
Ep 99+100
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုလေး
စာစဉ်(၅)
ဘာသာပြန်သူ:သကြားလုံး
99+100
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၉၉)
မုမိသားစု အလည်လာခြင်း(၂)
မုဝူစွမ်း ခန္ဓာကိုယ်က ဒေါသစိတ်ကြောင့် တုန်ရီနေတယ်။ သူမ မျက်ဝန်းကို ပိတ်လိုက်ပြီးတော့ သူမနှလုံးသားမှာလည်း နာကြည်းမုန်းတီးသော စိတ်ကြောင့် နာကျင်ရတယ်။
မုချင်ချောင် မျက်နှာကပိုမည်းမှောင် လာပြီးတော့ အေးစက်စွာ စကားဆိုတယ်။
“အိမ်ရှေ့စံမင်းသားကို မြေးလေး ကိုယ်စား ကလဲ့စားချေ ခိုင်းရရမယ်။ အခုချိန်မှာ အိမ်ရှေ့စံမင်းသားလည်း ဒုက္ခသည်ဖြစ်နေတာ။ ဒုက္ခရောက်နေရတာ။ တကယ် တရားခံက ယွမ်လော့ဖုန်းပဲ။ အိမ်ရှေ့စံမင်းသားသာ အကြီးကျယ် နေမကောင်း မဖြစ်ရင် ယွမ်လော့ဖုန်းကို အပြစ်ပေးဖို့ ကြိုးစားမှာပဲ။”
“ထိုနေ့က ယွမ်လော့ဖုန် းအိမ်ရှေ့စံမင်းသား ကျွန်မကို ရိုက်အောင် လုပ်ခဲ့သလို သူမကိုလည်း ကျွန်မနဲ့ ထပ်တူ နာကျင်ခံစားရအောင် လုပ်မယ်။ သို့သော်လည်း အခုချိန်မှာ ယွမ်လော့ဖုန်းက အဘိုးကြီးယွမ် ကာကွယ်မှုနဲ့ နေထိုင်နေတာ။ မုအိမ်တော်က ဘုရင်ရဲ့ချစ်ခင်မှုကို ပိုင်ဆိုင်ရသော်လည်း ဘာကို လုပ်နိုင်မလဲ။ ဘာမှလုပ်လို့ မရဘူး။”
“မြေးလေးစွမ်းအား အဘိုး မြေးလေးအတွက် ထိုကိစ္စကို ဖြေရှင်းပေးမယ်။” မုချင်ချောင် လူယုတ်မာ အပြုံး ပြုံးလိုက်တယ်။
“ခဏနေရင် အဘိုး နန်ေးတော်ထဲ ဝင်မယ်။ မြေးလေး အဒေါ်ဆီက အမိန့်စာ ယူပြီးတော့ ယွမ်လော့ဖုန်းကို နန်းတော်ကို ဆင့်ခေါ်စေမယ်။ မင်းသမီးရဲ့ စာဖတ်ဖော် အဖြစ်နေစေမယ်။ ယွမ်အဘိုးကြီး ကာကွယ်မှုမရှိတော့ရင် မြေးလေး ကြိုက်တဲ့အချိန်တိုင်း နှိပ်စက်လို့ ရပြီ။”
မုဝူစွမ်း မျက်လုံးက ပျော်ရွှင်မှုနဲ့ အရောင်တောက်သွားတယ်။ သူမ ဘာလို့ ထိုအကြံမျိုးကို မတွေးမိတာပါလဲ။ ယွမ်လော့ဖုန်း နန်းတော်ထဲရောက်သွားတာနဲ့ သူမဘဝနဲ့ သေခြင်းက မုဝူစွမ်း လက်ထဲမှာ ရှိနေပြီ။
သေချာပေါက် ထိုမိန်းမကို အလွယ်တကူ သေခွင့်မပေးနိုင်ဘူး။ သူမ ဘဝကို သေရတာထက် ဆိုးတဲ့ ဘဝရောက်စေရမယ်။
ထိုအကြောင်းကိုတွေးလိုက်တဲ့ သူမမျက်လုံးက အရောင်တောက်လာတယ်။ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရဲ့ မျက်လုံးတွေကဲ့သို့ပဲ။ လူတစ်ယောက်ကို ချက်ချင်း ကိုက်သတ်စားတော့မယ် မျက်လုံးတစ်စုံနဲ့ပေါ့။
သာယာတဲ့ နေအလင်းရောင်အောက်မှာ စစ်သူကြီးအိမ်တော်က တိတ်ဆိတ်ပြီးတော့ အေးချမ်းနေတယ်။
