည်စက်တွေနဲ့ စိုရွှဲနေပြီဖြစ်တယ်။ အားနွဲ့လာပြီးတော့ အသည်းနှလုံး ကွဲကြေနေရတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro