
Ep69
အပိုင်း(၆၉)
အမှန်တကယ် ပါးရိုက်ခြင်း(၁)
“ယွမ်လော့ဖုန်း”
ကွမ်လန် စိတ်မထိန်းနိုင်စွာ အော်ဟစ်လိုက်တယ်။ လက်ဆစ်တွေ အသံမြည်တဲ့ အထိ လက်သီးကို ကျစ်ကျစ် ဆုပ်ထားလိုက်တယ်။
“ငါမင်းကို သတိပေးလိုက်မယ်။ တရားမလွန်လာနဲ့။ ငါဒီကိစ္စကို လုံးဝ သဘောမတူနိုင်ဘူး”
ယွမ်လော့ဖုန်း လက်ပိုက်ပြီးတော့ ဖြူဖျော့ဖျော့ မျက်နှာဖြစ်နေတဲ့ ကွမ်လန်ကိုကြည့်ပြီး တခစ်ခစ် ရယ်မောလိုက်တယ်။
“ကျွန်မက အဘိုးအိုကို တကယ် ကုသနိုင်တယ်လို့ အိမ်ရှေ့စံမင်းသားက ထင်နေတာလား။ ဒါမှမဟုတ်ရင် ကျွန်မထုတ်ထားတဲ့ စည်းကမ်းကို လက်မခံနိုင်တာလား”
“မင်း...” သူ့ရဲ့သွေးကြောတွေ ထောင်တက် လာပြီးတော့ အရမ်း ဒေါသထွက်လာတယ်။
ထိုအချိန်မှာ နွေးထွေးတဲ့ ကျောက်စိမ်းကဲ့သို့ လက်က သူ့လက်သီးကို ဆုပ်ကိုင်လာတယ်။ မုဝူစွမ်းရဲ့ ကျက်သရေရှိပြီး ချိုသာတဲ့ အသံလေးကို ကြားလိုက်ရတယ်။
“အိမ်ရှေ့စံမင်းသား သဘောတူလိုက်လို့ ဘာဘေးဒုက္ခမှ ဖြစ်မလာနိုင်ပါဘူး။ မုဝူစွမ်း ယုံကြည်ပါတယ်။ သူ ဘယ်တော့မှ ဒီအခွင့်အရေးကို မရနိုင်ပါဘူး။ မင်းသား လက်လေးနဲ့ ကျွန်မပါးကို ရိုက်ရမှာ မဟုတ်ပါဘူး”
မုဝူစွမ်းလည်း နူးညံ့့စွာ ပြုံးလိုက်ပြီးတော့ ပုံမှန်အားဖြင့်ဆိုရင် သူမက အေးတိအေးစက် နိုင်ပြီးတော့ တင့်တယ်တဲ့ ပုံစံနဲ့ပဲ နေလေ့ရှိတာပါ။
သူမ အဘိုးအိုကို မကယ်တင်နိုင်သော်လည်း ယွမ်လော့ဖုန်း ကုသနိုင်မယ်လို့လည်း မယုံကြည်ဘူး။ ဘာမှမသိတဲ့ အမှိုက်မက အဘိုးအိုကို ကုသနိုင်မယ်တဲ့လား။ အခုချိန်မှာ အမှိုက်မ ဘာတွေပဲ တောင်းဆိုနေနေ နောက်ဆုံးမှာ ပါးရိုက်ခံရမှာက အမှိုက်မပဲ။
“မုဝူစွမ်း… မင်းက ပြောတော့လည်း ... ဒီအိမ်ရှေ့စံမင်းသားလေးက သူမကို အခွင့်အရေး ပေးလိုက်ပါမယ်”
တုံ့ပြန်တဲ့အနေနဲ့ ကွမ်လန်လည်း မုဝူစွမ်းရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ နူးညံ့့တဲ့ လေသံနဲ့ ပြန်လည်တုံ့ပြန်တယ်။
သို့သော်လည်း ကွမ်လန်… ယွမ်လော့ဖုန်းကို လှမ်းကြည့်လိုက်တယ်။ မုဝူစွမ်းကို ကြည့်ခဲ့သလို နူးညံ့့မှုတွေမရှိဘဲ သူ့မျက်ဝန်းထဲမှာ မနာလို မုန်းတီးမှုတွေ ပြည့်နေတယ်။
“ယွမ်လော့ဖုန်း... ဒီနေ့ မင်း ပွဲတော်ကို တက်ရောက်တာက ဒီအိမ်ရှေ့စံ မင်းသားလေးကို ဆွဲဆောင်ချင်လို့ဆိုတာ သိပါတယ်။ မင်း အောင်မြင်ပါတယ်။ အခု ငါမင်းကို နောက်တစ်ကြိမ် ထပ်ပြီးတော့ သတိထားမိ သွားပါပြီ။ အရင်ကအတိုင်း မင်းကို ပိုပြီးတော့ စိတ်ပျက်မိတယ်။ ဒီဘဝမှာ ငါ့ရဲ့ နှလုံးသားကို ရယူဖို့ မတွေးနဲ့”
လွန်ခဲ့တဲ့၁၀ရက်က နန်းတော်ခန်းမထဲမှာ စေ့စပ်ပွဲကို ဖျက်သိမ်းတဲ့လူက ယွမ်လော့ဖုန်း ဆိုတာကို ကွမ်လန် မယုံကြည်နိုင်သေးဘူး။ ဒီယွမ်လော့ဖုန်းက သူကို ရူးရူးမူးမူး အရမ်း ချစ်ခဲ့တယ်။ သူမက ဘယ်လိုလုပ်ပြီးတော့ သူနဲ့စေ့စပ်တာကို ဖျက်သိမ်းချင်ရမလဲ။ ယွမ်အိမ်တော်က အဘိုးကြီးက သူ့မြေးကို သနားလွန်းလို့ သူဆုံးဖြတ်ချက်နဲ့ သူ စေ့စပ်တာကို ဖျက်သိမ်းတာ ထင်ပါတယ်။
“ဟား ဟား...”
မြေခွေးနဲ့တူသော ယောက်ျား ကွမ်ရှောင်ချိန်က ဟားတိုက် ရယ်မောလိုက်တယ်။ အားလုံးရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။
“မင်း ဘာလို့ ရယ်နေတာလဲ”
ကွမ်လန်မျက်လုံးတွေက မည်းမှောင်လာပြီး ခက်ထန်စွာ မေးတယ်။
“ဘာမှမဟုတ်ပါဘူး။ လောကကြီးမှာ အရှက်မဲ့တဲ့လူတွေ ဘာလို့ ပေါနေရလဲဆိုတာ ဆန်းစစ်နေတာပါ”
ကွမ်ရှောင်ချိန် နူးညံ့့စွာ တခစ်ခစ် ရယ်မောတယ်။ စဉ်းလဲသော မြေခွေးမျက်ဝန်းတွေက ယွမ်လော့ဖုန်းကို မျက်တောင်ခတ်ပြီး ကြည့်နေတယ်။
“မိန်းကလေးယွမ် ဒီမင်းသားလေး ပြောတဲ့ စကားတွေကို မှန်တယ်မလား”
ကွမ်ရှောင်ချိန် ရည်ညွှန်းပြောဆိုတဲ့လူက ယွမ်လော့ဖုန်း ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီနှစ်တွေမှာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မလိုမုန်းထား ဖြစ်နေခဲ့တာ။ သူ့မျက်နှာက ဒေါသထွက်လွန်းလို့ စိတ်မထိန်းနိုင်စွာ နီရဲလာပြီး မျက်ဝန်းတွေက အေးစက်လာတယ်။
“ညီတော်... ညီတော်ရဲ့ အဆင့်အတန်းကို ပိုပြီးတော့ သိသင့်တယ်။ ညီတော်က မင်းသားတစ်ပါး။ ဘယ်သူက အိမ်ရှေ့စံမင်းသား ရှေ့မှာ မာနမထောင်လွှားရဲဖို့ သတ္တိတွေ ပေးလိုက်တာလဲ။
လုံယွမ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားက အကြီးဆုံးသား ဖြစ်ရုံနဲ့မရဘူး။ တရားဝင်သားတော် တစ်ယောက်ဖြစ်ရမယ်။ နံပါတ်၄မင်းသားက အိမ်ရှေ့စံမင်းသား ကွမ်လန်ထက် အသက်ကြီးသော်လည်း အိမ်ရှေ့စံရာထူးကို နံပါတ်၅မင်းသားကို ပေးအပ်ခဲ့တယ်။
အကြောင်းပြချက်က ကွမ်လန်က အရင်မိဖုရားရဲ့ သားတော် ဖြစ်တာကြောင့်ပေါ့။ သူက မွေးကတည်းက ဂုဏ်သိက္ခာ မြင့်မားတယ်။ တခြားလူတွေက သူ့ခြေထောက် အောက်မှာပဲ ရှိနေရမယ်။
ကွမ်ရှောင်ချိန် မျက်ဝန်းတွေက ပိုမည်းနက်လာပြီးတော့ လှောင်ပြောင် သရော်လိုက်တယ်။
“ပြန်လည် မွေးဖွားခြင်းက တကယ်ကို ထူးချွန်မှုတစ်ခုပဲ။ လူတစ်ယောက်က ကောင်းစွာ ပြန်လည် မွေးဖွားလာရင် အရည်အချင်းက တိုးတက်လာတယ်။ တချို့လူတွေက ငါ့မျက်လုံးကို ပုလဲလို့ ထင်ပြီးတော့ မြတ်နိုး တန်ဖိုးထားနေတာပဲ။ ပုလဲ အစစ်ကိုကို စွန့်ပစ်ခဲ့တာပဲ။ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ကို နောင်တရ ရလိမ့်မယ်”
ထိုစကားကို ပြောပြီးနောက် ကွမ်ရှောင်ချိန်က ကွမ်လန်ကို ထပ်ပြီးတော့ ကြည့်မနေတော့ပဲ။ အဘိုးအိုနားကို လျှောက်သွားတဲ့ ပြိုင်ဘက်ကင်း အလှလေးကို ငေးကြည့်လိုက်တယ်။
“ရှင် ဘေးကို ဖယ်နိုင်မလား” သူမ လမ်းကို ပိတ်ထားတဲ့ မိန်းကလေးကို ကြည့်ပြီး ပြောလိုက်တယ်။
“ကျွန်မ အခု အပ်စိုက် ကုသတော့မယ်”
***
Bạn đang đọc truyện trên: Truyen247.Pro