Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep14

အပိုင်း(၁၄)

"မြေးလေးပြောတာ မှန်ပါတယ်။" ယွမ်လော့ နာကျည်းစွာ ပြုံးလိုက်တယ်။

"တိုင်းပြည်အတွက် ငါ့ဘဝကို မြှပ်နှံခဲ့တယ်။ ဒါပေမယ့် ပြန်ရလိုက်တာက ငါဘေးဒုက္ခကို ခံစားရတဲ့အချိန်မှာ ဘုရင်က ငါတို့ကို မကူညီခဲ့ဘူး။ ဆယ်စုနှစ်အကြာ လုံယွမ်တိုင်းပြည်အတွက် အိမ်တော်ကို စွန့်ခွာခဲ့ရတယ်။ဘုရင်က ငါ့မြေးလေးကို ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး။ ငါ့မြေးလေးကိုတော့ ငါအဆုံးရှုံး မခံနိုင်ဘူး။ ဒါပေမယ့် အဘိုးက အသက်ရွယ် ကြီးရင့်နေပြီး မြေးလေးကို နှစ်အနည်းငယ်လောက်ပဲ စောက်ရှောက်နိုင်တော့မယ်။ မြေးလေးရဲ့ ဒုတိယဦးလေးသာ နေပြန်ကောင်းသွားရင်တော့ ဦးလေး စောက်ရှောက်မှုအောက်မှာ နေထိုင်လို့ရပြီ။"

သူ့မြေးမလေးတစ်ယောက် သူအသက်ဆုံးရှုံးသွားရင် တစ်ယောက်တည်း ဘယ်လိုနေထိုင်ရမလဲ ဆိုပြီးတော့ မတွေးရဲလောက်အောင် အရမ်းစိတ်ပူမိတယ်။

"အဘိုး ဘာပြောလိုက်တာလဲ"

သူ အချိန်ခဏလောက်အတွင်းမှာပဲ သူနားမှာ ပြသနာဖြစ်နေသလိုပဲ ခံစားလာရတယ်။ သူမ နားကြားမှားနေသလားပေါ့။ သူမ မယုံနိုင်စွာ နောက်တစ်ခါ ထပ်မေးမိတယ်။

"အဘိုး.... ဒုတိယ ဦးလေး အကြောင်းပြောလိုက်တာလား။ ဒုတိယဦးလေးက သေသွားပြီးမလား........."

"ဖုန်းအား ... အရင်နှစ်တွေက သမီးက အရမ်းငယ်တော့ ဒီအကြောင်းတွေကို သမီးကို ပေးမသိခဲ့တာပါ။ သမီး ဒုတိယဦးလေး အသက်အန္တရယ်ဖြစ်မှာ စိုးရိမ်တာကြောင့် ပေးမသိခဲ့တာပါ။"

ယွမ်လော့ သက်ပြင်းလေးချပြီးတော့ စကားဆိုတယ်။

"အမှန်တိုင်း ပြောရရင် သမီးဦးလေး အသက်ရှင်နေပါတယ်။တစ်ချိန်လုံး အသက်ရှင်နေခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းတာက သတ်ဖို့ ကြံစည်တဲ့ လူတွေက ယွမ်အိမ်တော်ကို အမြဲစောင့်ကြည့်နေတယ်။ လျိုဝှက်ကြံစည်သူတွေက အိမ်တော်မှာ နှစ်တွေ အများကြီး နေထိုင်ခဲ့တယ်။ ဒါကြောင့် အဘိုးက ချင်ရာကို အပြင်ပေးမထွက်ရဲခဲ့ဘူး။ ဒီအာဏာရှိတဲ့လူတွေက ချင်ရာ အသက်ရှင်နေတာကိုသာ သိခဲ့ရင် နောက်တစ်ကြိမ် လာထပ်သတ်မှာပဲ။ ယွမ်မိသားစုကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး။ "

ဒီပြသနာက ချင်ရာ နှလုံးသားကိုနာကျင်စေရုံသာမက သူရင်ထဲမှာလည်း နာကျင်လှပါတယ်။ ချင်ရာ ဒီလိုကံဆိုးမှုမျိုးနဲ့သာ မကြုံတွေ့ခဲ့ရရင် ယွမ်မိသားစုလည်း ဒီလို အခြေနေမျိုး ရောက်ခဲ့မှာ မဟုတ်ပါဘူး။ ဒီနေ့ စော်ကားမော်ကား ပြောခံရမှာလည်း မဟုတ်ပါဘူး။

ထိုလူ လက်ထဲက အင်အားကို အထင်မသေးနဲ့။ သူ့လက်ထဲမှာရှိတဲ့ အာဏာက တော်ဝင်မိသားစုကို ထိန်းချုပ်နိုင်ထားနိုင်စဲပဲ။ သူတို့က ပြန်လာစေချင်ရင် သူပြန်လာရမယ်။

"အဘိုး တကယ်ပြောနေတာလား။ ဒုတိယဦးလေး အသက်ရှင်နေတာ အမှန်ပဲလား။ " ယွမ်လော့ဖုန်း မျက်ဝန်းတွေ တဖျက်ဖျက်လက်လားတယ်။ သူ့ဦးလေး အကြောင်းကို သူအမြဲ သိချင်နေခဲ့တာ။ အခုတော့ ဦးလေးက အသက်ရှင်နေသေးတယ်။ သူူမ စိတ်တွေ အရမ်းလှုပ်ရှားနေမိပြီ။ ဒီလောကကြီးထဲမှာ သူမတစ်ယောက်တည်းရှိနေတာ မဟုတ်တော့ဘူး။

"မြေးလေး ဒုတိယဦးလေးက တကယ်မသေပါဘူး။ ဒါပေမယ့် သူ့ ခန္ဓာကိုယ်က မသန်မစွမ်းဖြစ်နေပြီ။ သူ လမ်းမလျှောက်နိုင် တော့ဘူး။ သူ့ စိတ်စွမ်းအားတွေလည်း မရှိတော့ဘူး။ သမားတော်တစ်ယောက်သာ ကုသပေးခဲ့ရင် ဒီလို အခြေနေဖြစ်လာမှာ မဟုတ်ပါဘူး။ သူ ပြန်မကောင်းလာ နိုင်တော့ဘူး။"

"အဘိုး သမီး ဒုတိယဦးလေးကို တွေ့ချင်တယ်"

ယွမ်လော့ဖုန်း သူမရဲ့ လှပတဲ့မျက်နှာလေးကို မော့လိုက်ပြီးတော့ အလေးနက်ပြောတယ်။

သူမလက်ထဲမှာ ဆေးနတ်ဘုရားလျိုဝှက် သင်္ကေတကို ပိုင်ဆိုင်ထားကတည်းက

ကုသလို့မရနိုင်တဲ့ ရောဂါကိုပါ သူမကုသနိုင်တယ်ဆိုတာ ယုံကြည်တယ်။

ဒါပေမယ့် သူမ ယွမ်ချင်ရာကို အရင်ဆုံး စမ်းသပ်ကြည့်ဖို့ လိုအပ်တယ်။ဒါမှ သူမ သင့်တော်တဲ့ ဆေးဝါးကို သိနိုင်မှာဖြစ်တယ်။

.....................

မဲမှောင်ပြီး စိုစွက်နေတဲ့ အခန်း ၊ စိုမြနေတဲ့ လူသွားလမ်းကိုကြည့်ရင် ယွမ်လော့ဖုန်း မျက်မှောင်ကြုတ်မိတယ်။ ဘေးနားက စစ်သူကြီး ယွမ်လော့က သူမမျက်နှာ အမူရာကို မမြင်ရပါဘူး။ သူဘာသာ ဆက်လမ်းလျှောက်နေတယ်။

"အာဏာရှိတဲ့လူတွေရဲ့ မျက်လုံးတွေ နားတွေက ရှောင်ရှားရန်ဖို့ ဒီအခန်းထဲမှာပဲနှစ်တွေ အများကြီး နေထိုင်ရတယ်။ ယုံကြည်ရတဲ့လူနဲ့ အစားသောက်နဲ့ရေကို နေ့တိုင်းပို့ပေးတယ်။ "

သူ့အသံက လွှင့်ပြယ်သွားပြီး ကျောက်တုံးအခန်းဆီကို ရောက်သွားတယ်။ ယွမ်လော့က နံရံမှ ခလုတ်ကို နှိပ်လိုက်တယ်။ ကျောက်တုံး အခန်း တံခါး ပွင့်လာတယ်။

အထဲဘက်မှာက အပြင်ဘက်လောက် မစိုစွက်ဘူး။ သန့်ရှင်းသပ်ရပ်နေပြီး စန္ဒကူးပင်တွေရှိတယ်။အမျိုးသားလေးတစ်ယောက်က လက်မှာ စာအုပ်တစ်အုပ်ကို ကိုင်ထားတယ်။ ဘီးတပ်ကုလာားထိုင်ပေါ်မှာ ထိုင်နေတယ်။ နှုတ်ခမ်းက ပြုံးနေသယောင်လေးဖြစ်နေတယ်။ တံခါးဖွင့်သံကြားတော့ သူ့ခေါင်းလေးမော့လာတယ်။ သူရဲ့အေးစက်တဲ့ မျက်လုံးတွေက တံခါးနားက အဘိုးအိုနဲ့ မိန်းမငယ်လေးကို ကြည့်နေတယ်။ သူမျက်ဝန်းလေးတွေက တဖြည်းဖြည်း နွေးထွေးလာတယ်။

တကယ်ကို ကြော့ရှင်း စိတ်ထားနူးညံ့ ပြီး ယောကျာ်းပီသပြီး ခမ်းနားထည်ဝါ ပြိုင်ဘက်ကင်းတဲ့ ယောကျာ်း တစ်ယောက်ပဲ။ ယွမ်လော့ဖုန်းတစ်ယောက် အခန်းထဲမှာ ရှိနေတဲ့ အမျိုးသားလေးကို ကြည့်နေရင် သူမအဘိုးကို မေးလိုက်တယ်

"အဘိုး လုံယွမ်တိုင်းပြည်က လူတွေက အိမ်ရှေ့မင်းသား ကွမ်လန်က အချောဆုံးလို့ ပြောနေတယ်။ ဒါပေမယ့် ဒီလို နာမည်ဂုဏ်ထူးက ဒုတိယဦးလေးနဲ့သာ အလိုက်ဖက်ဆုံးလို့ သမီး ထင်တယ်။ ကွမ်လန်က ဒုတိယဦးလေးနဲ့ ယှဉ်လိုက်ရင် ဘာမှကို မဟုတ်တာ။ ဒုတိယဦးလေးက အချောမောဆုံးပဲ။"

Chapter-14

End

Bạn đang đọc truyện trên: Truyen247.Pro