
Ep15
အပိုင်း (၁၅)
“ကောင်မလေး မတွေ့ရတဲ့ နှစ်အနည်းငယ်အတွင်း အရမ်းကို စကားတွေ တတ်လာတယ်နော်။ ဦးလေးက အခု မသန်မစွမ်းဖြစ်နေပါပြီ။ ဘယ်လိုဖြစ်ပြီး တခြားလူနဲ့ နှိုင်းယှဉ်လို့ရမလဲ။ ”
ယွမ်ချင်ရာ ပြုံးပျော်စွာ ပြောနေတယ်။
“ဦးလေး ကိုယ့်ဘာသာ နှိမ်ချမပြောဆိုပါနဲ့လား။ ကွမ်လန်က ယှဉ်နိုင်လောက်အောင်ကို မတန်တာ။ သူများနဲ့ ယှဉ်လို့ မရဘူးလို့ မပြောပါနဲ့။ ဦးလေးက ဒီကုလားထိုင်မှာ အချိန်တွေ အကြာကြီး ထိုင်နေရေတော့မှာ မဟုတ်ဘူး။ ”
ဒီကျောက်တုံးအခန်းကို ဝင်လာတည်းက သူမ ချင်ရာ ရောဂါအခြေနေကို သိသင့်လောက် သိခဲ့ပြီ။ ဆေးနတ်ဘုရား လျိုဝှက် သင်္ကေတမရှိလည်း သူမသင်ကြားခဲ့တဲ့ ဆေးပညာနဲ့ သူ့ခြေထောက်ကို ကုသပေးလို့ရတယ်။ ဒါပေမယ့် စိတ်စွမ်းအား နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ကတော့ သူမအတွက် ခက်ခဲတယ်။
ချင်ရာ စိတ်ပျက်အားငယ်တဲ့ အပြုံးလေးနဲ့ ပြောတယ်။
“ကောင်မလေး ဒုတိယဦးလေး ခြေထောက်သွေးပြန်ကြောတွေက ပိတ်နေတာ။ မတ်တပ်ရပ်နိုင်တဲ့ စွမ်းရည်တောင် မရှိဘူး။ စိတ်စွမ်းအားလည်း အသုံးမဝင်တော့ဘူး။ အမှိုက်သာသာ ဘဝနဲ့ အသက်ရှင်နိုင်ဖို့ ပုန်းကွယ်နေထိုင်နေရတယ်။”
တစ်ချိန်က လုံယွမ်တိုင်းပြည်မှာ လူသိများခဲ့တဲ့ နံပါတ်၁ လူငယ်ပညာရှင် ယွမ်ချင်ရာဖြစ်ခဲ့တယ်။ မြင့်မားတဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်။ ဘယ်နေရာကို သွားသွား လူတိုင်း မျက်လုံးကို ဖမ်းစားနိုင်ခဲ့တယ်။
ဒီနေ့တော့ လွန်ခဲ့သော ဆယ်နှစ်ကျော်က ကျော်ကြားခဲ့တာတွေကို ပြည်ဖုံးကားချကာ စိတ်ဓာတ်တွေ ကျဆင်းနေခဲ့ပြီ။
ယွမ်လော့ဖုန်း အနည်းငယ် နှလုံးသားတွေ နာကျင်ရတယ်။ ဒါက အတော်ဆုံးလူငယ်လေး ရလိုက်တဲ့ လောကဓံက ပေးတဲ့ လက်ဆောင်လား။
“လောကမှာ မည်သူ တစ်ဦးတစ်ယောက်ကမှ အမှိုက်ဆိုတာကို မယုံကြည်ဘူး။ ”
ယွမ်လော့ဖုန်း နှုတ်ခမ်းလေးကို ကွေးပြီး အပြုံးလေးနဲ့ ပြောတယ်။
“အင်အားတွေ မရှိတော့ရင်တောင် တခြားနေရာမှာ ထူးချွန်နိုင်တာပဲ။ပထမဆုံး ဒီဘီးတပ်ကုလားထိုင်က ထနိုင်အောင် ကြိုးစားရမယ်။ အဘိုးနဲ့ ဦးလေး တကယ်တော့ ဒီနှစ်တွေမှာ သမီးမှာ လျိုဝှက်စွာ ပညာသင်ကြားပေးတဲ့ ဆရာတစ်ယောက်ရှိတယ်။ သမီး ဆရာနဲ့ ဆေးပညာကို သင်ကြားတယ်။ သမီး ဦးလေးကို မတ်တပ်ရပ်တဲ့ အထိနေနိုင်အောင် ကုသပေးနိုင်တယ်လို့ သမီး ယုံကြည်တယ်။ ”
ဆေးနတ်ဘုရားလျိုဝှက် သင်္ကေတက အရမ်းအရေးကြီးတယ်။ သူမမိသားစုကိုလည်း မပြောပြနိုင်ဘူး။ ဒါ့ကြောင့် သူမလိမ်လိုက်ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ ယွမ်ချင်ရာက ကျောက်တုံးအခန်းထဲမှာပဲ နေထိုင်ခဲ့ရတယ်။ ယွမ်လော့လည်း အိမ်တော်မှာ မရှိဘူး။ သူမ အခြေနေအစစ်မှန်ကို ဘယ်သူမှ မသိနိုင်ဘူး။
