
Ep1 Unicode
အပိုင်း (၁)
သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး
လုံယွမ်နိုင်ငံတော် ကြီးမြတ်သော နန်းတော်လမ်း
စစ်သူကြီးယွမ်လော့ တိုက်ပွဲမှ အနိုင်ရရှိပြီး ပြန်လာတာကို ကြိုဆိုရန် တော်ဝင်လမ်းတစ်ဖက် တစ်ချက်တွင် ရပ်စောင့်နေရန် အားလုံးကို အမိန့်ပေးထားတယ်။
ယွမ်လော့ကို လုံယွမ်နိုင်ငံတော်ရဲ့ သူရဲကောင်းတစ်ယောက် အဖြစ် ယူဆထားတယ် စစ်သူကြီးက နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တယ်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတွေက မကျူးကျော်ရဲဘူး။
စစ်သူကြီးက နိုင်ငံ၄နိုင်ငံကို လက်အောက်ခံနိုင်ငံ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။
ဘုရင်မင်းမြတ်က ကျေနပ်တော်မူသောကြောင့် စစ်သူကြီး ယွမ်လော့ကို နန်းမြို့တော်ကို ပြန်ခေါ်ပြီး ဆုလာဘ်ရယူရုံသာမက အမည်းရောင် အမိန့်တော်ကို ပေးအပ်ခဲ့တယ်။
အမည်းရောင် အမိန့်တော်နှင့် ဘုရင်မင်းမြတ်ဆီ လိုချင်တဲ့ ဆုလာဘ်ကို တောင်းဆိုလို့ရတယ်။
သို့သော်လည်း အောင်ပွဲခံ ပြန်လာပြီးနောက် စစ်သူကြီးယွမ်လော့က ညီလာခံကို မတက်ရောက်ခဲ့ဘူး။ ဘုရင်မင်းမြတ်ကို လာရောက်မတွေ့ဆုံခဲ့ဘူး။ ဒါပေမဲ့ စစ်သူကြီးအိမ်တော်ကို အမြန်ပြန်ခဲ့တယ်။
စစ်သူကြီးနောက်ကို စစ်သားတွေ အားလုံး လိုက်ပါခဲ့တယ် ဘယ်သူကမှ စစ်သူကြီးအိမ်ကို အမြန်ပြန်ရတဲ့ အကြောင်းရင်းကို မသိဘူး။ ဒါတွေ အားလုံးက ယွမ်အိမ်တော်က အကြီးဆုံး သခင်မလေးကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ပြောရမယ်ဆိုရင် စစ်သူကြီးယွမ်လော့က နယ်စပ်စောင့်နေတဲ့ အချိန် အတောအတွင်းမှာ ဒီအမှိုက်က ပြဿနာတွေ အများကြီးကို ရန်စခဲ့တယ်။ သူမရဲ့ ပုံစံတကျဖြစ်နေတဲ့ မာနကြီးတာရယ် တခြားသူကို လွှမ်းမိုးချင်တာရယ် ယုံကြည်မှု လွန်ကဲလွန်းတဲ့ စရိုက်တွေကို အပြစ်မယူပဲ ခွင့်လွှတ်နေရတယ်။ ဒါပေမဲ့ မကြာခင်ကပဲ လမ်းမပေါ်မှာ ချောမောလှပတဲ့ ယောက်ျားလေး တစ်ယောက်ကို လှမ်းဖက်လိုက်ခြင်းဖြင့် အရှက်မဲ့တာကို ဖြစ်စေခဲ့တယ်။
ဒီအကြောင်းရင်းကြောင့် သူမနဲ့ အိမ်ရှေ့စံမင်းသားရဲ့ စေ့စပ်ထားခြင်းကို ဖျက်သိမ်းခြင်း ဖြစ်စေခဲ့တယ်။ သူမက ဒီအခြေနေကို လက်မခံနိုင်ပဲ သူမကိုယ်သူမ ဆွဲကြိုးချသေခဲ့တယ်။ သူမ တကယ် သေသွားရင်တော့ စစ်သူကြီးအိမ်တော်မှာ ပြဿနာတစ်ခု လျော့တာပေါ့ ဒါပေမဲ့လည်း ဒီအမှိုက်က တကယ်မသေခဲ့ဘူး။
မသေရုံတင် မဟုတ်ဘူး သူမက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်။ အိမ်မှာ တစ်ယောက်တည်း အခန်းပိတ်နေတယ် လဝက်လောက် အပြင်မထွက်ဘူး။ ဒါကြောင့်လည်း စစ်သူကြီး ယွမ်လော့က အောင်ပွဲခံပြီး ပြန်လာတော့ အိမ်ကို ချက်ချင်း ပြန်သွားတာပေါ့။
***
https://ouo.io/57zfWQ
Bạn đang đọc truyện trên: Truyen247.Pro