
Ep12
အပိုင်း (၁၂) အိမ်ရှေ့စံမင်းသားအလည့်လာခြင်း ၅
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
"အိမ်ရှေ့စံမင်းသားက လူစကားနားမလည်ဘူးလား။ " ယွမ်လော့ဖုန်း မျက်ခုံးတွန့်လိုက်ပြီးတော့ ကျင်းလင်းဘက်ကို ကြည့်လိုက်တယ်။ သူမအပြုံးတုလေးကို ဖန်တီးလိုက်ပြီးတော့
"ငါကို သူကုသပေးစရာ မလိုဘူး။ငါကို စမ်းသပ်ပေးစရာလည်း မလိုအပ်ဘူး။ သူက ငါ့အခြေနေကို ကုသပေးနိုင်တဲ့ အရည်ချင်း မရှိဘူး။ "
ရှောင်မိုပြောပြချက်အရ သူမ စိတိစွမ်းအား မလေ့ကျင့်နိုင်တာက ရောဂါကြောင့်မဟုတ်ဘူး။ ဒါပေမယ့် သူမခန္ဓာကိုယ်ဖွဲ့စည်းပုံက စိတ်စွမ်းအားလေ့ကျင့်ဖို့ အရမ်းကောင်းမွန်တယ်။ ကျင်းလင်း ဆေးပညာက ကောင်းမွန်လည်း သူမအခြေနေကို ကုသဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပုံမှန်လူတွေအတိုင်း ဖြစ်လာအောင် မကုသပေးနိုင်ဘူး။
ကျင်းလင်း မျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင် အေးစက်လာပြီးတော့ အေးစက်စွာ စကားဆိုလာတယ်
"ယွမ်လော့ဖုန်းလို အမှိုက်ကို ကုသပေးရတာ ဆေးတွေ အလကားကုန်ဆုံးတယ်။ အိမ်ရှေ့စံမင်းသားရဲ့ ကောင်းမွန်တဲ့ စိတ်ထားကြောင့်သာ မဟုတ်ရင် ငါက နင်ကို အာရုံထဲကို မထားဘူး။ နင်က ငါကုသမှုကို မလိုအပ်ဘူးဆိုတော့ နင့်တစ်ဘဝလုံး အမှိုက်သာသာ ဘဝနဲ့နေထိုင်တော့။ နင်ကရူးနေလို့သာ ဒီလိုအခွင့်ရေးကို လက်လွတ်ခံတာ။ "
"ဘန်း"
စစ်သူကြီး ယွမ်လော့ ခုံကို ဒေါသတကြီးနဲ့ထုလိုက်တယ်။ သုံးလိုက်တဲ့ အင်းအားများတာကြောင့် ခုံက နှစ်ခြမ်းကွဲသွားတယ်။ လက်ဖက်ရည်ကြမ်းတွေကလည်း မြေပြင်ပေါ်မှာ ခစားသွားရတယ်။
"ကျင်းလင်း မင်းငါ့အိမ်တော်မှာ ဘယ်လိုစကားပြောဆိုတာလဲ။ ငါ့မြေးမလေးက အသုံး မဝင်လည်း သူမနောက်မှာ သူမကိုထောက်ပံ့ပေးနေတဲ့ ယွမ်အိမ်တော်က စစ်သည်တွေ အများကြီးရှိတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမှ ငါ့မြေးကို စော်ကားရဲမှာ မဟုတ်ဘူး။ "
"ကောင်းပါပြီး ကောင်းပါပြီ"
ကျင်းလင် အလွန်မင်း ဒေါသထွက်စွာ မလိုမုန်းထားပြုံးလိုက်တယ်
"ယွမ်လော့ နင်က ငါတို့ တော်ဝင်သမားတော်တွေကို လျော့တွက်ထားတာပဲ။ နင် နောင်တမရစေနဲ့။ နင် အပြင်းထန် နေမကောင်းဖြစ်လို့ ကုသလို့ မရခဲ့ရင် နန်းတော်ထဲလာပြီးတော့ ငါတို့ကို လာမဖိတ်နဲ့။"
"သြော်"
ယွမ်လော့ လှောင်ပြောင် သလိုသရော်လိုက်တယ်။ သူနှုတ်ခမ်းကို မဲ့ပြုံးလေး ဆင်မြန်းလိုက်ပြီး ဒေါသတကြီး ကြိမ်ဝါးလိုက်တယ်။