“ဖုန်းအား….. သမီး ဆေးပညာကို လေ့လာတယ်လို့ ပြောတာလား။” ယွမ်လော့နှလုံးသားထဲမှာ အရမ်းပျော်ရွှင်သွားရတယ်။ ရယ်မောပျော်ရွှင်သွားတယ်။
“ကောင်းတယ်။ တကယ် ကောင်းတယ်။ မြေးလေး သမားတော်တစ်ယောက်သာ ဖြစ်ရင် အဘိုး အနာဂတ်မှာ စိတ်ပူနေစရာ မလိုအပ်ဘူး။ မြေးလေး ဆေးပညာကြောင့် တခြားလူတွေက အနိုင်ကျင့်မှာ မဟုတ်တော့ဘူး။ ”
လုံရှောင်ပြည်နယ်မှာ မှော်ပညာရှင်တွေကို လေးစားတယ်။ စိတ်စွမ်းအားလေ့ကျင့်နိုင်ရင် တစ်ဘဝလုံး ကောင်းမွန်စွာ နေထိုင်လို့ရတယ်။ ဒါဆို သမားတော်တွေကိုလည်း မလေးစားဘူးတယ်။
တကယ်တမ်း မင်း သိုင်းပညာမလေ့ကျင့်နိုင်ဘူး။ စာပေ မတော်ဘူးဆိုရင် မင်းကတကယ်ကို အသုံးမဝင်တဲ့ အမှိုက်လို လူစား ဖြစ်လာမှာပါ။ အရင်မူလ ယွမ်လော့ဖုန်း ပေါ့။
“ကောင်မလေး မင်းလေးအဘိုးပြောတာ မမှားဘူး။ ဆေးပညာတော်ရင် အနည်းဆုံးတော့ ထူးချွန်တဲ့လူတွေနဲ့ အဆက်သွယ်ကောင်းရနိုင်တယ်။ ဒီတိုင်းပြည်မှာ အသက်ရှင်နေထိုင်ဖို့ စိတ်ပူစရာ မလိုအပ်တော့ဘူး။ ” ယွမ်ချင်ရာက အပြုံးလေးနဲ့ပြောတယ်။
ပထမဆုံး သူမဆေးပညာကို တိတ်တဆိတ်လေ့လာထားတယ်ပြောတော့ ယွမ်ချင်ရာခန္ဓာကိုယ်ကုသလို့ ရတယ်လို့ မတွေးပဲ သူတို့က သူမအနာဂတ်အတွက် ဝမ်းမြောက်ပေးနေတယ်။ ယွမ်လော့အတွက် သူတို့တွေ တွေးပေးတယ်။
ယွမ်လော့ဖုန်း နှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားရတယ်။ မိသားစု နွေးထွေးမှုကို ခံစားရတယ်။
သူမ ယွမ်ချင်ရာ မျက်နှာ ချောချောလေးကို ကြည့်ပြီး စကားဆိုလိုက်တယ်။
“ဦးလေး အင်အားတွေ အကုန်လုံး ပြန်ရနိုင်မယ်လို့တော့ အာမ မခံနိုင်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဒီဘီးတပ်ကုလားထိုင်က ထလာနိုင်အောင်တော့ လုပ်ပေးနိုင်ပါတယ်။ ”
“ ဦးလေး ကိုယ့် ခန္ဓာကိုယ်ကို အကောင်းဆုံးနားလည်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက မတ်တပ်ရပ်နိုင်တဲ့ အခွင့်ရေးတွေ ရှိခဲ့တယ်။ ဒါပေမယ့် အကြောတွေ သေခဲ့ပြီ။ တခြားနည်းလမ်း မရှိတော့ပါဘူး။ ” ယွမ်ချင်ရာက သူခေါင်းကို တွင်တွင်ခါနေတယ်။ ယွမ်လော့ဖုန်းလေး စိတ်မပျက်စေချင်ဘူး။
“ဒါပေမယ့် တူမလေး ဆေးပညာလေ့လာနေတယ်ဆိုတော့ လေ့ကျင့်ဖို့ တစ်ယောက်ယောက် လိုအပ်မှာပေါ့။ ဦးလေး ခန္ဓာကိုယ်က အသုံးမဝင်တော့ဘူးဆိုတော့ စမ်းသပ်မှု လုပ်လို့ရပါတယ်။ ”
“ဦးလေး စိတ်မပူပါနဲ့။ ဦးလေး မတ်တပ်ရပ်နိုင်ဖို့ သမီး တက်နိုင်သမျှ အားလုံး လုပ်မယ်။”
ယွမ်လော့ဖုန်း မျက်နှာလေးမှာ အပြုံးလေးကို ပန်ဆင်လိုက်တယ်။
“အရင်ဆုံး ပထမဆုံးလုပ်ရမှာက ဒီကျောက်တုံးအခန်းက ထွက်ခွာသွားရမယ်။ ဒီအခန်း ပတ်ဝန်းကျင်က ဦးလေး ကျန်းမာရေး ပြန်ကောင်းဖို့အတွက် မသင့်တော်ဘူး။”
Chapter-15
End
Bạn đang đọc truyện trên: Truyen247.Pro