Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep2

အပိုင်း (၂) ယွမ်မိသားစု အကြီးဆုံးသခင်မလေး

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး

ဒီလူပုံစံက အိမ်ရှေ့စံမင်းသားနဲ့ မဆင်တူရင် အဝတ်စားမတူခဲ့ရင်

အိမ်ရှေ့စံမင်းသားကိုသိပ်ချစ်တဲ့ ယွမ်လော့ဖုန်းက လူမှားမိမှာ မဟုတ်ဘူး ။ အလျင်စလို လှမ်းဖက်မိမှာလည်း မဟုတ်ဘူး ချောမောတဲ့ ယောကျာ်းလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားမိမှာလည်း မဟုတ်ဘူး။ တခြားလူတွေလည်း ယွမ်လော့ဖုန်းနဲ့ ဒီလူရဲ့ ဆက်ဆံရေးကိုလည်း အထင်လွဲမှာ မဟုတ်ဘူး။ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ သူမ လှမ်းဖက်လိုက်မိတဲ့လူက စပြီးတော့ အော်လိုက်တာပဲ။ ယွမ်မိသားစုက အကြီးဆုံး သခင်မလေးက သူကို မရပ်မနား နှောက်ယှက်နေတယ်လို့ အော်တာပဲ။ သူမက သူကို ယောကျာ်းလေးအရုပ်လုပ်ဖို့ တွန်းအားပေးတယ်လို့ ပြောတယ်။ ယွမ်လော့ဖုန်းက စကားပြောမကောင်းဘူး သူမရှင်းပြနိုင်တဲ့ အရည်ချင်းတွေ ပျောက်ဆုံးနေခဲ့တယ်။ သူမ ဒီအခြေနေမှာ တိတ်ဆိတ်နေမိတယ်။ အခုသူမမှာရှိတဲ့ မှတ်ဉာဏ်တွေနဲ့ စဉ်းစားပြီး သက်ပြင်းချလိုက်မိတယ်

"ဒီယွမ်လော့ဖုန်းက စစ်သူကြီးရဲ့ တော်ဝင်သမီး ဒါပေမယ့် အရမ်းတုံးလွန်းတယ်။ ဒီလောက် လွယ်ကူတဲ့ ထောက်ချောက်ထဲရောက် သွားတယ်။ အိမ်ရှေ့စံမင်းသား နှလုံးသားကို ပြန်ရဖို့ သူမအသက်နဲ့ လောင်းကြေးထပ်ခဲ့တယ်။ အိမ်ရှေ့စံမင်းသားက အကောက်မကြံခဲ့ဘူးဆိုရင် လူအများရှေ့မှာ ဘယ်သူက အိမ်ရှေ့စံ အဝတ်စားကို ဝတ်မလဲ။" တိုင်းပြည်ရဲ့ နံပါတ်၁ အချောဆုံးယောကျာ်း ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကွမ်လန်က ထူးချွန်ထက်မြတ်တဲ့ အရည်ချင်းတွေပိုင်ဆိုင်တယ်။ သူ့ အဆင့်တန်း အရည်းချင်းနဲ့ ဒီလို အမှိုက်ကို လက်ထပ်ချင်မှာ ပါ့မလား။ သူမကွမ်လန်ရဲ့ မကျေနပ်ချက်ကို နားလည်ပေးလို့ရပါတယ်။

ဒါပေမယ့် သူမ နားမလည်နိုင်တာက သူဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ယွမ်လော့ဖုန်းကို အပြစ်တွေ ဘာလို့ ကြံစည်ရတာလဲ။ စေ့စပ်ထားတာကို မေ့လျောပြီး ချောမောတဲ့ ယောကျာ်းလေးတစ်ယောက်ကို နှောက်ယှက်နေသူတစ်ယောက်ဖြစ်အောင် ဘာလို့ လုပ်ရတာလဲ။

သူမ အတွေးလွန်နေစဉ်မှာပဲ ယွမ်လော့ဖုန်းရဲ့ အနီးကပ် အစေခံ ချင်းယန်က အိမ်တော်အတွင်း အလျင်မြန်ပြေးဝင်လာတယ် ။ သူ့သခင်မလေးကို မြင်တော့ သူမမျက်နှာ ပြုံးရွှင်သွားတယ်။ ယွမ်လော့ဖုန်းရှေ့ကို အလျင်အမြန်ပြေးလာပြီးတော့ ပြောတယ်

"မမလေး စစ်သူကြီးပြန်လာပြီး မမလေးကို စာကြည့်ခန်းထဲ လာတွေ့ဖို့ ပြောပါတယ်"

