Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep19

အပိုင်း(၁၉)

 
“ပြဿနာတစ်ခုခု ရှိလို့လား”
ရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာ ယွမ်လော့ဖုန်း သူမလက်လေးကို ရင်ဘတ်ပေါ်တင်ပြီး သူမ သွားမယ့်လမ်းကို ပိတ်နေတဲ့ လူတွေကို စိတ်ပျက် ပျင်းရိစွာ ကြည့်နေတယ်။ သူမရဲ့ မျက်ဝန်းအကြည့်တွေက ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ရှိုးထုတ် ပဲများနေတယ် သူမရှေ့က လူငယ်လေးကို ကြည့်လိုက်တယ်။
တစ်ခဏအတွင်းမှာပဲ ဒီလူငယ်လေးနှင့် ပတ်သက်တဲ့ သတင်းအချက်လက်တွေ သူမနားထဲသို့ ခုန်ပေါက် ဝင်ရောက်လာတယ်။
မုရှန်းက မုဝူစွမ်းရဲ့ သွေးတစ်ဝက်နှော အစ်ကိုဖြစ်တယ်။ တော်ဝင်မြို့တော်မှာ နံပါတ်၁ ရှိုးထုတ်ပြီး ယောက်ျား ပီသသောသူ တစ်ယောက်။ သူ့အဒေါ်က လက်ရှိဘုရင် အနှစ်သက်ဆုံး ကြင်ရာတော်တစ်ပါး ဖြစ်တယ်။ သူက အမြဲ ဥပဒေမဲ့ ပြုမူတယ်။ သူ့မျက်လုံးထဲမှာ မည်သူမှ သူ့အထက်မှာ မရှိဘူး။ နောက်ပြီးတော့ မုဝူစွမ်းနဲ့ အိမ်ရှေ့စံမင်းသား ကွမ်လန်က ချစ်ကြိုက်နေတာ။ ဒီနှစ်တွေ အတောအတွင်း သူက ယွမ်လော့ဖုန်းကို အများကြီး နှောင့်ယှက် အနိုင်ကျင့်ခဲ့တယ်။
“အမလေး ဘယ်သူများလဲလို့ ကြည့်နေတာ။ ယွမ်မိသားစုက အမှိုက်မလေး ယွမ်လော့ဖုန်း မဟုတ်ဘူးလား။ ဟား …” မုရှန်းက ကျယ်လောင်စွာ နှစ်ခါလောက် အော်ရယ်တယ်။ မုရှန်း လေချွန်ရင် ယွမ်လော့ဖုန်းကို ခေါင်းအစ ခြေအဆုံး သူ့မျက်လုံးတွေက ကြည့်နေတယ်။
“ဘာလဲ။ နင့်ကို အိမ်ရှေ့စံမင်းသားက မလိုချင်တော့လို့ အပြင်ထွက်ပြီး ယောက်ျား ရှာနေတာလား။ ယွမ်စစ်သူကြီးက နင့်လို ဈေးပေါတဲ့ မြေးမလေးကို မွေးပေးထားမယ်လို့ မထင်ထားမိဘူးနော်။ နင် တကယ်လို့ အပျော်ရှာချင်ရင် ဒီသခင်လေးက နင်ကျေနပ်တဲ့အထိ သာယာမှုကို ပေးလို့ရပါတယ်”
ယွမ်လော့ဖုန်း သူမနှုတ်ခမ်းလေးကို ပင့်လိုက်ပြီး မကောင်းဆိုးဝါး အပြုံးလေး ပြုံးလိုက်တယ်။ သူမရှေ့မှာ ရပ်နေတဲ့ ရှိုးထုတ်လိုက်ပြီး ယောက်ျားပီသချင်တဲ့ ကောင်လေးကို ကြည့်လိုက်တယ်။
