Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep22

အပိုင်း(၂၂)

 
ယွမ်လော့ဖုန်း နံရံပေါ်မှာ ကပ်ထားတဲ့ မေးခွန်းကို ကြည့်လိုက်တယ်။ စိတ်ဝင်စားစရာလည်း မကောင်းတော့ စိတ်ပျက်မိတယ်။ သူမနောက်ပြန် လှည့်လိုက်ချိန်မှာ ပြဿနာရဲ့အဖြေကို ရုတ်တရက် တွေးလိုက်မိတယ်။
"ငါမေးချင်တာက လူတစ်ယောက်က မန်လော့အဆိပ်ကို သေချာဂရုမစိုက် မလေ့လာမိရင် အဆိပ်ကိုဘယ်လို ကုသနိုင်မလဲ"
မန်လော့အဆိပ်က ပြင်းထန်တဲ့ အဆိပ်ပန်းကို ထုတ်ပေးတဲ့ မန်လော့သစ်ပင်မှ ရရှိတဲ့ အဆိပ်ဖြစ်တယ်။ အဆိပ်မိတဲ့လူက တစ်နေ့တခြား သေတဲ့အထိ အသက်ရွယ် ကြီးရင့်လာမယ်။
လက်ရှိ လုံရှောင်ပြည်နယ်မှာ မန်လော့အဆိပ် ပြဿနာကို ဖြေရှင်းဖို့ တကယ်ခက်ခဲ နေတယ်။
ဒါပေမဲ့ သူမ ဆေးမြစ် လာမဝယ်ခင် အချိန်က ဆေးစာအုပ် တစ်အုပ်ကို ဖတ်ခဲ့တယ်။ သူမဖတ်လိုက်တဲ့ စာရွက်မှာ မန်လော့အဆိပ်အကြောင်းကို ရေးထားတယ်။
ရုတ်တရက် အကြံရတာနဲ့ မေးခွန်းအောက်မှာ မန်လော့အဆိပ်ဖြေတဲ့  နည်းလမ်းကို ချရေးလိုက်တယ်။ သူမလက်ထဲက စုတ်တံကို ဘေးချထားလိုက်ပြီး ဆေးဆိုင်ခန်းမ အလယ်ကို ပြန်လာခဲ့တယ်။
အစမှအဆုံးအထိ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက စာရွက်ပေါ်မှာ စာသားတချို့ရေးသွားတာ မည်သူမှ မသိလိုက်ဘူး။
"သခင်မလေး လိုအပ်တဲ့ ဆေးမြစ်တွေပါ။ ကျွန်တော်  ပြင်ဆင်ထားပြီးပါပြီ"
ယွမ်လော့ဖုန်း ဆေးဆိုင်ခန်းမ အလယ်ကို ရောက်တဲ့အချိန်မှာ အပြာရောင်ဝတ်စုံနဲ့ အမျိုးသားက သူမရှေ့မှာရပ်နေပြီး ဆေးမြစ်တွေကို ကိုင်ထားတယ်။ မျက်နှာမှာ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုံးကို ဆင်မြန်းထားတယ်။
"စုစုပေါင်း ငွေသား ငါးသန်းကျသင့်ပါတယ်"
"ငွေသား ငါးသန်း အရမ်း ဈေးကြီးလွန်းတယ်"
စစ်သူကြီးအိမ်တော်က အရမ်း ဆင်းရဲတယ်ဆိုတာ သူမ ပထမဆုံးအကြိမ် သိလိုက်ရတယ်။
ဒီနေ့ ဆေးမြစ်က တစ်နေ့တာ ရေချိုးဖို့အတွက်ပဲ လုံလောက်တယ်။ နောက်ထပ် ငါးရက်သာ ထပ်ဝယ်ရမယ်ဆိုရင် စစ်သူကြီးအိမ်တော် ငွေတိုက်က ငွေတွေ အကုန် ဖြုန်းတီးတာတောင် လောက်ငမယ် မထင်ဘူး။
သူမ ပိုက်ဆံရှာရတော့မယ် ထင်တယ်။
"ဒါဆို ဂုဏ်ကျက်သရေရှိတဲ့ စစ်သူကြီးအိမ်တော် သခင်မလေးက ပိုက်ဆံ အလုံလောက် မရှိဘူးလား"
ထေ့ငေါ့ပြောဆိုသံက  ဆေးဆိုင်ခန်းမတံခါးမှ ထွက်ပေါ်လာတယ်။ အသံလာရာကို လူအုပ်စုကို လှည့်ကြည့်လိုက်တယ်။ ပထမဆုံး လူတွေအားလုံး အာရုံကို ဖမ်းစားလိုက်တဲ့သူက လှပနူးညံ့တဲ့ အဝါရောင် သိုးမွေးအင်္ကျီလေးကို ဝတ်ဆင်ထားတဲ့ မုဝူစွမ်းပဲ။ သူမက နန်းဆန်ပြီး ကြော့ရှင်းလှပတယ်။ သူမခန္ဓာကိုယ် တစ်ခုလုံးကို အဆုံးမရှိ ချစ်စရာ ကောင်းတာတွေနဲ့ ဖုံးလွှမ်းထားတယ်။
သူမက နွား မစင်နားက ပန်းတစ်ပွင့်လိုပဲ။ လှပ နူးညံ့ချင်ယောင် ဆောင်နေတဲ့ မိန်းကလေး။ အမွှေးနံ့တွေကလည်း မွှန်ထူနေတာပဲ။
ထေ့ငေါ့ပြောတဲ့လူက မုဝူစွမ်းဘေးနားမှာ ရပ်နေတဲ့ နောက်လိုက် ဝူချီဖြစ်တယ်။