အဘိုးအိုက အိမ်တော်ခန်းမမှာ လက်ဖက်ရည်ကြမ်းကို အေးဆေး ပျော်ရွှင်စွာ သောက်သုံးနေတယ်။ ယွမ်လော့ဖုန်းရဲ့ အပြုမူတွေက သူကို ယုံကြည်မှုတွေ ဖြစ်ပေါ်စေလို့ ဆိုတာ ရှင်းနေတာပဲ။ တစ်ချိန်မှာ ယွမ်အိမ်တော်က လုံယွမ်တိုင်းပြည်မှာ နာမည်ကျော်ကြားလာပြီးတော့ နောက်ဆုံးမှာ ပြည်ထောင်စု အားလုံးက လူတွေ သိတဲ့ အိမ်တော်တစ်ခု ဖြစ်လာမယ်ဆိုတာ သူ ယုံကြည်တယ်။
“သခင်ကြီး အခြေနေ မကောင်းတော့ဘူး။ ပြသနာတက်ပြီ။”
ရုတ်တရက် ခန်းမဆောင်ထဲသို့ အစေခံတစ်ယောက် ချွေးတွေ ရွဲနစ်နေတဲ့ မျက်နှာနဲ့ အလောတကြီး ပြေးဝင်လာတယ်။ သူအသံက အတော်ကို စိတ်ရှုပ်ထွေးနေသလိုပဲ။
“အမတ်ချုပ်မုအိမ်တော်က လူရောက်လာတယ်။ ကြင်ယာတော်မု ပေးအပ်တဲ့ အမိန့်စာကို ကြေညာမလို့တဲ့ ။ ထို အမိန့်တော်ကို သခင်မလေးက လက်ခံယူရမယ်တဲ့။”
အဘိုးအိုမျက်နှာက ဒေါသစိတ်ကြောင့် မည်းမှောင်လာတယ်။ သူလက်ထဲက လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်တယ်။
“မုအိမ်တော်က ဘယ်မိမဆုံးမ ဖမဆုံးမ ရောက်လာတာလဲ။”
“ပြော..ရရင် မုအိမ်တော်သာ အကြီးဆုံးသခင်လေးပါ။”
အစေခံက ကြောက်လန့် တုန်လှုပ်စွာ ပြန်လည် ဖြေကြားတယ်။
သူ သတင်းစကားပြောနေစဲမှာပဲ အိမ်တော်ခန်းမ အပြင်ဘက်မှ အေးစက်တဲ့ အငွေ့သက်ကို ခံစားရတယ်။ စက်စုပ်ရွံဖွယ် ပုံစံနဲ့ မာနဝင့်ကြွားနေတဲ့လူ ရောက်လာတယ်။
ပိုးသားဝတ်စုံကို ဝတ်ဆင်ထားတဲ့လူက တော်ဝင်အမိန့်စာကို ကိုင်ပြီးတော့ ခန်းမအတွင်းသို့ ဝင်ရောက်လာတယ်။ သူပုံစံနဲ့ မုဝူစွမ်းနဲ့ ရုပ်ဆင်တယ်။ သူပုံစံက လှောင်ပြောင် သရော်ချင် နေပုံပဲ။
“မုဝူချန် အိမ်တော်ကို ဘာအတွက်ကြောင့် လာတာပဲ။”
အဘိုးအိုမျက်နှာက ပိုပြီးတော့ သည်းမခံနိုင်တော့ဘူး။ သူမျက်နှာရှေ့ရောက်လာတဲ့ ပိုးသားဝတ်စုံနဲ့ လူကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတယ်။
မုဝူချန်က မုဝူစွမ်းရဲ့ အစ်ကိုအရင်း။ မုအိမ်တော်ရဲ့ ဆက်ခံသူတစ်ယောက်လည်း ဖြစ်တယ်။ မုဝူချန်က မုရှန်းနဲ့ ခြားနားတယ်။ အပျော်ပါး လိုက်စားတဲ့ သားတစ်ယောက် ။ မုမိသားစုမှာ မုရှန်းတည်ရှိမှုက အရေးမပါတဲ့ တည်ရှိမှုဖြစ်နေတယ်။ ဒါပေမယ့် မုဝူချန်က မုချင်ချောင် ချစ်ခင်အလိုလိုက်မှုကို ပိုင်ဆိုင်တယ်။ မုဝူစွမ်းကို အလိုလိုက် ချစ်ခင် သလိုပေါ့။
Chapter-99
End
အပိုင်း(၁၀၀)
မုမိသားစု အလည်လာခြင်း(၃)
