Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep4

အပိုင်း (၄) ယွမ်မိသားစု အကြီးဆုံးသခင်မလေး

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး

စာကြည့်ခန်း လျိုဝှက်တံခါးကို ဖွင့်လိုက်တယ်။ ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ယောက်က ယွမ်လော့ ဘေးနားကို တဖြည်းဖြည်း ရွေ့လာခဲ့တယ်။ 

ကြော့ရှင်းပြီး ယဉ်ကျေးသိမ့်မွေ့တဲ့ လူတစ်ယောက်ဖြစ်တယ်။  သူပုံစံက ဝမ်းနည်းနေတဲ့ ပုံစံဖြစ်နေတယ်။  သူ့အသားရည်က ဖျော့တော့ပြီး အဖြူရောင်လေး ဆိုတော့ နေမကောင်းဖြစ်နေတဲ့ လူတစ်ယောက်နဲ့ တူနေတယ်။ လေတိုက်ရင် ပစ်လဲသွားနိုင်တဲ့ ပုံစံလေးပါ။ သူကိုမြင်ရတဲ့ တခြားလူတွေက သူကို သနားမိမှာပါ။ သူက ကြော့ရှင်းလှပပေးမယ့်လည်း ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေရတယ်။နေမကောင်းဖြစ်နေပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု မရှိဘူး။ သူလေးလံတဲ့ ဘာတာဝန်ကိုမှ မလုပ်ဆောင်နိုင်ဘူး ။

“အဖေက သူမလေး အသက်၄နှစ်အရွယ်မှ ထွက်သွားခဲ့တယ်။ သူမလေး ဒီနှစ်တွေမှာ ခံစားခဲ့ရတဲ့ အရှက်တကွဲ သိမ်ငယ်ခဲ့ရခြင်းတွေကို အဖေ မသိခဲ့ဘူး။ သူ့ဦးလေးဖြစ်တဲ့ ကျွန်တော်ကလည်း သူကိုကာကွယ်ပေးပြီး သူဘက်က မရပ်တည်ပေးနိုင်ခဲ့ဘူး။ဒီနေ့မှာ သူမလေးက မတူညီတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့တာပေါ့။”

ဒီလူအသံက ချိုသာတဲ့ ဆောင်းရေအေးလေးလိုပဲ ။

တခြားလူတွေသာ စာကြည့်ခန်းထဲမှာ ရှိခဲ့မယ်ဆိုရင် ယွမ်လော့နဲ့ စကားပြောနေတာသာ တွေ့ခဲ့ရင် အားလုံးက အံအားသင့်သွားမှာပါ။

လူတိုင်းသိတာက စစ်သူကြီးယွမ်လော့မှာ သားနှစ်ယောက်ပဲ ရှိတယ်။ ယွမ်မိသားစုက ဒုတိယသား ယွမ်ချင်ရာက ပထမသားထက် ပါရမီထူးရှိတယ်။ သူ့အသက် ၁၅နှစ်တည်းက အလယ်လတ်စား စိတ်စွမ်းအား အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်။အဆင့်မြင့်စိတ် စွမ်းအားလေ့ကျင့်သူ ဖြစ်ဖို့ အဆသ့်တစ်ဆင့်သာ လိုအပ်တော့တယ်။

လုံယွမ်မှာ အဆင့်မြင့် စိတ်စွမ်းအားလေ့ကျင့်သူ အဆင့်ကို ရောက်တဲ့ လူနှစ်ယောက်သာရှိတယ်။ တစ်ယောက်က စစ်သူကြီး ယွမ်လော့နဲ့  နောက်တစ်တစ်ယောက်က တော်ဝင်မိသားစုရဲ့ ကျွမ်းကျင်သူပေါ့။ ဒါပေမယ့် နှစ်ယောက်စလုံးက အဆင့်မြင့် စိတ်စွမ်းအားလေ့ကျင့်သူ အဖြစ်ကိုရောက်ဖို့ အနှစ်၄၀ အချိန်ယူခဲ့ရတယ်။

