Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep13

အပိုင်း(၁၃)

“ဒုတိယ ဦးလေးက ဘယ်လိုဖြစ်ရတာလဲ။”

ယွမ်လော့ဖုန်း ခဏလောက်တိတ်ဆိတ်နေပြီးမှ သူမမေးလိုက်တယ်

“ဦးလေးသေတာက ကျင်းလင်းနဲ့ ဆက်စပ်နေတာလား။”

ယွမ်လော့ မျက်နှာပျက်စွာ ပြုံးလိုက်တယ်။

“ကျင်းလင်းက မြေးလေးဦးလေးကို သတ်ခဲ့တာ မဟုတ်ပါဘူး။ သူက ဘာအကူညီမှ မပေးခဲ့တာပါ။ မြေးလေး ဦးလေးက ယွမ်မိသားစုရဲ့ ငယ်ရွယ်တဲ့ နံပါတ်၁ ပညာရှင်တစ်ယောက်။ အသက်ငယ်ငယ်နဲ့ ရည်မှန်းချက်ကြီးမားတယ် ။ အမြင့်ဆုံး စိတ်စွမ်းအားကို ပိုင်ဆိုင်တယ်။ အသက်ငယ်ငယ်တည်းက အလယ်လတ်စား စိတ်စွမ်းအား အမြင့်ဆုံး အဆင့်ကို ရောက်ရှိတယ်။ လုံယွမ်တိုင်းပြည်မှာ လူသိများခဲ့တယ်။ မြေးလေး ဦးလေးက တစ်ချိန်က မာနကြီးတဲ့လူငယ်တစ်ယောက်နဲ့ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့တယ်။ ဒီလူငယ်က ရှုံးသွားတော့ လက်မခံနိုင်ပဲ ကျွမ်းကျင်တဲ့ လူသတ်သမားတွေကို လွှတ်ပြီးတော့ သတ်ခိုင်းတယ်။ သူ အရှက်ရတာကို ဖယ်ရှားဖို့ အတွက်ပေါ့။ ”

သူစကားအကုန်ပြောပြီးတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူခန္ဓာကိုယ် တစ်ခုလုံးက တုန်နေပြီးတော့ မျက်ဝန်းတွေထဲမှာ အမုန်းတရားတွေ ပြည့်နေတယ်။

“မြေးလေး ဦးလေးက ပါရမီရှိပေမယ့်လည်း ကျွမ်းကျင်တဲ့ လူသတ်သမားတွေကိုတော့ အကုန် မတိုက်ခိုက်နိုင်ဘူး။ သွေးတွေ ဖုံးလွှမ်းနေတဲ့ အဝတ်နဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ အဘိုးက နန်းတော်မှာ အသနားခံ ဝပ်တွားခယခဲ့ရတယ်။ တော်ဝင်သမားတော်တေ်ကို အကူညီပေးဖို့ အတွက်ပေါ့။ ဒါပေမယ့် တိရိစ္ဆာန်ကောင် ကျင်းလင်းက အားလုံးကို ပိတ်ပင်တာဆီး ခဲ့တယ်။ မြေးလေး ဦးလေးကို ကုသခွင့် မပေးခဲ့ဘူး။  အဘိုး ဒူးထောက် တောင်းပန်ခဲ့တယ်။ သူ မကူညီခဲ့ဘူး။”

အစကတော့ ယွမ်ချင်ရာ သေချင်ယောင် ဟန်ဆောင်မယ်လို့ မထင်ခဲ့တာကြောင့် ယွမ်လော့က နန်းတော်မှာ သွားပြီး အကူညီတောင်းခဲ့တာပါ။ သေချင်ယောင်ဆောင်တာက ယွမ်ချင်ရာ ကိုယ်တိုင် ကြံစည်ခဲ့တာ။

ဒီလူတွေ အင်အားနဲ့ အသက်ရှင်နေတာကို သာသိခဲ့ရင် လူသတ်သမားတွေကို လွှတ်ရုံသာမက ယွမ်မိသားစုကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး။

