
Ep6
အပိုင်း (၅) ဆေးနတ်ဘုရားရဲ့ လျိုဝှက် သင်္ကေတ ၂
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
"သခင်က သေချာမစဉ်းစားဘဲ လုပ်တာပဲ ကျွန်တော်သာ အချိန်မီ မရောက်ခဲ့ရင် သခင်အသက်ဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်"
နူးညံ့တဲ့အသံလေးက သူမစိတ်ထဲက ထွက်ပေါ်လာတယ်။ သူမစိတ်လုံး၀ မှောင်မိုက်နေတယ်။ ဘာဖြစ်နေမှန်းကို မသိဘူး။ သူမပြန်ကောင်းလာတည်းက သူမ ကျဉ်းမြောင်တဲ့ ကုန်းမြေပေါ်မှာ နေရာယူနေတာ သူမတွေ့တယ်။ သူမရှေ့မှာရပ်နေတာက အဖြူရောငိ ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ ၀၀ကစ်ကစ် ချစ်စရာကလေးတစ်ယောက်။ သူမ စိတ်ထဲမှာ ကြားလိုက်ရတဲ့ အသံက ဒီကလေးအသံပဲ။
"သခင် မတွေ့တာကြာပြီး သတိရနေခဲ့တာ" ယွမ်လော့ဖုန်းကိုတွေ့တော့ ဒီကလေးက ချစ်စရာကောင်းစွာ သွားနှစ်ချောင်းလေးကို ဖော်ပြပြီး သူမကို ပြုံးပြတယ်။
"ဘန်း" ကလေးက သူမဆီ ပြေးလာတာလည်းတွေ့ရော် သူမရှောင်လိုက်တာ။ ကလေးလည်း သူခြေလှမ်းသူ မထိန်းနိုင်ပဲ မြေကြီးပေါ် ချော်လဲတာပေါ့။ သူ ချော်လဲတဲ့ပုံက ခွေးလေးက ရွှံတွေကို စားနေသလိုပဲ(မှောက်လျက်သား ချော်လဲတာ)။ သူခန္ဓာကိုယ်လေးကို သူ မပြီး ဝမ်းနည်းနေတဲ့ မျက်ဝန်းလေးနဲ့ကြည့်လာပြီ
"သခင် အရမ်းရက်စက်တာပဲ"
"ခဏ" သူမလည်း ကလေးကို စကားဆက်ပြောခွင့် မပေးပဲ စကားလုပြောလိုက်တယ် သူ မျက်မှောက်ကြုတ်ပြီးတော့
"နင်ကဘယ်သူလဲ။ ဘယ်ကလာတာလဲ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိလို့လား။"
"သခင် ကျွန်တော်ကို မေ့သွားပြီးလား"
ကလေးက ငိုတော့မယ်အသံနဲ့ပြောလာတယ်
"သခင်သာ ကျွန်တော်ကို စာကြည့်တိုက်ကသာ မခေါ်ခဲ့ဘူးဆိုရင် သခင်နဲ့တွေ့ခွင့် ရခဲ့မှာ မဟုတ်ဘူး။ မတွေ့ရတဲ့ နှစ်ပတ်အတွင်းမှာ သခင်က ကျွန်တော်ကို မေ့လိုက်ပြီးလား"
ယွမ်လော့ဖုန်း အတွေးတွေရှုပ်ထွေးလာတယ်။ စာကြည့်တိုက်။ ဘယ်က စာကြည့်တိုက်ကို ပြောတာပါလဲ
"သခင် ကျွန်တော်က ဆေးပညာနတ်ဘုရားလျိုဝှက်သင်္ကေတရဲ့ အစောင့်ရှောက် စိတ်ဝိဉာဉ်ပါ။ သခင်က ကျွန်တော်ကို ဟွားရှားတက္ကသိုလ်က စာကြည့်တိုက်က ခေါ်လာတာပါ။ "
