
Ep64
အပိုင်း(၆၄)
ချစ်ခင်မှုကို အများရှေ့ ဖော်ပြတာက မြန်မြန် သေစေတယ်(၂)
မိန်းကလေးငယ်ရဲ့အကြည့်က အဆုံးစမဲ့တဲ့ ညကောင်းကင်ယံကဲ့သို့ပဲ မည်းမှောင်နေတယ်။
သူမက ထိုလူတွေ အားလုံးက စိတ်ပျက်စွာ ကြည့်နေတယ်။
“နင် လာတယ်ပေါ့”
မုဝူစွမ်း နှလုံးသားက အနည်းငယ် တုန်လှုပ်သွားတယ်။ သူမစိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက်မှာ သူမအပြုအမူက တင့်တယ်ပြီး ကျက်သရေရှိတဲ့ပုံစံ ပြောင်းလဲသွားခဲ့တယ်။ လက်ရှိ သူမရဲ့ပုံစံက နှလုံးသားထဲက မနာလိုဝန်တိုစိတ်ကို ဆန့်ကျင်ဘက် ဖြစ်နေတဲ့အပြင် တခြားသူတွေက ယွမ်လော့ဖုန်းကို ဝေဖန်နေတာကို နှစ်သက်ပုံလည်း မပြခဲ့ပါဘူး။
နူးညံ့့တဲ့ အသံနဲ့ သူမပြောတယ်။
“နင် နောက်ကျတယ်နော်”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ သူမရဲ့ အကြည့်စူးစူးတွေက ကွမ်လန်ကို ကြည့်လိုက်တယ်။ သူမနှုတ်ခမ်းပေါ်က အပြုံးက ကောက်ကျစ်စဉ်းလဲပြီး ဒုက္ခပေးချင်နေတဲ့ အပြုံးဖြစ်နေတယ်။
“အိမ်ရှေ့စံမင်းသားက ဖိတ်စာပို့လိုက်တာနဲ့ ချက်ချင်း လာခဲ့တာပဲ။ အိမ်ရှေ့စံမင်းသားက လူမှားပြီး ရေးပို့လိုက်တာလား”
မုဝူစွမ်းက အိမ်ရှေ့စံမင်းသား မှားရေးတယ်လို့ မပြောနိုင်ပါဘူး။ သူမကိုယ်သူမ အပြစ်သာ တင်နေမှာပါ။
“ငါတို့တွေက အချိန်မှားမှတ်ပြီးတော့ စောစောလာခဲ့တာ ထင်တယ်။ အခုမှ နင် နောက်ကျမှ ရောက်လာတယ် ဆိုပြီးတော့ အပြစ်မတင်သင့်ပါဘူး”
ထိုစကားက ယွမ်လော့ဖုန်းကို လူအများနဲ့ ရန်တိုက်ပေးလိုက် သလိုပါပဲ။ သူမ ရောက်ရှိလာတဲ့ အချိန်တစ်ခုတည်းက မှန်တယ်ဆိုတာ ဖြစ်နိုင်လို့လား။ အားလုံးက မှားမှတ်တယ် ဆိုတာ ဖြစ်နိုင်လို့လား။
“ယွမ်လော့ဖုန်း... မင်း မလွန်လာနဲ့”
ချောမောတဲ့ရုပ်သွင်က ရုတ်တရက် မည်းမှောင်လာတယ်။ ကွမ်လန်က မုဝူစွမ်းကို ဖက်ထားလိုက်ပြီး ဓားသွားကဲ့သို့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
“ငါရေးပေးလိုက်တာ အချိန်မှန်ပဲ မင်းနောက်ကျနေတာ။ ဒါပေမဲ့ မင်းက မုဝူစွမ်းကို အပြစ်တင်ချင် နေတာလား။ ဝူစွမ်း... မင်း… အမှိုက်မကို တောင်းပန်နေစရာ မလိုအပ်ဘူး”
ကွမ်လန်ရဲ့ လက်မောင်းတွေနဲ့ အဖက်ခံထားရတဲ့ မုဝူစွမ်းက အားလုံးရဲ့ စိတ်မကျေနပ်မှုကို ယွမ်လော့ဖုန်း ရရှိလိုက်တာကြောင့် ကျေနပ်စွာ ပြုံးလိုက်တယ်။
အမှန်တကယ်တော့ အိမ်ရှေ့စံမင်းသားက အချိန်အမှန်ကို ရေးလိုက်တာပါ။ အိမ်ရှေ့စံမင်းသား အလုပ်ရှုပ်နေတာကို အခွင့်ကောင်း ယူပြီးတော့ သူမအချိန်ကို ပြောင်းလဲလိုက်တာပါ။
“အိမ်ရှေ့စံမင်းသား” မုဝူစွမ်းလည်း အိမ်ရှေ့စံမင်းသား ဖက်ထားတာကို အနည်းငယ် ရုန်းလိုက်တယ်။ သူမရဲ့ မျက်တောင် ရှည်လေးတွေကို တဖျတ်ဖျတ် လှုပ်ခတ်လိုက်ပြီးတော့
“ကျွန်မကို လွှတ်ပါဦးလို့။ လူအများရှေ့မှာ ဒီလိုမျိုး ဖက်ထားတာက မသင့်တော်ဘူးလေ။ နောက်ပြီးတော့ ယွမ်လော့ဖုန်းက မင်းသားလေးရဲ့ အရင်က စေ့စပ်ထားတဲ့ ဇနီးလောင်းလေး ဖြစ်ခဲ့တယ်လေ”
