
Ep7
အပိုင်း (၇) ဆေးနတ်ဘုရားရဲ့ လျိုဝှက် သင်္ကေတ ၃
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
“ငါသိပါတယ် ဒါပေမယ့် နောက်ထပ် အခွင့်ရေးရှိရင်လည်း ငါ ဒီလိုပဲ ဆက်လုပ်မှာပဲ လုံရှောင်ပြည်နယ်မှာ အားနည်းတဲ့သူတွေ ဘဝက ပုရွတ်ဆိတ်တွေ လိုပဲ။ ငါမှာ ဒုတိယအခွင့်ရေး ရှိရင်လည်း ငါအလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘူး ။ ငါ စွမ်းအားရှိတဲ့ သန်မာသူတစ်ယောက်အဖြစ်ပဲ အသက်ရှင်ချင်တယ်။ ”
ယွမ်လော့ဖုန်းရဲ့ စကားသံကိုကြားတော့ ကလေးလေးက အနည်းငယ်တွေဝေသွားတယ်။ ကောင်မလေးရဲ့မျက်နှာမှာ ယုံကြည်မှုတွေနဲ့ ပြည့်နေတယ်။ သူ ခဏတာ မိန်းမောတွေးဝေသွားစေတယ်။
“သခင်က စွမ်းအားရှိတဲ့ သန်မာတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ကျွန်တော် ကူညီနိုင်ပါတယ်။ ” ကလေးရဲ့ မျက်လုံးတွေက တည်ကြည်လေးနက်နေတယ်။
“သခင်ကို ပြောရဦးမယ်။ သခင်က ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာ တကယ် ကံကောင်းတယ်။ ဒီလောကကလူတွေက မူလယွမ်လော့ဖုန်းကို အမှိုက်လို့ပြောနေပေမယ့်လည်း သူမက ကူညီလေ့ကျင့်ပေးမယ့်လူ မရှိတာကြောင့်သာ ဒီလိုဖြစ်နေတာပါ။
ဘယ်သူကမှ သူမကို မှန်ကန်စွာ လေ့ကျင့်နည်းကို မသင်ပေးခဲ့ဘူး။ ပုံမှန်လေ့ကျင့်တဲ့ နည်းကိုသာ သုံးမယ်ဆိုရင် ဒီခနာကိုယ်က သည်းမခံနိုင်လောက်အောင် နာကျင်ခံစားရမှာပါ။ အတင်းလေ့ကျင့်မယ်ဆိုရင် သွေးဆုံးရှုံးပြီး အသက်သေဆုံးရလိမ့်မယ်။ ဒါပေမယ့် သခင်က အတင်းလေ့ကျင့်ခဲ့တာကြောင့် သွေးတွေအများကြီး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် သွေးစာချုပ်လုပ်လိုက်ရတယ်။ ဒီလိုမှ မလုပ်ခဲ့ရင် သခင်နဲ့ မတွေ့နိုင်မှာကြောက်မိတယ်။ ” ဒီစကားသံလေးကို ကြားတော့ ယွမ်လော့ဖုန်း နှလုံးသားတုန်လှုပ်သွားမိတယ်
“နင် ငါကို တကယ် ကူညီနိုင်တာလား။ ” ကလေးက ခေါင်းညိတ်ပြတယ်။
“သခင် ကျွန်တော်က ဆေးနတ်ဘုရား လျိုဝှက် သင်္ကေတရဲ့ အစောင့်ရှောက် ဝိဉာဉ်ပါ။ ကျွန်တော်က သေးသေးလေးမို့ ကျွန်တော်ကို အထင်မသေးပါနဲ့။ ကျွန်တော်က နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့တာပါ။ ဒီလောကမှာ ကျွန်တော် မသိတာ ဘာမှ မရှိဘူး။ သခင် ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သိလား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို တွန့်လိုက်ပြီးတော့
“ဘယ်လိုနေရာမျိုးလဲ”
“ဒီနေရာ အတွင်းဘက်မှာ စိတ်စွမ်းအားဝိဉာဉ်ဆေးပင်တွေ ရှိတယ်။အသုံးဝင်တဲ့ ဆေးပင်တွေ အပြင် သန်မာတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေရှိတယ်။ စိတ်စွမ်းအားလေ့ကျင့်သူတွေက အလွယ်တကူ စွမ်းအင်တွေကို စုပ်ယူလို့ရတယ်။သခင် ဒီလောက အပြင်က ဆေးပင်ကို ယူလာပြီးတော့ ဒီနေရာမှာ စိုက်ခဲ့ရင်လည်း သာမန်ဆေးပင်လေးမှာ စိတ်စွမ်းအား ဝိဉာဉ် စွမ်းအင်တွေ ရှိလာနိုင်တယ်။ သူရဲ့ အကျိုးသက်ရောက်မှုက တခြားသာမန်ဆေးပင်တွေနဲ့ နှိုင်းယှဉ်လို့ မရဘူး။ ”