ဆေးပညာနတ်ဘုရား လျိုဝှက်သင်္ကေတက ပေါက်ကွဲသွားပြီးလေ။ ကြောက်ဖို့ကောင်းတဲ့ မိုးကြိုးမုန်းတိုင်းလိုပဲ။ ဆေးပညာနတ်ဘုရားလျိုဝှက်သင်္ကေတကို စာကြည့်တိုက်ထောင့်နားက ရရှိခဲ့တယ်။ စာကြည့်တိုက်မှာလည်း သိမ်းဆည်းထားတဲ့ မှတ်တမ်းမရှိတာကြောင့် စာကြည့်တိုက်တာဝန်ရှိသူက သူမကိုပေးလိုက်တယ်။ ဒါပေမယ့် သူမလည်း လျိုဝှက်သင်္ကေတကို အမြဲ မဖွင့်နိုင်ခဲ့ဘူး။ နည်းလမ်းပေါင်းစုံသုံးလည်း အသုံးမဝင်ဘူး။ သူမဝိဉာဉ်ကူးပြောင်းခဲ့တာတောင် ဒီလျိုဝှက် သင်္ကေတက သူနောက်ကို လိုက်လာခဲ့တယ်။ ကလေးနဲ့တူတဲ့သူက ဆေးနတ်ဘုရား လျိုဝှက်သင်္ကေတလို့ ပြောနေတယ်။
ယွမ်လော့ဖုန်းလည်း နေပြန်ကောင်းလာတော့ သူသိချင်တာတွေ
"နင်က ဘယ်လိုဖြစ်လို့ ဒီနေရာကိုရောက်နေတာလဲ"
ပိုပြီးမေးချင်လာတယ်။ သူမ ဘာလို့ ဒီတိုင်းပြည်ကိုရောက်လာတာလဲ။ ဒီနေရာက ဒီကောင်လေးနဲ့ ဆက်စပ်မှုရှိနေရမယ်။
"သခင် စမ်းသပ်ချက်ကို ဓာတ်ခွဲခန်းမှာ မလုပ်ဆောင်မီ အချိန်တည်းက ရလဒ်က ပေါက်ကွဲမယ်ဆိုတာ သိနေတယ်။ ဒါကြောင့် ပေါက်ကွဲမှု မဖြစ်ခင် သခင်ကို ဒီတိုင်းပြည်ကို ခေါ်လာတာ။ မဟုတ်ရင် သခင် အသက်ဆုံးရှုံးသွားလိမ့်မယ်။ "ကလေးလေးက သူမကို ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြနေပြီး သူမဆီက အမှတ်ယူနေတယ်။ ကလေးက တစ်ခုခု သတိရသွားဟန်နဲ့ စိတ်အားငယ်စွာပြောတယ်။
"ကံမကောင်းတာက ဟွားရှားက စိတ်စွမ်းအားလေ့ကျင့်နည်းတွေက ဒီတိုင်းပြည်မှာ သုံးလို့မရဘူး။ စိတ်စွမ်းအားတွေလည်း တည်ရှိလို့မရဘူး။ ကျွန်တော်သာ သခင်ကို ဒီတိုင်းပြည်ကို မခေါ်လာရင် အသေးစားပေါက်ကွဲမှုကြောင့် သခင်ရုပ်ပိုင်းဆိုင်ရာ ပျက်စီးပြီး သေဆုံးလိမ့်မယ်" ယွမ်လော့ဖုန်း မျက်ခုံးတွန့်လိုက်ပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်တယ်။
"နင်ပြောတာ နားထောင်ရသလောက်တော့ နင်က ဟွားရှားက မဟုတ်ဘူး။"ကလေးက ခေါင်းညိတ်ပြ ပြီးတော့ ပြန်ပြောတယ်
ကျွန်တော်က ဟွားရှားမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တာ။ သခင်က အမှတ်တမဲ့ ကျွန်တော်ကို ယူလိုက်တာပါ။ ဒါပေမယ့်လည်း သခင်အတွက် အရမ်း ဘေး အန္တာရယ်များပါတယ်။ သခင်မရပ်ဘဲ ဆက်လေ့ကျင့်နေမယ်ဆိုရင် သခင် သွေးထွက်လွန်ပြီး သေဆုံးသွားမှာကို ကြောက်မိတယ်။"
Chapter-6
End
Bạn đang đọc truyện trên: Truyen247.Pro