“မုအိမ်တော်သခင်လေး မုရှန်းက ဒီနယ်ပယ်မှာ အားနည်းတယ်လို့ ငါကြားတယ်နော်။ အိမ်တော်အတွင်းမှာ ကိုယ်လုပ်တော်နဲ့ အစေခံတွေအားလုံးက အပျိုစင်တွေ ဘဝပဲရှိသေးတယ်တဲ့။ နင့်စွမ်းဆောင်ရည်ကို ကြည့်ရတာတော့ ငါ့ကိုကျေနပ်မှုပေးနိုင်မယ်လို့ မထင်ဘူး”
မုရှန်းမျက်နှာ အေးခဲသွားသလို ဖြစ်သွားတယ်။
ဒီနယ်ပယ်မှာ သူ့မှာ သေချာပေါက် ပြဿနာရှိတယ်။ ဒါကြောင့်လည်း သူ အစေခံ တစ်ယောက်တစ်လေကိုမှ မထိခဲ့ဖူးဘူး။ သူတို့ထိချင်ရင်လည်း သူတို့ကို ထိလို့ရတဲ့ နည်းလမ်းမရှိဘူး။ ဒီအကြောင်းကို သူ့အဘိုးတောင် သေသေချာချာ ရှင်းရှင်းလင်းလင်း မသိဘူးလေ။ အမှိုက်မ ယွမ်လော့ဖုန်းက ဘယ်လိုလုပ် သိနေတာလဲ။
တကယ်တော့ မုရှန်းက ယွမ်လော့ဖုန်း ဆေးပညာ ကျွမ်းကျင်မှုကို မသိပါဘူး။ သူမက သူ့ကို တစ်ခါ ကြည့်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကို အကဲဖြတ်လို့ရတယ်။ သူမှာ ယောက်ျားနဲ့မိန်းမကြား ဆက်ဆံရေး ကင်းမဲ့နေတာ သူမသိနေတယ်လေ။ ဒါကြောင့်လည်း မုအိမ်တော်ကို ကိုယ်လုပ်တော်နဲ့ အစေခံတွေအားလုံး အပျိုစင် ဖြစ်မယ်လို့ သူမ ခန့်မှန်းမိတာပေါ့။
နောက်ထပ် တော်ဝင်မြို့တော်က ရှိုးအထုတ်ဆုံး ယောက်ျားပီသသော နံပါတ်၁ အမျိုးသားလေးက ယောက်ျားနဲ့ မိန်းမကြား ဆက်ဆံရေး စွမ်းဆောင်ရည် ကင်းမဲ့နေတာ သူမ ရှင်းရှင်း လင်းလင်း သိနေတာပေါ့။
“ယွမ်လော့ဖုန်း၊ အမှိုက်မ နင်ကငါ့ကို မကောင်းတာ ပြောရဲတယ်ပေါ့”
မုရှန်းမျက်နှာက တဖြည်းဖြည်းချင်း နီရဲလာတယ်။ သူ့အရှက်ရတာက ဒေါသအဖြစ်သို့ ပြောင်းလဲသွားတယ်။
“ဒီသခင်လေးက ဒီနယ်ပယ်မှာ အရမ်းသန်မာတာ။ တစ်ညတည်း မိန်းကလေး အယောက်၁၀ဝနဲ့ အိပ်နိုင်တယ်။ သန်မာလွန်းတော့ ပြဿနာမရှိဘူးနော်။ နင့်လို အမှိုက်မက ဒီသခင်လေးကို မကောင်းကြံ ပြောဆိုရဲတယ်ပေါ့လေ။ ဒီကသခင်လေး နင့်ကို ငါ့အရသာကို ခံစားခွင့်ပြုပါတယ်။ ငါနဲ့အတူ သာယာခွင့် ပေးလိုက်မယ်”
“ဒုတိယသခင်လေး မု”
မုရှန်းက ယွမ်လော့ဖုန်းကို အတင်းကျပ် လုပ်ဆောင်တော့မှာကို သူ့နောက်လိုက် တော်ဝင်မျိုးနွယ် လူငယ်တွေက သိနေတာကြောင့် သူ့ကို အလျင်အမြန် ပြေးဆွဲထားလိုက်တယ်။
“ဟဲ့ ယွမ်လော့ဖုန်းက စစ်သူကြီးအိမ်တော်ရဲ့ တစ်ဦးတည်းသော မြေးလေ။ ငါတို့တွေ အရမ်းလုပ်လိုက်ရင် စစ်သူကြီးယွမ်လော့က ငါတို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး”