ကလေးက ဂုဏ်ယူစွာ ပြောနေတယ်။
“ဒီနေ့ အချိန်ခါမှာတော့ အဓိက ကုန်းမြေနေရာတွေမှာ ဝိညာဉ်စွမ်းအင်တွေ လျော့နည်းနေပါပြီ။ စိတ်စွမ်းအား ဝိဉာဉ် စွမ်းအင်ရှိတဲ့ သစ်ပင်တွေကို စိုက်ဖို့ နည်းလမ်းမရှိဘူး ဖြစ်နေတယ်။ သခင် စိတ်စွမ်းအာ သစ်ပင်ကိုသာ စိုက်ပျိုးနိုင်ခဲ့ရင် တိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမှာပါ။ ”
ယွမ်လော့ဖုန်းလည်း ကလေးကို ကြည့်လိုက်ပြီးတော့
“ငါသိတာတော့ လူသားနဲ့ ဝိဉာဉ်သားကောင်တွေပဲ အတူ လေ့ကျင့်လို့ရတယ် ထင်ခဲ့တာ ။ ဒါပေမယ့် ဆေးမြစ်တွေက စိတ်စွမ်းအား ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူနိုင်တယ်ဆိုတာ မကြားဖူးခဲ့ဘူး။ ”
သူ့သခင်ပြောတဲ့စကားလုံးတွေကို ကြားတော့ သူဒေါသထွက်လာလို့ ပန်းရောင်သန်းနေတဲ့ သူ့မျက်နှာလေးက နီရဲလာတယ်။
“ကျွန်တော်ပြောတဲ့ စကားလုံးတွေက အားလုံး အမှန်တွေပါ။ ဆေးဖက်ဝင် သစ်မြစ်တွေက ဒီလောကမှာ ရှင်သန်ဖို့ ဝိညာဉ် စွမ်းအင်တွေ အပေါ်မူတည်နေရတယ်။ ဒါပေမယ့် အခုချိန်မှာ ဝိညာဉ်စွမ်းအင်တွေ လျော့နည်းနေတယ်။အရင်နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်ပေါ့။ ဒါကြောင့် နှစ်တွေ အများကြီး ဝိညာဉ်စွမ်းအင် ဆေးမြစ်တွေက အောင်မြင်စွာ မရှင်သန်ခဲ့ဘူး။ သမားတော်တွေကလည်း သာမန်ဆေးမြစ်တွေနဲ့ ထိခိုက်ဒဏ်ရာ ရတာကို ကုသတယ်။အချိန်တွေ အကြာကြီးယူပြီး ကုသတယ်။ တချို့ဆို အမာရွတ်ကျန်ခဲ့တယ် ။ ဝိဉာဉ်စွမ်းအင်ဆေးမြစ် ပိုင်ဆိုင်တဲ့ သမားတော်က နက်နဲတဲ့ ဓားဒဏ်ရာကို ဒီဆေးမြစ်နဲ့သာ ကုသမယ်ဆိုရင် နဂိုအတိုင်း ချက်ချင်း ပြန်ကောင်း သွားနိုင်တယ်။ သာမန်ဆေးပင်နဲ့ ကွာခြားတဲ့ အချက်ပဲ။ ” ကလေးက ဒေါသထွက်စွာ ပြောတယ်။
“ကုသခြင်းအပြင် ဒီဆေးပင်တွေ စိတ်စွမ်းအားလေ့ကျင့်တဲ့ နေရာမှာ သုံးလို့ရတယ်။ စိတ်စွမ်းအားလေ့ကျင့်တဲ့အခါ ဖြစ်ပေးတဲ့ အခက်ခဲကို ကျော်လွှားနိုင်တယ်။ ”
အခက်ခဲကို ကျော်လွှားနိုင်တယ်
ဒါ……………..
ဒီစကားလုံးက ယွမ်လော့ဖုန်း နှလုံးသားကို ခုန်အောင်လုပ်နိုင်တယ်။ သူရဲ့မကောင်းဆိုးဝါး ဆန်ဆန် မျက်လုံးတွေကို တဖျတ်ဖျတ် ခတ်လိုက်တယ်။ ကလေးကတော့ စကားတွေ တတွတ်တွက်ပြောနေတယ်
“ပြီးတော့ တစ်နေ့မှာ သခင့်စွမ်းအင်တွေ ဖျက်စီးခံခဲ့ရရင်လည်း စိတ်စွမ်းအားသစ်ပင်က နဂိုအတိုင်းပြန်ကောင်းစေပြီး အမြင့်ဆုံး စိတ်စွမ်းအား အဆင့်ကို ရောက်နိုင်တယ်။ ဒါပေမယ့် သခင်ရဲ့လက်ရှိအခြေနေက မရနိုင်သေးဘူး။ သခင့် စိတ်စွမ်းအင် အခက်ခဲကို ကျော်လွှားသွားနိုင်သွားမှပဲ စိတ်စွမ်းအားသစ်ပင်တွေ များများ စိုက်ပျိုးမယ်”
Chapter 7
End
Bạn đang đọc truyện trên: Truyen247.Pro