ကြုံရခဲတဲ့ လောကကြီးမှာ ယွမ်မိသားစု အင်အားက အလွန်ကြီးမားတယ်။ဒါပေမယ့် ဒီလူတွေနဲ့ယှဉ်ရင်တော့ ဖော်ပြလို့မရအောင်ကို နည်းပါးလွန်းတယ်။

“ကျင်းလင်းက  ယွမ်မိသားစုကို မကျေနပ်တာရှိနေတာလား။”

ယွမ်လော့ဖုန်း အမေးချင်ဆုံးသော မေးခွန်းဖြစ်တယ်။

ယွမ်လော့ ခေါင်းညိတ်ပြလိုက်တယ်

“အမတ်ချုပ်မု နဲ့ ကျင်းလင်းက ဆက်ဆံရေး ကောင်းမွန်တယ်။ လူလိမ်မ (အချစ်ရန်ဘက် )မုဝူရှန်း ရဲ့ အဘိုးက မုရှင်းချောင်ပဲ။”

ဒီစကားလုံးတွေကို ကြားတော့ ယွမ်လော့ဖုန်း အရင်ပိုင်ရှင်ကို နားလည်လာတယ်။သူမက အိမ်ရှေ့စံနောက်ကို လိုက်ဖို့ပဲ သိနေခဲ့တာပေါ့ ။တခြားအရာတွေကို ဂရု မစိုက်ပဲနဲ့။ သူမ ဘဝအတွက် အားကိုးရာလို့ ယူဆနေတာပဲ။ သူမ အခုတော့ ကျင်းလင်းနဲ့ မုမိသားစု ဆက်ဆံရေးကို သိလိုက်ရပြီ။

“ဘုရင် ကဘာလုပ်နေတာလဲ။ ဘာမှ အကူညီမပေးဘူးလား။” ယွမ်လော့ဖုန်း စိတ်တိုတိုနဲ့ မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်။

“ကျွန်မ မိဘတွေက  တိုင်းပြည်အတွက် ်အသက်စွန့်ခဲ့တယ်။ အဘိုး ကိုယ်တိုင်လည်း တိုင်းပြည်အတွက် ရင်းနှီး မြှပ်နှံခဲ့တယ်။ ဒါပေမယ့် ဦးလေး ထိခိုက်မှုဖြစ်တော့ ဘုရင်ကိုယ်တိုင်က ဘာမှ ဝင်မပြောခဲ့ဘူး။ ”

ယွမ်လော့ မျက်ဝန်းတွေက ပိတ်လိုက်တယ်။ယွမ်လော့ဖုန်း ကြည့်လိုက်တာနဲ့ ဘာတွေးနေတာလဲဆိုတာ သိပါတယ်။သူမ ဆက်ပြီးတော့ လှောင်ပြောင် သရော်စွာ ပြောလိုက်တယ်။

“ဒီလို ဘုရင်အတွက် တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ပေးနေရတာလဲ။ သူ အတွက် အလုပ်လုပ်ပေးနေရတာလဲ။”

“ဖုန်းအား သမီးမှားနေပြီး။ အဘိုးက သူအတွက် အလုပ်လုပ်ပေးတာ မဟုတ်ဘူး။သာမန် ပြည်သူတွေ အတွက် စစ်တိုက်ပေးနေတာ။ ”

“သာမန် ပြည်သူတွေ ဟုတ်လား။ သာမန်လူတန်းစားတွေ အတွက်ပေါ့။ ” ယွမ်လော့ဖုန်း စိတ်ပျက်စွာ ပြုံးလိုက်တယ်။