တံခါးပေါက်ကနေ ဆေးဆိုင်ခန်းမအထိ မုဝူစွမ်းက စကားတစ်ခွန်းမှ မပြောဘူး။ ယွမ်လော့ဖုန်းကို အပိုလူတစ်ယောက်လိုပဲ တစ်ချက်မှ မကြည့်ခဲ့ဘူး။ မုဝူစွမ်းက ယွမ်လော့ဖုန်းကို အမြဲတမ်း စက်ဆုပ်ရွံရှာနေတဲ့ ပုံစံနဲ့ အမြဲ ဆက်ဆံတယ်။
ယွမ်လော့ဖုန်း သူမနှာခေါင်းလေးကို လက်နဲ့ပွတ်လိုက်တယ်။ မုဝူစွမ်း ဒီနေရာကို လာတယ်ဆိုတော့ မုရှန်း အရိုက်ခံရတာ မသိသေးဘူး ဖြစ်ရမယ်။
မုဝူစွမ်း သူမဘေးနားက ဖြတ်သွားပြီးတော့ အပြာရောင်ဝတ်စုံနဲ့ အမျိုးသားဆီ သွားတယ်။
စွဲမက်ဖွယ်ကောင်းပြီး မာနာကြီးနေတဲ့ပုံစံမှ လှပဖော်ရွေတဲ့ပုံစံ ပြောင်းလဲလိုက်ပြီးတော့ …
"ဆိုင်ရှင်လင်း ရုန်သမားတော်ကြီး ရှိလား။ မုဝူစွမ်း လာလည်တယ်လို့ ပြောပေးပါလား"
တခြားလူက သေးငယ်တဲ့ဈေးဆိုင်ပိုင်ရှင် ဖြစ်နေလည်း အမတ်ချုပ်မုအိမ်တော်က သခင်မလေး တစ်ယောက်အနေနဲ့ ယဉ်ကျေးရမယ်လေ။ စကားလွန်လို့ မဖြစ်ဘူးလေ။
ဆိုင်ရှင်က မျက်မှောင်ကြုတ် လိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာမှာ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုံးလေး ဆင်မြန်းပြီး စကားဆိုလိုက်တယ်။
"မရှိပါဘူး။ ခရီးရှည် ထွက်သွားပါတယ်။ မုအိမ်တော်သခင်မလေး မုဝူစွမ်း ကျေးဇူးပြုပြီး ပြန်ပါ"
ပြုံးနေတဲ့ သူမမျက်နှာလေး တည်သွားတယ်။ ရုန်သမားတော်ကြီး ပြန်လာတယ်ဆိုတဲ့ သတင်းကြားတာကြောင့် သူမလာခဲ့ရတာပါ။ ဒီလူတွေက သူမကို မျက်နှာသာ မပေးဘူးလို့ မထင်ထားခဲ့ဘူး။
သူမစိတ်ထဲ မကျေနပ်သော်လည်း သူမမျက်နှာမှာ အရင်လို ပြုံးနေရတယ်။
"ဒါဆိုလည်း နောက်ထပ် နှောင့်ယှက်မိသလို ဖြစ်သွားပြီ။ ပြန်လာရင် ကျွန်မကို အကြောင်း ကြားပေးပါနော်။ သတင်းလာပို့တဲ့လူကို လက်ဆောင်ပေးပါမယ်"
သူမ ဒေါသ အရမ်းထွက်နေသော်လည်း အပြင်ဘက်မှာ ပြုံးနေရတယ်။ သူမ မျက်တောင်ခတ်လိုက်ပြီး  အချက်ပေးလိုက်တယ်။
ဝူချီက ချက်ချင်းကို သူမဆိုလိုတာကို နားလည်တာကြောင့် ထွက်သွားတော့မယ့် ယွမ်လော့ဖုန်းကို လှောင်ပြောင် သရော်လိုက်တယ်။
"ယွမ်လော့ဖုန်း ဒီနေရာမှာ ဘာလာလုပ်တာလဲ။ ဆေးဝယ်ဖို့ပိုက်ဆံ မရှိရင်လည်း  ပြန်လိုက်တော့ ငါ့သခင်မလေး မုဝူစွမ်းရှိနေတဲ့ ပတ်ဝန်းကျင်လေက လတ်ဆတ်ရမယ်။ နင့်လို အမှိုက်ရှိနေတာ လေကောင်းလေသန့်တွေ ညစ်ညမ်းတယ်"
မုဝူစွမ်းက သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုအပ်တယ်လေ။ ပုံမှန်အားဖြင့် ယွမ်လော့ဖုန်းကို တိုက်ရိုက် အရှက်ရအောင် မလုပ်ဘူး။ သူမနောက်လိုက် ဝူချီမှ တစ်ဆင့် အနိုင်ကျင့်လေ့ရှိတယ်။
မုဝူစွမ်း ဒေါသတွေကို တစ်နေရာကိုပုံချဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ အမှိုက်မက ဒီနေရာမှာ ရောက်နေတော့လည်း သူ့အပေါ် ဒေါသတွေလွှဲချပြီး စိတ်ဖြေသိမ့် ရတော့မှာပေါ့လေ။

***

Bạn đang đọc truyện trên: Truyen247.Pro