Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep11

အပိုင်း (၁၁) အိမ်ရှေ့စံမင်းသားအလည့်လာခြင်း ၄

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး

စေ့စပ်ထားတာ ဖျက်သိမ်းမယ်ဆိုတဲ့ စကားကိုကြားတော့ ယွမ်လော့ မျက်နှာ မကောင်းဘူး။သို့သော်လည်း လူငယ်လေးက ယွမ်လော့ကို စကားလမ်းကြောင်းလွှဲပြောလိုက်တယ်။ ယွမ်လော့ဖုန်း စိတ်စွမ်းအား မလေ့ကျင့်နိုင်တာကို ပြောတော့ သူ့နှလုံးသားတွေ နာကျင်ရတယ်။ စေ့စပ်ပွဲ ဖျက်သိမ်းခြင်းက သူ့မြေးမလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်ရင်တော့ သူနောင်တမရပါဘူး။

“စစ်သူကြီး ယွမ်လော့” ကျင်းလင်း အေးစက်စွာ စကားဆိုလာတယ်။

“ငါတို့တွေက တော်ဝင်မိသားစုရဲ့ တော်ဝင်သမားတော် အမြဲဖြစ်ခဲ့တာ။ ငါတို့က တော်ဝင်မိသားစုကိုသာ ကုသပေးတာ။ အိမ်ရှေ့စံမင်းသားက ငါကိုလာရှာပြီး အကူညီ မတောင်းခဲ့ရင် ငါက နင်တို့ကို ကူညီမှာ မဟုတ်ဘူး။ နင်တို့တွေ ဒီအခွင့်ရေးကို တန်ဖိုးထားဖို့ မျှော်လင့်တယ်။နင်တို့ ဒီအခွင့်ရေးကို လက်လွတ်ခဲ့ရင် ယွမ်လော့ဖုန်းက ဒီတစ်သက် ဘယ်တော့မှ စိတ်စွမ်းအားလေ့ကျင့်နိုင်မှာ မဟုတ်ဘူး။ ”

ယွမ်လော့ နက်နက်နဲနဲ မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူနက်နက်နဲနဲ တွေးနေမိတယ်။ သူ စိတ် မဆုံးဖြတ်နိုင်ခင်မှာပဲ ကောင်မလေးရဲ့ ချိုသာတဲ့ စကားသံက သူ့အတွေးတွေကို ဖြိုခွင်လိုက်တယ်။

“အဘိုး ကျွန်မခန္ဓာကိုယ်ကို ရောဂါ စစ်ဆေးဖို့ လူတစ်ယောက် မလိုအပ်ဘူး။ ”

ယွမ်လော့ ဆုံးဖြတ်ချက်မချခင်မှာပဲ။ သူမက ဆုံးဖြတ်ထားပြီးသား

“ယွမ်လော့ဖုန်း”

လူငယ်လေးက ဆက်ထိုင်မနေတော့ပဲ ရုတ်တရက် မတ်တပ်ရပ်လာတယ်။ သူရဲ့ ချောမောလှပတဲ့ မျက်နှာလေးမှာ လှောင်ပြောင် သရော်တဲ့ ပုံစံရှိနေတယ်။ အရင်လို တည်တည်ငြိမ်ငြိမ်ရှိမနေတော့ဘူး။

“မင်းက ဒီမင်းသားကို နှောက်ယှက်နေတာ သဘောကျနေတာလား။ဒီမင်းသားအတွက် မင်းက အမှိုက်သာသာ ဖြစ်ချင်နေတုန်းပဲလား။ ”

ကွမ်လန်မျက်နှာက အခုချိန် အရမ်းရုပ်ဆိုးတယ်။ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။ အဘိုးယွမ်လော့သာ မရှိရင် သူ့လက်သီးက ယွမ်လော့ဖုန်း ခန္ဓာကိုယ်ပေါ်ရောက်နေပြီ။

ယွမ်လော့ဖုန်း မျက်လုံးက ကွမ်လန်ကိုကြည့်လိုက်ပြီးတော့ သူမနှုတ်ခမ်းသားလေးက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်တယ်။

“အိမ်ရှေ့မင်းသားက ကိုယ့်ဘာသာ အရမ်းအဆင့်မြင့်မားနေတယ် ထင်နေတာလား။ နင်ရဲ့ ဒီလိုပုံစံမျိုးနဲ့ ငါ့အိမ်ယာထဲ ခေါ်ရလောက်အောင် နင်က ယောကျာ်းမဆန်ဘူး။ ငါက နင်ကိုလည်း လှည့်ကို မကြည့်ဘူး။နင်ကို မျက်လုံးထဲ ထည့်ကိုမထည့်တာ ရှင်းတယ်နော်။”

“နင်…..”

