
Ep63
အပိုင်း(၆၃)
ချစ်ခင်မှုကို အများရှေ့ ဖော်ပြတာက မြန်မြန် သေစေတယ်(၁)
“ဘာပြောလိုက်တယ်”
မုဝူစွမ်းရဲ့စကားကို ကြားပြီးနောက်မှာ ဂန်လင်း အရမ်း စိတ်တိုသွားတယ် “မိန်းကလေးမု... ယွမ်လော့ဖုန်းက အမှိုက်မ။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ ငါတို့တွေ အားလုံးက ပါရမီရှင်တွေ ဖြစ်တယ်။ သူမမှာ ဘာမှပိုင်ဆိုင်တာ မရှိဘူး။ ဒါပေမဲ့ လှပတဲ့ မျက်နှာလေး တစ်ခုတည်းနဲ့ ငါတို့နဲ့ ထိုက်တန်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ”
“အဲ့လောက် မရိုးရှင်းဘူးလေ”
မုဝူစွမ်းနောက်မှ အစေခံ ရှောင်ကျိုက ထိုစကားကို ကြားတော့ မတ်တတ်ရပ်လာပြီး စကားပြောတယ်။
“သူမက အသက်အရွယ် ကြီးရင့်နေတဲ့ စစ်သူကြီးရဲ့ မြေးလေး ဖြစ်တယ်။ အာဏာကို အမြဲတမ်း အလွဲသုံးစား လုပ်တယ်။ စစ်သူကြီး ဒီနေရာမှာ ရှိနေလည်း ကိုယ်လုပ်တော် ဖြစ်ခွင့်တောင် မပေးနိုင်ဘူး။ စစ်သူကြီးက အသက်အရွယ် ကြီးနေပြီဆိုတော့ ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်တော့ဘူး။ စစ်သူကြီး သေဆုံးသွားရင် သူမကို ကိုယ်လုပ်တော်အဆင့်ကို လျှော့ချမှာပဲ။ သူမကို ဘယ်သူကမှ တစ်ချိန်လုံး မကာကွယ်ပေးနိုင်ဘူး”
“ရှောင်ကျို”
မုဝူစွမ်းရဲ့ မျက်နှာက မည်းမှောင် လာပြီးတော့
“ဘယ်သူက နင့်ကို ဝင်ပြောခွင့် ပေးထားတာလို့လဲ။ နောက်ဆုတ်စမ်း”
“သခင်မလေး”
ရှောင်ကျိုလည်း သူမကိုယ်သူမ ကာကွယ်ပြီးတော့ အမှားလုပ်မိသလို ခံစားလာရတယ်။
“ဒီအစေခံက သခင်မလေးအတွက် တရားမျှတစေချင်တာပါ။ ပထမဆုံး ယွမ်လော့ဖုန်းက အိမ်ရှေ့စံမင်းသားကို လက်ဝါးကြီးအုပ် ထားပြီးတော့ အလွတ်မပေးဘူး။ အခုတော့ အမတ်ချုပ်မုအိမ်တော်ကို ပြဿနာရှာပြီးတော့ သူမအတွက် သခင်မလေးကို ယောက်ျား ရှာခိုင်းတယ်။ မဟုတ်ရင် အိမ်ရှေ့စံနေရာကို မရပ်မနား အနှောင့်အယှက် ပေးနေမှာ။ သူမက အိမ်ရှေ့စံနေရာကို တကယ် အနှောင့်အယှက်ပေးချင်လည်း စစ်သူကြီးယွမ်က သူမကို ကာကွယ်မှာပဲ။ အဲ့အခါ အိမ်ရှေ့စံမင်းသားနဲ့ အရှင်မင်းကြီး နှစ်ယောက်စလုံး ခက်ခဲတဲ့အခြေအနေ ရောက်လိမ့်မယ်”
မုဝူစွမ်းရဲ့ပုံစံက ပြောင်းလဲ သွားခဲ့တယ်။ သူမအသံက ပိုပြီးတော့ ပြင်းထန်လာတယ်။
“နင့်ကို ပြောထားတယ်မလား။ ဒီကိစ္စကို တခြားလူတွေ မသိစေနဲ့လို့။ ငါပြောတာကို မေ့နေပြီလား”
တစ်ချိန်တည်းမှာပဲ ဇိမ်ခံသင်္ဘောရဲ့ သီးသန့်အခန်းမှ နူးညံ့့တဲ့ ကျောက်စိမ်းမင်းသားလို့ နာမည်ကြီးတဲ့ မင်းသား၄ ကွမ်ရှောင်ချိန်က သခင်နဲ့အစေခံရဲ့ ပြဇာတ်ဆန်ဆန် သရုပ်ဆောင်နေတဲ့ အသံကို ကြားလိုက်ရတယ်။
“ငါ့တော်ဝင် အစ်ကိုတော်က အမြော်အမြင်ညံ့လိုက်တာ။ သရုပ်ဆောင် နေတာကို မမြင်ဖူးလား မသိဘူး”
သူလည်း ခေါင်းကိုခါလိုက်ပြီးတော့ မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်းလဲတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဒီတိုင်းပြည်မှာ ယွမ်လော့ဖုန်းက မင်းတို့ထင်သလောက် မရိုးရှင်းဘူး။ ငါလည်း သူမက ဘယ်လို လူစားလဲဆိုတာ သိချင်နေမိတာ”
