
Ep67
အပိုင်း(၆၇)
စည်းကမ်းချက်(၁)
မုဝူစွမ်း အဘိုးအိုအနားကို လျှောက်လှမ်း သွားတာကြောင့် အခန်းထဲမှာ ဖုန်မှုန့်လေးတွေ ကျဆင်းနေတယ်။ စိတ်မပါစွာ ပြုံးလိုက်ပြီးတော့ အလင်းရောင်က သူမမျက်နှာပေါ် ဖြာဆင်းနေတယ်။ လှပတဲ့ မျက်ဝန်းလေးတွေက အလင်းရောင်ကို ကြည့်လိုက်တယ်။ ချစ်စရာကောင်းတဲ့ မိန်းကလေးကို စိတ်ညစ်စွာ ညည်းညူပြီး ပြောတယ်။
“မိန်းကလေး ... မင်းဘေးနားမှာ နေလို့ ရမလား။ ကျွန်မ… ရှင့်အဘိုးရဲ့ အခြေအနေကို စမ်းသပ်ကြည့်ချင်လို့ပါ”
မိန်းကလေးက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီးတော့ သူမမျက်ဝန်းမှာ မျှော်လင့်ချက် အလင်းရောင်တွေ ဖြာလင်းနေတယ်။
အရေးပေါ် အခြေအနေမှာ သမားတော်ကို ရှာရတဲ့အတွက် မုဝူစွမ်း အကြောင်းကို သေချာ မရှာဖွေနိုင်ဘူး။ သူမအဘိုးကို မိုက်မိုက်ကန်းကန်း ကယ်ခိုင်းခဲ့တာ။
မုဝူစွမ်းလည်း အဘိုးအိုဘေးနားမှာ ဒူးထောက်လိုက်ပြီးတော့ သူမ လက်ချောင်းလေးတွေနဲ့ သွေးကြော စမ်းလိုက်တယ်။ သူမ မျက်မှောင် ကြုတ်လိုက်ပြီးတော့
“မိန်းကလေး... ရှင့်အဘိုး အခြေအနေက အနည်းငယ် ရှုပ်ထွေးတယ်။ ဆရာနဲ့ ပြန်ပြီးတော့ ဆွေးနွေးဖို့ လိုအပ်တယ်”
သူမစကားလုံးတွေက သူမကိုယ်သူမ ကာကွယ်ထားတယ်။ သူမ မကုသပေးနိုင်ဘူးလို့ မပြောဘူး။ သေချာပေါက် ကုသပေးနိုင်တယ်လို့လည်း မပြောဘူး။ လူတွေကို မိုက်မဲစွာ ထင်ကြေးပေးပြီးတော့ အခန်းထဲက ထွက်သွားချင်တာ။
“ရှင့်ဆရာ”
မုဝူစွမ်းရဲ့ စကားတွေကို ကြားပြီးနောက် မူလ စိတ်ရှုပ်ထွေးနေတဲ့ မိန်းကလေးရဲ့ အကြည့်က တောက်ပလာတယ်။ သူမ စိတ်ရှုပ်ထွေး ကြောက်လန့်နေတဲ့ အခြေအနေမှာ မုဝူစွမ်း ပခုံးကို ဆုပ်ကိုင်ထားပြီး တောင်းပန်စွာ စကားဆိုတယ်။
“ရှင့်ဆရာနဲ့ တွေ့ရအောင် ကျွန်မကို မြန်မြန် ခေါ်သွားပေးပါ။ ကျွန်မ အဘိုးကို ရှင် ကုသပေးနိုင်ရင် ရှင်တောင်းဆိုသမျှကို ကျွန်မ ဖြည့်ဆည်းပေးပါမယ်”
“ဒါက...” မုဝူစွမ်း မျက်မှောင်ကြုတ်လိုက် ပြီးတော့ သူမမျက်နှာက ကိုးရိုးကားရား နိုင်နေတယ်။
“ကျွန်မ ဆရာက တခြားမသိတဲ့လူတွေကို ကုသရတာကို မကြိုက်ဘူး။ ကျွန်မ တစ်ယောက်ယောက် ခေါ်လာရင် ဆရာက ကျွန်မကို အပြစ်ပေးလိမ့်မယ်”
မိန်းမပျိုလေးလည်း စိတ်ပျက်အားငယ် သွားပြီးတော့ မုဝူစွမ်း ပခုံးကို ကိုင်ထားတဲ့ သူမရဲ့လက်တွေ ပြေလျော့သွားတယ်။
မှန်နေတာပဲလေ။ ဒီခေတ်မှာ ကျော်ကြားတဲ့ သမားတော်တွေက မစဉ်းစား မဆင်ခြင်ဘဲ ဆေးကုပေးစရာလား။ အဘိုးကို မကယ်နိုင်တော့ဘူး ထင်တယ်။
“ဒီလိုလုပ်ပါလား။ ကျွန်မ ... ဆရာနဲ့ သွားတွေ့လိုက်မယ်။ ဆရာက ကုသပေးချင်ရင် ရှင့်ကို အသိပေးပါမယ်။ ရှင် သဘောတူလား”
