
Ep 97+98
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
97+98
ဘာသာပြန်သူ: သကြားလုံး
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၉၇)
သံမဏိတပ်ဖွဲ့စည်းခြင်း(၄)
“အဘိုး….မြေးလေး ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေလို့ နောက်ကျနေရတာပါ။ မြေးလေး နောက်ကွယ်မှာ အဘိုးက မြေးလေးကို အပြစ်ပြောနေပြီပေါ့။”
ရုတ်တရက်… တံခါးနောက်ဘက်မှ ရယ်မောသံနဲ့ ပြောတဲ့ အသံတိုးတိုးလေးကို ကြားလိုက်ရတယ်။
နေရောင်ခြည်အလင်းရောင်နဲ့အတူ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးက အခန်းထဲကို ဝင်လာတယ်။ ကျက်သရေရှိပြီး လှပတဲ့ မျက်နှာမှာ စွဲမက်ဖွယ်အပြုံးရှိနေတယ်။ သူမရဲ့ မျက်ဝန်းနက်တွေက ညဘက်ကောင်းကင်ယံလို မည်းနက်နေပြီး ကြယ်လေးတွေလို တောက်ပနေတယ်။
မိန်းကလေးက ခန်းမအလယ်မှာ နှုတ်ဆိတ်နေတဲ့ သတ်လတ်ပိုင်း အမျိုးသားကို ကြည့်နေတယ်။ ဆံပင်တွေက ဖြူဖွေးနေတယ်။
ထိုလူက မန်လော့အဆိပ်မိနေတဲ့ လူနာဖြစ်ရမယ်။
“ယွမ်မိန်းကလေး နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ”
ရုန်အကြီးကဲ ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်ပြီးတော့
“လူနာကို ခေါ်လာခဲ့တယ်။ သူကို ယွမ်မိန်းကလေး ဘယ်လို ကုသပေးမလဲဆိုတာ မေးလို့ရမလား။”
ယွမ်လော့ဖုန်း နှုတ်ခမ်းတွန့်လိုက်ပြီးတော့ သတ်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
“လက်ရှိအချိန်မှာ သူက သေလုနီပါး ရောဂါကို ခံစားခဲ့ရပြီးပြီ။ သူ့ဆံပင်တွေ ဖြူနေတာက အကောင်းဆုံး သက်သေပဲ။ သူကို ကြည့်ရတာ အသက်၄၀ ဝန်းကျင်တော့ ရှိမယ်။ ဒါပေမယ့် အမှန်တိုင်းပြောရရင်တော့ သူကဇီဝကမ္မဖြစ်စဉ်က နောက်ဆုံး ကန့်သတ်ချက် အချိန်ကို ရောက်နေပြီ။ (သေတော့မယ်ပေါ့) ”
ရုန်အကြီးကဲ နှလုံးသားတွေ နာကျင်ရတယ်။
“ယွမ်မိန်းကလေး…. သူကို ကယ်လို့ ရသေးရဲ့လား။”
“ကုသနိုင်ချေ ရှိနေပါသေးတယ်။ သို့သော် သူက အဆိပ်မိတာ မကြာသေးရင်တော့ ၁၀၀ရာခိုင်နှုန်း အခွင့်ရေး ရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အများဆုံး ၇၀ရာခိုင်နှုန်း အခွင့်ရေးသာ ရှိတော့တယ်။”
ယွမ်လော့ဖုန်း ရုန်အကြီးကဲကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။
“သို့သော်လည်း… ကျွန်မ လူနာကို ကုသပေးတဲ့ ဈေးနှုန်းက မြင့်မားတယ်။ ဒါပြင့် ရုန်အကြီးကဲလို လူမျိုးကိုတော့ ပိုက်ဆံ လက်မခံဘူး။ ဆေးမြစ်တွေပဲ လက်ခံမယ်။ တကယ်လို့ ကုသတာ ကျရှုံးရင်တော့ ယူထားတဲ့ ဆေးမြစ်တွေကို ပြန်ပေးမယ်။”
