Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep17

အပိုင်း(၁၇)

 
ယွမ်လော့ သူမပြောတာကို အလေးနက် စဉ်းစားနေတာကို သိတော့ သူမနှုတ်ခမ်းလေးက ပိုပြီးတော့ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
“စစ်တပ်အင်အားကို ပြန်လည် လွှဲပြောင်းပေးမယ်လို့ ပြောလည်း လက်ခံမယ် မထင်ဘူး။ ဒီအခွင့်ရေးကို အသုံးချပြီးတော့ ခွေးဘုရင်ကို သေမိန့် ကင်းလွတ်တဲ့ အမိန့်ပြားကို ပေးဖို့ပြောရမယ်။ နောက်ပြီးတော့ သမီးအတွက် အမိန့်စာ တစ်ခုရအောင် လုပ်ပေးရမယ်။ အဲဒီအမိန်စာမှာ ‘ငါ ယွမ်လော့ဖုန်းသည် တော်ဝင်မိသားစု မည်သူကိုမှ ဒူးထောက်စရာ မလိုအပ်ဘူး။ တစ်ခါတည်း စေ့စပ်ထားတာကိုလည်း ယွမ်လော့ဖုန်းက ဖျက်သိမ်းတယ်လို့’ အမိန့်စာထဲပါဝင်ရမယ်”    
သူမပြောတဲ့ သတ်မှတ်ချက်ကို ကြားတော့ ယွမ်လော့ အံ့အားသင့်သွားတယ်။ သူ ချီတုံချတုံပြောတယ်။
“သေမိန့်ကင်းလွတ်ခွင့်နဲ့ စေ့စပ်ပွဲ ဖျက်သိမ်းတာက လွယ်ပါတယ်။ ဒါပေမဲ့ ဒူးမထောက်နိုင်ဘူးဆိုတဲ့ အမိန့်စာကတော့ လွယ်မယ် မထင်ဘူး”
“ဟာသပဲနော်” ယွမ်လော့ဖုန်း လှောင်ပြောင် သရော်လိုက်တယ်။
“ယွမ်လော့ဖုန်းဆိုတဲ့ ကျွန်မက ကောင်းကင်ကိုလည်း ဒူးထောက်နေမှာ မဟုတ်ဘူး။ ခွေးဘုရင်နဲ့ သူ့မျိုးနွယ်ဝင်တွေက ဒူးထောက် ခစားရလောက်တဲ့အထိ အခွင့်ရေးမရှိဘူး။ မထိုက်တန်ဘူး”
သူမက ကောင်းကင်ကိုလည်း ဒူးမထောက် နိုင်ဘူးတဲ့လား။ ဘယ်လိုဖြစ်ပြီး ဒီလို ဝင့်ဝါခြင်းနဲ့ အပေါ်စီးကပြောဆို ဆက်ဆံတဲ့ သဘောထားတွေ ရှိလာတာလဲ။ ယွမ်လော့နဲ့ သူ့သားချင်ရာ ခဏတာ သတိလက်လွတ် တွေးဝေသွားတယ်။ ပထမဆုံးအကြိမ် သူတို့တွေ ယွမ်လော့ဖုန်း ဒီလိုစကားမျိုး ပြောတာ ကြားဖူးတာပဲ။ နှစ်ယောက်ပြောစရာ စကား မရှိလောက်အောင် ဆွံ့အသွားမိတယ်။
“ဟား …” ယွမ်လော့ ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။ သူ့ရယ်မောသံမှာ ကျေနပ်မှုတွေ ပြည့်နေတယ်။ ကျောက်တုံးအခန်း တစ်ခုလုံး ရယ်သံက ဖုံးလွှမ်းသွားတယ်။
“တော်လိုက်တာ … ငါ့ယွမ်လော့ရဲ့ မြေးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်။ ငါ့ယွမ်လော့ မြေးက စကားကို အထက်စီးဆန်ဆန် ပြောဆိုသင့်တယ်။ စိတ်ချထားလိုက် မြေးလေး။ မြေးလေးအတွက် အဘိုး အမိန့်စာကို ရအောင် လုပ်ပေးမယ်။ ဘုရင်မင်းမြတ်က အမည်းရောင် ဆုလာဘ်ကို မချီးမြှင့်ရသေးဘူး။ အဘိုးရမယ့် အမည်းရောင်ဆုလာဘ်နဲ့ မြေးလေးလိုချင်တဲ့ အမိန့်စာကို ဆွေးနွေးညှိနှိုင်းပေးမယ်။ မြေးလေး လိုချင်ရတာ ရစေရမယ်”
ယွမ်လော့ဖုန်းက ဒီအမိန့်စာကို လိုချင်နေတာ။ အဘိုးက ရအောင် ယူပေးမယ်ဆိုတော့ အဘိုးကို ပူဆာနေစရာ မလိုအပ်တော့ဘူး။
“အဘိုးမှာ ပိုက်ဆံရှိလား”
ခဏတာ အတွေးလွန်သွားပြီးတော့ အားရပါးရ ရယ်မောနေတဲ့ ယွမ်လော့ကို မေးလိုက်တယ်။ သူမမှာ လက်ရှိဦးစားပေး လုပ်ဆောင်ရမှာက သူမ အင်အားကြီးမားအောင် လုပ်ရမယ်။ ခိုင်မာတဲ့ အင်အားနဲ့ ဒီတိုင်းပြည်မှာ အခြေတည်မြဲအောင် လုပ်ရမယ်။
“မြေးလေး ပိုက်ဆံနဲ့ ဘာဝယ်ချင်လို့လဲ”
ယွမ်လော့ စိတ်ကောင်း ဝင်နေတာကြောင့် သူ့အသံက ရယ်မြူးနေတယ်။
“လိုအပ်တာရှိရင် မြေးလေးနဲ့အတူလိုက်ဝယ်ဖို့ ရဲမက်တွေ ထည့်ပေးလိုက်မယ်”
ယွမ်လော့ဖုန်း သူမနှာခေါင်းလေးကို ပွတ်လိုက်ပြီးတော့
“ဒီလိုပါ …။ ဆေးပညာကို လေ့လာဖို့ ဆေးပင်တွေ အများကြီး အသုံးပြုဖို့ လိုအပ်တယ်။ ဒါကြောင့် ယွမ်မိသားစုအိမ်တော်က ပိုက်ဆံကို အသုံးပြုဖို့ လိုအပ်တယ်”
“ဟား …” ဒီစကားသံကို ကြားတော့ ယွမ်လော့စိတ်တွေ ပိုကြည်လင်လာပြီး ကျေနပ်လာတယ်။
“ဒါက ယွမ်အိမ်တော် ဘဏ္ဍာတိုက် သော့တွဲတွေ။ ဘဏ္ဍာတိုက်သွားပြီး လိုအပ်တဲ့ ငွေကိုယူလိုက်လေ။ အကုန်လုံး ကုန်သွားလည်း ပြဿနာ မရှိဘူး”
သူပြောပြီးတာနဲ့ သော့တွဲကို ယွမ်လော့ဖုန်းဆီ ပစ်ပေးလိုက်တယ်။
ယွမ်လော့ဖုန်း သော့တွဲကို ယူလိုက်ပြီးတော့ မျက်ခုံးတွန့်လိုက်တယ်။ နောက်ပြောင်လျက် စကားပြောလိုက်တယ်။
“အရမ်း ရက်ရောတာပဲနော်။ ဘဏ္ဍာတိုက်ထဲက ငွေတွေအားလုံးကို လွတ်လပ်စွာ ယူလို့ရပြီပေါ့။ ဘယ်အချိန်က ဒီလောက် ရက်ရော သွားတာလဲ။ အနည်းငယ်လောက်ပဲ ပေးမယ် ထင်ခဲ့တာ။ အဘိုးက ကင်စေးနှဲတယ်လေ”
ဒီကောင်မလေး စကားလုံးတွေက  တော်တော် သတ္တိရှိတာပဲ။ သူမ စနောက်နေတယ် ဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ ယွမ်လော့က သည်းမခံနိုင်တော့ပဲ သူမခါးကို ကန်လိုက်တယ်။ ဒေါသကြီးစွာ ရယ်မောလိုက်ပြီးတော့ …
“မြေးဆိုးလေး ဒီအဘိုးကြီးကို ဟာသ လုပ်ရဲတယ်ပေါ့။ သတ္တိရှိရင် မပြေးနဲ့။ နောက်ထပ်”
ဒီစကားကိုကြားတော့ ယွမ်လော့ဖုန်း မြေပြင်မှာ လဲမတက် အခန်းအပြင်ဘက်ကို ပြေးတော့တာပဲ။ သူမ အကန်ခံရတဲ့ နေရာလေးကို ကိုင်ရင်း နောက်ကို လှည့်ကို မကြည့်တော့ပဲ အမြန် ပြေးထွက်သွားတယ်။
ယွမ်ချင်ရာလည်း ဒေါသထွက်နေတဲ့ သူ့အဖေမျက်နှာကို ကြည့်ရင်း ရယ်ချင်လာတယ်။ သူတို့ မြေးအဘိုး နှစ်ယောက်ကို မိသားစု အချင်းချင်း ဒေါသမဖြစ်ဖို့ သတိပေးချင်သော်လည်း ပြောရင်လည်း ဒေါသက သူ့ဘက် လှည့်လာမှာ စိုးလို့ တိတ်ဆိတ်နေလိုက်တယ်။

***

Bạn đang đọc truyện trên: Truyen247.Pro