သူမ စကားသံ အဆုံးမသတ်ခင်မှာပဲ ရယ်မောသံတစ်ခုက နှောင့်ယှက်သွားတယ်။ မုဝူစွမ်းလည်း သူမရဲ့ ပုံဖော်ထားတဲ့ မျက်ခုံးကို တွန့်ကွေးလိုက်တယ်။ သူမရဲ့ လှပတဲ့မျက်ဝန်းတွေက သူမရှေ့ဘက် တံခါးနားမှာ ရပ်နေတဲ့ ပြိုင်ဘက်ကင်း အလွန်လှပသော မိန်းကလေးကို စိုက်ကြည့်လိုက်တယ်။ သူမ ခက်ထန်စွာ ပြစ်တင် ဝေဖန်လိုက်တယ်။
“ငါသိပါတယ်။ နင်က ငါနဲ့အတူတူ ဆေးပညာကို အကျယ်တဝင့် မလေ့လာနိုင်ဘူး။ အရည်အချင်းလည်း မရှိတော့ ငါဆေးကုသနေတဲ့အချိန် တခြားလူတွေကို ထွက်မသွားခိုင်းပါဘူး။ ငါဆေးကုတာကို ကြည့်ပြီးတော့ လေ့လာနိုင်ပါတယ်။ ငါလေးလေးနက်နက် ကြိုးစား အားထုတ်မှုကို ဘာလို့ နားမလည် နိုင်တာလဲ”
ဆရာတစ်ယောက်က တပည့်ကို ဆိုဆုံးမနေတဲ့ အသံနဲ့ပေါ့။ အမှန်တရားကို မမြင်တဲ့ လူတစ်ယောက်ကတော့ သူတို့က ယွမ်လော့ဖုန်းကို ထိန်းချုပ်လို့ မရတဲ့ တပည့်တစ်ယောက် အဖြစ် ဆက်ဆံသလိုပေါ့။
“မုဝူစွမ်း”
ယွမ်လော့ဖုန်းလည်း သူမခန္ဓာကိုယ် ဖြည်းညင်းစွာ မတ်လိုက်တယ်။ သူမ စွဲမက်ဖွယ် ပြုံးလိုက်တယ်။
“ပြောချင်တာက နင့်ကို ငါက စပြီးတော့ ရိုသေနေရမယ်ပေါ့”
မုဝူစွမ်း ကြော့မော့စွာ ပြုံးလိုက်တယ်။ သူမ မျက်လုံးထဲမှာတော့ ထိုကိစ္စက ယွမ်လော့ဖုန်းအတွက် သဘာဝကျသော ကိစ္စတစ်ခုပဲ။ အမှိုက်မက သူမကို အမြဲ လေးစားနေရမယ်။
ယွမ်လော့ဖုန်းရဲ့ စကားလုံးတွေက သူမကို အနည်းငယ် အံ့အားသင့် သွားစေတယ်။
“နင်က ဒီမြေးဘိုးနှစ်ယောက်ရဲ့ ဇာစ်မြစ်ကို မသိတော့ နင်က သူတို့ကို အရူး လုပ်ချင်နေတာလား။ သူတို့နောက်ခံကို ပြန်ပြီးတော့ စစ်ဆေးကြည့်ချင် သေးတာလား။ ကြောက်လန့်နေစရာ မလိုအပ်ဘဲ နှစ်တစ်ထောင် ဂျင်ဆင်းကို ယူချင်နေတာလား။ သူတို့က နောက်ခံကောင်းရင်တော့ အဘိုးရဲ့ အခြေအနေကို မကူညီနိုင်ဘူး ဆိုပြီးတော့ ထားခဲ့မယ်မလား။ ဒါကြောင့် ငါနင့်ကို လေးစား နေရမှာလား”
သံသယဝင်နေစရာ မလိုအပ်လောက်အောင် ယွမ်လော့ဖုန်း စကားလုံးတွေက မုဝူစွမ်းရဲ့ အမှန်တကယ် အတွေးကို ဖွင့်ပြနေသလိုပဲ။ ထိုစကားလုံးတွေက သူမ မျက်နှာကို ဟန်ဆောင်လို့ မရနိုင်အောင် ပြောင်းလဲသွားစေတယ်။
“ယွမ်လော့ဖုန်း... နင် ငါ့ကို မုန်းနေတယ်ဆိုတာ ငါသိပါတယ်။ နင် ငါ့ကိုမုန်းနေလည်း မမှန်မကန် မစွပ်စွဲနဲ့လေ။ ငါက သူတို့ကို သနားမိတယ်။ ဒါကြောင့်လည်း တတ်နိုင်သလောက် ကယ်တင်ပေးချင်တယ်။ အဘိုးအိုကို ငါမကယ်နိုင်ခဲ့လည်း ငါ့အမှား မဟုတ်ဘူးလေ” မုဝူစွမ်း သူမပုံစံကို ယဉ်ကျေးတဲ့ပုံစံ ပြောင်းလဲလိုက်တယ်။
“ငါ့ဆရာက ဆေးပညာ ထူးချွန်သော်လည်း ရောဂါတိုင်းကိုတော့ မကုသနိုင်ဘူး”
သူမစကားလုံးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်က ကုသမှုကျဆုံးရင်လည်း တာဝန် သူမမှာ မရှိဘူးပေါ့။
“ယွမ်လော့ဖုန်း”
သူအရမ်းချစ်ရတဲ့ မိန်းကလေး အနိုင်ကျင့်ခံနေရတာကို မြင်ရတော့ သူ ဒေါသအရမ်း ထွက်လာတယ်။
***
Bạn đang đọc truyện trên: Truyen247.Pro