Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep65

အပိုင်း(၆၅)

ချစ်ခင်မှုကို အများရှေ့ဖော်ပြတာ မြန်မြန် သေစေတယ်(၃)


"ကွမ်လန်"
မုဝူစွမ်းက သူမရဲ့ ပုံဖော်ထားတဲ့မျက်ခုံးကို တွန့်ကွေးလိုက်ပြီး မကျေမနပ်နဲ့ ပြောတယ်။
"နင်ပြောတာ မှားနေပြီ။ ဘယ်သူကမှမသိပဲ ဘာမှမစတင်ဘူး။ ဆေးပညာကို စိတ်ဝင်စား ကတည်းက ယွမ်လော့ဖုန်းက အရည်အချင်း ရှိမှာပဲလေ"
မုဝူစွမ်းရဲ့စကားတွေကို ကြားရတာ မယုံကြည်နိုင်စွာ ကွမ်လန် ဆွံ့အသွားမိတယ်။ အမှိုက်မ ယွမ်လော့ဖုန်းက သေချာပေါက် ဆေးပညာကို မလေ့လာနိုင်လောက်ဘူး။ ဘယ်သူမှလည်း သူမကို တပည့်အဖြစ် လက်ခံချင်မှာ မဟုတ်ဘူး။
မုဝူစွမ်း တစ်ယောက်တည်းသာ သူမကို လမ်းညွှန်နိုင်မယ်။ ကွမ်လန် အတွေးထဲမှာတော့ မုဝူစွမ်းက ယွမ်လော့ဖုန်းနဲ့ ဆေးပညာကို အကျယ်တဝင့် ဆွေးနွေးချင်တာကြောင့်နဲ့ သူမကို လမ်းညွှန်းပေးချင်တာလို့ ထင်နေခဲ့တာ။
"ယွမ်လော့ဖုန်း" မုဝူစွမ်း... ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက်တယ်။
"အခုမှ စတင် လေ့လာသူတစ်ယောက် အနေနဲ့ မည်သူကမှ မညွှန်ကြားပေးရင် လမ်းလွှဲခြင်းတွေနဲ့ ဆေးမြစ်တွေကို အလကား ဖြစ်စေမယ်။
မုဝူစွမ်းက ယွမ်လော့ဖုန်းကို တကယ်ပဲ ညွှန်ကြားပြသ ချင်တာလား။
မဖြစ်နိုင်ပါဘူး။ သူမက ယွမ်လော့ဖုန်းကို သိက္ခာကျဆင်း စေချင်တာ။ ယွမ်လော့ဖုန်းကို သူမရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်ပျက်စေရုံသာမက သူမက အသုံးမဝင်ဘူးဆိုတာ သိစေချင်နေတာ။ နောက်ပြီးတော့ သူမ ယွမ်လော့ဖုန်းရဲ့ စိတ်အခြေအနေကို သိတယ်။ သူမ သင်ကြားပေးတာကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။
"ကောင်းပြီလေ"
ယွမ်လော့ဖုန်းက သူမကိုငြင်းမယ်လို့ ထင်ထားခဲ့တာ။ မိန်းမငယ်လေးက ရွှင်ပျသောအသံနဲ့ ပြန်လည် တုံ့ပြန်တယ်။
သူမ ဘာပြန်ပြောရမှန်း မသိအောင် ဆွံ့အသွားတယ်။ တခြားလူတွေရဲ့ ဂရုမစိုက်ခြင်းကို အခွင့်ကောင်းယူကာ သူမရဲ့ တော်ဝင်ဆန်တဲ့ အပြုအမူဖြစ်အောင် ပြောင်းလဲလိုက်တယ်။
"နင်... မေးချင်တဲ့မေးခွန်း ရှိရင်တော့ ငါကြိုးစားပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဖြေဆိုပေးပါမယ်"
ယွမ်လော့ဖုန်းလည်း သူမပါးလေးကို ဖြည်းညင်းစွာ ထိကိုင်လိုက်ပြီးတော့ သူမရဲ့ အမည်းရောင် မျက်ဝန်းနက်တွေမှာ ပျော်ရွှင်မှုတွေကို မြင်နေရတယ်။
"မန်လော့အဆိပ်ကို ဘယ်လို အဆိပ်ပြေအောင် လုပ်သင့်လဲ ဆိုတာကို သိချင်မိတယ်"
မုဝူစွမ်းလည်း ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ သူမ ဘာပြန်ပြောသင့်လဲ ဆိုတာ ခဏတာ စဉ်းစား ချင့်ချိန်လိုက်ပြီးတော့
"ငါမှတ်မိတာတော့ မန်လော့အဆိပ်က ဆေးစံအိမ် နံရံမှာ ကပ်ထားတဲ့ ပြဿနာ ဖြေရှင်းစရာ တစ်ခုပဲ။ ဆေးစံအိမ်တော်က သမားတော်တွေလည်း မဖြေရှင်းနိုင်ဘူး။ ယွမ်လော့ဖုန်းလေး... ကျွန်မ ဆရာကိုယ်တိုင်လည်း ရှင့်မေးခွန်းကို ဖြေပေးနိုင်မှာ မဟုတ်ဘူး။ ရှင်... အခြေခံအဆင့်ကနေ မန်လော့အဆိပ်က ရှင်စတင်ပြီး လေ့လာသင့်တဲ့ ဆေးပညာ မဟုတ်ဘူး"