ကွမ်လန်မျက်နှာက တဖြည်းဖြည်း ပိုမဲမှောင်လာတယ်။သူပုံစံက အေးတိအေးစက် အရှိန်ဝါ ရှိမနေတော့ပဲ ဆွေဆွေခုန် ဒေါသထွက်နေတယ်။

ထက်နေတဲ့ ဓားလိုပဲ သူမျက်လုံး စူးစူးရှရှနဲ့ ယွမ်လော့ဖုန်းကို ကြည့်နေတယ်။ အေးစက်တဲ့ အသံနဲ့ ယွမ်လော့ဖုန်းကို စကားဆိုတယ်။

“နင်က တကယ်ကို အရှက်မရှိတာပဲ။ စစ်သူကြီး ယွမ်လော့ သေချာ သင်ကြားပေးထားတဲ့ မြေးကောင်းလေးလား”

ဘယ်လိုပဲဖြစ်ဖြစ် သူက လုံယွမ်မှာ အချောဆုံးယောကျာ်းတစ်ယောက်။ နောက်ဆုံး သူကိုပြောလိုက်တာ သူက ယောကျာ်းမဆန်ဘူးတဲ့လား။ သူကိုလက်ထပ်ချင်တဲ့ လုံယွမ်က မိန်းကလေးတွေကို တန်းစီးခိုင်းလိုက်ရင် ဒီအိမ်တော်ကနေ သားရဲ ဝိဉာဉ် သစ်တောအထိရောက်တယ်။

“သေချာတာပေါ့ ငါက ငါ့မြေးလေးကို မဆုံးမခဲ့ရဘူးလေ လုံယွမ်တိုင်းပြည်အတွက်လေ။ ငါက လေးနှစ်အရွယ် ကလေးမလေးကို တစ်ယောက်တည်းထားခဲ့ပြီးတော့ နယ်စပ်ကို သွားခဲ့ရတယ်။ ငါထွက်သွားခဲ့ရတာ ဆယ်နှစ်ကြာခဲ့တယ်။ ငါက ငါ့မြေးကို ဘယ်လို ဆုံးမရမလဲ။ငါကို ဘယ်လိုဆုံးမ စေချင်နေတာလဲ”

ယွမ်လော့ဖုန်းရဲ့အံအားသင့်ဖွယ် စကားတွေကိုကြားတော့ ယွမ်လော့ အစက လန့်သွားမိတယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားအပြစ်တင် ဝေဖန်သံကို ကြားတော့ သူဒေါသထွက်လွန်းလို့ မျက်နှာမဲမှောင်လာတဲ့ အထိပဲ။

လုံယွမ်က သူအိမ်က ဆယ်စုနှစ်ကြာတဲ့ အထိ ထွက်သွားခဲ့ရတယ်။ နောက်ဆုံးတော့ တော်ဝင်မိသားစုက အိမ်ရှေ့စံမင်းသားက မြေးမလေးကို မဆုံးမလို့ဆိုပြီး သူကို ဝေဖန်အပြစ်လာတင်တယ်။

သူကို လုံးဝကို စိတ်ပျက်စေတယ်။

ကွမ်လန်လည်း သူမပြောသင့်တာကိုမှားပြောမိသွားမှန်းသိပြီးတော့ သူ့မျက်နှာ အနည်းငယ်ပြောင်းလဲသွားတယ်။ဒါကြောင့် ကွမ်လန်က ယွမ်လော့ဖုန်းဘက်လှည့်ပြီးတော့ ထပ်အပြစ်ရှာတယ်။

“ယွမ်လော့ဖုန်း ဒီမင်းသားလေးက နင့်အမှိုက်ဖြစ်နေလည်း ဂရုမစိုက်ပါဘူး ။ နင်ကို လက်ထပ်မယ်ဆိုတဲ့ ကတိစကားကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ နင်က တခြားယောကျာ်းကို ဖက်တာလို သိက္ခာမဲ့တာတွေ လုပ်ရင်တော့ ငါက နင်ကို ကွာရှင်းရမှာပဲ။ စစ်သူကြီးက နိုင်ငံ ဘေးကင်းဖို့အတွက် ကြိုးစား အားထုတ်ခဲ့တာကြောင့် ငါက နင်စိတ်စွမ်းအား လေ့ကျင့်တာကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် နင်ကတော့ ငါကို နှောက်ယှက် ချင်နေစဲပဲ။ နင်မှာ ဘယ်တော့မှ ရှိလာမှာ မဟုတ်တဲ့ ကိုယ်ပိုင်အသိတရား ငါမှာရှိတယ်။”

ကွမ်လန် ပြောသမျှ စကားတွေက လှောင်ပြောင် သရော်သလို ပြောနေပြီး စကားတိုင်းက ဓားသွားတစ်လက်လို ထိရှနေတယ်။

တကယ်တမ်း အိမ်ရှေ့စံ မင်းသားစိတ်နေသဘောထားက ကောင်းမွန်တယ်လို့ လူသိများပါတယ်။ ဒါပေမယ့် ယွမ်လော့ဖုန်းရှေ့ကို ရောက်ရင်တော့ ခက်ထန် ရိုင်းစိုင်းတယ်။

ဘယ်သူ ဒီအမှိုက်လို မိန်းကလေးကို သတိုးသမီးလောင်း ဖြစ်စေချင်မလဲ။ယွမ်လော့ဖုန်းကို သူအရမ်း စိတ်ပျက်တယ်။

နှစ်တွေ ဘယ်လောက်ပဲကြာကြာ သူမကို တွေ့လိုက်တာနဲ့ သူ အလွယ်တကူ ဒေါသထွက်လာတယ်။ သူ စိတ်သူလည်း မထိန်းနိုင်ဘူး။ ဒီယွမ်လော့ဖုန်းက ခွေးအရေပြားလိုပဲ သူမကို မတုန်လှုပ် သွားစေဘူး။

Ch11

End

Bạn đang đọc truyện trên: Truyen247.Pro