ထိုစကားကို ကြားရတဲ့အချိန်မှာ ကွမ်လန်က ယွမ်လော့ဖုန်းကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး
“မင်းလေးက မကြာခင်မှာ အိမ်ရှေ့စံမင်းသားရဲ့ တရားဝင် ဇနီးလောင်းလေး ဖြစ်တော့မှာပဲ ဘာလို့ ဖက်ထားလို့ မရနိုင်တာလဲ။ မင်းလေးက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ သမီးတော် ဖြစ်ရုံသာမက ကျင်းလင်းရဲ့ တပည့်တစ်ယောက် ဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မြင့်မားတဲ့ ဆေးပညာ ကျွမ်းကျင်မှုရှိတယ်။ ယွမ်လော့ဖုန်းက မင်းကိုဘယ်လို ယှဉ်ပြိုင်နိုင်မလဲ”
မုဝူစွမ်းလည်း ဆက်ပြီးတော့ ရုန်းမနေတော့ပဲ သူမမျက်နှာလေး နီရဲလာခဲ့တယ်။ သူမလည်း ကွမ်လန်ရဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ်ပေါ်မှာ မျက်နှာလေးကို မှီလှဲလိုက်တယ်။ သူမနှုတ်ခမ်းက ကျေနပ်မှုနဲ့ ပီတီဖြာစွာ ပြုံးလိုက်တယ်။
အရှက်မရှိ ဖက်နေတဲ့ ခွေးစုံတွဲရှေ့မှာ ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သမ်းလိုက်တယ်။ ကောက်ကျစ်စဉ်းလဲတဲ့ အမည်းရောင် မျက်ဝန်းလေးမှာ လှောင်ပြုံးနဲ့ တဖျတ်ဖျတ် လက်နေတယ်။
“ငါ နင်တို့ကို စကားတစ်ခု လက်ဆောင် ပေးလိုက်မယ်။ အများရှေ့မှာ ချစ်ခင်မှုကိုပြတာက နင်တို့ကို မြန်မြန် သေစေလိမ့်မယ်တဲ့”
သူ့ရဲ့ချောမောပြီး ယောက်ျားပီသတဲ့ မျက်နှာက ပိုပြီးတော့ ရုပ်ဆိုး အကျည်းတန် လာတယ်။ ယွမ်လော့ဖုန်းကို ပြင်းထန်စွာ ပြောဆိုဖို့ ပြင်နေစဲမှာ မုဝူစွမ်းက သူ့လက်ကို လှမ်းဆွဲလိုက်တယ်။
“မေ့ထားလိုက်ပါတော့။ မင်းသားလေးက ယွမ်လော့ဖုန်းနဲ့ စေ့စပ်ထားတဲ့သူ ဖြစ်ခဲ့တာပဲ။ ကျွန်မတို့နှစ်ယောက် ချစ်ခင်နေတာကို မြင်တော့ သူ မပျော်ရွှင်တာ ပုံမှန်ပါပဲလေ စိတ်ထဲထားမနေနဲ့”
မုဝူစွမ်းက သူမရဲ့မျက်နှာကို ကွမ်လန်ရဲ့ ရင်ဘတ်ပေါ် တင်လိုက်ပြီးတော့ သူမရဲ့လှပတဲ့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းဘက်ကို ကြည့်နေတယ်။
“ယွမ်လော့ဖုန်း... နင်… အခုတလော ဆေးမြစ်တွေကို စိတ်ဝင်စား နေတယ်လို့ ကြားတယ်။ ငါနဲ့အတူတူ ဆေးမြစ်တွေကို လေ့လာချင်လား”
“ဟား…”
မုဝူစွမ်းပြောဖို့ ပြင်နေဆဲမှာပင် စစ်အမတ်ချုပ်သားက ရယ်မောပြီး လှောင်ပြောင် သရော်စွာပြုံးတယ်။
“မိန်းကလေးမုဝူစွမ်း မင်းဆေးကုသဖို့ ဆေးပညာကို အတူတူ လေ့လာချင်ရင် လူမှားရှာမိပြီပဲ။ ယွမ်လော့ဖုန်းက နင်နဲ့ဘယ်လို နှိုင်းယှဉ်နိုင်မလဲ။ မင်းက ကျင်းလင်းရဲ့တပည့်။ ထူးချွန်တဲ့ ဆေးပညာ အရည်အချင်းရှိတယ်။ ဆေးမြစ်တွေကို မီးရှို့ပြီးတော့ ကစားဖို့ ချမ်းသာမှု အားလုံးကို အကုန်သုံးလိုက်တဲ့ အမှိုက်မ တစ်ယောက်။ သူဝယ်လိုက်တဲ့ ဆေးမြစ်တွေကလည်း တခြားသူတွေကို အဆိပ်မိစေတဲ့ ဆေးမြစ်တွေပဲ ဖြစ်နေမှာပဲ”
***
Bạn đang đọc truyện trên: Truyen247.Pro