ကွမ်ရှောင်ချိန်က ညွှန်းပြခဲ့သော်လည်း ကွမ်လန်က သခင်နဲ့အစေခံရဲ့ သရုပ်ဆောင်တာကို လျစ်လျူရှုထားလိုက်တယ်။ ယွမ်လော့ဖုန်းရဲ့ နာမည်ကို ကြားတာနဲ့ သူ့မျက်နှာက ပိုပြီးမည်းလာတယ်။
“မုဝူစွမ်း... ယွမ်လော့ဖုန်းအတွက် ယောက်ျားရှာပေးတာက ကိုယ်ပိုင် ယူဆချက်ကြောင့် မဟုတ်ဘူးလား။ ယွမ်လော့ဖုန်းက တွန်းအားပေးလို့လား”
ကွမ်လန်လည်း မုဝူစွမ်းကို ဒေါသတကြီးနဲ့ အေးစက်စွာ စိုက်ကြည့်နေတယ်။
“လက်ထပ်ပွဲ ဖျက်သိမ်းလိုက်ရလို့ လျော်ကြေးအနေနဲ့ လက်ထပ်တာကို ကူညီပေးချင်တာလို့ အရင်က ပြောခဲ့တယ်လေ။ ခမည်းတော်ဆီက အမိန့်စာရအောင် လုပ်ပေးလို့ ပြောခဲ့တယ်လေ။ အခုတော့ လက်ထပ်ဖို့ကို သူမကိုယ်တိုင် အတင်းအကြပ် တောင်းဆိုခဲ့တာလား”
မုဝူစွမ်း ခါးသက်စွာ တခစ်ခစ် ရယ်တယ်။
“အရှင့်သား… မုဝူစွမ်းမှာ တခြားအမြင် မရှိပါဘူး။ နောက်ပြီးတော့ ယွမ်လော့ဖုန်းက တကယ်ကို အဆင့်အတန်း မြင့်မားပါတယ်။ ကျွန်မက သူ့အတွက် ရှာပေးတဲ့ ခင်ပွန်းကို မကြိုက်လောက်ဘူး ထင်ပါတယ်”
“သူမ အရည်အချင်းနဲ့ ဆိုရင်တော့လား” ကွမ်လန် လှောင်ပြောင် သရော်လိုက်တယ်။ သူ့မျက်လုံးထဲက အထင်မြင်သေးခြင်းတွေ ထွက်ပေါ်လာတယ်။
“ဘာအရည်အချင်းရှိလို့ သူမက အဆင့်အတန်း မြင့်မားရမလဲ။ သူမက မင်းကို အကူအညီ တောင်းတော့လည်း ငါက ကူညီပေးရတာပေါ့။ အိမ်ရှေ့စံမင်းသားက ရှာပေးတဲ့ ခင်ပွန်းကို သူ လက်မထပ်ချင်လည်း လက်ထပ်ရမှာပဲ။ ရှောင်ကျို ပြောတာမှန်တယ်။ သူမက စစ်သူကြီးယွမ်လော့ အားကိုးနဲ့ အာဏာကို အလွဲသုံးစားလုပ်နေတာ။ အဘိုးကြီးသေရင် သူမကို ကာကွယ်ပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ သူမကို ကိုယ်လုပ်တော် အဆင့်ကို လျှော့ချမှာပဲ”
အားလုံးက ပြောစရာ စကားမဲ့စွာ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေတယ်။ အားလုံး တိတ်ဆိတ်နေတယ်။ ယွမ်လော့ဖုန်းက အမှိုက်ဖြစ်သော်လည်း သူမပုံစံက စိတ်ဝင်စားဖို့ ကောင်းတယ်။ သူမကို ကိုယ်လုပ်တော်အဖြစ် ယူမယ်ဆိုရင်တော့ အားလုံးအတွက်တော့ မခက်ခဲပါဘူး။
ဇနီးအဖြစ်ယူမယ် ဆိုရင်တော့ အောင်မြင်မှုနဲ့ မွေးရာပါ အရည်အချင်းကို ကြည့်ရမယ်။ ကိုယ်လုပ်တော်အဖြစ် ယူမယ်ဆိုရင်တော့ ပန်းပွင့်လေးကဲ့သို့ အဆင်းလှပရမယ်။
“ဒီနေ့ ပွဲတော်က အရမ်း ပျော်စရာ ကောင်းတာပဲ”
ရုတ်တရက် သင်္ဘောအပြင်ဘက်မှ နွမ်းလျတဲ့အသံ ထွက်ပေါ်လာတယ်။ အားလုံးရဲ့ အကြည့်တွေကို ဆွဲဆောင်သွားတယ်။
နေဝင်နေသော ကောင်းကင်ယံအောက်မှာ ငယ်ရွယ်တဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်က တံခါးဝမှ ထွက်ပေါ်လာတယ်။
စွဲမက်ဖွယ် အပြုံးလေးနဲ့ သင်္ဘောပေါ်က လူတွေကို ကြည့်လိုက်တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro