
Ep16
အပိုင်း (၁၆)
ယွမ်လော့ သက်ပြင်းချလိုက်ပြီး သူမျက်နှာပေါ်မှာ အကူညီမဲ့နေတဲ့ပုံစံ ဖြစ်နေတယ်။ သူ ဘာလုပ်သင့်လဲဆိုတာ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။
“ကောင်မလေး …. မြေးလေးဦးလေး အခြေနေက အရေးကြီးတယ်။ ချင်ရာ အသက်ရှင်နေတယ်ဆိုတာ သတင်းပြန့်သွားရင် ဒီလူတွေက နောက်တစ်ကြိမ် လာတိုက်ခိုက်လိမ့်မယ်။ ယွမ်အိမ် စစ်အင်အားနဲ့ သူတို့နဲ့ ယှဉ်တိုက်လို့ မရဘူး။ သူတို့ကို ဆန့်ကျင့်လို့ မရနိုင်ဘူး”
ယွမ်လော့ဖုန်း ဒီစကားကိုကြားတော့ သူမ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
“ဒီကိစ္စက ရှင်းရှင်းလေးပါ အဘိုး။ အဘိုး သမီးတို့ကို တောင်ပေါ်မှာ သွားနေခိုင်းလိုက်လေ။ တခြားသူတွေ အာရုံမစိုက်မိချိန်မှာ ဦးလေးကိုလည်း တိတ်တိတ်လေး ပို့လိုက်။ တခြား အပြင်လူတွေကိုတော့ သမီး တောင်ပေါ်မှာ စိတ်စွမ်းအားလေ့ကျင့်ဖို့ ပြန်လည် အင်အား ဖြည့်နေတယ်ပေါ့။ ပြန်လည် သုံးသပ်နေတယ်လို့ ပြောလိုက်လေ။ တခြား ဘယ်သူမှ သမီးတို့ကို လာနှောင့်ယှက်တော့မှာ မဟုတ်ဘူး ”
လူတိုင်း သိနေတာလေ ယွမ်လော့ဖုန်းက ကျန်းမာရေး မကောင်းဘူး။ ဒါကြောင့်လည်း စိတ်စွမ်းအား မလေ့ကျင့်နိုင်ဘူး။ တောင်ပေါ်မှာ စိတ်စွမ်းအား လေ့ကျင့်နိုင်ဖို့ အနားယူရင် အင်အား ပြန်ပြည့်အောင် လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်က အရမ်း သင့်တော်ပါတယ်။
“ဖုန်းအားလေး သမီးလေး နေထိုင်ရတာ ခက်ခဲနေတယ်”
ယွမ်ချင်ရာ သူ့လက်လေးကို မြှောက်ပြီး ယွမ်လော့ဖုန်း ခေါင်းလေးကို ထိတယ်။ အေးစက်တဲ့ မျက်ဝန်းထဲမှာ နှလုံးသားထဲက နာကျင်နေရတာကို မြင်နေရတယ်။
“အမှန်တကယ်က ယွမ်မိသားစုရဲ့ စည်းစိမ်ချမ်းသာနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာပဲ ဖုန်းအားလေးက ကြိုက်နှစ်သက်တာပါ။ ဒါပေမဲ့ ဦးလေးနဲ့အတူ တောင်ပေါ်မှာ အတူ လိုက်နေပေးချင်တာလား။ တကယ်လို့ ဦးလေး ခြေထောက်ကို နဂိုအတိုင်း ပြန်မဖြစ်လည်း ကိစ္စမရှိပါဘူး။ နှစ်တွေလည်း ကြာလာတော့ ဦးလေး ကံတရားကို လက်ခံလိုက်ပါပြီ”
ကံတရားကို လက်ခံတယ်။ ယွမ်လော့ဖုန်း သူမရှေ့က အေးစက်ပြီး နတ်သားလေးနဲ့တူတဲ့ အမျိုးသားလေးကို ကြည့်လိုက်တယ်။ ကံတရားကို လက်ခံတယ်ဆိုတဲ့ စကားနှစ်လုံးက သူ့နှုတ်က ပြောမလာသင့်တဲ့ စကားလုံးဆိုတာ သူမ ခံစားမိတယ်။
သူလို လူကောင်းတစ်ယောက်က လွန်ခဲ့တဲ့ဆယ်နှစ်ကအတိုင်း မြင့်မားတဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်တဲ့လူ ဖြစ်သင့်တယ်။
“ဒုတိယဦးလေး … ဦးလေးရောဂါကို ကုသနိုင်ဖို့ သမီးအကောင်းဆုံး ကြိုးစားသွားမှာပါ”
သူမစိတ်ထဲမှာ တိတ်တိတ်လေး ဆုံးဖြတ်ထားမိတယ်။ သူမပြောချင်တဲ့ စကားတွေကို သူမအနားမှာရှိနေတဲ့ ယွမ်လော့ဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
“အဘိုး… သမီးတို့ ယွမ်မိသားစုအတွက် ဖြေရှင်းရမယ် ကိစ္စတစ်ခုရှိသေးတယ်”
“ပြောလေ”
ယွမ်လော့ ကိုယ်တိုင်လည်း ဘာကြောင့်မှန်းတော့ မသိဘူး။ ဒါပေမဲ့ သူ့မြေးမလေး စိတ်ကို သူကောင်းကောင်း ခန့်မှန်းလို့ မရဘူး။ ခန့်မှန်းရခက်နေတယ်။ ဒီလိုခံစားချက်က သူ့ကို အဆင်မပြေဖြစ်စေတယ်။ သူ ဆယ်နှစ်တာ အိမ်ကထွက်သွားခဲ့တာ သူသိသင့်တာတွေ အများကြီး လွတ်သွားခဲ့တယ်။
ယွမ်လော့ဖုန်း မျက်ဝန်းတွေက ယုံကြည်မှုတွေနဲ့ ပြည့်နေတယ်။
“အဘိုး … ဒီစကားကို ကြားဖူးလား။ မြင့်မားတဲ့ အောင်မြင်မှုက သခင်ကို အကာကွယ်ပေးတယ်။ အဘိုး လက်ထဲမှာ စစ်သည်နဲ့ မြင်း သန်းပေါင်းများစွာ ရှိတယ်။ ဒါကြောင့်လည်း ခွေးဘုရင်က ကောင်းကောင်း အိပ်စက်နေနိုင်တာပေါ့။ အဘိုး ယွမ်မိသားစုကို ငြိမ်းချမ်းစွာ နေစေချင်တယ်ဆိုရင် ဒီစစ်အင်အားကို လက်လွှတ်ရမယ်။ မဟုတ်ရင်တော့ ဒီစစ်အာဏာက ယွမ်မိသားစုဆီ ဘေးအန္တရာယ်ကို သယ်ဆောင်လာမယ်”
ဒီနေ့ ယွမ်လော့ဖုန်း ဒီပြည်နယ်အခြေနေကို နားလည်လာတယ်။ ကျယ်ပြန့်တဲ့ပြည်နယ်မှာ တော်ဝင်အာဏာက အမြင့်မားဆုံး မဟုတ်ဘူး။ တော်ဝင်အာဏာ အထက်မှာ ဖုံးကွယ်ထားတဲ့ အာဏာရှိမိသားစုတွေနဲ့ အင်အားကြီး မျိုးနွယ်စုတွေရှိတယ်။ တစ်တိုင်းပြည်လုံးက သူတို့ကို ကြောက်လန့် နေရတာ။
သို့သော်လည်း လက်ရှိ ယွမ်လော့ဖုန်းက အကူညီ မပေးနိုင်သေးဘူး။ ဒါပေမဲ့ ခွေးဘုရင်ကို ကြောက်လန့် နေရမယ်။ အနည်းဆုံးတော့ သူမ အင်အား မကြီးမားလာခင်မှာ တော်ဝင်အာဏာ အရှုပ်ထွေးထဲ ဝင်ပါလို့ မဖြစ်သေးဘူး။
“မြင့်မားတဲ့ အောင်မြင်မှုက သခင်ကို အကာကွယ်ပေးတယ်။ ဒီစကားလုံးက အခုအခြေနေကို ဖော်ပြလို့ရတဲ့ အကောင်းဆုံးသော စကားလုံးပဲ”
ယွမ်လော့ မျက်နှာပျက်စွာ ပြုံးလိုက်တယ်။ သူ့မျက်နှာမှာ ကူရာမဲ့ ဖြစ်နေတယ်။
“ဒီတစ်ခေါက် ငါ အောင်မြင်မှုတွေနဲ့ ပြန်လာခဲ့တယ်။ ဘုရင်မင်းမြတ် ချီးမြှောက်မှုကိုသာ ရရှိရုံသာမက ဆုလာဘ်တွေလည်း ရရှိခဲ့တယ်။ သာမန်လူတွေက ငါ့ကို အထင်ကြီး လေးစားလာတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ် ကြောက်ရွံ့မှုကတော့ ပိုပိုနက်နဲလာတယ်။ ဧကရာဇ်နောက်လိုက် လုပ်ရတာက ကျားနောက် လိုက်နေရသလိုပဲ။ ဒီစကားကို တိုင်းပြည်တိုင်း သုံးနေရတဲ့ လက်သုံးစကားဖြစ်နေပြီ”
“အဘိုး သမီးစကားကို နားထောင်မယ်မလား”
ယွမ်လော့ဖုန်း သူမ မေဖျားလေးကိုထိလိုက်ပြီး ပြုံးနေတဲ့ သူမနှုတ်ခမ်းလေးနဲ့ ပြောတယ်။
“အဘိုး … စစ်အာဏာကို ချက်ချင်း ပြန်ပေးမှာပါ။ အဘိုးမှာ တကယ် အာဏာမရှိပါဘူး။ စစ်သူကြီးဆိုတဲ့ နာမည်ပဲ ရှိနေတာ။ ဒါပေမဲ့ ဒီလိုနေထိုင်နေရတာ တော်သင့်ပြီလေ။ အဘိုးမှာ စစ်အာဏာမရှိလည်း လုံယွမ်တိုင်းပြည်ရဲ့ ဒုတိယအတော်ဆုံးဆိုတဲ့ ဘွဲ့နာမည်ရှိတာပဲ။ ဘယ်သူက ယွမ်မိသားစုကို အနိုင်ကျင့်ရဲမလဲ”
အရေးကြီးဆုံးက ယွမ်လော့ စစ်အာဏာ ပြန်ပေးလိုက်ရင် မြေးမလေးလည်း စိတ်အေးအေး နေလို့ရမယ်။ သူတို့ဘာသာ စစ်အင်အား တည်ထောင် နေလိမ့်မယ်။
ယွမ်လော့နှလုံးသားကို ထိတ်လန့် အံ့သြစေတယ်။ သူ့မြေးမလေးပြောတာ မမှားဘူး။ သူ့မှာ သန်းပေါင်းများစွာသော စစ်သည်တွေမရှိလည်း သူကိုယ်တိုင်က လုံယွမ်တိုင်းပြည်က ဒုတိယအတော်ဆုံး လူတစ်ယောက်ဖြစ်တယ်။ သူအသက်ရှင်နေသမျှ လုံယွမ်တိုင်းပြည်မှာ မည်သူတစ်ဦးတစ်ယောက်မှ ယွမ်မိသားစုကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။
***
Bạn đang đọc truyện trên: Truyen247.Pro