ရုန်အကြီးကဲ မျက်လုံးမှာ စိတ်လှုပ်ရှားမှုနဲ့ အရောင်တောက်နေတယ်။ ၇၀ရာခိုင်းနှုန်း အခွင့်ရေးရှိတယ်ဆိုတာပဲ လုံလောက်နေပါပြီ ။ ဆေးစံအိမ်တော်က သမားတော်တွေတောင် သေချာတဲ့ ၁၀ရာခိုင်နှုန်း အခွင့်ရေးနဲ့ မကုသပေးနိုင်ဘူး။
“ကောင်မလေး…အနီရောင် ဖယ်ရီသီးအပင်တစ်ပင် ဆေးစံအိမ်တော်မှာ ရှိတယ်။ နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိတယ်။ ကောင်မလေး… သူကို ကယ်တင်ပေးနိုင်ရင် အနီရောင် ဖယ်ရီသီးအပင်ကို မင်းကို ပေးပါမယ်။”
ယွမ်လော့ဖုန်း နှလုံးသား တုန်လှုပ်သွားတယ်။ ဆေးမြစ်တွေထဲမှာ အနီရောင် ဖယ်ရီသီးပင်က အလွန် တန်ဖိုးရှိတဲ့ ဆေးမြစ်ထဲမှာ ပါဝင်တယ်။ တစ်နှစ်မှာ ဖယ်ရီသီး ၁၀ခုကိုပဲ သီးပွင့်တယ်။ ဖယ်ရီသီးအပင် အရေတွက်က လက်တစ်ဖက်တောင် မရှိဘူး ။ (၅ ပင်တောင် မရှိဘူး။) နှစ်တစ်ထောင် ဖယ်ရီသီးပင် တန်ဖိုးက နှိုင်းယှဉ်လို့ကို မရဘူး။
ဖယ်ရီးသီးကို စားသုံးပြီးတော့ စိတ်စွမ်းအား တိုးမြှင့်အောင် လုပ်ဆောင်လို့ ရတယ်။
“မိန်းကလေး ဖယ်ရီသီးအပင်က မင်းရဲ့ စိတ်စုစည်းဆေးရည်နဲ့ နှိုင်းယှဉ်လို့ မရမှန်း သိပါတယ်။ ဒါပေမယ့် ဆေးစံအိမ်တော်ရဲ့ တန်ဖိုးရှိတဲ့ ဆေးမြစ်တစ်ခု အဖြစ် ယူဆပေးပါ။ ဒါရန်ကို ကုသဖို့ အတွက်သာ မဟုတ်ရင် ဒီအပင်ကို ထုတ်သုံးမှာ မဟုတ်ဘူး။ ” ယွမ်လော့ဖုန်း မကုသပေးမှာ စိုးရိမ်တာကြောင့် ရုန်အကြီးကဲ အလျင်မြန် ရှင်းပြတယ်။
“ကောင်းပါပြီ။”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“အောင်မြင်စွာ ဆေးဖော်စပ်လို့ ပြီးတာနဲ့ ဖယ်ရီသီးအပင်ကို ကျွန်မ ပိုင်ဆိုင်ပြီ။”
ရိုးရိုးသားသား ပြောရရင်တော့ ဖယ်ရီသီးပင်က ရရှိမယ့် စိတ်စွမ်းအားကို သူမ ဂရုမစိုက်ပါဘူး။ သို့သော်လည်း သူမရဲ့ ဆေးနတ်ဘုရား လျိုဝှက်နယ်မြေမှာ စိုက်ခဲ့ရင် အကျိုးသက်ရောက်မှုက မတူညီနိုင်တော့ဘူး။
အဘိုး နောက်ထပ် တစ်ဆင့် တိုးမြှင့်ဖို့အတွက် သုံးလို့ရတယ်။
ရုန်အကြီးကဲ နှလုံးသားမှာ ပျော်ရွှင် ကြည်နူးမှုတယ်။
“ယွမ်မိန်းကလေး အခု ကုသမှု စတင်တော့မလား။ ”
ယွမ်လော့ဖုန်း ခေါင်းညိတ်လိုက်ပြီးတော့ တိတ်ဆိတ်စွာ စောင့်မျှော်နေတဲ့ နင်အကြီးကဲကို ကြည့်လိုက်တယ်။
“ကျွန်မ ဆေးစံအိမ်တော်က လူနာကို အရင် ကုသလိုက်ဦးမယ်။ သူကို ကုသပြီးတော့မှ နင်အကြီးကဲကို ကုသပေးပါမယ်။”
Chapter-97
End
အပိုင်း(၉၈)
မုအိမ်တော်က အလည်လာခြင်း(၁)
ယွမ်လော့ဖုန်းက ဆေးစံအိမ်တော်က လူနာကို အရင်ကုသမယ်လို့ ရွေးချယ်ခဲ့တာကြောင့် နင်အကြီးကဲ ငြင်းဆိုနေစရာ မလိုအပ်တာကြောင့် ပြုံးနေလိုက်တယ်။
