
Ep5
အပိုင်း (၅) ဆေးနတ်ဘုရားရဲ့ လျိုဝှက် သင်္ကေတ
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
"လုံယွမ်လို့ခေါ်တဲ့ တိုင်းပြည်က သိုင်းပညာကို လေးစားတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်။ သိုင်းပညာ လေ့ကျင့်တဲ့လူကို စိတ်စွမ်းအား လေ့ကျင့်သူလို့ ခေါ်တယ်။စိတ်စွမ်းအား လေ့ကျင့်သူတွေကို မတူညီတဲ့ အဆင့် အမျိုးမျိုးခွဲခြားထားတယ်-အစောပိုင်း၊ အလယ်လတ်တန်းစား၊ အမြင့်စား၊ ကမ္ဘာမြေကြီးအဆင့်၊ ကောင်းကင်အဆင့်၊ နတ်ဘုရားအဆင့်၊ မြင့်မြတ်သော ပညာရှင်အဆင့်။ အဆင့်တိုင်းကို အနိမ့်စား အဆင့် ၊ အသင့်တင့် အဆင့် ၊ အဆင့်မြင့်မားသော အဆင့် ၊ အမြင့်ဆုံး အဆင့် ။ သို့သော်လည်း လုံယွမ်တိုင်းပြည်မှာ အသန်မာဆုံးသောလူတွေက အမြင့်စား အဆင့်ကို ရောက်ရှိတယ်။အမြင့်စား အဆင့်ကိုေရောက်ရှိတဲ့လူက လုံယွမ် တိုင်းပြည်တွင်၂ယောက်ပဲရှိတယ်။ ကျွန်မအဘိုး စစ်သူကြီး ယွမ်လော့ နဲ့ တော်ဝင်မိသားစုက ကျွမ်းကျင်သူတို့ပဲ ရှိတယ်။"
"အိပ်ယာပေါ်မှာ မိန်းကလေးတစ်ယောက်ကတော့ သူသိတဲ့ သတင်းတွေ ပြန်လည်စဉ်းစားနေတယ်။ သူမ သက်ပြင်းလေးချမိတယ်
ကံမကောင်းတာကတော့ ဒီခန္ဓာကိုယ်ကြီးက အားနည်းတယ် အရည်ချင်းလည်း နိမ့်တယ်။ ငါ စိတ်စွမ်းအားလေ့ကျင့်သူ ဖြစ်ဖို့ နည်းလမ်း မရှိဘူး။ သိုင်းပညာကို လေးစားတဲ့ ဒီတိုင်းပြည်မှာ စိတ်စွမ်းအားကို မလေ့ကျင့်နိုင်ရင် အမှိုက်လို့ လူသိများလာလိမ့်မယ်"
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အရင်အချိန်တုန်း စိတ်စွမ်းလေ့ကျင့်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ဒါပေမယ့် သူမ ပတ်ဝန်းကျင် စွမ်းအားကို စုပ်ယူဖို့ ကြိုးစားတဲ့ အချိန်မှာ သူမခန္ဓာကိုယ်က စူးနစ်စွာ နာကျင်ရတယ်။ ချွေးအေးတွေလည်း ထွက်လာတယ်။ဒါကြောင့် သူမ စွန့်လွှတ်လိုက်ရတာပေါ့။
ကောင်းတာတစ်ခုကတော့ ခေတ်သစ်က ယွမ်လော့ဖုန်းက များစွာသော စိတ်စွမ်းအား လေ့ကျင့်မှု နည်းလမ်းတွေကို နက်နက်နဲနဲ လေ့လာခဲ့တယ်။ အခုတော့ သူမအတွက် အထောက်ကူပြုမှာပါ။
ယွမ်လော့ဖုန်း စတင်ပြီးလေ့ကျင့်တယ်။ လေ့ကျင့်နေတဲ့ အချိန်မှာ သူမ ခနာကိုယ်က စူးစူးနစ်နစ် နာကျင်လာတယ်။ အရမ်းကို နာကျင်သောကြောင့် သူမခန္ဓာကိုယ်က တုန်ရီလာပြီး ချွေးအေးတွေ တစ်စက်စက်ကျဆင်းနေတယ်။
"မရဘူး ငါ အလွယ်တကူ မစွန့်လွှတ်နိုင်ဘူး။ သန်မာသူတွေကို လေးစားတဲ့ ဒီတိုင်းပြည်မှာ စိတ်စွမ်းအားကို လေ့ကျင်နိုင်ဖို့ နည်းလမ်းမရှိရင် သူတစ်ပါး အနိုင်ကျင့် နှိပ်စက် စော်ကားတာကို ခံစားရင် နေထိုင်နေရတာက သေဖို့ ထိုင်စောင့်နေရတဲ့ လူတစ်ယောက်လိုပဲ။ ငါ ဘယ်တော့မှ အမှိုက်လို လူစား မဖြစ်ချင်ဘူး။"