ပြန်ကြည့်မယ်ဆိုရင် ယွမ်ချင်ရာက ၁၅နှစ်ပဲရှိသေးတယ်။ အသက်၁၂နှစ်တည်းက အလယ်လတ်စား စိတ်စွမ်းအားလေ့ကျင့်သူ ဖြစ်လာပြီး။ လူတွေအားလုံးက သူအတွက် ဂုဏ်ယူတယ်။

ဒါပေမယ့် အတိတ်က ငယ်ရွယ်ပြီးအောင်မြင်တဲ့ ချင်ရာက သစ်တောထဲမှာ ရပ်တည်နေရတဲ့ သစ်ပင်ဆိုတဲ့ ဘဝကို သူမေ့လျောနေတယ် လေတိုက်တာနဲ့ သူလုံးဝလဲပြိုသွားနိုင်တယ်ဆိုတာကိုပေါ့

( သူတို့လိုချင်တာမရရင် တခြားသူလည်း မပိုင်ဆိုင်ရအောင်ဖျက်စီးတတ်တယ်လို့ ပြောချင်တာပါ မူရင်းအတိုင်းပြန်ရေးတာပါ)

ပြိုင်ပွဲ အလယ်မှာပဲ ချင်ရာက သူ့ပြိုင်ဘက်ကို အနိုင်ယူသွားတယ်။ သူ့ပြိုင်ဘက် မိသားစု ဒေါသကို သွားဆွပေးသလို ဖြစ်ခဲ့တယ်။နောက်ဆုံးတော့ သူတောင်ပေါ်က လဲကျခဲ့တယ်။ သေသွားပြီးလို့ယူဆခဲ့တဲ့ ချင်ရာက အသက်ရှင်နေမယ်လို့ ဘယ်သူကထင်မလဲ။

“ချင်ရာ မင်း ဒီနှစ်တွေမှာ ခံစားခဲ့ရမှာပဲ”  ယွမ်လော့ နာကျင်စွာ ရယ်လိုက်တယ်။

“ယွမ်မိသားစု အတွက်ကြောင့်သာ မဟုတ်ရင် မင်းဒီလိုပုန်းနေရမှာ မဟုတ်ပါဘူး။ သူတို့ သြဇာအာဏာက ကြီးမားလွန်းတယ်လေ။ သူတို့တွေ မင်းအသက်ရှင်နေတာကိုသာ သိခဲ့ရင် သူတို့ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ယွမ်မိသားစုကိုလည်း ခွင့်လွတ်မှာ မဟုတ်ဘူး”

ချင်ရာ ခေါင်းကိုနှိမ်ချလိုက်ပြီး သူ့မျက်လုံးတွေကို ဖုံးကွယ်လိုက်တယ်။ သူ့မျက်လုံးတွေမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတတယ်။သူ တည်ငြိမ်တဲ့ အသံနဲ့ မေးလိုက်မိတယ်

“ကျွန်တော်သာ အသက်ရှင်နေခဲ့ရင် ဘာတွေဖြစ်လာမှာလဲ ။ အခု ကျွန်တော် နေထိုင်နေရတဲ့ ပုံစံက သေနေတဲ့လူနဲ့ မခြားနားပါဘူး။ ကျွန်တော်မှာရှိတဲ့ အင်အားတွေကလည်း အသုံးမဝင်ဘူး ။ မသန်စွမ်းတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ခိုးကြောင်ခိုးဝှက် အသက်ရှင်နေရတယ်။ ကျွန်တော့်တူမအရင်းလေးက အပြင်မှာ သူတစ်ပါးအရှက်ကွဲ သိမ်ငယ်မှုကို ခံစားနေရတယ်။ ကျွန်တော် အပြင်ထွက်ပြီးတော့ သူကို မကူညီနိုင်ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်တာ အချိန်တွေတည်းက အဖေနဲ့ ကျွန်တော်သာ အိမ်မှာရှိနေခဲ့ရင် ဖုန်းအားကို ဘယ်သူမှ ထိရဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ယွမ်အိမ်တော် လုံခြုံဖို့ အတွက် ကျွန်တော် အသက်ရှင်နေတာကို ဘယ်သူကိုမှ ပေးမသိခဲ့ဘူး ”

