
Ep24
အပိုင်း(၂၄)
သို့သော်လည်း အပြာရောင် ဝတ်စုံနဲ့အမျိုးသားက အဖြေလွှာ စာရွက်တွေကပ်ထားတဲ့ နေရာကို ရောက်တဲ့ အချိန်မှာ သူခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ သူ့မျက်ဝန်းတစ်စုံ ပြူးကျယ်သွားပြီး ကတုန်ကရီဖြင့် စာရွက်အပိုင်းစလေးကို လှမ်းယူလိုက်တယ်။
“တကယ်ပဲ တစ်စုံတစ်ယောက်က မန်လော့အဆိပ်ဖြေနည်းကို ဖြေဆိုလိုက်တာလား။ ငါ မြန်မြန် ရုန်သမားတော် အကြီးကဲကို သွားရှာရမယ်။ ရုန်သမားတော်အကြီးကဲ တစ်ယောက်တည်းသာ အဖြေမှန်လား မှားလားဆိုတာ သိနိုင်တာ”
တစ်ခဏအတွင်းမှာ အပြာရောင်ဝတ်စုံနဲ့လူက ကွမ်ရှောင်ချိန်နဲ့ စကားဖောင်ဖွဲ့ မနေတော့ပဲ ဆေးဆိုင် စံအိမ်အတွင်းသို့ ကတိုက်ကရိုက် ပြေးသွားတယ်။
ဆေးဆိုင်စံအိမ် အတွင်းမှာတော့ ဆိုင်ရှင်လင်း မရှိဘူးပြောတဲ့ ရုန်သမားတော် အကြီးအကဲ လက်ဖက်ရည်ကြမ်းကို သောက်ရင်း ထိုင်နေတယ်။ သူ့ရဲ့ကြီးရင့်နေတဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးမှုတွေနဲ့ ဖုံးလွှမ်းထားတယ်။ သူ့ရဲ့ရှေ့မှာ သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ရပ်နေသည်။
အသက်ကြီးရင့်တဲ့လူနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ သက်လတ်ပိုင်း အမျိုးသားမျက်နှာမှာ အလွန်အမင်း လေးစားမှုတွေသာ ရှိနေတယ်။
“မန်လော့ အဆိပ်အတွက် အဆိပ်ဖြေနည်းကို ဘယ်သူမှ မရေးသေးဘူးလား”
ရုန်သမားတော် အကြီးကဲက သူ့လက်ထဲကခွက်ကို အောက်သို့ ဖြည်းညင်းစွာ ချလိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။
“ရုန်သမားတော် အကြီးအကဲ”
သက်လတ်ပိုင်းလူက ခဏတာ တွေးတောဆင်ခြင်လိုက်ပြီး ပြန်ဖြေတယ်။
“ကျွန်တော် ဆေးစံအိပ်က ကျော်ကြားတဲ့ သမားတော်တွေတောင် အကြံဉာဏ်မရှိဘူး ဆိုရင်တော့ တခြားလူတွေက မန်လော့ပန်းအဆိပ်အတွက် အဆိပ်ဖြေနည်းကို မဖြေရှင်းနိုင်မှာ စိုးရိမ်မိတယ်”
ရုန်သမားတော် အကြီးအကဲ မကျေမနပ် ပြုံးလိုက်တယ်။
“ငါက စမ်းသပ်ကြည့်ချင်တာပါ။ ဘယ်သူမှ မဖြေနိုင်လည်း ငါ နင်တို့ကို အပြစ်မတင်ပါဘူး။ လုံယွမ်တိုင်းပြည်က သမားတော်တွေကို အလွန်အမင်း မျှော်လင့်ချက်ထားမိပြီ ထင်တယ်”
သူတို့ စကားပြောနေချိန်မှာ တံခါး အပြင်ဘက်မှ အလျင်စလို လျှောက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်။ အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်တယ်။
သက်လတ်ပိုင်း အမျိုးသားက တံခါးတွန်းပြီး ဝင်လာတဲ့လူကို မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ကြည့်လိုက်တယ်။
“လင်းရှောင် … ငါနဲ့ရုန်သမားတော် အကြီးအကဲ ဆွေးနွေးစရာရှိတယ်။ ဘယ်သူမှ မနှောင့်ယှက်နဲ့လို့ ပြောထားတယ်လေ။ မင်း မြန်မြန် မထွက်သွားသေးဘူးလား”