“သာမန်ပြည်သူတွေ ဘေးကင်းဖို့အတွက် ကျွန်မ မိဘတွေအတွက် ဂလဲစားချေတာကို စွန့်လွှတ်လိုက်တယ်။ ဦးလေးကိုလည်း စွန့်လွှတ်လိုက်နိုင်တယ်ပေါ့။ အဘိုးနဲ့ ကျွန်မ မတူနိုင်ဘူး။ကျွန်မ ဒီလောကမှာ တခြားအရာတွေကို ဂရုမစိုက်နိုင်ဘူး။ သာမန်ပြည်သူတွေကိုလည်း ဂရုမစိုက်နိုင်ဘူး။ ကျွန်မ ချစ်တဲ့လူကို ထိခိုက်အောင်လုပ်တဲ့လူက မိုးကောင်ကင်က ဖြစ်ရင်တောင် ကျွန်မ ရအောင် ဂလဲစားချေမယ်။ သူတို့ကို ရအောင် အပြစ်ပေးမယ်။”

မိန်းမငယ်လေး မျက်နှာက ခက်ထန်ပြီးတော့ ပြောတဲ့ စကားလုံးတွေကလည်း ထူးခြားနေတယ်။ ယွမ်လော့လန့်မိသွားပြီး မျက်လုံးပြူးသွားမိတယ်။ သူ နှစ်တွေအကြာကြီး မတွေ့ခဲ့ရတယ်  သူမြေးမလေး အကြောင်းကို သူပထမဆုံး အကြိမ် သိချင်လာမိတယ်။

“အဘိုး သာမန်လူတွေအတွက် စစ်တိုက်ပေးခဲ့တယ်။ တိုင်းပြည်ကို ကာကွယ်ပေးခဲ့တယ်။ဒါပေမယ့် သာမန်လူတွေက အဘိုးကို သနားညှာတာခဲ့လား။ အဖေနဲ့ အမေ သေဆုံးရတော့ သာမန်ပြည်သူတွေက အဘိုးနဲ့အတူလိုက်ပြီး မုအိမ်တော်ကို ပြသနာရှာခဲ့လား။ ဒါပြင့် အဘိုး စစ်တပ်က ဘယ်သူက ကူညီခဲ့လဲ။ ဒုတိယဦးလေး ပြင်းထန်စွာ ဒဏ်ရာ ရတော့ သာမန်လူတွေက အဘိုးဘက်က ရပ်တည်ပေးပြီး အသနာခံခဲ့လား။ မဟုတ်ဘူးလား။ ဘာလို့ အဘိုးဘဝကို သူတို့အတွက် ရင်းနှီး မြှပ်နှံထားရမလဲ။ ”

ယွမ်လော့ ခဏတာ တိတ်ဆိတ်လိုက်ပြီးတော့။ သူသိပါတယ် သူမြေးမလေး ယွမ်လော့ဖုန်းပြောတာ မမှားပါဘူး။ သူ လုံယွမ်တိုင်းပြည်အတွက် အများကြီး ပေးဆပ်ခဲ့တယ်။ ဒါပေမယ့် သူအကူညီ လိုအပ်တဲ့အချိန်မှာ မည်သူ တစ်ဦးတစ်ယောက်ကမှ မကူညီခဲ့ဘူး။

“အဘိုး စစ်သူကြီးတစ်ယောက်အနေနဲ့ သားနဲ့ ချွေးမကို တိုင်းပြည်အတွက် ဆုံးရှုံးခဲ့ရတယ်။ ဒုတိယသား ပြင်းထန်စွာ ထိခိုက်မှုဖြစ်တော့ အကူညီလိုအပ်တယ်အချိန်မှာ တော်ဝင်အမိန့်တော်ပေးအပ်ခဲ့ရင် အရာအားလုံး အဆင်ပြေသွားမှာပါ။ ဒါပေမယ့် ဘုရင်က အမိန့်စာ မပေးအပ်ခဲ့ဘူး။ ဒီလို ဘုရင်မျိုးအတွက် အဘိုးရဲ့ သစ္စာရှိမှုနဲ့ မထိုက်တန်ပါဘူး”

Ch13

End

Bạn đang đọc truyện trên: Truyen247.Pro