
Ep3
အပိုင်း (၃)
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
"ဒါက နင့်အဘိုးအပေါ်ထားတဲ့ သဘောထားလား"
"အဘိုး?"
ယွမ်လာ့ဖုန်း မပြောခင်မှာ ရယ်လိုက်တယ် " အဘိုး တိုင်းပြည်နယ်စပ်ကို စောင့်နေတဲ့အချိန်က အဘိုး ကျွန်မကို ဂရုစိုက်ခဲ့လား ။ တခြားသူတွေရဲ့ အရှက်ခွဲကာကိုခံရတဲ့အချိန် ဘယ်သူက ကျွန်မအတွက် ရပ်တည်ပေးခဲ့လဲ။
တခြားသူတွေက ကျွန်မကို အကောက်ကြံတဲ့အချိန် တစ်ယောက်ယောက်က ကျွန်မ အတွက် ရပ်တည်ပေးပြီး ကျွန်မကို ကာကွယ်ပေးဖို့ မျှော်လင့်ခဲ့မိတယ်။ အဘိုးဆိုတာ ဘယ်ရောက်နေခဲ့လဲ။"
စစ်သူကြီး ယွမ်လော့က တိုင်းပြည်နယ်စပ်ကိုသာ မစောင့်ရှောက်ခဲ့ရင် ယွမ်လော့ဖုန်းက ဒီလို သနားစရာကောင်းတဲ့ဘဝနဲ့ ဖြစ်နေမလား ။ တခြားသူတွေက သူကို အကောက်ကြံမလား သူကို ဖျက်စီးမလား ။
သူမကို အသက် ၄နှစ်အရွယ်တည်းက ထားခဲ့ပြီးတော့ ဘယ်တော့မှ ပြန်မလာခဲ့တဲ့ အဘိုးကို သူမနှလုံးသားထဲမှာ နာနာကျင်ကျင် မုန်းတီးတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေခဲ့တယ်။ ဒီစကားက ဒီကိုယ်ကို ပိုင်ဆိုင်တဲ့ မူလပိုင်ရှင်ရဲ့ နောက်ဆုံးပြောချင်သော စကားဖြစ်မယ် သူ့လောကကြီးက မထွက်ခွာခင်ပေါ့ ။ သူမ ဒီစကားကိုပြောလိုက်တဲ့ အချိန်မှာ သူမကိုယ်က ထိန်းချုပ်မှုက ကင်းလွတ်ပြီး ပေါ့ပါးသွားသလို ခံစားရတယ် ။ မိန်းမငယ်လေးရဲ့ အပြစ်တင်တဲ့ အသံက ဒေါသကြီးနေတဲ့ ယွမ်လော့ တည်ငြိမ်သွားစေတယ် ။ သူ့မျက်နှာမှာ ခါးသက်စွာပြုံးလိုက်ပြီး အိုမင်းနေတဲ့ကိုယ်က အားယူစွာ ထိုင်ခုံပေးကို ထိုင်လိုက်တယ်။
သူသိပါတယ် သူ့မြေးလေးအပေါ် သူအကြွေးတင်ခဲ့တယ် ဒီနှစ်တွေမှာပေါ့ ။အထူးသဖြင့် အခု သူမပြောနေတဲ့ စကားလုံးတွေက သူ့နှလုံးကို ပြင်းပြင်းထန်ထန် နာကျင် ထိခိုက်စေတယ်။ သူ့အသက်ရှုရ ခက်ခဲသလို ခံစားရတယ်။ နောက်ဆုံးတော့ သူ လေးလံစွာ သက်ပြင်းချလိုက်တယ်။
ရှေးယခင်အချိန်က ချစ်ခြင်တရားနဲ့ သားသမီးဆိုတာ ခက်ခဲတယ်အရာ တစ်ခုပဲ ။ တိုင်းပြည်တာဝန်သာ အရေးကြီးဆုံးသော တာဝန်ပဲ။ ဘုရားမင်းမြတ်အပေါ် သစ္စာ တရားကို ပြသဖို့အတွက် ၄နှစ်အရွယ်မြေးမလေးကို ထားခဲ့ရတယ်။ သူ နယ်စပ်ကို သွားခဲ့ရတယ်။ သူ အချိန်၁၀နှစ်လောက်ကုန်ဆုံး သွားတယ် ။ သူမလေး ဘယ်လို ဘဝမျိုးနဲ့ နေထိုင်ခဲ့ရပါလဲ။ စိတ်စွမ်းအား မလေ့ကျင်နိုင်သူ တစ်ယောက်အဖြစ် ဘယ်လိုနေထိုင်ခဲ့ ရပါလဲ။ သူစိတ်ထဲ မေးခွန်းတွေ မေးနေမိတယ်။
ဒါပေမယ့် သူအမှန်အမှားကို သေချာ မသိပဲ သူ့မြေးမလေးကို အပြစ်တင်နေမိတယ်
