Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep21

အပိုင်း(၂၁)

 
"အမတ်ချုပ်မု … လူကြီးမင်းမြေးက သခင်မလေးကို လမ်းမပေါ်မှာ ရိုင်းပျပါတယ်။ လူအများရှေ့မှာ သခင်မလေးကို ပိုင်ဆိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်မျိုးတို့က သခင်မလေးကို ကာကွယ်ဖို့ စစ်သူကြီး အမိန့်ပေးထားပါတယ်။ ဒါကြောင့် သခင်မလေး နာကျင်အောင် လုပ်ဆောင်ခွင့် မပေးနိုင်တာကြောင့် ပြန်လည်တိုက်ခိုက် ရတာပါ။ သခင်မလေးက ဒီလိုအတွေ့ကြုံမျိုး မခံစားဖူးတာကြောင့် စိတ်အရမ်းထိခိုက် နာကျင်နေပါတယ်။ မုအိမ်တော်က နစ်နာကြေး ပေးစေလိုပါတယ်။ နောက်နေ့မှ စစ်သူကြီးယွမ်လော့ ကိုယ်တိုင် လာရောက်ပြီးတော့ လျော်ကြေးကိစ္စကို ဆွေးနွေးမယ်လို့ ပြောခိုင်းလိုက်ပါတယ်"
မုချင်းချောင် ဒေါသထွက်လွန်းလို့ သူ့ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန် စီးဆင်းတော့မလိုပဲ။ သူ့ကိုယ်သူ မူးမလဲအောင် မနည်း စိတ်ထိန်းထားရတယ်။
ဂျွန်တောင်နီးပါး အရပ်မြင့်မားတဲ့ ယွမ်အိမ်တော် အစောင့်ရှောက်ကို လက်ညှိုးထိုးရင် သူဒေါသထွက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ရီလာတယ်။ သူ့အသံ ကတုန်ကရီနဲ့ ပြောလိုက်တယ်။
"စောင့်ကြည့်နေလိုက်ပါ။ ငါ ဒီကိစ္စကို အလွယ်တကူ အလွတ်မပေးဘူး"
ဒီလူတွေအားလုံး ပိုပြီးတော့ အရှက်မဲ့လာတယ်။ ငါ့မြေးလေးကို ရိုက်နှက်ပြီးတော့ ငါတို့ကို လျော်ကြေး ပြန်ပေးစေချင်တယ်တဲ့လား။
နောက်ပြီး ယွမ်လော့ဖုန်းက သေလောက်အောင် ကြောက်လန့်နေမယ် ဆိုတာ လုံးဝ မယုံကြည်ဘူး။ ဒီအမျိုးသမီး ကောင်းကင်ဘုံက နတ်ဒေဝါတွေထက်ပိုပြီး ရဲရင့်တယ်။ ဒီကိစ္စလေးက သူ့ကိုဘာကြောင့် လန့်စေမှာလဲ။
"ကျွန်တော်မျိုးတို့က မုသခင်ကြီးကို သတင်းပေးပြီးပြီ ဆိုတော့ အိမ်တော်ကို ပြန်သတင်းပေးရဦးမယ်။ မကြာခင် သခင်မလေးအတွက် တရားမျှတမှု ရရှိအောင် စစ်သူကြီးကိုယ်တိုင် လာရောက်ပါလိမ့်မယ်"
အစောင့်ရဲ့စကားတွေက ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မှန်ကန်နေတာကြောင့် မုချင်းချောင် ဒေါသထွက်နေရာမှ မူးလဲချင်လာတယ်။
သူ အံကြိတ်လိုက်ပြီး ရက်စက်စွာ စကားဆိုလိုက်တယ်။
"ငါလည်း ဒီကိစ္စကို ဘုရင်မင်းမြတ်ကို တင်ပြရတာပေါ့။ ဘုရင်မင်းမြတ်က အမှန် အမှား ဆုံးဖြတ်ပေးမှာပေါ့။ ဟွန့် ..."
ဒီစကားကို ပြောပြီးတာနဲ့ သူ့ဝတ်ရုံရှည်ကို လွှင့်ပစ်လိုက်တယ်။ လက်ကို နောက်ကို ပစ်ရင်ကော့ ခေါင်းမော့ကာ နန်းတော်ကို ဦးတည်သွားတယ်။
မုရှန်းကို မုအိမ်တော်ကို ပြန်ပို့ပြီးနောက် အစောင့် တချို့တစ်ဝက်က စစ်သူကြီးကို အလျင်မြန် သတင်းပြန်ပို့တယ်။
ယွမ်လော့ အစောင့်ရဲ့ သတင်းပို့ကြားချက်ကို ကြားတော့ ခဏလောက် သတိလက်လွတ် အံ့အားသင့်ပြီးနောက် စိတ်ပျော်မြူးစွာ ရယ်လိုက်တယ်။
"ဟား... ကောင်းတယ် အရမ်းကောင်းတယ်။ ငါ့မြေးပီသတယ်။ ငါ့မြေးက ရဲရင့်ရမယ်။ ဘယ်သူကိုမှ ကြောက်နေစရာ မလိုအပ်ဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မုချင်းချောင်က အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ နန်းတော်ကိုသွားဖို့ ပြင်ဆင်ထားလိုက်။ ဘုရင်နဲ့ သွားတွေ့မှ ဖြစ်မယ်"
 

