Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep25

အပိုင်း(၂၅)

 
"သခင်... ကျွန်တော်တို့ နောက်ကို လိုက်နေတဲ့လူတွေရှိတယ်"
ယွမ်လော့ဖုန်းတစ်ယောက် စစ်သူကြီး အိမ်တော်ကိုပြန်တဲ့ အပြန်ခရီးမှာ ရုတ်တရက် သူမစိတ်ဝိညာဉ်ထဲမှ နူးညံ့တဲ့အသံလေး ထွက်ပေါ်လာတယ်။
"ဟိုမိန်းမ မုဝူစွမ်းရဲ့ အခိုင်းအစေ လုပ်ကြံသူတွေမလား..."
ရှောင်မို နောက်ထပ် မရှင်းပြရသေးခင်မှာပဲ။ ယွမ်လော့ဖုန်းလေး မျက်မှောင်ကြုတ် နေပါပြီ။ သူမရဲ့ သေးသွယ် ဖျတ်လတ်တဲ့ ခန္ဓာကိုယ်လေးက သူမဘေးနားမှာရှိတဲ့ လမ်းကျဉ်းလေးထဲကို ခိုးကြောင်ခိုးဝှက် ပြေးဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူမ ရပ်ခဲ့တဲ့ လမ်းမပေါ်မှာ လူအရိပ်တချို့ အလျင်အမြန် ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။
သူတို့တွေက လူအုပ်ထဲမှ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့တယ်။
"အမြန်ဆုံး ငါ့အင်အားရှိအောင် လုပ်ဆောင်ရတော့မယ် ထင်တယ်"
ယွမ်လော့ဖုန်း မျက်ခုံးလေးတွန့်လိုက်ပြီး အခိုင်မာ ဆုံးဖြတ်ချက်ချလိုက်တာ။
ဒီတိုင်းပြည်မှာ လူတစ်ယောက်ရဲ့ သြဇာအာဏာ တစ်ခုတည်းကသာ စစ်မှန်တဲ့ တရားမျှတမှုပဲ။ အင်အား တောင့်တင်းရင် ရှင်ဘုရင်ကိုယ်တိုင်က ထိုသူ အမိန့်ကို နာခံရတယ်။
"သူတို့ ထွက်သွားပြီးဆိုတော့ ငါအခု ပြန်တော့မယ်"
လမ်းမပေါ်မှာ လူအုပ်စုရဲ့ အရိပ်အားလုံး ပျောက်ကွယ်သွားတာလည်း တွေ့တော့ ယွမ်လော့ဖုန်း လက်နှစ်ဖက်ကို ခါလိုက်ပြီး အရှေ့ဘက်ကို ဆက်လမ်းလျှောက် လိုက်တယ်။ သူမ လမ်းကျဉ်းလေး အပြင်ဘက်ကို ထွက်ဖို့ ပြင်နေရုံပဲ ရှိသေးတယ် နံရံပေါ်မှ အမည်းရောင် အရိပ်က ခုန်ချလာတယ်။ သူမ မရှောင်တိမ်း နိုင်လောက်အောင် အရှိန်နဲ့ သူမဆီ ပြေးဝင်လာတယ်။
အမည်းရောင်ဝတ်စုံနဲ့ လူက သူမပေါ်လဲကျလာပြီး သူမျက်နှာက သူမ မျက်နှာရှေ့မှာ ရှိနေတယ်။ အရမ်းကို နီးကပ်နေလွန်းတယ်။ ထိုလူ နှုတ်ခမ်းက သူမနှုတ်ခမ်းကို ဖိကပ်ထားတယ်။
သူ့ခန္ဓာကိုယ်က သူမ ကိုယ်သေးသေးလေးကို မြေကြီးထဲ ဝင်လောက်အောင် ဖိကပ်နေတယ်။ ခန္ဓာကိုယ်နှစ်ခုက အရမ်း နီးကပ်နေလွန်းတယ်။ ဒီအခြေနေကို တခြားသူတွေက မြင်ရင် ရိုင်းတယ်လို့ ထင်မှာပါ။
