
Ep50
အပိုင်း(၅၀)
ရှာတွေ့ခြင်း(၄)
"အမ်... ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ။ နင်တို့တွေ ဘာတွေ စတင် ငြင်းနေတာလဲ”
အရိုးထဲအထိ စွဲအောင် ဆွဲဆောင်နိုင်သော အသံကို ကြားလိုက်ရတယ်။ ယောက်ျားသားတွေ အားလုံးကို ပျော့ပျောင်း ထုံထိုင်းသွားသလို ခံစားသွားစေတယ်။ သူတို့ ခန္ဓာကိုယ် တစ်ခုလုံးကို အင်အား မဲ့သွားစေတယ်။
ဖုန်းရာလည်း တခြားလူတွေရဲ့ ကြမ်းတမ်းတဲ့ အကြည့်အောက်က ဖြတ်ကျော် လမ်းလျှောက် လိုက်တယ်။ သူမ နှုတ်ခမ်းထောင့်လေးကို ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။ သူမရဲ့ မြှူဆွယ်တဲ့ အကြည့်တွေက ပြင်းထန်သော ရမ္မက်လျှမ်းသော ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်။ သူမရဲ့ မျက်စောင်းလေးနဲ့ အပြုံးလေးတွေက အမျိုးမျိုးသော ထောင်ပေါင်း များစွာသော မြှူဆွယ်နည်းတွေကို ဖော်ပြနေသလိုပါပဲ။
"ဟမ်... စစ်သူကြီး အိမ်တော်က အမှိုက်မ လေးပါလား။ အမှိုက်လို အခြေအနေရှိတဲ့ လူတစ်ယောက်က ဆေးစံအိမ်တော်ကို လာတယ်လား။ စိတ်စုစည်း ဆေးရည်ကို အတင်းအဓမ္မ ဝယ်ချင်နေတာလား။ အမှိုက်မနဲ့ လုယက်ပြီးတော့ မဝယ်ချင်ဘူး။ အမှိုက်မကို ထွက်သွားစေချင်တယ်။ မင်းက အချိန်မီ ရောက်လာပြီဆိုတော့ သူမကို ကန်ထုတ်လိုက်ပါ"
ဖုန်းရာ သူမမျက်ခုံးကို အနည်းငယ် တွန့်လိုက်တယ်။ သူမ အမြင်အာရုံတွေက ယွမ်လော့ဖုန်းပေါ် ကျရောက်သွားတယ်။ သူမ နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီးတော့ သူမလည်း မိန်းမပျိုလေးကို ချဉ်းကပ်လိုက်တယ်။
"ဆေးစံအိမ်ကို လာရောက်တဲ့လူတွေ အားလုံးက ဧည့်သည်တော်တွေပဲ။ ကျွန်မတို့ ဆေးစံအိမ်တော်က ဝယ်သူတွေကို ငြင်းထုတ်တဲ့ အလေ့ကျင့် မရှိပါဘူး။ အထူးသဖြင့် ချောမောလှပတဲ့ မိန်းကလေးတွေကိုပေါ့။ လုံယွမ်တိုင်းပြည်က မိန်းကလေးတွေ အားလုံး သူမရဲ့အလှကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး”
မုဝူစွမ်း မျက်လုံးတွေက ပိုပြီးတော့ မည်းမှောင်လာတယ်။ ဖုန်းရာပြောတဲ့ စကားလုံးကို မကြိုက်တဲ့ အမူရာကို ပြောင်းလဲလာတယ်။ ယွမ်လော့ဖုန်းက ဘာဖြစ်လို့ လုံယွမ်တိုင်းပြည်ရဲ့ နံပါတ်၁ အချောလှဆုံးလေး ဖြစ်ရမှာလဲ။ ငါဆိုတဲ့ မုဝူစွမ်းက အရူးမထက် ပိုပြီးတော့ ချောမော လှပတယ်။
“ဒီအနံ့လေးက မွှေးပျံ့နေတာပဲ”
ဖုန်းရာလည်း ယွမ်လော့ဖုန်း ရှေ့အနားကို တိုးလိုက်တယ်။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပေါ်မှာ ချစ်စရာကောင်းတဲ့ အပြုံးလေးကို ဆင်မြန်းထားတယ်။ သူမ လုပ်ဆောင်နေတဲ့ အပြုအမူတွေ မယဉ်ကျေးဘူး။
“ဆေးစံအိမ်တော်ကို ဆေးမြစ်တွေဝယ်ဖို့ လာတယ် ဆိုရင်တော့ အရင်ဆုံး ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပါ”