လင်းရှောင် ရုတ်တရက် စိတ်လှုပ်ရှား ကြောက်လန့်သွားပြီး ဒူးထောက်လိုက်တယ်။
“သခင်မုရုန် … မန်လော့အဆိပ်ပန်း အဆိပ်ဖြေနည်းကို တစ်ယောက်က လာဖြေထားလို့ အစေခံ လာအကြောင်း ကြားတာပါ။ ဒါကြောင့် မြန်မြန် သတင်းလာပို့တာပါ။ ကျွန်တော်မျိုး အပြစ်ကို သခင် ခွင့်လွှတ်ပေးပါ”
သက်လတ်ပိုင်းလူ ပြန်ဖြေတာကို စောင့်မနေတော့ပဲ လက်ဖက်ရည်ကြမ်း ထိုင်သောက်နေတဲ့ ရုန်သမားတော် အကြီးအကဲက ရုတ်တရက် ထရပ်လိုက်သည်။ သမားတော် အသက်ရှူသံတွေ မြန်နေတယ်လို့ ခံစားရတယ်။
“မင်း ဘာပြောလိုက်တယ်။ တစ်ယောက်ယောက်က မန်လော့ပန်း အဆိပ်ဖြေနည်းကို ဖြေလာပြီလား။ ဒီစာရွက်ကို ငါကို မြန်မြန် ပေးစမ်းပါ”
“ဟုတ်ကဲ့ပါ။ ရုန်သမားတော် အကြီးအကဲ”
လင်းရှောင် သူ့လက်ထဲမှ စာရွက်ကို လေးစားစွာဖြင့် သမားတော်ကို ပေးလိုက်တယ်။ သူ့နှလုံးသားက ရုန်သမားတော် အကြီးအကဲ လှုပ်ရှားမှုနှင့်အတူ စိတ်လှုပ်ရှားနေတယ်။
ရုန်သမားတော် အကြီးကဲလည်း အသက်ရှူမြန်နေတာကို ထိန်းချုပ်လိုက်ပြီးတော့ စာရွက်ကို ကတုန်ကရီနဲ့ ဆုပ်ကိုင်လိုက်တယ်။
“အမှန်ပဲ။ မန်လော့အဆိပ်ပန်း ဖြေဆေးနည်းလမ်းပဲ။ ငါတို့ အရင်က သုတေသနလုပ်ထားတဲ့ နည်းလမ်းနဲ့ သူမရေးထားတာ တစ်ဆင့်ပဲ ကွာခြားတယ်။ ငါတို့ ရှာဖွေတဲ့ နည်းလမ်းက မအောင်မြင်တာ အံ့သြစရာ မရှိတော့ဘူး။ ငါတို့ တစ်ဆင့်ကျန်ခဲ့တာပဲ။ မရဘူး လျှို့ဝှက်ဆန်းကြယ်တဲ့ လူနဲ့ ငါတွေ့ရမယ်။ လင်းရှောင် ဒီမေးခွန်းကို ဖြေထားတဲ့ သမားတော်ကို ချက်ချင်းသွား ရှာလာခဲ့။ သူမက ငါတို့ ဆေးစံအိမ်အတွက် အရမ်းအရေးကြီးတယ်”
“အမိန့်အတိုင်းပါ”
လင်းရှောင် မြေပြင်ပေါ်မှာ ဒူးထောက်နေရာမှ မတ်တတ်ရပ်လိုက်တယ်။ သူထွက်သွားခါနီး တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်တယ်။
“မုအိမ်တော်မှ သခင်မလေးမုဝူစွမ်းက သမားတော်ကို လာရှာပါတယ်။ ကျွန်တော်ထင်တာ ……”
လင်းရှောင် စကားဆက်ပြောတာကို စောင့်မနေတော့ပဲ စိတ်မရှည်စွာ စကားဖြတ် ပြောလိုက်တယ်။
“ဒီမေးခွန်းကို သူမဖြေတာလို့ ပြောချင်တာလား။ လုံးဝမဖြစ်နိုင်ဘူး”
“ဟုတ်ကဲ့ပါ”
လင်းရှောင် လေးစားမှုရှိစွာ ပြန်ဖြေလိုက်တယ်။
သူနားလည်လိုက်တာက ရုန်သမားတော် အကြီးအကဲအတွက် မန်လော့အဆိပ် ဖြေနည်းကလွဲရင် ကျန်တာ ဘာမှ အရေးမကြီးဘူးဆိုတာ သိလိုက်ရတယ်။
ယွမ်လော့ဖုန်းလည်း သူမရုတ်တရက် စိတ်ကူးပေါက်ပြီး ရေးလိုက်တဲ့ ပဲပင်ပေါက် စာလုံးလေးတွေက ဆေးစံအိမ်မှာ သက်ရောက်မှု အများကြီး ဖြစ်သွားမယ်လို့ ထင်မိမှာ မဟုတ်ပါဘူး။ ဆေးစံအိမ်က သူမကို အင်းတိုက်အားတိုက် လိုက်ရှာမယ်လို့ တွေးမိမှာ မဟုတ်ပါဘူး …
ဒီလို အကျိုးဆက်တွေသာ ဖြစ်မယ်လို့ စောစောသိခဲ့ရင် သူမရဲ့ ပဲပင်ပေါက် စာလုံးလေးတွေကို ထားခဲ့မိမှာ မဟုတ်ပါဘူး။
***
Bạn đang đọc truyện trên: Truyen247.Pro