ယွမ်လော့ဖုန်း မျက်စောင်းထိုး ကြည့်လိုက်တယ်။ ဘေးအန္တရာယ်ရှိတဲ့ အငွေ့သက်တွေ သူမ မျက်ဝန်းနား ပြေးဖြတ်သွားတယ်။
"ဖယ်ပေးပါ"
သူမ ဘာပဲပြောပြော ထိုလူက ဘာမှပြန်လည်း မပြောဘူး။ ဖယ်လည်း မဖယ်ပေးဘူး။ သူမကို မြေကြီးထဲ ဝင်လောက်တဲ့အထိ ဖက်တွယ်ထားတယ်။ သူမ ထိုလူရဲ့ အသက်ရှူသံလေးတွေ နှေးနေတာ သတိထား ခံစားမိတယ်။ သူမ တွန်းဖယ်လိုက်ဖို့ ကြိုးစားတယ်။
ထိုလူက သူမကို ဖယ်ပေးမယ်ပုံ မပေးဘူး။ လုံးဝ နှောင့်ယှက်နေတာပဲ။ ယွမ်လော့ဖုန်းလည်း ထိုလူကို ခြိမ်းခြောက်သလို အကြည့်တွေနဲ့ ကြည့်တာပေါ့။ သူမလက်ကို မြှောက်လိုက်ပြီး ထိုလူကို အဝေးကို တွန်းထုတ်လိုက်တယ်။ သူမတွန်းထုတ်လိုက်တဲ့ အင်အားနဲ့ ထိုလူခေါင်း နံရံနဲ့ တိုက်မိသွားတာပေါ့။ ထိုလူ တိုးတိုးလေး ညည်းညူနေတာပေါ့။
တစ်ချိန်တည်းမှာ ထိုလူ မျက်နှာပေါ်က မျက်နှာဖုံးပဝါ လွင့်စဉ်သွားပြီး...
ယွမ်လော့ဖုန်း... မရေမတွက် နိုင်လောက်အောင် ချောမောတဲ့ ယောက်ျားလေးတွေကို မြင်ဖူးပါတယ်။ သူမလည်း ထိုလူမျက်နှာကို မြင်လိုက်ရတော့ အရမ်း အံ့သြမိသွားတယ်။ ထိုလူက ကွမ်လန်ကဲ့သို အေးတိအေးစက် ပုံစံနဲ့ ချောတာလည်း မဟုတ်ဘူး။ ယွမ်ချင်ရာကဲ့သို့ တည်ကြည် ခန့်ညားတဲ့ ရုပ်ရည်လည်း မဟုတ်ဘူး။ ကွမ်ရှောင်ချိန်ကဲ့သို့ နွေးထွေးကြင်နာတဲ့ ပုံစံလည်း မဟုတ်ဘူး။
သို့သော်လည်း ထိုလူက လုံးဝကို ချို့ယွင်းချက် မရှိလောက်အောင်ကို ချောမောနေတာ။ ဒီလူကို အများရှေ့သာ ခေါ်သွားရင်တော့ သူ့မျက်နှာလေးကြောင့် မရေတွက် နိုင်လောက်အောင် မိန်းကလေးတွေ အများကြီး ရုတ်ရုတ်သဲသဲ အော်ဟစ် ဆူညံနေမှာ သေချာပေါက်ပဲ။
ထိုလူရဲ့ စူးရှထက်မြက်တဲ့ မျက်ခုံးက သူရဲကောင်း တစ်ယောက်လို့ ထင်မှတ်စေတယ်။ အသေးစိတ် ခွဲခြမ်းလေ့လာပြီး ပြောရမယ်ဆိုရင် ထိုလူရဲ့ ပြည့်စုံကောင်းမွန်တဲ့ မျက်နှာ ပုံစံနဲ့ သူရဲကောင်းတစ်ယာက် မျက်နှာကို ပိုင်ဆိုင်တယ်။
အထူးသဖြင့် သူ့ပုံစံပေါ့။ အမည်းရောင် ဝတ်စုံအနည်းငယ် ပွင့်ဟ သွားတဲ့အချိန်က ထိုလူရဲ့ တောင့်တင်းပြီး ကြွက်သားတွေ ဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်ကို ခဏတာ တွေ့လိုက်ရတယ်။ တွေ့မိတဲ့ မိန်းကလေးတိုင်း မနေနိုင် မထိုင်နိုင် ငမ်းမိမှာပါ။
