Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep71

အပိုင်း(၇၁)

အမှန်တကယ်ပါးရိုက်ခြင်း(၃)

 

ကွမ်လန် ကျေနပ်အားရစွာ ရယ်မောလိုက်တယ်။ သူ့မျက်ဝန်းတွေက ရယ်မော လှောင်ပြောင်မှုတွေကို သရုပ်ဖော်နေတယ်။ သူ ယွမ်လော့ဖုန်းကို ပိုပြီးတော့ ပြက်ရယ်ပြုချင်တယ်။ သို့သော်လည်း သူ့မျက်နှာမှ အမူအရာက တစ်ခဏချင်း အံ့ဩမှုကြောင့် မှင်တက်သွားတယ်။
သင်္ဘောကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ အစက သေဆုံးတော့မယ်လို့ ယူဆထားတဲ့ အဘိုးအိုရဲ့မျက်ခွံ အနည်းငယ် လှုပ်ခတ်လာတယ်။ လူတိုင်း ကြည့်နေစဉ်မှာ အဘိုးအိုရဲ့ မျက်လုံး ပွင့်လာတယ်။
လူတိုင်း မှင်တက်သွားတယ်။ လူတိုင်းက သူတို့ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို မယုံကြည်ရဲဘူး။
အမှိုက်မ ယွမ်လော့ဖုန်းက တကယ်ကို ဆေးပညာကို သိနေခဲ့တာလား။ ပုရွက်ဆိတ်က ဆင်ကို အဓမ္မကျင့်ကြံတယ် ဆိုတဲ့ စကားထက် ပိုပြီးတော့ ထူးဆန်းတယ်။
“အဘိုး”
အားလုံး တွေဝေမိန်းမောနေတဲ့ အချိန်မှာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးရဲ့အသံကို ကြားလိုက်ရတဲ့ အချိန်မှာ တိတ်ဆိတ်မှုကို ပြိုကွဲသွားတယ်။
“အဘိုး သတိရလာပြီလား။ အဘိုး နောက်ဆုံးတော့ သတိရလာပြီ။ သမီး သေမလို ကြောက်နေခဲ့တာ”
မိန်းမပျိုလေးက စိတ်လှုပ်ရှားစွာ အဘိုးအိုရဲ့ လက်ကို ဆောင့်ဆွဲနေပြီးတော့ အေးစက်နေတဲ့ သင်္ဘောကြမ်းပြင်မှ အဘိုးအိုကို ဆွဲထူတယ်။ သူမ ယွမ်လော့ဖုန်းဘက်ကို လှည့်လိုက်ပြီးတော့
“ကျေးဇူးတင်ပါတယ်။ ကျေးဇူး တကယ်တင်ပါတယ်။ ကျွန်မအဘိုးကို အသက် ကယ်လိုက်တာက နင့်မိသားစု တစ်ခုလုံးကို ကယ်လိုက်သလိုပါပဲ။ ဘယ်လို ကျေးဇူးတင်သင့်လဲ ဆိုတာ မသိတော့ပါဘူး”
အဘိုးအိုက နိုးလာပြီးနောက် သူ့မျက်ဝန်းတွေမှာ ကျေးဇူးတင်နေတဲ့ လအရိပ်ယောင်တွေကို မြင်နေရတယ်။
“ဒီခေါင်းဖြူ အဘိုးအိုကို ကယ်လိုက်တာ မိန်းကလေးလား။ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးက ဆေးပညာ ထူးချွန်မယ်လို့ မထင်ထားဘူး။ အခု တစ်ကိုယ်လုံးမှာ စွမ်းအင်တွေ ပြည့်လာသလို ခံစားရတယ်။  ဖျတ်လတ်မှုလည်း ပိုကောင်းလာတယ်။ မိန်းကလေး… ဒီခေါင်းဖြူ အဘိုးအိုရဲ့ ရောဂါကို လုံးဝ ပျောက်ကင်း သွားအောင် ကုသနိုင်လား”
