
Ep54
အပိုင်း(၅၄)
ကြောက်လန့်နေသော အဘိုးအို(၄)
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို စိုက်ကြည့်လိုက်တယ်။
“အဘိုးက ပြန်လည်တုံ့ပြန်တာ အမြဲ နှေးတယ်ထင်တယ်”
အရင်အချိန်ကလည်း ယွမ်လော့ဖုန်းရဲ့ စကားတွေကို ကြားပြီးနောက်ပိုင်း အဘိုးအိုက သတိလစ်တော့မလို ဖြစ်သွားတယ်။ အခုလည်း အဘိုး ခေါင်းတွေ မူးနောက်နေပြီ ထင်တယ်။ အခုတော့ ယွမ်လော့ဖုန်းရဲ့ စကားလုံးတွေကို မကြားတော့ဘူး ထင်တယ်။
စိတ်စုစည်းဆေးရည်က တော်ဝင်မြို့တော် တစ်ခုလုံးကို ကတိုက်ကရိုက် ဖြစ်သွားစေခဲ့တယ်။ စိတ်စုစည်းဆေးရည်ကို ပိုင်ဆိုင်ရဖို့ တခြားလူတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ ထိုဆေးရည်ကြောင့် လူအများရဲ့ အရှက်ခွဲခြင်းကို ခံခဲ့ရတယ်။ ထိုဆေးရည်က သူ့မြေးမလေးလက်ထဲက ထွက်လာတဲ့ ဆေးရည်လို့ မမျှော်လင့်ထားခဲ့ဘူး။
ထိုကဲ့သို့သော အံ့အားသင့်မှုက သူ့နှလုံးသားက တုန်လှုပ်ချောက်ချားစေတယ်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက မငြိမ်မသက်ဖြစ်ပြီးတော့ မြေပြင်ပေးကို ပြိုလဲသွားတော့သကဲ့သို့ ဖြစ်သွားစေတယ်။
“အဘိုး ... ဒီလိုဖြစ်သွားမှာ စိုးရိမ်တာကြောင့် စိတ်စုစည်းဆေးရည် အကြောင်းကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့တာပါ။ အဘိုးက ငွေတွေကို ဖြုန်းပြီးတော့ နှစ်ဆပေးပြီး စိတ်စုစည်းဆေးရည်ကို ပြန်ဝယ်မယ်လို့ မထင်ထားခဲ့ဘူး”
ယွမ်လော့ဖုန်းလည်း သူမခေါင်းလေးကို ခါလိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။
“ပြောရမယ်ဆိုရင် အဘိုးက အမြင့်စား အနိမ့်ဆင့် စိတ်စွမ်းအား လေ့ကျင့်မှု အခြေအနေကို ရောက်နေပြီးမလား”
အဘိုးအိုရဲ့စိတ်လည်း တဖြည်းဖြည်း တည်ငြိမ်လာတယ်။ ယွမ်လော့ဖုန်းရဲ့ စကားသံကို ကြားတော့ သူလည်း ခေါင်းညိတ်ပြလိုက်တယ်။ သူ့ခေါင်းကတော့ အနည်းငယ် မူးဝေနေပါသေးတယ်။
“အဘိုးက နောက်တစ်ဆင့်ကို ကျော်လွှားနိုင်တော့မယ်လို့ ခံစားရတယ်”
ယွမ်လော့ဖုန်းလည်း သူမပါးမို့မို့လေးကို ကြင်နာစွာ ပွတ်သပ်လိုက်တယ်။ အဘိုး မထင်ထားလောက်အောင် အံ့ဩသွားမှာကိုတော့ သူမကြောက်မိတယ်။
“အဘိုးကို သမီး အရင်ကပြောခဲ့ဖူးတဲ့ ဆရာကို မှတ်မိသေးလား။ စိတ်စုစည်းဆေးရည် ဖော်စပ်နည်းကို ဆရာက သင်ပေးခဲ့တာပါ။ အဘိုးကို အမြင့်စား အလယ်အလတ်အဆင့်ကို ရောက်အောင် မြေးလေး ဆေးဖော်စပ်ပေးမယ်”
အဘိုးက စိတ်စုစည်းဆေးရည်ရဲ့ မူလအရင်းမြစ်ကို သိချင်နေမယ်ဆိုတာ ယွမ်လော့ဖုန်း ရိပ်မိတာကြောင့် စိတ်ကူးတဲ့ ဆရာကို သုံးပြီးတော့ လိမ်လိုက်ရတာပါ။
အဘိုးအိုလည်း ယွမ်လော့ဖုန်းရဲ့ စကားလုံးတွေကို ကြားပြီးနောက် သူ့နှလုံးကို တည်ငြိမ်အောင် လွယ်ကူစွာ မထိန်းချုပ်နိုင်တော့ဘဲ သစ်သားကုလားထိုင်ပေါ်သို့ ဗုန်းခနဲ မြည်အောင် ပစ်လဲတော့သည်။
