
Ep10
အပိုင်း (၁၀) အိမ်ရှေ့စံမင်းသားအလည့်လာခြင်း ၃
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
ကျင်းလင်း မျက်နှာပြောင်းလဲသွားတယ်။ ယွမ်လော့ ဖန်တီးခဲ့တဲ့ မုန်းတိုင်းထန်တဲ့အချိန်ကို သတိရသွားတယ်ဆိုတာ ရှင်းနေတာပဲ။ အဲဒီနှစ်က ယွမ်လော့ဖုန်းမိဘတွေက ရန်သူတွေကိုတိုက်ဖို့ စစ်တပ်ကို ဦးဆောင်ဖြစ်ထွက်ခွာ သွားတယ်။
ဒီအကြောင်းကို အမတ်ချုပ်မုက ကြေညာလိုက်တော့ ရန်သူဆီ ပေါက်ကြားသွားတယ်။ ယွမ်လော့ဖုန်းမိဘတွေ ဝမ်းနည်းကြေကွဲဖွယ်ရာ သေဆုံးခဲ့ရတယ်။ ယွမ်လော့စစ်သူကြီးက ပူဆွေးသောကဖြစ်တာကြောင့် အမတ်ချုပ်အိမ်ကို စစ်သားတွေနဲ့ချီတက်ခဲ့တယ်။
လုံယွမ်မှာ လူသိများတဲ့ အကြောင်းရာ ဖြစ်ခဲ့တယ်။ နောက်ဆုံး လုံယွမ်ဘုရင်ကိုယ်တိုင် လာဖြေရှင်းခဲ့ရတယ်။ဘုရင်က အမတ်ချုပ်မုကို ယွမ်လော့ဖုန်းမိဘတွေ အုတ်ဂူကို တစ်နှစ်တစ်ခါ သွားတောင်းပန်ခိုင်းတယ်။ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးခိုင်းခဲ့ပေမယ့်လည်း ပြည်သူတွေ အားလုံးက ဘုရင်က အမတ်ချုပ်အိမ်တော်ကို ဘက်လိုက်တယ်ဆိုတာ သိပါတယ်။ တခြားအကြောင်းပြချက်အရ ပြောရရင်တော့ အမတ်ချုပ်မု သမီးက ဘုရင်အချစ်ဆုံး ကြင်ယာတော်တစ်ပါးလေ။ အမှန်တကယ်က သေမိန့်ပေးသင့်တာပါ။
ဒါပေမယ့် အမတ်ချုပ်မုက ကောင်းမွန်စွာ အသက်ရှင်နေထိုင်ပြီး ရာထူးအဆင့်တန်းတွေလည်း ပိုတိုးလာတယ်ပြီး အမတ်ချုပ်ရာထူးကို ရခဲ့တာပဲ။ နှစ်စဉ်လေးလေးနက်နက် လာဂါရ၀ ပြုမယ်ထင်နေတာလား။
“အဘိုးကြီး နင်မကြာခဏ ဒေါသထွက်နေသလိုပဲနော်။”
ရုတ်တရက် အခန်းအပြင်က ရယ်သံထွက်ပေါ်လာတယ်။အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက ပြုံးနေတဲ့ နှုတ်ခမ်းလေးနဲ့ ပျင်းရိစွာ လျှောက်လာတယ်။
သူမက မကောင်းဆိုးဝါးဆန်စွာ ချစ်ဖို့ကောင်းတယ် ။စည်းကမ်းလည်း မလိုက်နာတတ်တဲ့ ပုံစံရှိတယ်။သူမ မျက်လုံးတွေက ယွမ်လော့ကိုကြည့်ပြီးေ ဘးနားက လူငယ်လေးကို လုံးဝမကြည့်ခဲ့ဘူး။ သူမက သူဒီနေရာမှာ ရှိနေတာကို လုံး၀ အရေးမလုပ်တာ။ ရှိနေတယ်လို့ကို မထင်တာဆို ပိုမှန်မယ်။
လူငယ်လေးက အစပိုင်းက အေးဆေးစွာ လက်ဖက်ရည်ကြမ်းကို သောက်နေတာပါ။ ယွမ်လော့ဖုန်း စကားသံကို ကြားတော့ သူခေါင်းမော့ကြည့်လိုက်တယ်။ သူမ ခန္ဓာကိုယ်ကို ခြုံငုံကြည့်ပြီး သူနောင်တရမိပါတယ်။ သူမ တကယ်ကို ချောမောလှပပါတယ်။ ဆိုးတာက ဦးနှောက်မရှိတာနဲ့ ယောကျာ်းတွေ နောက်လိုက်နေတာပဲ။ ပါရမီလည်း နည်းနည်းမှ မရှိဘူး။ ဒီလိုအမှိုက်နဲ့တူတဲ့ မိန်းကလေးက သူနားမှာ ရပ်နေနိုင်မလဲ။ သူက တစ်နေ့မှာ ဘုရင်ဖြစ်လာမယ့်လူ။ သူမက လူတိုင်းအထင်သေးတဲ့ အမှိုက်လို မိန်းကလေး။ သူ ဒီမိန်းကလေးကို လက်ထပ်လိုက်ရင် သူ့ဂုဏ်သိက္ခာ ဘာမှ ကျန်မှာ မဟုတ်ဘူး။