ထိုလူ နှုတ်ခမ်လေးတွေက အနီရောင်ရဲနေပြီး ကြည့်ရတာ တကယ်ကို နူးညံ့မယ်။ သူမအတွေးလွန်နေစဉ်မှာပဲ ထိုလူကိုကြည့်ရတာ သူနှုတ်ခမ်းက ပြင်းထန်စွာ နာကျင်နေသလိုပဲ။
"သခင် ထိုလူရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက တခြားလူနဲ့ မတူဘူး။ စိတ်စွမ်းအား လေ့ကျင့်မှုလည်း ထူးခြားတယ်"
ဆေးနတ်ဘုရား လျှို့ဝှက် သင်္ကေတနယ်မြေမှာ ရှောင်မိုက အရမ်း စိတ်လှုပ်ရှားနေတယ်။ သူ့ပိုင်ရှင်ကို ထိုလူက ကိုယ်ထိလက်ရောက် စော်ကားနေတာကို သူမေ့နေတယ်။
"မြန်မြန် သခင်နဲ့အတူ ထိုလူကို အိမ်တော်ကို ခေါ်သွားလိုက်ပါ။ ထိုလူက သခင်အတွက် အသုံးဝင်တယ်"
"စိတ်စွမ်းအား သီးသန့်ရပ်တည်မှု"
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး သူမရှေ့က အသိစိတ်မကပ် ဖြစ်နေတဲ့ လူကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။
"ဒါက ဘယ်လိုနည်းစနစ် အမျိုးအစားလဲ"
"သခင် .... ကျွန်တော် မပြောခဲ့ဘူးလား။ သခင့်ခန္ဓာကိုယ်မှာ စိတ်စွမ်းအား လုံးဝမရှိဘူး။ ခန္ဓာကိုယ်က တကယ်ကို အားနည်းတယ်။ စိတ်စွမ်းအား လေ့ကျင့်ရင် မရပ်မနား သွေးထွက်စေတယ်။ ကျွန်တော့်ရဲ့ အထူးနည်းလမ်းနဲ့သာ စိတ်စွမ်းအား လေ့ကျင့်နိုင်တယ်။ ဒီ စိတ်စွမ်းအား သီးသန့် ဖြစ်တည်သူနဲ့ သခင်က ဆင်တူတယ်။ သူ့ခန္ဓာကိုယ်ကလည်း အသက်၁၀နှစ်မတိုင်ခင်က စိတ်စွမ်းအား မလေ့ကျင့်နိုင်ဘူး။ ၁၀နှစ်ကြာပြီးမှ သူ့စွမ်းအားက အလျင်မြန် တိုးတက်လာတာ"
ပုံမှန်အားဖြင့် လုံရှောင်ပြည်နယ်မှ မှော်ပညာရှင်တွေက အသက် ငယ်ငယ်တည်းက စိတ်စွမ်းအားကို စတင် လေ့ကျင့်တယ်။ ဒီစိတ်စွမ်းအား သီးခြား ရပ်တည်သူကတော့ ခြားနားတယ်။ အသက်၁၀နှစ် မတိုင်ခင်က စိတ်စွမ်းအား လေ့ကျင့်နိုင်တဲ့ နည်းလမ်း မရှိခဲ့ဘူး။
၁၀နှစ်ကြာပြီးမှသာ ထိုလူက မယုံကြည်နိုင် လောက်အောင် အလျင်မြန် တိုးတက်လာပြီး စိတ်စွမ်းအား လေ့ကျင့်နိုင်လာတဲ့လား။
 

***

ာစဉ်(၁)ပြီးပါပြီ
ဆက်ပါဦးမည်။

***

Bạn đang đọc truyện trên: Truyen247.Pro