“အဘိုး... အဆင်ပြေရဲ့လား”
ယွမ်လော့ဖုန်း လန့်သွားပြီး အဘိုးအိုနားကို အမြန်ပြေးသွားတယ်။ အဘိုးအိုကို ထူမပေးလိုက်တယ်။ သူအရင်က ထင်ထားခဲ့တာက အဘိုးအိုနှလုံးက ကျန်းမာသန်စွမ်းမယ်လို့ ထင်ထားခဲ့တာပါ။
“မြေးဆိုးလေး... အဘိုးကို ပြဿနာတွေပဲ ပေးတယ်။ မြေးလေးက ဒီအဘိုးအိုကြီးကို ရုတ်တရက် အံ့ဩရလွန်းလို့ သေသွားစေချင်တာလား” ယွမ်လော့ဖုန်းလည်း နောက်ဆုံးမှ စိတ်သက်သာရာ ရသွားတယ်။ အဘိုး ပါးစပ် ပထမဆုံး အကြိမ်ပွင့်တဲ့အချိန်မှာ ပထမဆုံး ပြောတဲ့ စကားက ယွမ်လော့ဖုန်းကို အပြစ်တင်ဖို့ ဖြစ်နေတယ်။
“ခုချိန်က စပြီးတော့ ဒီကိစ္စတွေကို အဘိုးကို ပြောရမယ်။ နှစ်ခါလောက် အံ့အားသင့်အောင် မလုပ်နဲ့။ အလန့်လွန်ပြီးတော့ သေအောင် မလုပ်ပါနဲ့။ ဒီအဘိုးအိုကြီးက ကံကောင်းတာ မဟုတ်ဘူး”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“အဘိုးကို စွမ်းအားတိုးအောင် လုပ်ပေးရင် ထပ်ပြီးတော့ အံ့အားသင့်ပြီး နေမကောင်း ဖြစ်သွားမှာကို စိုးရိမ်လို့ပါ။ ဒါကြောင့် အခုတည်းက တစ်ခါတည်း ပြောလိုက်တာပါ”
“ဖုန်းအာ အမှန်တကယ် ပြောနေတာလား။ အဘိုး စွမ်းအား တိုးတက်လာအောင် တကယ် ကူညီနိုင်တာလား”
ယွမ်လော့ရဲ့ မျက်ဝန်းနှစ်စုံက တောက်ပနေတယ်။
“စွမ်းအား တိုးတက်သွားရင်တော့ အဘိုးက လုံယွမ်တိုင်းပြည်မှာ နံပါတ်၁အဆင့် ဖြစ်လာမယ်”
လုံယွမ်တိုင်းပြည်ရဲ့ နံပါတ်၁စိတ်စွမ်းအား ပညာရှင်နဲ့ ယွမ်လော့တို့ နှစ်ယောက်လုံးက အမြင့်စားအဆင့်မှာ ရှိနေတာပါ။ နံပါတ်၁ ပညာရှင်က အမြင့်စား တိုးတက် အဆင့်ဖြစ်နေပြီ။ ယွမ်လော့ကဲ့သို့ အမြင့်စား အနိမ့်အဆင့် မဟုတ်ဘူး။
“အမှန်တကယ် ပြောနေတာပေါ့” ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်ပြလိုက်တယ်။
“သမီးအတွက် အချိန်ပဲ လိုအပ်ပါတယ်။ လုံလောက်တဲ့ အချိန်ကိုသာ ပေးခဲ့ရင် အဘိုး... နောက်တစ်ဆင့်တက်ဖို့ အခက်အခဲကို ကျော်လွှားနိုင်ရုံ သာမက ဒုတိယဦးလေးရဲ့ စိတ်စွမ်းအားကို ပြန်ရလာအောင် ကူညီပေးနိုင်ပါတယ်”
“ဟား...”
အဘိုးအိုက ဟားတိုက် ရယ်မောလိုက်တယ်။ သူ့ရဲ့ရယ်မောသံက ယွမ်အိမ်တော်ရဲ့ ကောင်ကင်တစ်ခွင်မှာ ပျံ့လွင့်နေတယ်။
“မြေးလေးက ယွမ်လော့ရဲ့ မြေးလေးဖြစ်ဖို့ ထိုက်တန်တယ်။ မြေးလေးနဲ့ အိမ်ရှေ့စံမင်းသား စေ့စပ်တာကို ဖျက်သိမ်းလိုက်တာကို အဘိုး ကျေနပ်တယ်။ အိမ်ရှေ့စံမင်းသားက မုဝူစွမ်းကဲ့သို့သော အမျိုးသမီးနဲ့သာ ထိုက်တန်တယ်။ အဖိုးတန်တဲ့ ငါ့မြေးလေးနဲ့ ဘယ်လိုဖြစ်ပြီးတော့ ထိုက်တန်မလဲ။ မကြာခင်မှာပဲ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ ရွေးချယ်မှုကို နောင်တရလိမ့်မယ်”
***
Bạn đang đọc truyện trên: Truyen247.Pro