သူမ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဆေးစံအိမ်တော်က သမားတော်တွေလည်း မန်လော့အဆိပ် ဖြေနည်းကို မသိဘူး။ ထို့ကြောင့် မုဝူစွမ်း မသိတာကိုလည်း အပြစ်ယူလို့ မရဘူးပေါ့။
"မန်လော့ပန်း အဆိပ်ကို ဖြေတဲ့ နည်းလမ်းက အရမ်း ရိုးရှင်းပါတယ်" ယွမ်လော့ဖုန်း သမ်းဝေလိုက်ပြီးတော့ သူမ ခန္ဓာကိုယ်က သင်္ဘော တံခါးကို မှီထားလိုက်တယ်။
"ယွမ်လော့ဖုန်း"
ကွမ်လန် ဒေါသတကြီး လက်သီးဆုပ်ထားတယ်။ တစ်ခဏအတွင်းမှာ ယွမ်လော့ဖုန်း မျက်နှာကို လက်သီးနဲ့ ထိုးချင်စိတ်တွေ ပေါက်လာတယ်။
"မင်းက ရည်ရွယ်ချက်ရှိရှိ ဝူစွမ်းကို အခက်အခဲဖြစ်အောင် လုပ်နေတာလား"
နောက်ဆုံးမှာ ယွမ်လော့ဖုန်းကို ရိုက်ချင်နေတဲ့ သူ့စိတ်တွေကို ထိန်းချုပ်လိုက်ပြီးတော့ စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။
"မန်လော့အဆိပ်ဆိုတာ ဆေးစံအိမ်တော်က ဖြေရှင်းလို့ မရနိုင်တဲ့ အဆိပ်တစ်မျိုး မန်းလော့အဆိပ်က ဖြေရှင်းရ အရမ်းလွယ်တယ်လို့ ပြောနေတာ ကိုယ့်ဘာသာ အထင်ကြီးလွန်း မနေဘူးလား။ ရည်ရွယ်ချက်ရှိရှိ ဒီမေးခွန်းကို မေးတာလား။ ငါ နင့်ကို သတိပေးလိုက်မယ်....... ဝါးစားနိုင်တာထက် ပိုပြီးတော့ မကိုက်နဲ့။ (အပိုတွေ သိပ်မပြောနဲ့)။ ဆေးပညာဆိုတာ အစက စတင် လေ့လာသင့်တဲ့ ပညာရပ်တစ်ခုပဲ။ မုဝူစွမ်းက နင့်ကို ချစ်ခင်နှစ်သက်စွာနဲ့ သင်ကြားပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ နင်က ပြန်စော်ကား နေတာလား။ အခွင့်အရေးကောင်း တစ်ခုကို ဆုံးရှုံးရတယ် ဆိုတာ နင်က အမှိုက်မ ဖြစ်လာဖို့ ကံတရား ပါလာတယ် ထင်တယ်"
သင်္ဘောအခန်းထဲမှ လေထုက မှုန်မှိုင်းတဲ့ဘက်ကို ပြောင်းလဲသွားတယ်။ လူတိုင်း မျက်မြင် တွေ့နေရတာက အိမ်ရှေ့စံမင်းသား စိတ်အခြေအနေက အတော်ကို ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ တခြားမည်သူမှ ဝင်မနှောင့်ယှက်ရဲဘူး။
ပြင်းထန်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ဘယ်သူမှ စကားတစ်ခွန်း မပြောရဲတာကြောင့် ရေစက် ကျဆင်းသံလေးကို ကြားနေရတယ်။ သင်္ဘောအခန်း အတွင်းမှာ မြေပြင်ပေါ် တစ်စုံတစ်ရာ ကျဆင်းသံကိုလည်း ကြားနေနိုင်တယ်။ အချိန်တစ်ခဏ အတွင်းမှာ ဒီမှာရှိနေတဲ့ လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။
အဘိုးအို တစ်ယောက်က လေကို ခက်ခက်ခဲခဲ ပင့်သက်ရှိုက်နေရပြီး ဖြူဖျော့လာတယ်။ အဘိုးအိုက မြေပြင်ပေါ် လဲကျသွားတယ်။ အဘိုးအိုဘေးနားမှာ ချစ်ဖို့ကောင်းတဲ့ မိန်းမပျိုလေး တစ်ယောက် ရှိနေတယ်။ ထိုမိန်းမပျိုလေးက အဘိုးအိုရဲ့ ခန္ဓာကိုယ်ကို နောက်ထပ် လဲမကျသွားစေရန် ထိန်းထားရပြီးတော့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေတယ်။
"တစ်ယောက်ယောက် ကျွန်မ အဘိုးကို မြန်မြန် လာကယ်ပေးပါလား။ ကျွန်မ အဘိုးကိုကယ်တဲ့ မည်သူမဆို 'နင်' မိသားစုက ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမယ်။ ထိုက်တန်စွာ ရက်ရက်ရောရော ဆုလာဘ်ပေးပါမယ်"

***

Bạn đang đọc truyện trên: Truyen247.Pro