Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep70

အပိုင်း(၇၀)

အမှန်တကယ် ပါးရိုက်ခြင်း(၂)

 
ချစ်ဖို့ကောင်းတဲ့ မိန်းကလေးက အံ့ဩမှင်တက်သွားတယ်။ အလိုက်တသိ ဘေးကို ဖယ်ပေးလိုက်တယ်။
“ယွမ်လော့ဖုန်း”
မုဝူစွမ်း မျက်ခုံးကို တွန့်ကွေး လိုက်ပြီးတော့
“နင် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ချင်ရင်လည်း ငါတို့ နင့်ကို မတားပါဘူး။ သို့သော်လည်း ငါတို့နှစ်ယောက်လုံး အဘိုးတွေက နန်းတော် အမတ်တွေလေ။ ငါနင့်ကို ညွှန်ကြား ပေးသင့်တယ်လေ။ လူတစ်ယောက်ကို ကုသရင် လူနာရဲ့သွေးကြောကို အရင်စမ်းရတယ်။ ဘယ်လိုသွေးကြော စမ်းရမလဲဆိုတာ မသိရင်တော့ ငါနင့်ကို ချက်ချင်း သင်ပေးလို့ရပါတယ်”
စကားလုံးတွေကတော့ ယွမ်လော့ဖုန်းကို သင်ကြား ပေးနေသလိုပါပဲ။ ဒါပေမဲ့ တခြား တစ်ဖက်မှာတော့ ယွမ်လော့ဖုန်းကို အမှိုက်မဆိုပြီးတော့ ပြောဆိုတာပဲလေ။ သွေးကြောတောင် မစမ်းတတ်တဲ့ အသုံးမဝင်တဲ့ လူတစ်ယောက်လို့။ အသုံးမဝင်တဲ့ ယွမ်လော့ဖုန်းလို လူစားမျိုးက လူတစ်ယောက်ကို သတ်ဖို့ပဲ ကုသနိုင်တာ။ လူတစ်ယောက်ကို ဘယ်လိုလုပ် ကယ်နိုင်မလဲ။
“မိန်းကလေး မင်း ယွမ်လော့ဖုန်းရဲ့ နောက်ခံကို မသိဘူးလား။ သူမက လူသိများတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူ။ မင်းအဘိုးကို သူမကုသပေးတာကို ခွင့်ပြုရဲတယ်လား။ သူမက သွေးကြော ဘယ်လို စမ်းရလဲ ဆိုတာတောင် မသိတာ။  သူမက တခြားလူ တစ်ယောက်ကို ကုသနိုင်တယ်လို့ ပြောရဲသေးတယ်”
ကွမ်လန် လှောင်ပြုံး ပြုံးလိုက်တယ်။ သူ့စကားလုံးတွေက လှောင်ပြောင်ပြီး အထင်မြင်သေးတဲ့ သဘောဆောင်တယ်။ 
ယွမ်လော့ဖုန်းလည်း မျက်ခုံးတွန့်လိုက်ပြီးတော့ သူမ နောက်ကျောဘက်က ကွမ်လန်ကို လှည့်ကြည့်လိုက်တယ်။
သူမအကြည့်မှာ လှောင်ပြောင် သရော်ခြင်း၊ မာနဝင့်ကြွားခြင်း၊ ကောက်ကျစ် စဉ်းလဲမှုတွေ ပါဝင်နေတာကြောင့် ကွမ်လန် ရယ်မောနေတာကို ချက်ချင်း ရပ်သွားစေတယ်။ သူ့မျက်နှာပေါ်မှာ အံ့ဩမှု အရိပ်ယောင်တွေ ဖြတ်သန်းသွားတယ်။
ဒီအမှိုက်မက အရင်ကအတိုင်း အသုံးမဝင်တဲ့ မိန်းမပါပဲ။ ဒါပေမဲ့ သူမ အကြည့်တွေက ခြိမ်းခြောက်သလို အကြည့်တွေ ဖြစ်နေရတာလဲ။
“ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”
ယွမ်လော့ဖုန်းလည်း သူမ အကြည့်တွေကို ပြောင်းလဲလိုက်ပြီးတော့ သူမရဲ့ အမည်းရောင် မျက်ဝန်းနက်တွေက ကွမ်လန် စကားလုံးတွေထဲ နစ်မျောနေတဲ့ ချစ်စရာ မိန်းကလေးကို ကြည့်လိုက်တယ်။
“ကယ်တာ မကယ်တာက ရှင် ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက အခုချိန်မှာ ရှင့်အဘိုးက သတိလစ်နေတယ်။ ဒီနေ့အထိတောင် အသက်ရှင်နိုင်ပါ့မလား မသိဘူး”
မိန်းကလေးရဲ့ မျက်နှာပေါ်မှာ စိတ်ဒွဟ ဖြစ်နေတာကို အတိုင်းသား မြင်နေရတယ်။ နောက်ဆုံးမှာ သူမသွားတွေကို အံကြိတ်လိုက်ပြီးတော့
“မိန်းကလေး... ကျေးဇူးပြုပြီးတော့ ကျွန်မ အဘိုးကို ကယ်တင်ပေးပါ”