“အိမ်တော်ကို လာရောက်ရတာက ကြင်ယာတော်မိဖုရား အမိန့်စာကို ကြေညာဖို့အတွက် လာခဲ့တာ။ အခု ချက်ချင်း ယွမ်လော့ဖုန်းက အမိန့်စာကို လက်ခံယူပါ။ မုဝူချန်က အဘိုးအိုကို ကြည့်ပြီးတော့ ခက်ထန်ကြမ်းတမ်းစွာ စကားဆိုတယ်။”
အဘိုးအို လှောင်ပြောင် သရော်စွာ စကားဆိုလိုက်တယ်။
“တန်ဖိုးမရှိတဲ့ အမိန့်စာကို လက်ခံနိုင်လောက်အောင်အထိ ငါ့မြေးလေးက အချိန်အားလပ်နေတာ မဟုတ်ဘူး။ လုပ်စရာ အလုပ်မရှိဘဲ တခြားလူတွေကို ပြသနာလိုက် ရှာနေတဲ့ မင်းတို့လို လူစားမျိုး မဟုတ်ဘူး။ ငါမြေးလေးက အရမ်း အလုပ်များတယ်။ ဘယ်လိုလုပ် မင်းအမိန့်စာကို လက်ခံယူဖို့ အချိနရမလဲ။ မင်းဘာသာမင်း ပြန်သွားမလား ။ ဒီက စစ်သူကြီးကိုယ်တိုင် မင်းကို ကန်ထုတ်လိုက်ရမလား။”
တော်ဝင်မျိုးနွယ်က တစ်ယောက်သာ လာတယ်ဆိုရင်တော့ အဘိုးအိုက ပိုပြီးတော့ ယဉ်ကျေးပြမှာပါ။ ဒါပေမယ့် အခုလာတဲ့ လူက မုအိမ်တော်က ဖြစ်နေတော့ မုအိမ်တော်ပေါ်ထားတဲ့ သူ့အမုန်း ၊ နာကြည်းချက်ကို စဉ်းစားလိုက်တိုင်း သူကို ကန်မထုတ်လိုက်တာပဲ ကျေးဇူး တင်လိုက်။
“စစ်သူကြီး ယွမ်လော့ ငါက ကြင်ယာတော် အမိန့်စာကို ကြေညာပေးဖို့ အတွက် ရောက်လာခဲ့တာ ယွမ်လော့ဖုန်း ထွက်လာပြီးတော့ အမိန့်စာကို လက်မခံရင်တော့ တော်ဝင်မျိုးနွယ်ကို ပုန်ကန်မှုနဲ့ ပြစ်ဒဏ်ကျနိုင်တယ် ဆိုတာ သိထားလိုက်။”
မုဝူချန် ယုတ်မာတဲ့ လေသံနဲ့ ပြောတယ်။
အဘိုးအိုက ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
“တိုင်းပြည် ပုန်ကန်မှု ဟုတ်လား ။ မင်းယူလာတာက ဘုရင့်အမိန့်စာလား။ မိဖုရားကြီး အမိန့်စာလား။ လက်ရှိ လုံယွမ်တိုင်းပြည်မှာ မိဖုရားကြီး မရှိဘူး။ဘယ်လိုဖြစ်ပြီးတော့ ငါတို့က တိုင်းပြည် ပုန်ကန်သူတွေ ဖြစ်ရမလဲ။ ကြင်ယာတော် တစ်ယောက် အမိန့်စာလေးနဲ့ ရီလိုက်ချင်သေးတယ်။ သူက မင်းကြီး အတွက် ကိုယ်လုပ်တော် အဆင့်သာသာပဲရှိတယ်။ စစ်သူကြီးက ကိုယ်လုပ်တော်တစ်ယောက်ကို ကြောက်နေမယ်များ ထင်နေလား။”
ကြင်ယာတော် အဆင့်တန်းက ဂုဏ်သိက္ခာရှိတယ်ပဲ ပြောပြော သူမအဆင့်တန်းက ကိုယ်လုပ်တော် တစ်ယောက်ထပ် မပိုဘူး။ ဘုရင်နဲ့ အဆင့်တန်းတူတာက မိဖုရားကြီးတစ်ယောက်တည်းပဲ ရှိတယ်။ လက်ရှိ လုံယွမ်တိုင်းပြည်မှာက မိဖုရားမရှိဘူး။ ထိုကြောင့် အဘိုးအို ဦးညွတ်မယ်လူက ဘုရင်တစ်ယောက်တည်းပဲ ရှိတယ်။
အမှန်တိုင်းပြောရရင် ဘုရင်က သူကို အမှားမလုပ်သေးလို့ပါ။ သူကို အမှား ကျူးလွန်လို့က ဘုရင်လည်း အရှင်ထားမှာ မဟုတ်ဘူး။
မုဝူချန်က ဒေါသစိတ်ကို ထိန်းချုပ်နိုင်တယ်။ ထိုကြောင့် စ်သူကြီး ယွမ်လော့က သူကို အရှက်ခွဲတာကို မျက်နှာာ မပျက်သွားဘူး။