ဒီနှစ်တွေမှာ သူကိုသတ်ချင်နေတဲ့လူက အင်းအားအများပြားနဲ့ သူနောက်ကို လိုက်နေတဲ့အချိန်မှာ သူကတော့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရနေတဲ့ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲပြီး လွတ်မြောက်အောင်ကြိုးစားခဲ့ရတယ်။ တစ်ရက်ကြာတော့ သူသေဆုံးသွားပြီးဆိုတဲ့ သတင်းကို ဖြန့်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေက သူသေသွားတဲ့ ဆိုတဲ့သတင်းကို မယုံကြည်ခဲ့ဘူး။ ဒါကြောင့် ယွမ်အိမ်တော်ကို ရှာဖွေဖို့ နေ့တိုင်းလူတွေ လွှတ်ထားတယ်။ နောက်ဆုံးတော့ ချင်ရာ လျိုဝှက်အခန်းထဲမှာပဲ နေထိုင်ခဲ့ရတယ်။ သူပုန်းနေခဲ့ရတာ ဆယ်စုနှစ် ကျော်နေခဲ့ပြီး။

ဆယ်နှစ်အကြာ အလင်းရောင်မဲ့တဲ့ အခန်းထဲမှာ နေထိုင်ခြင်းက သူနေထိုင်မကောင်းတာကို မကူညီပေးနိုင်ခဲ့ဘူး။ သူ့ကျန်းမာရေးကို ပိုဆိုးရွားလာစေတယ်။ သူကို လိုက်လံရှာဖွေနေတဲ့ လူတွေလက်က လွတ်မြောက်သွားသော်လည်း သူမှာ ပိုပြီး စိတ်ပျက်အားငယ်မှုတွေသာ ကျန်ခဲ့တယ်။ သူ့ စိတ်စွမ်းအားလည်း ဖျက်စီးခံရတယ်။ သူ့ အင်အားတွေလည်း ပျောက်ဆုံးနေတယ်။ သူစွမ်းအား နောက်ထပ် မလေ့ကျင့်နိုင်တော့ဘူး။

အဖေက အစ်ကိုကြီးကိုသာ မဆုံးရှုံးခဲ့ရဘူးဆိုရင် သူနောက်ထပ်သားတစ်ယောက်ကို ထပ်ပြီးတော့ ပါဝင်မယှဉ်ပြိုင်ခိုင်းခဲ့ရင် သူနှစ်တွေအကြာကြီးခံစားခဲ့ရမှာ မဟုတ်ဘူး။ သူ ဒီဘိုဘဝမျိုးနဲ့ အဆုံးသတ်မှာ မဟုတ်ဘူး။

“ချင်ရာ” ယွမ်လောလည်း ချင်ရာပြောတဲ့ စကားတွေကိုကြားတော့ ခဏတာ တိတ်ဆိတ်နေခဲ့မိတယ်။ နောက်ဆုံး သူပြောလိုက်တာက

“မင်းအသက်ရှင်နေတာကို တခြားအပြင်လူတွေ မသိခဲ့ရင်တောင် ဖုန်းအားလေးက မင်းတူမလေးပါ။ အခု သူမ အရွယ်ရောက်လာပြီး သူ့ဦးလေး အသက်ရှင်နေတာကို သိခွင့်ပေးလိုက်ပါ”

Chapter-4

End                      

Bạn đang đọc truyện trên: Truyen247.Pro