“လွှတ်ပေးစမ်း။ ငါ့နားက ထွက်သွားစမ်း”
မုရှန်းက သူ့လက်ကိုကိုင်ထားတဲ့ လူငယ်လေးကို ဆောင့်ကန်လိုက်တယ်။ ဒေါသကြီးနေတဲ့ မျက်လုံးတွေနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ဒီသခင်လေး အဒေါ်က လက်ရှိဘုရင် အနှစ်သက်ဆုံးသော ကြင်ရာတော် ဖြစ်တယ်။ ဘယ်သူက ဒီသခင်လေး စကားကို မနာခံရဲလဲ။ ယွမ်လော့ဖုန်း … နင်က ငါ့ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြောဆိုတယ်။ ဒီသခင်လေး အပြစ်ကင်းစင်မှုကို သက်သေထူဖို့ တစ်လောကလုံးရှေ့မှာ နင့်ကို စမ်းသပ်ခွင့် ပြုလိုက်မယ်”
စားသောက်ဆိုင် အတွင်းမှာ ပိုးသားဝတ်စုံနဲ့လူက ပြတင်းပေါက်နားမှာ ရပ်နေပြီးတော့ လမ်းပေါ်မှာ ဖြစ်နေသော မြင်ကွင်းကို ကြည့်နေတယ်။ သူတောက်ခေါက် လိုက်ပြီး စကားဆိုလိုက်တယ်။
“အိမ်ရှေ့စံမင်းသား … မင်း … ယွမ်လော့ဖုန်းကို ကြိုက်တာ မကြိုက်တာ ဘေးဖယ်ထားလိုက်ပါ။ အခုလက်ရှိ သူမက မင်းနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးဖြစ်တယ်။ လူစုလူဝေးထဲမှာ သူမရဲ့ ဖြူစင်သန့်ရှင်းမှု ဆုံးရှုံးရတာကို မင်းခွင့်ပြုမလို့လား။ မင်း ဒီအတိုင်းပဲ ကြည့်နေတော့မှာလား”
ကွမ်လန် အနည်းငယ် ပြုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်က ထက်မြက်တဲ့ ဓားသွားလိုပဲ။ သူ့ရဲ့ စူးရှတဲ့ အကြည့်တွေက လမ်းမပေါ်က အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်နေတယ်။
“ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ ဘာမှ ဝင်ပါစရာ အကြောင်းမရှိဘူး” ခဏ အကြာကြည့်ပြီးနောက် ကွမ်လန်မျက်လုံး အကြည့်တွေကို ထိုမြင်ကွင်းကို ဖယ်ခွာလိုက်တယ်။
“မုရှန်းကို ငါက ကျေးဇူးတင်ဖို့ လိုအပ်နေပြီ။ ငါအတွက် အမှိုက်မကို ရှင်းပေးလို့။ သူမ လူအများရှေ့မှာ ဖြူစင်မှု ဆုံးရှုံးသွားရင် ငါနဲ့ယှဉ်တွဲနိုင်တဲ့ ဂုဏ်သိက္ခာ မရှိတော့ဘူး”
ပြောပြီးသွားတာနဲ့ ကွမ်လန်က သူ့လက်ကို နောက်ထားက အခန်းအပြင်ကို ထွက်ခွာသွားတယ်။ အစမှအဆုံးအထိ ယွမ်လော့ဖုန်းနဲ့ တခြားလူ ပြဿနာဖြစ်တာကို မကြည့်ခဲ့ဘူး။

***

Bạn đang đọc truyện trên: Truyen247.Pro