တံခါးဝနားမှာတော့ စစ်သူကြီး ယွမ်လော့က တံခါးကို တွန်းဖွင့်ဖို့ စဉ်းစားနေစဲမှာပဲ သူတစ်ခုခုကို ခံစားရတယ်။ သူတံခါးကိုထိနေတဲ့လက်က ရပ်တံ့သွားတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ထည်ဝါတဲ့ အသံက သူ့နားနှစ်ဖက်စီ ရောက်လာခဲ့တယ်။ သူ့လက်ကတစ်ဆင့် သူ့နှလုံးသားတွေ ဖျစ်ကျစ်ခံရတာကို ခံစားရတယ်။
"အား"
ယွမ်လော့ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ အခုချိန်မှာ သူ့ရင်ထဲမှာ အပြစ်ရှိသလို ခံစားရတာအပြင် ပူပင်သောကကိုလည်း ခံစားနေရတယ်။
ဒီကောင်မလေးက စိတ်စွမ်းအားလေ့ကျင့်နိုင်ဖို့ အတော်ကို ကြိုးစား အားထုတ်နေတာပဲ။ ဒါပေမယ့် သူကတော့ တခြားလူတွေ ပြောနေတဲ့ ကောလဟာလတွေကို ယုံကြည်ခဲ့ပြီးတော့ သူ့မြေးမလေးကို ဂရုမစိုက်ခဲ့သလို အိမ်ကိုလည်း ပြန်မလာခဲ့ဘူး။ ဒါပြင့် သူက သူမြေးမလေးကို စစ်မေးပြီးတော့ သူမလေး နှလုံးသားကို နာကျင်ကြေကွဲစေခဲ့တယ်။
"စစ်သူကြီး"
ယွမ်လော့ အပြစ်ရှိသလို ခံစားနေရတဲ့ အချိန်အတောအတွင်းမှာပဲ အိမ်တော်ထိန်းက သူနောက်မှ ကတိုက်ကရိုက်ပေါ်လာတယ်။ သူကို လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဂါရဝပြုတယ်ပြီးတော့ ပြောတယ်
"အိမ်ရှေ့စံမင်းသား ကြွမြန်းလာပါတယ်။ အိမ်တော်ကြီးမှာ စောင့်နေပါတယ်။"
ယွမ်လော့ ပိတ်ထားတဲ့ တံခါးနားမှာ ခဏတာတွေးတော့ကြံဆနေပြီးတော့ လေးလံတဲ့ အသံနဲ့ သူပြောလိုက်တယ်
"အကြီးဆုံးသခင်မလေးကို ဘယ်သူမှ လာမနှောက်ယှက်ဖို့ အားလုံးကို အမိန့်ပေးထားလိုက်ပါ။"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ယွမ်လော့ ရောက်နေတဲ့အချိန်က ယွမ်လော့ဖုန်း သတိထားမိပါတယ်။ ဒါပေမယ့် အဲဒီအချိန်က သူမ နာကျင်မှုကြောင့် အိပ်မပျော်နိုင်ခဲ့ဘူး။
တစ်ယောက်ယောက် သူမအနားမှာ ရှိနေရင်လည်း သူမကို သေချာပေါက် ကြောက်လန့် သွားမှာပဲ။ အဖြူရောင်အင်္ကျီမှာ သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ မိန်းကလေး တစ်ယောက်ကိုသာ မြင်မိသောကြောင့် ကြောက်နေမှာပါ။ သူမချွေးပေါက်တွေ ပွင့်လာပြီး သွေးတွေ အဆက်မပြတ်ထွက်လာခဲ့တယ်။ အခုချိန်မှာ သူမပုံစံက သွေးနဲ့ ရေချိုးထားတဲ့ လူတစ်ယောက်ကဲ့သို့ပဲ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သေချာပေါက် ကြောက်လန့် သွားမှာပါ။
"အား"
တစ်ခဏအတွင်းမှာပဲ ယွမ်လော့ဖုန်းက ဖောက်ပြန် အသက်ရှုရခက်ခဲလာရာက မူးဝေလာတယ်။ အသံတစ်ခုက သူ့ စိတ်ထဲမှာ ပေါက်ကွဲလာသလို ခံစားရပြီးနောက် သူမ အမြင်အာရုံတွေ ချက်ချင်း ပြန်ကောင်းလာခဲ့တယ်။
Chapter5
End
Bạn đang đọc truyện trên: Truyen247.Pro