ယွမ်လော့ဖုန်း ခေါင်းညိတ်ပြခဲ့တယ်။ ဖုန်းရာလည်း ယွမ်လော့ဖုန်း ဘေးနားကို ကပ်ပြီးတော့ လမ်းလျှောက် လာခဲ့တယ်။ သူမနှုတ်ခမ်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
“စိတ်စုစည်းဆေးရည် တန်ဖိုးက ရွှေသန်း၂၀တန်ဖိုး ဖြစ်နေတယ်။ အရမ်း ဈေးကြီးလွန်းတယ်။ မင်း စိတ်စုစည်းဆေးရည်ကို ဝယ်ချင်တယ် ဆိုရင်တော့ ငါတို့ ဆေးစံအိမ်တော်က ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။ အရင်ဆုံး ပြန်လိုက်ပြီးတော့ ငါခေါ်တာကို စောင့်နေလိုက်ပါ။ ငါက မင်းအတွက် အံ့အားသင့်စရာ တစ်ခုကို ယူဆောင် လာပေးမှာပါ”
ယွမ်လော့ဖုန်း တစ်ခဏတာလောက် အတွေးလွန် သွားပြီးနောက်မှာ စိတ်စုစည်းဆေးရည်နဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အဘိုး စိတ်စုစည်းဆေးရည် ကိစ္စကို လက်မခံရင် ဆေးဝယ်ဖို့ ပိုက်ဆံကို ပေးနေရဦးမယ်။
“ဟား …”နောက်ဆုံးတော့ ကွမ်လန်တစ်ယောက် ယွမ်လော့ဖုန်းအသံကို ကြားတော့ ပြက်ရယ်ပြုစွာ တခစ်ခစ် ဟားတိုက် ရယ်မောနေတယ်။
“ယွမ်လော့ဖုန်း … မင်းကိုယ်မင်း သတ်သေတာ မအောင်မြင်တဲ့ နောက်ပိုင်းမှာ အရင်လို စိတ်တို ဒေါသကြီးသူ တစ်ယောက် မဟုတ်တော့ဘူး။ မင်း … အရမ်းကို မာနကြီးလာတယ်။ စိတ်စုစည်းဆေးရည်ကို ဝယ်ဖို့ ရွှေသန်း၂၀က အရမ်း ဈေးများလွန်းတယ်လို့ မင်းပြောတယ်နော်။ ကြီးမားတဲ့ ဆုံးရှုံးမှုတဲ့လား။ ငါမင်းကို ပြောလိုက်ပါရစေနော်။ စိတ်စုစည်း ဆေးရည်က ရွှေသန်း၃၀ဆိုရင်လည်း ဝယ်ချင်တဲ့လူတွေက ရှိနေမှာပဲ။ အသိဉာဏ်မရှိတဲ့ နင်တစ်ယောက်တည်းပဲ စိတ်စုစည်းဆေးရည်ကို အရမ်း ဈေးကြီးလွန်းတယ်လို့ ယူဆချင်နေတာ”
ယွမ်လော့ဖုန်းက ကွမ်လန်ရဲ့ စကားလုံးတွေကို မကြားသော်လည်း သူမတည်ငြိမ်စွာ ဆေးစံအိမ်တော် အတွင်းကို ဝင်သွားခဲ့တယ်။
အရှေ့ဘက်မှ ယွမ်လော့ဖုန်းက အရင်ဆုံး ဆေးစံအိမ်တော် အတွင်း ဝင်သွားသောကြောင့် ဖုန်းရာတစ်ယောက် အိမ်ရှေ့စံမင်းသားကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ပေးလိုက်တာကို မသိလိုက်ပါဘူး။
ဖုန်းရာ ပြုံးလိုက်တယ်။ ယွမ်လော့ဖုန်း လှမ်းပေးလိုက်တဲ့ စာရွက်ကို ယူလိုက်တယ်။ သူမနဲ့ မျက်လုံးချင်း ဆုံစည်းမိသွားတယ်။
"ညီမလေးက အစ်မတို့ ဆေးစံအိမ်ကို ငွေတွေအများကြီးရဖို့ ကူညီပေးခဲ့တာဆိုတော့ ဆေးမြစ်တွေကို ပိုက်ဆံမပေးပါနဲ့တော့။ အစ်မတို့ ပိုက်ဆံမယူတော့ပါဘူး”
ယွမ်လော့ဖုန်းလည်း ဖုန်းအာကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။
"အစ်မက ဘာကို ဆိုလိုချင်တာလဲ”
သူမက ဘယ်သူလဲဆိုတာကို သိသွားပြီလား။ မဖြစ်နိုင်ပါဘူး။ သူမ အခုမှ ဖုန်းရာနဲ့ ဒုတိယအကြိမ် ဆက်သွယ်ဖူးတာလေ။ ဘယ်လိုဖြစ်ပြီးတော့ သူမကို ရှာတွေ့သွားရတာလဲ။
***
စ
ာစဉ်(၂)ပြီးပါပြီ
ဆက်ပါဦးမည်။
***
Bạn đang đọc truyện trên: Truyen247.Pro