"ဖုန်းအား"
သူရဲ့ အသားမာတက်နေပြီး တုန်ရီနေတဲ့ လက်တွေကို နဲ့ သူမြေးမလေးကို ဖက်လိုက်တယ်။
"အဘိုး မြေးလေးအပေါ် မှားခဲ့ပါတယ်။ ယွမ်အိမ်တော်က လူတွေ အားလုံး အပေါ်မှာလည်း မှားခဲ့ပါတယ်။ မြေးလေးမိဘတွေက တိုင်းပြည်တွက် အသက်စွန့်ခဲ့ရတယ် ဒါပေမယ့် အဘိုးက မြေးလေးကို ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး"
အခုချိန်မှာ စိတ်စွမ်းအားမြင့်မားတဲ့ စစ်သူကြီးယွမ်လော့က အသက်အရွယ် အတော်ကြီးရင့်နေပါပြီး။ စောနကတော့ သူ မြေးမလေးကို စိတ်ပျက်မိတာကြောင့် ဒေါသထွက်နေခဲ့တယ်။
သူမလေးမှာ မိဘတွေမရှိဘူးဆိုတာ သူမေ့လျော့နေခဲ့တယ်။ သူမလေး အသက်ရွယ်၄နှစ်တည်းက သူအိမ်ကထွက်သွားခဲ့တယ်။ ငယ်ငယ်တည်းက သူမလေးကို ဆိုဆုံးမမယ့်လူ မရှိဘူး။ ဒါကြောင့် သူမလးက သူမျှော်မှန်းထားသလို ဖြစ်လာနိုင်မလဲ
သူ ဝေေ၀ဝါးဝါး မှတ်မိနေပါသေးတယ် သူထွက်သွားတဲ့အချိန်က အသက်၄နှစ်အရွယ် ရှောင်လော့ဖုန်းလေးက သူ့အဝတ်တွေကိုဆွဲပြီး မသွားပါနဲ့လို့ တောင်းပန်ခဲ့တယ်။ နောက်ဆုံးတော့ လုံယွမ်တိုင်းပြည်မှ ပြည်သူတွေ လုံခြုံဖို့အတွက် သူနှလုံးသားမဲ့စွာ သူမလေးကို ထားခဲ့ရတယ်။
"ပြောစရာမရှိတော့ရင် သွားအနားယူတော့မယ်"
ယွမ်လော့ဖုန်းက သူမမျက်လုံးကို အိပ်ငိုက်စွာ မျက်တောင်ခတ်ရင် နွမ်းလျလျနဲ့ ပြောတယ်။ သူ့နှုတ်က တစ်ခုခုကို ပြောချင်ပေမယ့် စကားလုံးတွေက သူ့လည်းချောင်းဝမှာ ကျန်ရှိနေခဲ့တယ်။ သူ ဘာစကား တစ်ခွန်းမှ မပြောခဲ့ဘူး။ ယွမ်လော့ အပြစ်ရှိသလို ခံစားရတယ်။
"သွားတော့"
နောက်ဆုံး သူ သက်ပြင်းလေးချလိုက်ပြီး သူ့လက်အမူရာနဲ့ သူမကိုသွားခိုင်းလိုက်တယ်။ ဒီစကားလုံး နှစ်လုံးက သူ့အင်အားတွေ ကုန်ခမ်းသွားသလို ခံစားရတယ်။ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
အခုချိန်မှာတော့ စစ်သူကြီးယွမ်လော့က စစ်ပွဲတွေမှာလို ကြံခိုင်ဖျက်လတ်တဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ လေတိုက်ရင် လဲသွားနိုင်တဲ့ ပုံစံဖြစ်နေပါပြီ။ ယွမ်လော့ဖုန်းကို စိတ်တိုခဲ့တယ် ဒါပေမယ့် သူမလေးကတော့ ဘာမှပြန်မပြောဘဲ ထွက်သွားခဲ့ပြီး။
အဖြူရောင်အရီပ်လေး အဝေးကို ထွက်ခွာသွားတော့မှာပဲ သူ့မျက်လုံးတွေကို ပြန်ဖွင့်ခဲ့တယ်။ သူမျက်နှာမှာ ခါးသက်တဲ့ အကြည်တွေနဲ့ စာကြည့်ခန်းရဲ့ အခန်းလွတ်ကို ကြည့်လိုက်တယ်။
"ချင်ရာ ငါတကယ်ကို မှားခဲ့တာလား"
End
Bạn đang đọc truyện trên: Truyen247.Pro