“ယွမ်မိန်းကလေး…. အဘိုးအိုလည်း အနောက်ဘက်စံအိမ် ဘက်ကို လိုက်ခဲ့ပါမယ်။ သူကို မိန်းကလေး အရင်ဆုံး ကုသပေးလိုက်ပါ။ သူကို ကုသပေးပြီးတော့မှ အဘိုးကို ကုသပေးပါ။ ရှင်းအာ …ယွမ်မိန်းကလေးကို ကူညီပေးလိုက်။ ”
“ဟုတ်ကဲ့ပါ အဘိုး…။”
နင်ရှင်းမျက်နှာက အပြုံးတွေ ဝေဆာနေတယ်။ အဘိုးအိုကို ကုလားထိုင်ခုံမှ တွဲကူရင်း အပြစ်ကင်းစင်စွာ ပြုံးနေတယ်။
ယွမ်လော့ဖုန်းလည်း ကျက်သရေရှိပြီးတော့ လှပတဲ့ နင်ရှင်းကို ကြည့်လိုက်တယ်။ စစ်မှန်တဲ့ အထက်တန်းစား သမီးပျို တစ်ယောက်ပဲ။ အပြုမူတိုင်းက ယဉ်ကျေးဗျူငှာတဲ့ သဘောကို ဆောင်တယ်။ သူမ လှုပ်ရှားမှုကို ကြည့်တာနဲ့ လူတစ်ယောက်ကို အေးချမ်း ကြည်နူးစေတယ်။
သူမက အတင်း ဟန်ဆောင်ထားတဲ့ မုဝူစွမ်းနဲ့ မတူဘူး။ မုဝူစွမ်းအပြုမူတွေက ဟန်ဆောင် သရုပ်ဖော်ထားရုံ သက်သက်ပဲ။ သူမ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပင်ကို အလှကို ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ ဖန်တီးယူထားရတာ။
“ကျွန်မနောက်ကို လိုက်ခဲ့ပါ။ ” ယွမ်လော့ဖုန်း ရှေ့ကဦးဆောင်ပြီးတော့ အဓိကခန်းမဆောင်ထဲက ထွက်ခွာ သွားတယ်။
………..
အမတ်ချုပ် အိမ်တော်အတွင်းမှာတော့
လွန်ခဲ့တဲ့ ၂ရက်က မုဝူစွမ်း အိမ်တော်ကို ဖောင်းကားယောင်ကိုင်းနေတဲ့ မျက်နှာနဲ့ ပြန်လာခဲ့တဲ့အချိန်တည်းက အိမ်တော်မှာ ငြိမ်းချမ်းတဲ့ နေ့ရက်တွေကို မပိုင်ဆိုင်ရတော့ဘူး။ အစေခံတွေ အားလုံး အသက်ပြင်းပြင်းတောင် မရှုရဲပေ။ အမတ်ချုပ်ကြီး ဒေါသထွက်နေမှာကို ကြောက်လန့်နေမိတယ်။ အမတ်ချုပ်ကြီးကို ဒေါသထွက်အောင် လုပ်မိတဲ့လူက ဇာတ်သိမ်း မကောင်းနိုင်ပေ။ ဘေးကလူလည်း နာကျင်ခံစားရနိုင်တယ်။
“အမှိုက်မ… ကောင်းတာကို မရှိတဲ့ အမှိုက်မ။”
စာကြည့်ခန်းအတွင်းမှာ မုချင်ချောင် ဒေါသထွက်စွာ စားပွဲခုံပေါ်မှ စာအုပ်တွေ အားလုံးကို မြေပြင်ပေါ်ကို လွှင့်ပစ်တယ်။ အသက်ရွယ် အိုမင်းနေတဲ့ မျက်နှာက အမျက်ခြောင်းခြောင်း ထွက်နေတယ်။
“မျက်နှာယောင်ကိုင်းနေတာကို သက်သာဖို့အတွက် ဆေးစံအိမ်တော်မှာ ဆေးမြစ် သွားဝယ်ခိုင်းတာ ခုချိန်ထိ ဝယ်လို့ မရသေးဘူး။ မင်းတို့ ဘယ်နေရာမှာ အသုံးဝင်တာ ရှိလဲ။ ”
မုချင်ချောင် မျက်နှာက ညိုမဲနေပြီးတော့ ကြမ်းပြင်ပေါ် ဒူးထောက်နေတဲ့ အစေခံတွေကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ စူးစိုက် ကြည့်နေတယ်။
အစေခံအားလုံးက ကြောက်လွန်းလို့ကို ခေါင်းမော့ပြီးကြည့်ရဲတဲ့ သတ္တိ မရှိဘူး။ ခန္ဓာကိုယ်ကလည်း ကြောက်လွန်းလို့ တုန်ရီနေတယ်။