“ကုသနိုင်ပါတယ်”
ယွမ်လော့ဖုန်းအဖြေက လုံးဝကို ယုံကြည်ချက် ရှိလွန်းတယ်။
“လဝက်လောက် ကြာပြီးရင် ကျွန်မ အဘိုးကို လုံးဝ ပျောက်ကင်း သွားအောင် ကုသနိုင်ပါတယ်”
သူ ထိုမေးခွန်းကိုမေးတဲ့ အချိန်မှာ မျှော်လင့်ချက် အရမ်း မထားရဲပါဘူး။ ယွမ်လော့ဖုန်းက သူ့ကို သတိရလာအောင် ကုပေးနိုင်တာက အတော်ကို ကံကောင်း နေပါပြီ။ လုံးဝ အမြစ်ပျောက် ထာဝရ ကုသနိုင်ဖို့ ဆိုတာ သူ့မှာ မျှော်လင့်ချက် မရှိပါဘူး။
ယွမ်လော့ဖုန်းက သူ့ကို တိကျသေချာတဲ့ အဖြေပေးမယ်လို့ မထင်ထားခဲ့ဘူး။
တစ်ခဏအတွင်းမှာ အဘိုးအိုရဲ့နှလုံးသားက ပေါက်ထွက်တော့မတတ် ခုန်နေမိတယ်။ ကျေနပ် ပျော်ရွှင်မှုကို ခံစားရတယ်။
“မိန်းကလေး… အဘိုးတို့မိသားစု မျိုးရိုးနာမည်က 'နင်'။ မင်း အဘိုးကို အကြီးအကဲ 'နင်'လို့ ခေါ်နိုင်တယ်။ ဒီမိန်းကလေးက အဘိုးရဲ့မြေးလေး နင်ရှင်း။ အသက်တူတူလောက်ပဲ ထင်တယ်။ သူငယ်ချင်းတွေ ဖြစ်နိုင်တာပဲ။ ဒီနိုင်ငံမှာ ရှိနေတဲ့ အချိန် အတိုင်းအတာ အတွင်း မြေးလေးကို ယွမ်လော့ဖုန်း နောက်ကို လိုက်ခွင့်ပြုမယ်။ သမီးလေး တောင်းဆိုစရာရှိရင် အဘိုးကို ပြောပါ”
အကြီးအကဲ 'နင်'က နင်ရှင်းကို သူမနောက်လိုက်ဖို့ တကယ် ခွင့်ပြုပေးခဲ့တာပါ။ သူ့မှာ အကြောင်းပြချက် ရှိပါတယ်။ သူ့မြေးမလေးရဲ့ မွေးရာပါ အရည်အချင်းက ထူးချွန်သော်လည်း ရရှိတဲ့ ပညာရပ်တွေက မပြည့်စုံသေးဘူး။ အချိန်ရှိခိုက် ယွမ်လော့ဖုန်း နောက်လိုက်ပြီးတော့ ပညာ ဆည်းပူးခိုင်းတာ။
နောက်ပြီးတော့ ယွမ်လော့ဖုန်းက သူ့ရောဂါကို တကယ်ကုသနိုင်ရင် ဆေးစံအိမ်တော် သမားတော်တွေထက် သာလွန်နေမှာပဲ။ သူမနဲ့ မိတ်ဆွေဖြစ်ရတာ အကျိုးများတယ်။ ဘေး မဖြစ်စေဘူး။
“ငြင်းစရာ မရှိပါဘူး”
ယွမ်လော့ဖုန်း သူမပခုံးကို တွန့်လိုက်တယ်။ အပြုံးရိပ်နဲ့ ကွမ်လန်ကို ကြည့်လိုက်တယ်။  မဲ့ပြုံး ပြုံးလိုက်တယ်။
“အိမ်ရှေ့စံမင်းသား... ကတိပေးထားတာကို ဖြည့်ဆည်းပေးသင့်ပြီ ထင်တယ်နော်”