သူ့ဒေါသစိတ်ကို လျော့ချရန်အတွက် အသက်ပြင်းပြင်းရှုလိုက်တယ်။ တည်ငြိမ်စွာ စကားပြောလိုက်တယ်။
“မှန်ပါတယ်။ သာမန် ကုန်သည်အိမ်တော်က ကြင်ယာတော် မိဖုရားက ကိုယ်လုပ်တော် အဆင့်ပဲ ရှိပါတယ်။ ကိုယ်လုပ်တော် အဆက့်တန်းက ဘယ်လောက်ပဲနိမ့်နိမ့် သူလည်း မင်းရဲ့သခင်ပဲ။ အခု သခင်က အမိန့်ပေးတော့ မင်းတို့တွေ လိုက်နာသင်တာပေါ့။”
“ဟား…”အဘိုးအို ခနဲလိုက်ပြီးတော့ အရှက်မဲ့စွာ စကားဆိုလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် သူမကို သခင်အဖြစ်တော့ မသတ်မှတ်နိုင်ဘူး။ မင်းက ငါ့မြေးလေးကို တွေ့ချင်ရင် တွေ့နိုင်တယ်။ ဒီနေရာမှာ စောင့်နေလိုက်။ ငါ့မြေးလေး အလုပ်ကိစ္စ ပြီးသွားရင်တော့ မင်း သူမကို တွေ့လို့ ရတယ်။”
အခုချိန်မှာ မုဝူချန် ပြန်ပြောမယ့် စကားကို ဆက်နားမထောင်နေတော့ဘူး။ သူ့နောက်က အစောင့်တွေက သေလောက်အောင် ဒေါသထွက်တယ်။ အဘိုးအိုကို တစ်စစီ ချေမွချင်နေတယ်။
“ငါတို့က ကြင်ယာတော်မယ်မယ် အမိန့်စာကို ကြေညာဖို့အတွက် ရောက်လာခဲ့တာ။ မင်း အပြုမူတွေက ကြင်ယာတော်ကို အထင်သေးတာပဲ။ သခင်လေး… စစ်သူကြီးက တော်ဝင် အမိန့်စာကို ဖိဆန်မှုနဲ့ ဆွေမျိုး၉ဆက်လုံး သုတ်သင်ပစ်နိုင်ပါတယ်။”
ပြောရရင် သခင်နောက်ကွယ်က ခွေးတွေက သခင်ပါးစပ်အတိုင်းပဲ။ သခင်ပြောချင်တာကို သခင့်ကိုယ်စား ပြောပြီးတော့ သခင်ဘက်က ရပ်တည်ပေးနေတယ်။ မျက်နှာချိုသွေးနေတာပေါ့။
သခင်ကလည်း လူကောင်း အယောင်ဆောင်နေတာပဲ။ သူ့သခင် ခွင့်ပြုချက်မရှိရင် ထိုစကားမျိုး ပြောရဲမယ်တဲ့လား။
အဘိုးအို ထိုအကြောင်းကို ရိပ်မိတာပေါ့။ အထင်သေးတဲ့ အပြုံးနဲ့ပဲ ကြည့်နေလိုက်တယ်။
“ပြောသင့်တာကို ပြောပြီးသား ။
စောင့်နေချင်ရင် စောင့်နေလိုက် မစောင့်ချင်ရင် ထွက်သွားလိုက်။ နင်တို့ တော်ဝင်အမိန့်စာကိုလည်း ငါ ဂရု မစိုက်ဘူး။ ငါ့မြေး အလုပ်ရှုပ်နေတာကို လာနှောက်ယှက်ချင်ရင်တော့ ကောင်းပြီလေ။ ငါနဲ့ ယှဉ်ပြီး တိုက်ခိုက်တာပေါ့။ ငါကို အနိုင်တိုက်နိုင်မှ စကားထပ်ပြောတာပေါ့။”
အဘိုးအိုက စစ်နတ်ဘုရား ဖြစ်ခဲ့ရုံလေးနဲ့ မုဝူချန်နဲ့ တခြားလူတွေကို ဟိတ်ကြီးဟန်ကြီးနဲ့ လာတားမြစ် နေတယ်။
အစောင့်တွေက ဒေါသူပုန်ထ လာပြီးတော့ ပြန်လည် တိုက်ခိုက်ချင်လာတယ်။ ဒါပေမယ့် သူတို့အားလုံးကို မုဝူချန်က တားဆီးလိုက်တယ်။
“ကောင်းပြီ ၊ ငါ သူမကို ဒီနေရာမှာ စောင့်နေနိုင်တယ်။”
Chapter-100
End
Bạn đang đọc truyện trên: Truyen247.Pro