“ဆေးစံအိမ်တော်က လူတွေပြောတာတော့ ဆေးမြစ်တွေ အားလုံးကို တော်ဝင်သမားတော် သမားတော်ကျင်းလင်းက ဖျက်စီးလိုက်တယ်တဲ့။ ဆေးစံအိမ်တော်မှာ ရောင်းဖို့အတွက် ပစ္စည်း ပျက်လပ်နေတယ်တဲ့။”
ဆေးစံအိမ်တော်မှာ ဆေးမြစ်တွေက ဘယ်တော့မှ ကုန်ခမ်းသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မုအိမ်တော်က လူတွေကို ဆေးမရောင်းပေးဖို့အတွက် ရုန်အကြီးကဲ အမိန့်ချမှတ်ထားတာပဲ ဖြစ်နိုင်တယ်။ လက်ရှိအချိန်မှာတော့ မုချင်ချောင် မသိသေးတာ သနားစရာပဲ။
“အဘိုး”
မုချင်ချောင် ဒေါသထွက်ပြီးတော့ နောက်တစ်ကြိမ် ဆူပူဖို့ ပြင်ဆင်နေစဲမှာပဲ ကျက်သရေရှိတဲ့ အသံလေးကို တံခါးပေါက်နားက ကြားလိုက်ရတယ်။ထိုအသံကို ကြားလိုက်ရတာနဲ့ မုချင်ချောင်ရဲ့ ဒေါသဖြစ်နေတဲ့ စိတ်က ချက်ချင်း ပျောက်ကွယ်သွားတယ်။ သူခေါင်းကို မော့လိုက်ပြီးတော့ စာကြည့်ခန်းထဲ ဝင်လာတဲ့ သူ့မြေးလေးကို ကြည့်လိုက်တယ်။ သူ မြေးမလေးကို ကြည့်ရင်း နှလုံးသားတွေ နာကျင်စွာ မေးလိုက်တယ်။
“မြေးလေး ဝူစွမ်း….ဘာလို့ ရောက်လာရတာလဲ။”
အချိန်မှာ မုဝူစွမ်းက အရင်လို ချောမောလှပနေတာ မဟုတ်တော့ဘူး။ သူမမျက်နှာကို ပဝါတစ်ခု ဖုံးကွယ်ထား မျက်ဝန်းနှစ်ခုသာ မြင်သားအောင် ဖော်ထားတယ်။
“အဘိုး…ဆေးစံအိမ်တော်ရဲ့ သတင်းကို ကြားပြီးပြီလား။ ကျွန်မတို့ကို ဆေးမရောင်းပေးလည်းဆိုတဲ့ အကြောင်းရင်းကို သိပြီ။ ဆရာက ဆေးစံအိမ်တော်ပိုင်တဲ့ ပစ္စည်းတွေကို မတော်တဆ ဖျက်စီးမိသွားတယ်။ ဆေးစံအိမ်တော်က ဆရာကို လူဆိုး စာရင်းထည့်လိုက်တယ်။ နာမည်ပျက် စာရင်းထဲ ထည့်လိုက်တာပေါ့။ တကယ်တော့ ဆေးစံအိမ်တော်မှာ ဆေးမြစ်တွေ မကုန်ခမ်းသွားပါဘူး။ ဆေးစံအိမ်တော်မှာ ဆရာရဲ့ ရိုင်းစိုင်းမှုကြောင့် ဆေးမရောင်းပေးတာ။”
ကျင်းလင်းလည်း ဆေးစံအိမ်တော်မှာ အရှက်ကွဲခံရတာကို ဖွင့်ဟမပြောဆိုရဲဘူး။ ဆေးစံအိမ်တော်မှာ သက်သေအဖြစ် ရှိတဲ့လူတွေကလည်း ထိုနေ့က ဖြစ်ခဲ့တဲ့အကြောင်းရာကို ရုန်အကြီးကဲအမိန့်ကြောင့် လျှောက်မပြောရဲပေ။
မုဝူစွမ်းလည်း ထိုအမှန်တရားကို မသိတာကြောင့် ဆေးစံအိမ်တော်က ယွမ်လော့ဖုန်း ကိုယ်စား ကလဲ့စားချေပေးနေတာကို နားမလည်ပေ။
“စွမ်းအာ ….မြေးလေး စိတ်ချထားလိုက် …မြေးလေး အရှက်ကွဲခံရတာကို မြေးလေး ဒေါသပြေပျောက်သွားအောင် အဘိုး ကလဲ့စားချေပေးမယ်။”
မုချင်ချောင် ရက်စက် သွေးအေးစွာ ထိုစကားကို ပြောတယ်။ သူ့မျက်လုံးမှာ လူသတ်ချင်တဲ့ အရိပ်ယောင်တွေ သမ်းနေတယ်။
Chapter-98
End
Bạn đang đọc truyện trên: Truyen247.Pro