"အဘိုးပြန်လာပြီးလား" သူမခဏတာ သတိလက်လွတ်ဖြစ်သွားတယ်။ ဒီနေ့က စစ်သူကြီးယွမ်လော့ အောင်ပွဲခံပြီးပြန်လာတဲ့နေ့ပဲ။ မူလခန္ဓာကိုယ်က မျှော်လင့်တကြီး စောင့်မျှော်နေခဲ့တာ ။ ဆယ်စုနှစ်တစ်ခုအထိ နှလုံးသားတစ်ခုလုံးနဲ့ သတိရနေခဲ့တဲ့ အဘိုးကို မတွေ့ရခဲ့ပဲ တခြားသူအကြံစည်ကြောင့် သေဆုံးခဲ့ရတယ်။

"သွားမယ် အဘိုးကို သွားတွေ့မယ်" သူသတိပြန်ဝင်လာပြီးတော့ ချင်းယန်ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ဆိတ်လိုက်တယ်။ တည်ငြိမ်နေတဲ့ မျက်နှာလေးက လူယုတ်မာအပြုံးလေး ပြုံးလိုက်တယ် ။ ချင်းယန်ပြန်ပြောတာကို စောင့်မနေတော့ပဲ စာကြည့်ဆောင်ဆီ ဦးတည်သွားခဲ့တယ်။ စစ်သူကြီးအိမ်တော် စာကြည့်ဆောင်အတွင်းမှာတော့ ဆံပင်အဖြူရောင်နဲ့ ဖြူဖပ်ဖြူရော် မျက်နှာနဲ့ အသက်ရွယ်ကြီးတဲ့ လူတစ်ယောက်က ထိုင်ခုံပေါ်မှာ မျှော်လင့်ချင်မဲ့နေတဲ့ မျက်နှာနဲ့ ထိုင်နေတယ်။ စိုးရိမ်တဲ့ပုံစံနဲ့ သူရှေ့တွင် ရပ်နေသော အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။

အရှေ့ဘက်မှာတော့ ယွမ်လော့ဖုန်းကတော့ ပျင်းရိစွာနဲ့ သမ်းနေတယ် သူမ စာကြည့်ဆောင်ကို ရောက်နေတာ နာရီဝက်လောက်ရှိနေပြီ။ ဒါပေမယ့် စစ်သူကြီး ယွမ်လော့က ဘာမှ ပြန်မပြောဘူး။ သူမကို ခံစားမှုမဲ့စွာ ကြည့်နေတယ်။ စစ်သူကြီးယွမ်လော့က စကားတစ်ခွန်းမှ မပြောဘူး။ ဒါကြောင့်လည်း ယွမ်လော့ဖုန်းက စကားအရင်ပြောလို့ မရဘူး

"မကြာသေးခင်က လူအများရှေ့မှာ မပြုသင့် မပြုထိုက်တာကို လုပ်ခဲ့တယ်ဆို ငါကြားတာတော့ အဘိုးကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား"

နောက်ဆုံးတော့ စစ်သူကြီးဒေါသထွက်လာပြီး သူမျက်နှာပေါ်မှာ ခက်ထန်တဲ့ ပုံစံနဲ့ သူမကို ခက်ထန်စွာ မေးတယ်

"အဘိုးက ဘယ်လိုရှင်းပြချက်မျိုးကို လိုချင်တာလဲ။" သူမ ပေါ့ပါးစွာ ရယ်လိုက်တယ်

"တခြား အပြင်လူက ပြောတဲ့သတင်းအမှားကို ကိုယ့်မြေးပြောတာထက် ယုံနေရင်လည်း ဘာကိုကြားချင်တာလဲ ကျွန်မ ရှင်းပြဖို့ မလိုအပ်တော့ဘူး"

"ရဲတင်းလိုက်တာ"

စစ်သူကြီးယွမ်လော့က စားပွဲကို ဘန်းခနဲ မြည်အောင်ရိုက်လိုက်တယ်။ သူ့လက်အားနဲ့ စားပွဲက နှစ်ခြမ်း ကျိုးသွားတယ်။ အဘိုးအိုကြီးရဲ့ဒေါသအတွက်တော့ စားပွဲခုံလေးက အနစ်နာခံလိုက်ရတာပေါ့

"ဒါက နင့်အဘိုးအပေါ်ထားတဲ့ သဘောထားလား"

Chapter2

End

Bạn đang đọc truyện trên: Truyen247.Pro