ခရီးစဉ် အတွင်းမှာ အဘိုးရဲ့ ရောဂါ အခြေအနေက အဆိုးရွားဆုံး ဖြစ်လာတယ်။ ထပ်ပြီးတော့ အချိန်ဆွဲနေမယ် ဆိုရင်တော့ ဒီညကို အဘိုး ကျော်လွှားနိုင်ပါ့မလား။ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ ကယ်နိုင်မယ့် အခွင့်ရေးတစ်ခုကို အမိအရ ဆုပ်ကိုင်ထားရမယ်။
မိန်းမပျိုလေးက ပြောသင့်တဲ့စကားကို ပြောပြီးနောက်မှာ ယွမ်လော့ဖုန်းလည်း သူမ အင်္ကျီလက်ထဲမှ အဝတ်ထုပ်လေးကို ယူလိုက်တယ်။ သူမလည်း အဝတ်ထုပ်လေးကို ဂရုတစိုက် ဖွင့်လိုက်တယ်။ အဝတ်အတွင်းမှာ တောက်ပနေတဲ့ ငွေရောင် အပ်လေးတွေကို ထုတ်လိုက်တယ်။
သူမ လက်ထိပ်တွေက ငွေအပ်ကို ယူလိုက်ပြီးတော့ အဘိုးအိုရဲ့ ဦးခေါင်းမှ ဘိုင်ဟွာ သွေးကြောကို အပ်စိုက်လိုက်တယ်။ ယွမ်လော့ဖုန်းလည်း အပ်အခြေအနေကို ကြည့်ရင်းနဲ့ အရင်ပျင်းရိနေတဲ့ ပုံစံမှ အလေးအနက် ရောဂါ အရင်းအမြစ်ကို ရှာဖွေနေတယ်။
ဘိုင်ဟွာ သွေးကြောကို အပ်စိုက်လိုက်တဲ့ အချိန်မှာ အဖြူရောင် စိတ်ဝိညာဉ် စွမ်းအားတွေ အပ်မှ တစ်ဆင့် အဘိုးအိုဆီ ရောက်သွားတာကို ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။
ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေမှ မှတ်တမ်းအရ သမားတော် တစ်ယောက်က လူနာကို ကုသရင် သူတို့က ဆေးပညာနဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပေါင်းစည်းပြီးတော့ ကုသနိုင်တယ်။ ထိုသို့ ကုသလျှင် အားထုတ်မှု တစ်ဝက်တည်းနဲ့ အကျိုးသက်ရောက်မှုက နှစ်ဆဖြစ်မယ်။ သို့သော်လည်း ထိုနည်းလမ်းကို ကျဆုံးရင်တော့ စိတ်ဝိညာဉ်စွမ်းအား အများအပြား ဆုံးရှုံးရမယ်။ ထို့ကြောင့် ယနေ့ အချိန်အခါမှာ အသုံးပြုနိုင်သူတွေ ရှားပါးသွားခဲ့ပြီ။
ဒါပေမဲ့ ယွမ်လော့ဖုန်းက တခြားလူတွေနဲ့ ခြားနားတယ်။
ဆေးနတ်ဘုရား လျှို့ဝှက်သင်္ကေတက ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို ပြန်လည် ဖြည့်တင်းနိုင်တယ်။
ဒါကြောင့်လည်း သူမ စစ်ပွဲမှာပဲဖြစ်ဖြစ် ဆေးကုသရာမှာ ဖြစ်ဖြစ် စွမ်းအားတွေ ကုန်ဆုံးသွားမှာကို စိတ်ပူစရာ မလိုအပ်ဘူး။
မုဝူစွမ်း သူမခေါင်းကို ခါယမ်းလိုက်တယ်။ စိတ်ပျက်စွာ သက်ပြင်း ချလိုက်တယ်။
“အိမ်ရှေ့စံမင်းသား ... ယွမ်လော့ဖုန်းက လူနာရဲ့ ရောဂါအခြေအနေကို မဆန်းစစ်ဘူး။ ဘေးအန္တရာယ် များအောင် သူ့ကို အပ်စိုက်ကုသနေတယ်။ အရေးကြီးဆုံးက သူမ အပ်စိုက်ကုသတဲ့နေရာက ဘိုင်ဟွာ သွေးကြောနေရာ ဖြစ်နေတယ်။ ဒီနေရာကို အပ်စိုက်ကုသတာကို ကုသမှုကျဆုံးစေတယ်။ မူလအခြေအနေက ကျွန်မဆရာက ကုသပေးနိုင်သေးတယ်။ ဒါပေမဲ့ အခုတော့....”
သူမပြောတဲ့ စကားက သူမဆရာ ကျင်းလင်းက အဘိုးအိုကို ကုသနိုင်တယ်။ ယွမ်လော့ဖုန်း နှောင့်ယှက်လိုက်တဲ့ အတွက်ကြောင့် ကယ်လို့ မရနိုင်တော့ဘူးပေါ့။
“ငါ အစတည်းက ပြောခဲ့ပါတယ်။ ယွမ်လော့ဖုန်းက ဘာအရည်အချင်းမှ မရှိပါဘူးလို့။ သူမက လူတွေကို လိမ်လည် လှည့်ဖြားတာပဲ လုပ်နိုင်တာပါလို့”
 

***

Bạn đang đọc truyện trên: Truyen247.Pro