အိမ်ရှေ့စံမင်းသား ပုံစံက ကြည့်မကောင်း ရှုမကောင်း ဖြစ်လာတယ်။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်းထားတဲ့ လက်သီးတွေက တဆတ်ဆတ် တုန်လာတယ်။ ဒေါသထွက်စွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း မင်း... ရည်ရွယ်ချက်ရှိရှိ လုပ်တာလား”
သူ ဘယ်လိုလုပ် ယွမ်လော့ဖုန်းက ဆေးပညာတတ်တယ် ဆိုတာ ဖြစ်နိုင်မလဲ။ သူ မမျှော်လင့်ထားမိဘူး။ သူမက အခုမှ စတင်လေ့လာတာပဲ ရှိသေးတာလေ။ ဘယ်သူမှ သူမကိုလည်း မသင်ပေးခဲ့ဘူး။ ဘယ်လို ဖြစ်ရတာလဲ။
ကွမ်လန်နဲ့ တခြားလူတွေ အားလုံး ပြောစရာ စကားမဲ့သွားတယ်။ သူတို့ ဘယ်လိုပဲတွေးတွေး စဉ်းစားမရ ဖြစ်နေတယ်။ စောနက သူတို့တွေ ယွမ်လော့ဖုန်းကို သရော်ခဲ့တယ်။ သူတို့တွေ နာကျင်သော နှလုံးသားနဲ့ ပူလောင်မှုကို ခံစားရတယ်။ (မျက်နှာ ပူလာတယ်။ ရှက်လာတယ်ပေါ့။) ရှက်လွန်းလို့ တွင်းတူးပြီး ပုန်းနေချင်လာတယ်။
မုဝူစွမ်း ညွှန်ကြားပြသတဲ့ အချိန်မှာ ယွမ်လော့ဖုန်းက ဂရုမစိုက်တာကြောင့် တခြားလူရဲ့ ကောင်းမွန်တဲ့ စိတ်ထားကို အသိမှတ်မပြုဘူးလို့ ယုံကြည်နေခဲ့တာ။
မုဝူစွမ်းရဲ့အခြေခံ ဆေးပညာလေးနဲ့ သူမကို ဆရာလာလုပ်လို့ ရမလား။ သူမက မုဝူစွမ်းကို သင်ကြားပေးတယ် ဆိုတာ ပိုသင့်လျော်တဲ့ ကိစ္စလေ။ ရယ်စရာ ကောင်းလိုက်တာနော်။ မုဝူစွမ်းရဲ့ သင်ကြားမှုနဲ့ဆို ၁၀နှစ်လောက် သင်ယူနေရမှာ။
မုဝူစွမ်းက ကြောက်လန့် တုန်လှုပ်ဖွယ် အရှက်ရမှုကို ဂရုမစိုက်ခဲ့တာလား။ 
လူတွေ အများကြီးကြားမှာ အရှက်ရ မျက်နှာပျက်ရမယ့်လူက တခြားလူထက် မုဝူစွမ်းကိုယ်တိုင်ပဲ ဖြစ်တယ်။
ယွမ်လော့ဖုန်းရဲ့ အပြုအမူတွေက သူမမျက်နှာကို ကရုဏာကင်းမဲ့စွာ ပါးရိုက်စေချင် နေတာလား။ သူမနှလုံးသားထဲမှ သဝန်တိုမှု၊ မနာလိုမှု၊ အမုန်းတရားတွေ ဖြစ်ပေါ်စေတယ်။ သူမရဲ့ ကျက်သရေရှိတဲ့ ပုံစံကို ထိန်းသိမ်း မထားနိုင်တော့ဘဲ မကောင်းကြံစည်တတ်ပြီး လှပတဲ့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်နေလိုက်တယ်။
 

***

Bạn đang đọc truyện trên: Truyen247.Pro