***
 


လုံရှောင်ပြည်နယ်က ဆေးပညာ ကျွမ်းကျင်သူတွေအတွက် ကျော်ကြားတဲ့နေရာ တစ်ခုပဲ။ အင်အားကြီး အာဏာရှိတဲ့လူတွေကို ဆေးဆိုင်အိမ်တော်ကို ပိုင်ဆိုင်တယ်လို့ ကြားဖူးတယ်။ ဒီဆေး အရောင်းဆိုင်မှာ ဆေးမျိုးစုံကို ရောင်းချရုံသာမက ကျွမ်းကျင်တဲ့ ဆေးပညာရှင် သမားတော်တွေလည်း ရှိတယ်။ ဒီသမားတော်တွေက လူတွေကို ကယ်တင် ကုသပေးတာ မဟုတ်ဘူး။ မင်း ရွှေ သန်းပေါင်းများစွာ ပေးမယ်ဆိုရင်လည်း သူတို့က စိတ်ဝင်စားမှာ မဟုတ်ဘူး။
ယွမ်လော့ဖုန်း ဆေးအရောင်းဆိုင်ကို တုံ့ဆိုင်းမှုမရှိဘဲ ဝင်လာခဲ့တယ်။
ကံကောင်းတာက ဒီဆေးဆိုင်ကို လာတဲ့လူတွေက သာမန်လူတွေ မဟုတ်ဘူး။ ဧည့်သည်တွေက သူတို့ကိုယ်ပိုင် ပြဿနာကို ဖြေရှင်းဖို့ အလုပ်များနေတယ်။ ဘယ်သူမှ သူမရောက်လာတာကို သတိမထားမိဘူး။
"သခင်မလေး"
ယွမ်လော့ဖုန်းတစ်ယောက် ဆေးအရောင်းဆိုင်ကို လှည့်လည် ကြည့်ရှုနေစဉ်မှာ အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် သူမဘေးနား ရောက်လာပြီးတော့ သူမကို နှုတ်ဆက်တယ်။
"ကျွန်တော်တို့ ဆေးအရောင်းဆိုင်ကို ဆေးမြစ်တွေ ဝယ်ဖို့လာတာလား"
ယွမ်လော့ဖုန်း ခေါင်းညိတ်လိုက်ပြီး သူမနဲ့အတူပါလာတဲ့ စာရွက်ကို ပေးလိုက်တယ်။
"ဒီစာရင်းမှာ ပါလာတဲ့ဆေးမြစ်တွေ လိုအပ်တယ်။ ကျွန်မအတွက် ရှာကြည့်ပေးပါ"
အပြာရောင်ဝတ်စုံနဲ့ အမျိုးသားက အပြုံးလေး ဆင်မြန်းပြီးတော့ ယွမ်လော့ဖုန်းပေးတဲ့  စာရွက်လေးယူပြီး ပြောတယ်။
"ဟုတ်ကဲ့ပါ ခဏလောက် စောင့်နေပေးပါ။ ကျွန်တော် ဆေးတွေ ပြင်ဆင်ထားလိုက်ပါမယ်"
ပြောပြီးတာနဲ့ အပြာရောင်ဝတ်စုံနဲ့ အမျိုးသားက ဆေးမြစ်တွေသွားယူဖို့ ထွက်ခွာသွားတယ်။
ဒီအခွင့်ရေးကို အသုံးချပြီး ယွမ်လော့ဖုန်း ဆေးအရောင်းဆိုင်ကို လှည့်လည် ကြည့်ရှုတယ်။
သမားတော် အများစုက ဒီဆေးဆိုင်ခန်းမကို လာရောက်တယ်။ အဆောက်အဦနံရံမှာ ကပ်ထားတဲ့ စာသားက ပြဿနာတစ်ခုရှိပုံပဲ။ သမားတော်တွေ မဖြေရှင်းနိုင်လို့ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေး တိုင်ပင် နေတယ်လေ။

***

Bạn đang đọc truyện trên: Truyen247.Pro