"လွန်ခဲ့သော ၁၀နှစ်က ငါ့ဒုတိယသား ချင်ရာ နေမကောင်းတော့ ငါနန်းတော်ထဲသွားပြီး နင်ကိုပင့်ခဲ့တယ်။မည်သူတစ်ဦးတစ်ယောက်ကမှ မကူညီပေးခဲ့ဘူး။နင်တို့ မိသားစုကြောင့် ငါ့ပထမသားလည်း သေဆုံးခဲ့ရတယ်။ ဒုတိယသားကိုလည်း နင်တို့ကြောင့် လက်လွှတ်လိုက်ရတယ်။ နင် ငါ့မြေးလေးကို တကယ်ကူညီချင်ရင် သူမခန္ဓာကိုယ်မှာ ပြသနာရှိကတည်း စိတ်စွမ်းအား မလေ့ကျင့်နိုင်တဲ့ အချိန်တည်းက နင်ကူညီပါလား။နင်ဘာလို့ မကူညီခဲ့လဲ။ ဒါပေမယ့် အခုမှ စိတ်သဘောထားကောင်းသလိုလို ဟန်ဆောင်နေပြီးတော့ ငါ့မြေးဘက်က ရပ်တည်ပေးနေသလို ဟန်ဆောင်မနေနဲ့။ ငါ အပြင်းထန် ရောဂါခံစားရရင် နင်ဆီလာပြီးတော့ ဒူးထောက် တောင်းပန်မယ်လို့ နင်ထင်နေလား။ "
အဘိုးကြီးရဲ့စကားတွေက မုန်တီးမှုတွေ ပါဝင်နေတယ်။ ယွမ်လော့ဖုန်းလည်း သိချင်တယ် စိတ်တွေ အရမ်းရမ်းပဲ။ ဒီလူတွေသွားတာနဲ့ အဘိုးကြီးကို အဖေနဲ့ ဦးလေး သေဆုံးရတဲ့အကြောင်းကို မေးရမယ်။
"ကောင်းပြီးလေ ။ အိမ်ရှေ့မင်းသားလည်း အမှိုက်လို ယွမ်လော့ဖုန်းကို သနားကြင်နာနေစရာ မလိုဘူးလို့ ကျွန်တော်ထင်တယ်။ ယွမ်မိသားစုက လူတွေကို တစ်ယောက်မှ ကုသပေးစရာ မလိုအပ်ဘူး။ "
သူ့အင်္ကျီလက်ကို ခါထုတ်လိုက်ပြီးတော့ အခန်းပြင်ကို ထွက်သွားတယ်။ တံခါးဝကိုလည်း ရောက်တော့ နောက်ဘက်ကို ပြန်လှည့်လိုက်ပြီး ယွမ်လော့ကို ရက်စက်ကြမ်းတမ်းစွာ စကားပြောတယ်။
"ယွမ်လော့ နောင် အနာဂတ်မှာ နင့်မြေးကို ဆေးကုပေးစေချင်လို့ ငါကို ဒူးထောက် တောင်းပန်ခဲ့ရင်တောင် ငါ နင့်မိသားစုကို မကူညီဘူး "
"ငါ့မြေး အတွက် နင်စိတ်ပူပေးစရာ မလိုအပ်ဘူး။ ငါ အသက်ရှင်နေသမျှ ငါ့မြေးကို ဘယ်သူမှ မထိခိုက်စေရဘူး။"
ယွမ်လော့မျက်နှာက အတော်ကြီးကို ကျင်းလင်းကို ဒေါသထွက်နေတယ်။ ကွမ်လန် ယွမ်လော့ကို ဘာမှ မပြောတော့ဘဲ အခန်းအပြင်ကို ထွက်လာခဲ့တယ်။ သူ ထွက်မလာခင်မှာ ယွမ်လော့ဖုန်းကို စိတ်ပျက်သလို ပုံစံနဲ့ ကြည့်လိုက်တယ်။
"အဘိုးကြီး"
"ငါကို အဘိုးလို့ခေါ်" ယွမ်လော့ ထိုင်ခုံမှာ ဒေါသတကြီး ထိုင်လိုက်ပြီး ယွမ်လော့ဖုန်းကို စိတ်တိုစွာ ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းလည်း သူ့နှာခေါင်းလေးကို ထိလိုက်ပြီးတော့
"အဘိုး ဒီနှစ်တွေမှာ ကျွန်မမိဘတွေနဲ့ ဒုတိယဦးလေးက ဘာတွေဖြစ်ခဲ့တာလဲ။"
"အမ်"
ရုတ်တရက် ဒီစကားသံကို ကြားတော့ သူ စိတ်မချမ်းသာဖြစ်လာတယ်။ သူ အတိတ်က အကြောင်းရာတွေကို ပြန်လည်တွေးတောလိုက်တယ်။ သူ့မျက်ဝန်းထဲမှာ ပူပင်သောကတွေကို ခံစားလာရတယ်။
"ပြောရမယ်ဆိုရင် ဇာတ်လမ်းကရှည်တယ်။ မြေးလေးအဖေက လုံယွမ် လက်ထောက်စစ်သူကြီး ။ သူကို ဘုရင်က ရန်သူစစ်တပ်ကို တိုက်ဖို့ လွှတ်လိုက်တယ်။ အမတ်ချုပ်မုကြောင့် သတင်းပေါက်ကြားသွားပြီးတော့ မြေးလေးမိဘတွေ သေဆုံးခဲ့ရတယ်။ ဒီအကြောင်းကြောင့် အဘိုးနဲ့ မုရှင်းချောင် တိုက်ခိုက်ပြီးတော့ သူ့အိမ်တော်ကို စစ်သားတွေ ပို့လိုက်တယ်။ "
Ch12
End
Bạn đang đọc truyện trên: Truyen247.Pro