“အဟွတ် အဟွတ်”
ယွမ်လော့ ချောင်းခြောက် နှစ်ခါလောက်ဆိုးလိုက်ပြီး သူမျက်နှာက အရှက်ရနေတဲ့ပုံစံနဲ့
“ဖုန်းအား သမီးလာပြီးပေါ့”
ဒီ စကားပြော လက်ပေါက်ကပ်တဲ့ လူကြီးက သူမအတွက် ဒေါသဖြစ်နေတယ်။ ဒီလူတွေကို ဒီလောက် ဒေါသဖြစ်ဖို့ လိုအပ်လို့လား။ တကယ်တော့ ယွမ်လော့ဖုန်း တံခါးနားကို စရောက်တည်းက ဒီအဖိုးကြီးနဲ့ စကားပြောနေတာကို ကြားပါတယ်။ သူတို့ပြောတဲ့ စကား အားလုံးကို သူမကြားပါတယ်။ အစတည်းက ဒီအဘိုးကြီး ရဲ့ ရမ်းကားသော စကားတွေက သူမကို စိတ်ပျက်စေတယ်။ သူမအဘိုးကိုလည်း အပြစ်တင်ချင်လာတယ်။ ဒါပေမယ့် အဘိုးက သူမဘက်က ရပ်တည်ပေးတယ်လို့ မထင်ထားခဲ့မိဘူး။ အဘိုး တစ်ယောက်လောက် ပိုင်ဆိုင်ထားရတာလဲ မဆိုးပါဘူးလို့ ခံစားမိတယ်။ ယွမ်လော့ဖုန်း ပြုံးလိုက်ပြီးတော့
“အခုမှ အိပ်ယာက နိုးတာ ။ဒါကြောင့် လာတာနှောက်နှေးသွားတာ။”
အခုမှနိုးတယ်ဆိုတာကို ပြောစရာလား။ ယွမ်လော့အရှက်ရတယ်။ဒီကောင်မလေး အခန်းထဲမှာ အကြာကြီးရှိနေတာ အိပ်ပျော်နေတာလား။
ကျင်းလင်းက ထေ့ငေါ့ပြီးပြောတယ်
“အို ငါထင်ပါတယ် ယွမ်လော့ဖုန်းက လုပ်စရာ တစ်ခြား အလုပ်မရှိပါဘူးလို့ ။ သူ့ အရေးကြီးတဲ့အလုပ်က အိပ်ဖို့လား။ ဒီအကြောင်းလေးကြောင့် ငါတို့ မင်းသားလေးကို အကြာကြီးစောင့်ခိုင်းတယ်ပေါ့။ ”
ယွမ်လော့ဖုန်းလည်း အဲဒီ အဘိုးကြီးကို ကြည့်လိုက်ပြီးတော့
“အိပ်စက်တာ လူသားတွေ အတွက် အရေးကြီးတဲ့ အကြောင်းရာတစ်ခုပဲ။ ငါမနိုးသေးရင် ဘယ်သူပဲလာလာ ထွက်မတွေ့နိုင်ဘူး။ ”
“ဖုန်းအား” ယွမ်လော့လည်း လူငယ်လေးဘက်ကို ကြည့်ပြီး သတိပေးလိုက်တယ်။
“အိမ်ရှေ့စံမင်းသားက အိမ်တော်ကို အကြောင်းမရှိဘဲ အလည်မလာပါဘူး။ အိမ်တော်ကိုလာတာ လက်ဖက်ရည်ကြမ်း သောက်ဖို့ပဲ မဟုတ်လောက်ပါဘူးမလား။ ”
လူငယ်လေးက လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး ခံစားချက်မရှိတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး အေးစက်တဲ့အသံနဲ့ ပြောတယ်
“ဒီ မင်းသား စစ်သူကြီးအိမ်တော်ကို လာတာက စေ့စပ်ထားတာ ဖျက်သိမ်းဖို့ပါ။ စစ်သူကြီး နားလည်သင့်ပါတယ်။ စစ်သူကြီးမြေးမလေး ခန္ဓာကိုယ်က ပြသနာရှိတယ်။ သမားတော် တစ်ယောက်ကသာ သူမကို မကူညီရင် သူမဘဝမှာ အမှိုက်သာသာ ဖြစ်နေမှာ။ ဒါကြောင့် သခင်မလေး စိတ်စွမ်းအားလေ့ကျင့်လို့ရအောင် ကျင်းလင်းကို ကူညီခိုင်းမလို့ပါ။ သူမ ပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့တော့ အာမ မခံနိုင်ဘူး။ အနည်းဆုံးတော့ သူမ သာမန်လူတစ်ယောက်လို ဖြစ်လာမှာပေါ့ ။ အမှိုက်မဖြစ်တော့ဘူးပေါ့။”
Chapter -10
End
Bạn đang đọc truyện trên: Truyen247.Pro